သစ်သားချောင်းရဲ့ ပြောင်းလဲမှု
Vol. 73 Ch. 4.610
"ထွက်ပြေးရဲတယ်ပေါ့ သတ်ပစ်မယ်!"
လုရွှမ် ဟစ်အော်လိုက်သည်။ ကျားဖြူလေးသည်လည်း ပြေးထွက်လာကာ မူလပုံစံအား အသွင်ပြောင်း၍ ထွက်ပြေးသွားသော ပင်လယ်ဝံပုလွေများကို လိုက်ရန်ရှာတော့သည်။
လုရွှမ်ကတော့ ကောင်းကင်ဘုံသခင် နယ်ပယ်က ပင်လယ်ဝံပုလွေများစွာကို လိုက်ရှာခဲ့သည်။ ပုံမှန်အားဖြင့် ၎င်းတို့သည် မျိုးနွယ်စု၏ စည်းစိမ်ဥစ္စာများကို သယ်ဆောင်ရန် အလားအလာ ပိုများသည်။
ရုတ်တရက် ဓားအလင်းတစ်ခုက လုရွှမ်ရဲ့ သစ်သားဓားကို ပိတ်ဆို့လာခဲသည်။
"ကောင်လေး မင်းကိုတကယ် ကြောက်နေတယ်လို့များ ထင်လား"
လုရွှမ်ကို ပိတ်ဆို့ထားတဲ့ ပင်လယ်ဝံပုလွေဟာ ကောင်းကင်ဘုံသခင် ပြီးပြည့်စုံတဲ့ကာလမှာ ရှိပြီး ရက်စက်တဲ့ မျက်နှာနဲ့ မှိုင်းညို့နေတဲ့ မျက်လုံးတွေ ရှိလေသည်။ လူသားအသွင်ဆောင်သည့်တိုင် ၎င်းသည် အလွန်မုန်းတီးစရာ ကောင်းနေဆဲဖြစ်သည်။
အပြာရောင် မျက်လုံးတစ်စုံက လူတွေကို သူ့ရဲ့မျက်လုံးထဲအထိ မျိုချချင်နေသလိုမျိုး အရမ်းထူးဆန်းသည်။
လုရွှမ် မသိသောအရာမှာ ဒီပင်လယ်ဝံပုလွေမှာ အလွန်စိတ်ဓာတ်ကျနေခြင်းပင်။ သူသည် စိတ်ဝိညာဉ်များကို ဖမ်းယူစားသောက်ရန် သူ၏ အစွမ်းအထက်ဆုံး စွမ်းရည်ကို အသုံးပြုနေပြီဖြစ်သော်လည်း လုရွှမ်က လုံးဝတုံ့ပြန်ခြင်း မရှိပေ။
မဟာသူတော်စင် ပထမအဆင့်မှ အငယ်တန်းတစ်ဦးမှာ ဒီလောက် အစွမ်းထက်နေတဲ့ စိတ်ဝိညာဉ် စွမ်းအားမျိုး ရှိနိုင်မှာလဲ?
အမှန်တော့ သူတွေးသလိုလည်း မဟုတ်ပေ။
လုရွှမ်ရဲ့ စိတ်ဝိညာဉ်စွမ်းအားက အားကောင်းသော်လည်း ကောင်းကင်ဘုံသခင် အဆင့်၉ ပြီးပြည့်စုံမှုကာလ ကျင့်ကြံသူလောက် မရှိနိုင်ပေ။ ထို့အပြင် ပင်လယ်ဝံပုလွေ မျိုးနွယ်စုတွင်လည်း ထူးခြားသော စိတ်ဝိညာဉ် စွမ်းအားကို ပြုစုပျိုးထောင်သည့် နည်းလမ်း ရှိသည်။ သူတို့ရဲ့စိတ်ဝိညာဉ် စွမ်းအားသည် ယေဘုယျအားဖြင့် ပင်လယ်မျိုးနွယ်စုများကြားတွင် အလွန်ပြင်းထန်ကြောင်း နာမည်ကြီးလေ၏။
လုရွှမ်ကတော့ သူလက်ဝါးထဲတွင် အရွက်များရှိနေတဲ့အတွက် ကံကောင်းနေခဲ့ခြင်းပင်။
အခုနက ဘာဖြစ်သွားမှန်း မသိပေမယ့် ဝိညာဥ်စွမ်းအင်တချို့ သူ့ကိုယ်ထဲကို ဝင်ရောက်သွားသလိုပင်။ လုရွှမ်ရဲ့ စိတ်ဝိညာဉ် စွမ်းအားက မတိုးတက်လာသေးသော်လည်း ၎င်းသည် အပြင်လူများရဲ့ စိတ်ဝိညာဉ်စွမ်းအားဖြင့် တိုက်ခိုက်မှုများကို တွန်းလှန်ရန် လုံးဝအထောက်အကူကောင်း ဖြစ်နေပြီ။
ပင်လယ်ဝံပုလွေရဲ့ ပြင်းထန်သော တိုက်ခိုက်မှုအောက်တွင် လုရွှမ်မှာ ဖိအားအနည်းငယ်မျှပင် မခံစားရပေ။ ဒီပင်လယ်ဝံပုလွေက သူ့မျက်လုံးတွေကို ဖျစ်ညှစ်နေတာကို ကြည့်ရုံနဲ့ သွေးတွေ ညှစ်ထုတ်တော့မလို ဖြစ်နေရာ ဘာလုပ်နေမှန်း မသိတော့ချေ။
လုရွှမ်က "မင်းငါ့ကိုကြောက်နေတာပဲ... မဟုတ်ရင် မင်းအစောကတည်းက လှုပ်ရှားခဲ့မှာပေါ့"
ပင်လယ်ဝံပုလွေမှာ သူ့ကြံစည်မှု မအောင်မြင်သဖြင့် သူ့စိတ်ထဲတွင် ကြောက်ရွံ့ ထိတ်လန့်နေပြီဖြစ်ပြီး ယခုမူ ပို၍ပင် ထိတ်လန့်သွားသည်။ လင်ရှီးမြက် ဟူသည် လွန်စွာ မြင့်မြတ်လှပေရာ သူသည် နတ်ဘုရားရဲ့ ရှေ့မှောက်၌ မဟာသူတော်စင် တစ်ယောက်ဆီက အသတ်ခံရတော့မှာမို့ တုန်လှုပ်ချောက်ချားလျက် ရှိလေသည်။
"မင်းငါ့ကိုသတ်ရင် မင်းအတွက် အများကြီးအကျိုးရှိမှာ မဟုတ်ဘူးဆိုတာ မင်းလည်း သိပါတယ်.... ဆန့်ကျင်ဘက်အနေနဲ့ ဒီပင်လယ်ဧရိယာမှာ အကျပ်အတည်းတွေ အများကြီးရှိတယ်....မင်းငါနဲ့နေရင်"
လုရွှမ် သူ့ကို ဓားတစ်ချောင်းနဲ့ ဝေ့ယမ်းလိုက်တဲ့အခါ တစ်ဖက်လူက ရှောင်ဖို့ ခေါင်းကို အမြန်ငုံ့ပြီး တုန်လှုပ်ခြောက်ခြားစွာဖြင့် ဆိုလာသည်။
"မင်းတကယ် အဲ့လိုဖြစ်ချင်နေတာလား?"
လုရွှမ် သူ့ကို နောက်ထပ် ဓားစွမ်းအင်ဖြစ်တဲ့ သစ်သားဓားနဲ့ထိုးလိုက်ပေမယ့် ဒီသစ်သားဓားကို ထပ်ဖြည့်လိုက်တာနဲ့ စွမ်းအား၊ အရှိန်ဟာ ပိုပြင်းထန်လာတယ်လို့ ခံစားလာရသည်။
ပင်လယ်သားရဲသည် ပထမဓားကို အလွယ်တကူ ပိတ်ဆို့လိုက်သည်။ ဒုတိယဓားကို တူညီသော ခွန်အားဖြင့် ခုခံသောအခါ လွှင့်ပစ်ခံလိုက်ရသည်။
"မင်း တော်တော် စက်ဆုပ်ဖို့ကောင်းတာပဲ!!"
ပင်လယ်ဝံပုလွေက ကျိန်ဆဲလိုက်သည်။ သူတို့ဟာ တခြားသူတွေကို ရန်စဖို့ အမြဲ ကြံစည်နေပေမယ့် ဒီနေ့မှာတော့ သူတို့ဟာ လူသားတစ်ယောက်ရဲ့ ကြံစည်မှုကို ခံရလိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ကြပေ။
လုရွှမ် လှောင်ရယ်လိုက်သည်။ ဒုတိယဓားစွမ်းအင်သည် သစ်သားဓားရဲ့ အပိုဆုကြေးကို အမှန်တကယ် လှုံ့ဆော်ပေးနိုင်မယ်လို့ သူ မမျှော်လင့်ခဲ့ပေ။ သူ ဒီသစ်သားဓားကို ပို၍ပို၍ စူးစမ်းချင်လာသည်။
"မင်းကို ငါ့လက်စွပ်ရဲ့ 30% ဒါမှမဟုတ် 50% ပေးမယ် ဟုတ်ပြီလား?"
ပင်လယ်ဝံပုလွေက အော်လိုက်သည်။။
လုရွှမ်က ခေါင်းခါလိုက်ပြီး "မင်းရဲ့ကောင်တွေ မင်းကို ပြန်လာကယ်တင်ဖို့ မျှော်လင့်နေသေးတာလား? စိတ်မကောင်းစရာပဲ"
ပင်လယ်ဝံပုလွေကောင် ဘာစီစဉ်ထားလဲ ဆိုတာ အတိအကျ သိတာပေါ့။ ကြောင်တစ်ကောင်က ကြွက်ကို ကစားသလိုပဲ သူ့ကိုလည်း လှည့်စားနေတာ။ ကစားပြီးရင်တော့ သဘာဝကျကျ အသတ်ခံရလိမ့်မယ်။
သစ်သားဓားရဲ့ ဆုကြေးငွေဖြင့် လုရွှမ်ရဲ့ ယွမ်ယန်ဓားကိုးစင်း စွမ်းအားဟာ တိုးမြင့်လာခဲ့သည်။ အဆက်မပြတ် ခုတ်ထစ်မှုများကြောင့် ပင်လယ်ဝံပုလွေပင် သူ့ကို ထိပ်တိုက်ရင်ဆိုင်ရန် သတ္တိမရှိတော့ဘဲ လက်စွပ်ကို လုရွှမ်ဆီ ပစ်ပေးလိုက်တော့သည်။
လက်စွပ်ထဲက အစုအဝေးကို ကြည့်လိုက်တော့ အရမ်းကျေနပ်သွားပြီး ကျောက်စိမ်းပြားထဲ ပစ်ထည့်ထားလိုက်၏။
တစ်ဖက်တွင်မူ ကျားဖြူလေးသည် ပင်လယ်သားရဲ နှစ်ကောင်ကိုလည်း ဖမ်းမိထားကာ ၎င်းတို့သည် ကောင်းကင်ဘုံသခင် တတိယနှင့် စတုတ္ထအဆင့်တို့မှ ဖြစ်ကြသည်။ သူမခွန်အားက မလုံလောက်သေးသော်လည်း ဤပင်လယ်သားရဲ နှစ်ကောင်ကို ဖမ်းယူနိုင်မှုက သိသိသာသာ တိုးတက်မှုတစ်ခု ဖြစ်သည်။
လက်စွပ်များစွာကို ရိတ်သိမ်းပြီးနောက် လုရွှမ်တို့ ခရီးဆက်လာခဲ့သည်။
ထုံးစံအတိုင်း သူသည် ပိုက်ကွန်မှ ချော်ထွက်သွားသော ငါးကို ကိုင်တွယ်ဖြေရှင်းဖို့ စိတ်မ၀င်စားခဲ့ပေ။ တခြားမျိုးနွယ်စုများက ဒီအခိုက်အတန့်ကို အခွင့်ကောင်းယူပြီး သူတို့ကို ကိုင်တွယ်လိုက်မှာ သေချာ၏။
ကမ်းခြေတွင်ရှိ လူတို့သည် လုရွှမ်ရဲ့ အမှတ်များ လျင်မြန်စွာ တိုးလာနေတာကို တွေ့နေရသည်။ ယခုအခိုက်အတန့်တွင် လုရွှမ်ရဲ့ အမှတ်များသည် ထိပ်တန်းလူ ၁၀၀ရဲ့ အမှတ်ပေါင်းထက်ကို ပိုများသည်။
"ကျီးဖိုးဖိုး.... ဒီလင်ရှီးမြက်က ကျွန်တော့် ခန္ဓာကိုယ်ထဲမှာ ပေါက်လာရင် သက်ရောက်မှုရှိမယ်လို့ ထင်လား?"
ရွှေကျီးကန်း အချိန်အတော်ကြာအောင် ကြည့်လိုက်သော်လည်း ထိုလင်ရှီးမြက်နဲ့ ပတ်သက်ပြီး မှော်ဆန်တဲ့အရာ တစ်ခုမှ မတွေ့ခဲ့ရပေ။
"ဘာကြောက်နေတာလဲ? ဒီကျီးဖိုးဖိုးက မင်းကို ကာကွယ်ပေးနေတာပဲ မဟုတ်ဘူးလား? တစ်ခုခုမှားသွားရင်လည်း သခင်ကြီးကျီးက တတ်နိုင်သမျှ အမြန်ဆုံး ဖြေရှင်းနိုင်မှာပါ"
“အဲဒီဓားကျတော့လား?”
ရွှေကျီးကန်း အော်လိုက်သည်။ ပုပ်နေတဲ့သစ်သားက ဓားတစ်ချောင်း ဖြစ်သွားလိမ့်မယ်လို့ သူလည်းပဲ မထင်မှတ်ထားဘူးလေ။
ဓားဆီက သန်မာသော ရောင်ဝါများကို ခံစားသိရှိထားသောကြောင့် ကျိုးပဲ့နေသော ဓား၏ ထူးခြားသော စွမ်းအားကို ရွှေကျီးကန်း သဘာဝအတိုင်း ခံစားနိုင်သည်။ ဒီလိုကျိုးနေတဲ့ တုတ်က ဓားတစ်လတ်လို ရောင်ဝါတွေ ထွက်ပေါ်လာတဲ့ မတော်တဆမှုမျိုးက ဘယ်လိုဖြစ်သွားတယ် ဆိုတာတော့ မပြောတတ်ပေ။
အချိန်အတော်ကြာ လေ့လာပြီးတဲ့အထိ လုရွှမ်လည်း ဘာသဲလွန်စမှ မရှိရခဲ့ပေ။ အပြင်းအထန် တိုက်ပွဲ ဖြစ်ပွားပြီးနောက် သစ်သားဓားသည် ၎င်း၏ယခင် သစ်သားအသွင်အပြင်သို့ တစ်ဖန်ပြန်၍ ထင်ထင်ရှားရှား ရှိနေဆဲဖြစ်သည်။
လုရွှမ် ရိုင်းစိုင်းစွာ တွေးတောမနေဘဲ ဒီဓားဟာ သွေးကို မြင်ရမှ ရောင်ဝါထွက်လာသောကြောင့် သတ်ဖြတ်တာတွေ ထပ်လုပ်မှ နောက်တစ်ကြိမ် ပွင့်သွားနိုင်ကြောင်း ခန့်မှန်းထားလိုက်သည်။ ထို့ကြောင့် အရှေ့သို့ အပြေးအလွှား ချီတက်ပြီး ဆက်လက် တိုက်ပွဲဝင်သွားပါက နောင်တွင် ဓားသည် ၎င်း၏ မူလအသွင်အပြင်သို့ ပြန်လည်ရောက်ရှိသွားနိုင်သည်။
ထုံးစံအတိုင်း သူ့ကိုယ်သူ အသိပေးပြီး ရှေ့ကို ဆက်တိုးလာခဲ့သည်။
ထိုအခိုက် အသက်ရှုသံတွေ တဟုန်းဟုန်း ဟောက်လျက် ကောင်းကင်ယံက တိမ်တွေ လှုပ်ခတ်သွားလေ၏။
အနည်းဆုံးတော့ ကောင်းကင်ဘုံသခင် နယ်ပယ်က သခင်တစ်ဖွဲ့ဟာ သူတို့ရဲ့ ရောင်ဝါတွေကို ထုတ်လွှတ်ပြီး ပင်လယ်ပြင်ဘက်ဆီသို့ အပြေးအလွှား သွားနေကြသည်။ ဒါကတော့ အမဲလိုက်ရာသီမှာ သူတို့ရဲ့ ဘုန်းအာနုဘော်ကို ပြသလိုသော ပင်လယ်သားရဲ မျိုးနွယ်စုတွေပဲ ဖြစ်သည်။
"သတ်!"
လုရွှမ် သူ့ခေါင်းကို မော့ကြည့်လိုက်ပြီး ထိုလူများကို ကြည့်လိုက်သည်။ သူ့စိတ်ထဲတွင်လည်း သူ တကယ်ကို ပင်လယ်အနက်ပိုင်းထဲ ဝင်လာမိပြီမှန်း သိလိုက်သည်။
ထိုလူများသည် လုရွှမ်ရဲ့ တည်ရှိမှုကို လုံးလုံး သတိမထားမိကြပေ။ အခင်းအကျင်း ကောင်းကင်စာအုပ်ကို လှန်ကြည့်လေ လျှို့ဝှက်ဆန်းကြယ်သော ရောင်ဝါကို ခံစားလာရလေ ဖြစ်နေသည်။
အခင်းအကျင်း ကောင်းကင်စာအုပ်က အခင်းအကျင်းဆိုင်ရာ မှတ်တမ်းရေးသူရဲ့ ထင်မြင်ယူဆချက် ဖြစ်နိုင်ကြောင်း သိသဖြင့် လုရွှမ်လည်း သဘာဝအတိုင်း ဆက်မဖတ်နေတော့ပေ။ အဲဒါကနေ သူ သင်ယူနိုင်ပေမယ့် အဲဒီထင်မြင်ယူဆချက်တွေကို ကျေကျေနပ်နပ် ခံယူနေရင် တခြားသူတွေရဲ့ လမ်းကြောင်းအတိုင်း လိုက်နေရလိမ့်မည်။
ပညာရှိတစ်ယောက် အတွက်တော့ ဒါက သိပ်တုံးလွန်းတယ်လို့ ခံစားရသည်။
အခင်းအကျင်း ကောင်းကင်စာအုပ်ကို သူ မဖတ်တော့သော်လည်း အခင်းအကျင်းအကြောင်း သူ့ရဲ့ နားလည်မှုကတော့ တစ်နေ့တခြား တိုးများလာသည်။ ယခုတွင် သူသည် ကောင်းကင်စာအုပ်မှ သင်ယူခဲ့သောကြောင့် သူ့ခန္ဓာကိုယ်ပေါ်တွင် လျှို့ဝှက်အခင်းအကျင်းတစ်ခု ရှိနေပြီ။
စွမ်းအင်အများကြီး သုံးရပေမယ့် အကျိုးသက်ရောက်မှုက အရမ်းကောင်းပါ၏။ ၎င်းသည် ရွှမ်ထျန်းတံဆိပ်ပြားလောက် မကောင်းသေး သော်လည်း စွမ်းဆောင်မှုတချို့ ရှိနေဆဲဖြစ်သည်။
"ကောင်းပြီ ဒီကောင်တွေ ရှေ့ကို ပြေးနေပြီဆိုတော့ ငါ သူတို့နောက်က လိုက်သွားကြည့်မယ်"
အားလုံးထွက်သွားပြီးနောက် လုရွှမ် တိတ်တဆိတ် ထွက်လာခဲ့သည်။