← Chapters

သွေးရည်

Vol. 73 Ch. 4.612

သွေးရည်

Vol. 73 Ch. 4.612

လုရွှမ် ခန္ဓာကိုယ်မှ ထိတ်လန့်တုန်လှုပ်ဖွယ် ဓားတစ်ချောင်း ထွက်ပေါ်လာသည်။

ကောင်းကင်နဲ့မြေကြီးရဲ့ စွမ်းအင်တွေကို စုစည်းလိုက်သလို မိုးကြိုးတိမ်တိုက်များက ရုတ်တရက် ဟောက်ကာ လုရွှမ်ဆီသို့ ပြေးသွားပြီး စွမ်းအင်ရောင်ဝါကလည်း ကောင်းကင်ကို ဖုံးလွှမ်းသွားသည်။ လုရွှမ် မြင့်မြင့်ကိုင်ထားသော သစ်သားဓားဆီသို့ မိုးကြိုးတိမ်တိုက်များက ရိုက်ခတ်လာ၏။

"သွား!" လုရွှမ် နဂါးတစ်ကောင်လို ဟစ်အော်လိုက်သည်။

ကောင်းကင်မှ မိုးခြိမ်းသံကို အသုံးပြု၍ သူ့ဓားစွမ်းအင်ကို လက်နက်၅ခုထဲက အသန်မာဆုံး လူလတ်ပိုင်း လူရွယ်ဆီသို့ ညွှန်ပြလိုက်သည်။

သူတို့ငါးဦးသည် မိုးခြိမ်းသံရဲ့ အရှိန်ဖြင့် ဖမ်းမိနေသလို ဖြစ်​နေပြီဖြစ်သည်။ ထို့အပြင် သူတို့သည် ပင်လယ်သားရဲများ ဖြစ်ကြသောကြောင့် သဘာဝအတိုင်း မိုးခြိမ်းသံကို အလွန်ကြောက်ကြသည်။

လုရွှမ်က မိုးခြိမ်းသံကို သူ့ဓားဖြင့် ကောင်းကင်မှ ဆွဲထုတ်နိုင်လိုက်တာကို မြင်လိုက်ရသဖြင့် သူတို့ငါးဦးသည် ထိတ်လန့်ကာ ထွက်ပြေးချင်နေကြသော်လည်း ယခုအချိန်တွင်တော့ မလွတ်မြောက်နိုင်ကြ​တော့ပေ။

တစ်ဖက်လူသည် ဓားရှည်ကို သူ့လက်ထဲတွင် ဆုပ်ကိုင်လျက် အလိုလို ရင်ဘတ်ပေါ်၌ ကာထားလိုက်သည်။ ဓားရှည်ထဲမှ ဓားရောင်ဝါတွေကလည်း ခွန်အားရှိသမျှ ပြေးထွက်လာကာ မိုးကြိုးကိုခုခံရန် ကြိုးစား​လေသည်။

လုရွှမ် သူ့စိတ်ထဲတွင် လှောင်ရယ်လိုက်၏။ ဤသားရဲမိသားစုကတော့ အုပ်စိုးဖို့ လွယ်ကူနေလေပြီ။ နောက်ပိုင်းတွင် သူတို့ကိုသာ ချန်ထားပါက သူတို့ဟာ ဒီနေရာမှာ ကုပ်တွယ်မနေဘဲ လူသား ပါရမီရှင်များကို အမဲလိုက်ဖို့ ထွက်သွားမှာပဲ ဖြစ်သည်။

အက်ကွဲသံနှင့်အတူ မိုးကြိုးပစ်ချက်သည် လူလတ်ပိုင်းရဲ့ဓားကို ထိမှန်သွားသည်။ ဓားရှည်က မိုးကြိုးကြောင့် ပေါက်ကွဲမသွား သေးသော်လည်း လျှပ်စီးပန်းများ တဖျပ်ဖျပ် ခတ်ကာ ပတ်ဝန်းကျင်ကို တုန်လှုပ်သွားစေခဲ့သည်။ ထိုလျှပ်စီးကြောင်းက နှစ်ဖက်စလုံးရှိ ပင်လယ်သားရဲများပေါ်သို့ ရိုက်ခတ်သွားရာ နောက်နှစ်ကောင်လည်း အမြန် ရှောင်လိုက်ရသည်။

ဓားစွမ်းအင်ဟာ လေပြင်းကြောင့် ရပ်တန့်မသွားဘဲ လူလတ်ပိုင်းရဲ့ ခန္ဓာကိုယ်ထဲသို့ အေးမြသော အလင်းရောင်တစ်ခုနဲ့အတူ တိုးဝင်သွားကာ ဖောက်ထွင်း ဝင်ရောက်သွားခဲ့သည်။

လုရွှမ် ဓားတစ်လက်ဖြင့် နောက်မှလိုက်လာသည်။

"ယွမ်ယန်ဓားကိုးစင်း ပထမဓား.... လူသားနဲ့ဓား တစ်ခုတည်းအဖြစ် ပေါင်းစပ်စေ!"

လုရွှမ်ခန္ဓာကိုယ်မှ အလင်းတန်းတစ်ခုသည် ဓားတစ်လက်အဖြစ် ပြောင်းလဲသွားသကဲ့သို့ သူ့ခန္ဓာကိုယ် တစ်ဝိုက်တွင် မိုးခြိမ်းသံနှင့်အတူ လွင့်ပျံလာသည်။ ထို့နောက် လူလတ်ပိုင်း အရွယ်ရဲ့ ခန္ဓာကိုယ်အား ဒဏ်ရာများစွာအဖြစ် ဖြတ်သန်းသွားခဲ့သည်။

ဒီလိုသေးငယ်တဲ့ နယ်ပယ်လေးက သူတို့စွမ်းအားကို ဖြတ်ကျော်နိုင်မယ်လို့ သူတို့ခမျာ တကယ်ကို မမျှော်လင့်ထားခဲ့ပေ။

လူလတ်ပိုင်းအရွယ် အမျိုးသားက သူ့ခန္ဓာကိုယ်ကို ရုတ်တရက် လှည့်ကြည့်လိုက်တော့ သူ့ကိုယ်ပေါ် လျှပ်စီးကြောင်းတွေ လက်ထွက်သွားသလို ပေါက်ကွဲသံနဲ့အတူ ပေါက်ကွဲ ထွက်သွား၏။ သူ့ခန္ဓာကိုယ်မှ အနက်ရောင် အခိုးအငွေ့များ ထွက်ကျလာပြီး နောက်အခိုက်အတန့်မှာတော့ ပြိုလဲကျသွားလေပြီ။

လုရွှမ်ရဲ့ တစ်ကိုယ်လုံးမှာ မိုးခြိမ်းသံများဖြင့် ပြည့်နှက်နေပြီး ကျန်လေးယောက်ကိုလည်း အံ့သြထိတ်လန့်သွားစေခဲ့သည်။

“သတ်!”

လူလေးယောက်က တစ်ပြိုင်တည်း အော်ဟစ်လိုက်သည်။ သူတို့နှလုံးသားထဲတွင် ထိတ်လန့်နေသော်လည်း ပင်ကိုယ်ဗီဇအရ ရက်စက်ကြမ်းကြုတ်သော သားရဲများ ဖြစ်​လေသည်။

လုရွှမ်လည်း သူတို့ မျက်လုံးများထဲက ပြင်းပြသော လောဘ​တွေကို တွေ့လိုက်ရသည်။ သူ့ကိုယ်ပေါ်ရှိ စိမ်း​ပြာနဂါးရဲ့ ရောင်ဝါကြောင့် နဂါးပင် မဟုတ်​သေးသော ထိုပင်လယ်သားရဲများသည် လုရွှမ်ကို သူတို့ဗိုက်ထဲသို့ အကောင်လို မျိုချချင်နေကြတာ ထင်ရှား​ပေသည်။

လုရွှမ်က "လာတာ အတော်ပဲ!"

သူအခု တခြားဘာကိုမှ ကြောက်မနေပေ။

လုရွှမ်ဟာ သူတို့ငါးဦးအနက်မှ အသန်မာဆုံးသူကို ဓားတစ်ချက်တည်းဖြင့် သတ်ပစ်လိုက်တာကို တွေ့လိုက်ရသောအခါတွင် သူတို့လေးယောက် နိုးကြားလာခဲ့သည်။ လုရွှမ်ကိုသာ ဒီအတိုင်း ဆက်သတ်ခွင့် ပေးလိုက်ရင် သူတို့လေးယောက်လုံး သေမှာ သေချာနေပြီလေ။

"အခင်းအကျင်း တည်!"

လူလေးယောက်က အော်ဟစ်ပြီး လေးထောင့်ပုံသဏ္ဌာန်ဖြင့် လုရွှမ်ကို ဝန်းရံထားလိုက်၏။ ထိုတစ်ခဏမှာ လက်နက်လေးစင်းက လျှို့ဝှက်ဆန်းကြယ်တဲ့ အလင်းတန်းတွေနဲ့ လင်းလက်သွားကာ လူသတ်ချင်နေသော ရောင်ဝါကလည်း လက်နက်များ အပေါ်မှ တရွေ့ရွေ့ ရွေ့လျားနေသည်။

လုရွှမ် သူ့ရဲ့နေမျက်လုံးကို ဖွင့်၍ သူတို့လေးယောက်ကို ကြည့်နေရုံမှတပါး ရွေးချယ်စရာ မရှိတော့ပေ။

လူလေးယောက်ကြားတွင် ယွမ်စွမ်းအင် စီးချောင်းများက အတားအဆီးမရှိဘဲ သူတို့ခန္ဓာကိုယ်ကို ဖြတ်ပြေးနေတာ မြင်လိုက်ရသည်။ ထို့အပြင် အလှည့်တိုင်းတွင် ယွမ်စွမ်းအင်ဟာ ပိုမိုကြီးမားလာပြီး လှည့်ပတ်မှုအရှိန်ကလည်း ပိုမိုမြန်ဆန်လာသည်။

ဒါက ဘယ်လို အခင်းအကျင်း ဖွဲ့စည်းမှုမျိုးလဲ?

လုရွှမ် သူ့မျက်လုံးတွေနဲ့ စူးစိုက်ကြည့်ပြီး သေချာ စဉ်းစားနေသည်။ သေချာတာပေါ ဘဝရဲ့ နေရာတိုင်းမှာ သင်ယူရမယ့် အသိပညာတွေ ရှိနေတာပဲ။

ယွမ်စွမ်းအင်ကို ပေါင်းစည်းပြီး အခင်းအကျင်း တည်ဆောက်လိုက်တာပဲ။ ဒါမျိုးကို လုရွှမ် တစ်ခါမှ မစမ်းဖူးတာတော့ မဟုတ်ပါဘူး။ ရွှမ်ခုန်းတောင်မှာ ရှိတုန်းကတောင် လုရွှမ်၊ အောင့်ယွဲ့တို့ လူငယ်ငါးယောက်ဟာ ယွမ်စွမ်းအင် ဖိအားကို တွန်းလှန်ဖို့ ပေါင်းစည်းဖို့ အတူတကွ လုပ်ဆောင်ခဲ့ကြဖူးသည်။

ဒါပေမဲ့ ဒီဖွဲ့စည်းပုံနဲ့ ယှဉ်ရင်တော့ သူတို့ဖွဲ့စည်းပုံက နောက်ကျကျန်ခဲ့ပါပြီ။ ထို့အပြင် လူခြောက်ဦး၏ စုပေါင်းအင်အားသည် လူသုံးဦးကိုသာ စွမ်းအားကို ထုတ်ပေးနိုင်သောကြောင့် ဆုံးရှုံးမှုများက အလွန်ကြီးမားလှသည်။

ထို့အပြင် အခင်းအကျင်း ဖွဲ့စည်းတည်ဆောက်မှုကို မခံနိုင်သည့် အချိန်တိုင်းတွင် စိုးရိမ်နေရပြီး တုံ့ပြန်မှုက အန္တရာယ်ပင် ဖြစ်လာ​စေနိုင်သည်။ သို့သော် ဒီလူလေးယောက် အသုံးပြုတဲ့ ပုံစံတွေက လုံးဝကွဲပြားလေ၏။

ကံမကောင်းစွာဖြင့် လုရွှမ်သည် ၎င်းကို ခဏတာကြည့်ရှုပြီးနောက် သူတို့မျိုးနွယ်စုရဲ့ ထူးခြားသော အခင်းအကျင်း ဖွဲ့စည်းမှုဖြစ်နိုင်ကြောင်း သတိထားမိလိုက်သည်။ ထို့ပြင် လူငါးယောက်ဆိုရင် အတူတကွ ပိုမိုကောင်းမွန်စွာ ပူးပေါင်းဆောင်ရွက် နိုင်ကြကြောင်း ထင်ရှားနေ၏။ အစောက လူလတ်ပိုင်းသာ အသက်ရှင်နေသေးရင် အခင်းအကျင်းရဲ့ ဗဟိုမှာ နေရာယူပြီး အခင်းအကျင်းရဲ့ စွမ်းအားကို အမြင့်ဆုံးဖြစ်အောင် စွမ်းဆောင်နိုင်လိမ့်မည်။

ဒီအခင်းအကျင်းက အခုထိ ကြောက်စရာ ကောင်းနေသေးပေမယ့် ကန့်သတ်ချက်တွေက ရှိနေတုန်းပါပဲ။

အခင်းအကျင်းနဲ ပတ်သက်ပြီး ကြောက်စရာကောင်းသော အချက်မှာ အခင်းအကျင်းမှ တစ်ဆင့် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားများကို ထုတ်လွှတ်နိုင်ပြီး ကျင့်ကြံသူများရဲ့ စွမ်းအားကို အသွင်ပြောင်းစေနိုင်ခြင်းပဲ ဖြစ်သည်။ ဒါပေမဲ့ အခင်းအကျင်းမှာလည်း သူ့ရဲ့ အကြီးမားဆုံး အားနည်းချက် ရှိပါသေး၏။ အဲဒါကတော့ အခင်းအကျင်း မျက်လုံးပါပဲ။

အခင်းအကျင်းအပေါ် ရှင်းရှင်းလင်းလင်း နားလည်ပြီး အခင်းအကျင်းရဲ့ ဗဟိုမျက်လုံးကို သိမ်းပိုက်လိုက်တာနဲ့ ထိရောက်မှုက အလွန်လျော့ကျသွားလိမ့်မည်။

ယခု လုရွှမ်သည် အခင်းအကျင်း ကောင်းကင်စာအုပ်ကို ဆယ်နှစ်ကျော် လေ့လာခဲ့ပြီး အခင်းအကျင်းအကြောင်း သူ့ရဲ့နားလည်မှုက နတ်မီးအဆင့်သို့ ရောက်နေပြီ ဖြစ်သည်။ သူ့ကို ဒုတိယလို့ ခေါ်ရင် ဘယ်သူမှ နံပါတ်တစ်နေရာကို ယူရဲလိမ့်မည်မဟုတ်။

သူတို့လေးယောက်သည် သူတို့၏ ခွန်အားကို စုစည်းနေဆဲပင်။ ထို့နောက် ယွမ်စွမ်းအင်က လမ်းကြောင်းပြောင်းသွားကာ လျှို့ဝှက်ဆန်းကြယ်သော ထောင့်တစ်ခုတွင် ရပ်နေတာကို တွေ့လိုက်ရသဖြင့် သူတို့ရဲ့ တိုက်ခိုက်မှုများက ရုတ်တရက် ဝေးကွာသွားတာကို တွေ့လိုက်ရသည်။

"အခင်းအကျင်း ကောင်းပါတယ်... ဒါပေမဲ့ ကောင်းကင်က ဘာလုပ်ရမယ်ဆိုတာ ဆုံးဖြတ်ပေးတာ သနားစရာပဲ... မင်းတို့ထဲမှာ တစ်ယောက်က လျော့နေတယ်လေ"

လုရွှမ် ပြုံးပြီး ပြောလိုက်သည်။

သစ်သားဓားကို ​ဝေ့ယမ်းပစ်လိုက်သည်။ ဓားစွမ်းအင်က အနီးဆုံးလူကို ညွှန်ပြပြီး ဒေါင်လိုက်နှင့် အလျားလိုက် မြင့်တက်သွားသည်။ အရှိန်က မြန်လွန်းသဖြင့် လုရွှမ်ပင် ဓားသွားတစ်ချောင်းဖြင့် နောက်ပြန်ဆုတ်သွားရလေသည်။

တစ်ဖက်လူတွေရဲ့ တန်ပြန်စွမ်းအားက သစ်သားဓားကို မထိုးဖောက်မီ သစ်သားဓားစွမ်းအင်က တစ်ယောက်ရဲ့ နှလုံးသားကို ထိုးဖောက်နေပြီ။ ဝုန်းကနဲ အသံနဲ့အတူ ထိုလူရဲ့ခန္ဓာကိုယ်မှာ ပေါက်ကွဲသွားသည်။ လုရွှမ် သူ့ခြေဖဝါးအောက်မှ လေပြင်းနိယာမကို လှုပ်ခါလျက် အမြန် ခုန်ထွက်သွားသည်။

အခြားလူ ၃ ဦးမှာ ပေါက်ကွဲမှုကြောင့် အခင်းအကျင်းရဲ့ ပြင်းထန်သော တုံ့ပြန်မှုကို ခံစားခဲ့ရပြီး သွေးများ ထွက်လာခဲ့သည်။ လုရွှမ် တိုက်ခိုက်သွားတာက အခင်းအကျင်းရဲ့ အားနည်းချက် နေရာပဲ ဖြစ်သည်။

လုရွှမ်သည် အသာစီးရသွားတာနဲ့ ဓားသုံးချောင်းကို ဆက်တိုက် ထိုးလိုက်ရင်း ကရုဏာမပြဘဲ သတ်ပစ်လိုက်သည်။ ဓားစွမ်းအင်က လူသုံးယောက်ရဲ့ လည်ပင်းကို ဖြတ်သွားကာ ပင်လယ်သားရဲ သုံးကောင်ရဲ့ ဦးခေါင်းများ ပျံတက်သွားလေ၏။

သွေးပူတွေ ပေါက်ထွက်လာတာနဲ့ သစ်သားဓားကို စုပ်ယူခွင့်ပေးလိုက်သည်။

သွေးက သစ်သားဓားထဲ ပေါင်းစပ်သွားသည်။ ဒါက နဂါးသွေးရဲ့ သေးငယ်သော အစိတ်အပိုင်းတစ်ခုမျှသာ ဖြစ်ပြီး သူတို့ခန္ဓာကိုယ်တွင် နဂါးသွေး အနည်းငယ်၌သာ ရှိသင့်သော ဖိအားတစ်ခု ထွက်လာတာကို လုရွှမ် သတိပြုမိလိုက်သည်။

သစ်သားဓားရဲ့ ထက်မြက်မှုက ခဏမျှ တုန်ခါသွားပြီးနောက် သစ်သားနဲ့တူသော အရေခွံတစ်ပိုင်း ကြွေကျသွားသည်။ အတွင်းဘက်ရှိ ဓားသွားအစွန်း အနည်းငယ်ကတော့ အလင်းရောင်တစ်ခုကို လင်းထိန်စွာ ထုတ်လွှတ်လိုက်လေ၏။

လုရွှမ်ရဲ့ မျက်လုံးများလည်း တောက်ပသွားသည်။ သူက လက်နက် သန့်စင်ရေးမှာလည်း ကျွမ်းကျင်သူ ဖြစ်သည်။ ဒါကြောင့် ဓားမျက်နှာပြင်ပေါ်က ထူးကဲသော အေးစက်မှု အနည်းငယ်ကို သဘာဝကျကျ မြင်နိုင်သည်။ ဓားသွားကို သူ့လက်ချောင်းများဖြင့် ညင်သာစွာ ပွတ်သပ်ပေးလို​က်သည်။

အခြားလူများအတွက် ဒီအရာကား သေခြင်းတရားဆီကို တွန်းပို့​နေသော အေးစက်မှု အရိပ်အယောင် ဖြစ်နိုင်သည်။ ထင်သလောက် မကြမ်းတာက သူ့အတွက်ပဲ ဖြစ်နိုင်၏။

သစ်သားက ထူးထူးခြားခြားပဲ ဆိုတာ သူသိခဲ့သားပဲ။ သစ်သားချောင်းကို ၎င်းရဲ့ နဂိုပုံပန်းသဏ္ဌာန်အတိုင်း ပြန်လည်ရရှိနိုင်ရန် မှော်သွေးအမျိုးမျိုး လိုအပ်ကြောင်း လုရွှမ် တွေ့လိုက်ရသည်။

သွေးစွမ်းအားနဲ့ ပတ်သက်လာရင် သူ့ကိုယ်ပိုင်သွေးထက် ဘယ်သွေးက အစွမ်းထက်နိုင်ဦးမလဲ?

လုရွှမ် ဓားအစွန်းဖြင့် သူ့လက်မောင်းကို ဖြတ်လိုက်ရာ သွေးများ စီးကျလာခဲ့သည်။ သစ်သားဓား အစွန်းကို လက်မောင်းမှာ ကပ်လိုက်တာနဲ့ သံပူကို ရေအေးထဲ ဆွဲနစ်လိုက်သလို တရှစ်ရှစ် မြည်သံများ ထွက်ပေါ်လာသည်။ အဖြူရောင် အငွေ့အလွှာများ ထွက်လာကာ သူ့မျက်စိရှေ့တွင် အဖြူရောင် အခိုးအငွေ့ အလင်းတန်းများ လင်းလက်သွားသည်။

လုရွှမ် အသက်ရှုကြပ်သွားပြီး လက်ဝေ့ယမ်း၍ အဖြူရောင်အငွေ့များကို ဖယ်ရှားလိုက်ကာ ဖုံးအုပ်ထားသော သစ်သားဓားကို ပေါ်လွင်စေလိုက်သည်။

ယခုအချိန်တွင် သစ်သားချောင်းသည် အလွန်ပြောင်းလဲသွားကာ ကျိုးသွားသော နေရာတွင် ဓားအစွန်းက လုံးလုံးလျားလျား ပေါ်ထွက်လာနေပြီ ဖြစ်သည်။

All Chapters