← Chapters

လက်ချောင်းရာ နှင့် ကျောက်စိမ်းပြား

Vol. 73 Ch. 4.613

လက်ချောင်းရာ နှင့် ကျောက်စိမ်းပြား

Vol. 73 Ch. 4.613

လုရွှမ်ရဲ့ခန္ဓာကိုယ်မှာ စိမ်းပြာနဂါးနှလုံးနဲ့ နဂါးအရိုးတွေကို ရောနှောထားတာကြောင့် စိမ်းပြာနဂါးရဲ့ သွေးများစွာသည် သူ့ခန္ဓာကိုယ်ထဲ ပေါင်းထည့်ထားတာ ကြာ​လေပြီ။

ဖီးနစ်အမွေး ရုပ်ကြွင်းသည် လုရွှမ်ရဲ့ ဒန်တန်ထဲသို့ လုံးလုံး ပေါင်းစည်းသွားသောကြောင့် ဖီးနစ်သွေး အနည်းငယ်ကလည်း လုရွှမ်ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်သွားခဲ့ပြီ ဖြစ်သည်။

ဒါက လုရွှမ် ကန့်သတ်ချက်​တွေကို မကြာခဏ ချိုးဖျက်နိုင်တဲ့ အကြောင်းရင်း တစ်ခုလည်း ဖြစ်သည်။ အဆက်မပြတ် တိုက်ခိုက်ခြင်းနဲ့ ယွမ်ယန်ကျင့်စဥ်တို့ရဲ့ ပေါင်းစပ်မှုအတွင်း စိမ်း​ပြာနဂါးရဲ့ သွေးနဲ့ ဖီးနစ်သွေးတွေဟာ လုရွှမ်ခန္ဓာကိုယ်ထဲသို့ လုံးလုံးပေါင်းစည်းသွားခဲ့ပြီ။

တစ်နည်းဆိုရသော် လုရွှမ်၏သွေးသည် သာမန်ကျင့်ကြံသူများထက် သာလွန်နေပြီး အဖိုးတန်သော သွေးတစ်မျိုးအဖြစ် မသိလိုက်ဘဲ ဖြစ်သွားခဲ့သည်။ ဤသွေးမျိုးသည် သန့်စင်သော နဂါးသွေးတော့ မဟုတ်သော်လည်း ပင်လယ်သားရဲများထက် အဆများစွာ ပြင်းထန်​ပေသည်။

ကျိုးသွားသော သစ်သားဓားရဲ့ အစိတ်အပိုင်းပေါ်ကို သွေးများ ယိုစီးကျလာခဲ့သည်။ လုရွှမ်ရဲ့ မျက်လုံးများမှာ မယုံကြည်နိုင်စွာ ပြူးကျယ်သွားသည်။

သူသည် ဓားကို တစ်စုံတစ်ဦးမှ ချိုးပစ်ခဲ့တယ်လို့ အမြဲထင်ခဲ့သော်လည်း ယခုမြင်လိုက်ရမှ လူတစ်ယောက်က တမင်သက်သက် ဓားကို ကျိုးသွား​အောင် ချိုးခဲ့ကြောင်း ရှင်းရှင်းလင်းလင်း သိလိုက်ရသည်။

ကွဲအက်သွားသည့် နေရာ၌ လက်ချောင်းလေးများ အမှတ်အသား ကျန်နေသေးသည်။ ဓားသွားအစွန်းသည် အပြာရောင် ဖြစ်သော်လည်း ဓားမြှောင်ပေါ်တွင် အစက်ချထားသည့် သွေးစက်တွေကြောင့် အစက်အပြောက်တွေ ဖြစ်နေ၏။ သို့သော် လုရွှမ် တစ်ချက်ကြည့်လိုက်ပြီးနောက် ဆွဲဆောင်ခံလိုက်ရသလို မျက်စိလွှဲဖို့ အတော်လေး ခက်ခဲ​လေသည်။

လုရွှမ် သူ့စိတ်ထဲတွင် နားမလည်နိုင်သော ထိတ်လန့်သွားတဲ့ ခံစားချက်တစ်ခု ရုတ်တရက် ပေါ်လာပြီး လက်ဝါးရာသည် နားမလည်နိုင်သော နတ်ဘုရားတန်ခိုးဖြင့် တံဆိပ်ရိုက်ထားပုံ ရတာကို ရိပ်မိလိုက်သည်။

နှစ်တွေ ဘယ်လောက်ကြာသွားပြီလဲ မသိပေမယ့် အရှိန်အဟုန်တွေကတော့ ပျောက်ကွယ်သွားပြီ။ သို့ပေမယ့် လုရွှမ်ကတော့ သူ့စိတ်ထဲမှာ သတိအပြည့်နဲ့ ကြောက်ရွံ့နေသေးသည်။

ခက်တာက သူ့စိတ်ထဲက ထိန်းမနိုင်သိမ်းမရ စူးစမ်းလိုစိတ်နှင့် မျှော်လင့်ချက်များ ပြည့်နှက်နေခြင်းပင်။ လေကို အဆက်မပြတ် အသက်ရှုသွင်းပြီးနောက် လုရွှမ် နောက်ဆုံးတွင် သစ်သားဓားပေါ်သို့ သူ့စိတ်ကို အာရုံစိုက်ကာ လက်ချောင်း အမှတ်အသား နေရာကို သူ့လက်ချောင်းများဖြင့် ညင်သာစွာ ထိလိုက်သည်။

စိတ်ထဲတွင် ကျယ်လောင်သော ပေါက်ကွဲသံ တစ်ခု ထွက်ပေါ်လာပြီး တစ်ခဏတာမျှ ကမ္ဘာကြီး လည်ပတ်သွား​တော့သည်။

လုရွှမ် ထူးဆန်းတဲ့ နေရာတစ်ခုကို ရောက်သွားလေ၏။ မျှော်စင်တစ်ခုထဲ ဝင်​ရောက်သွားသလို ခံစားလိုက်ရပြီး သုတ်သင် ရှင်းလင်းနေတဲ့ ထိတ်လန့်တုန်လှုပ်ဖွယ် ​ရောင်ဝါတစ်ခုက ရှိနေသည်။ သူလှည့်ကြည့်လိုက်သောအခါ နတ်မီးနယ်ပယ်ထက် ပိုမြင့်သော သခင်များစွာကို တွေ့လိုက်ရသည်။

ထိုလူများ၏ ကျင့်ကြံမှု အဆင့်ကို သူ လုံးဝ မမြင်နိုင်ဘဲ အလွန် သန်မာကြောင်းသာ ခံစားမိသည်။ အခုသူမြင်ဖူးသမျှထဲမှာ အသန်မာဆုံးလူကတော့ ဝမ့်ရှန်းကမ္ဘာက နံပါတ်တစ်ဂိုဏ်း စိမ်းပြာကောင်းကင်ဂိုဏ်းက ဂိုဏ်းချုပ်ကြီး ရှဲ့ယွင်ထျန်း ဖြစ်ကောင်းဖြစ်နိုင်၏။

နောက်တစ်ယောက်က နတ်ဝိညာဥ်နယ်ပယ်ကို ကျော်ဖြတ်ခဲ့တဲ့ သခင်တစ်ယောက်ပဲ။ ဒါပေမဲ့ သူ့ရှေ့က ဒီလူတွေနဲ့ နှိုင်းယှဥ်ကြည့်တော့ ထိုသူကလည်း ဘာမှ မဟုတ်တော့ချေ။ ပြီးတော့ ဒီမှာက အဲဒီလိုလူတွေ အများကြီး ရှိနေတယ်လေ။

သူတို့ရဲ့စစ်ပွဲမှာ သာမန် ကျင့်ကြံသူတွေလို မဟုတ်ဘဲ ဓားတစ်ချောင်းနဲ့ ခုတ်ထစ်လိုက်ရုံနဲ့ကို ကောင်းကင်ကြီး ပြိုကျသွားသည်။ ဓားတစ်ချက် ဝေ့ယမ်းလိုက်ရုံနဲ့ တိုက်ပွဲက ပြောင်းလဲသွားပြီ။ နေနဲ့လမှာ လကြတ်ပြီး ကောင်းကင်နဲ့မြေကြီးဟာလည်း အလင်းရောင် မရှိ​တော့ပေ။

ပြင်းထန်သော လေသည် လုရွှမ်အား မုန်တိုင်းထန်သော ပင်လယ်ထဲ ရောက်နေသကဲ့သို့ ကန်ထုတ်လိုက်သည်။

ဖူး!

လုရွှမ်ပါးစပ်မှ သွေးများ ထွက်ကျလာပြီး ထင်ယောင်ထင်မှား ဖြစ်ရာမှ နိုးထလာသည်။

သူ့မျက်နှာက အလွန်ဖြူဖျော့နေပြီ ဖြစ်သော်လည်း သူ့ခန္ဓာကိုယ်က တည်ငြိမ်စွာ မတ်တပ်ရပ်နေဆဲပင်။ သူ့ခေါင်းကလည်ပတ်နေတာကြောင့် မြေပြင်ပေါ် တိုက်ရိုက် ပြုတ်ကျသွား၏။ လေကိုအပူတပြင်း ရှူရှိုက်ရင်း အားနည်းတဲ့ ခံစားချက်တစ်ခု ပေါ်လာရာ သူ့ခန္ဓာကိုယ်က အလိုအလျောက် တုန်လှုပ်သွားပြီး တစ်ကိုယ်လုံး ချွေးတွေနဲ့ စိုရွှဲနေခဲ့သည်။

ကံကောင်းထောက်မစွာပင် သူ့စိတ်ကို ကြည်လင်စေတဲ့ ယွမ်ယန်ကျင့်စဥ်ရဲ့ စွမ်းအားက သူ့ခန္ဓာကိုယ်အနှံ့ လျင်မြန်စွာ ပျံ့နှံ့သွားသည်။ သို့မှသာ ခန္ဓာကိုယ်သည် တဖြည်းဖြည်း ပြန်လည် နွေးထွေးလာတယ်လို့ ခံစားမိကာ အနည်းငယ် ပိုကောင်းလာတယ်လို့ ခံစားမိလာသည်။

စိတ်ဝိညာဥ်က တဖြည်းဖြည်း ပြန်ကောင်းလာပြီ။

အချိန်အတော်ကြာအောင် မောပန်းနွမ်းနယ် နေပြီးတဲ့အထိ သူ့စိတ်က နာကျင်နေဆဲ ဖြစ်သည်။ လုရွှမ်မှာ ယခု သူနာကျင်သွားသလို သူ့စိတ်ဝိညာဉ် စွမ်းအားကလည်း နာကျင်လာသည်။

ဘယ်သူပဲဖြစ်ဖြစ် သူတို့ရဲ့ ကျင့်ကြံမှုက သာမန်လူများကို ကျော်လွန်နေပြီဆိုရင် သူတို့အစွမ်းအစကို စိတ်ကူးကြည့်ရန် ခဲယဉ်းပေသည်။ နှစ်တွေ ဘယ်လောက် ကြာသွားပြီလဲ မသိပေမယ့် ကျိုးနေတဲ့ ဓားပေါ်မှာ ကျန်ခဲ့တဲ့ လက်ချောင်းရာ တစ်ခုကတောင် အစွမ်းထက်နေတုန်းပင်။

နတ်မီးနယ်ပယ် ဆိုတာက အစောကလူတွေရှေ့မှာ ရှည်လျားသော သန်ကောင်လေးသာ ဖြစ်နိုင်သည်။

လုရွှမ် ခဏတာ အနားယူပြီး သူ့ပတ်ဝန်းကျင်ကို သူ့စိတ်ဝိညာဉ် စွမ်းအားဖြင့် အာရုံခံလိုက်သည်။ ယခင်ကထက် 80% နီးပါး ပျက်စီးသွားကြောင်း သူခံစားလိုက်ရ၏။ ယခုအခါ စိတ်ဝိညာဉ် စွမ်းအားရဲ့ အာရုံခံစားနိုင်မှု အပိုင်းအခြားသည် ယခင်ကနဲ့ယှဥ်ရင် ဆယ်ပုံတစ်ပုံအထိသာ ရှိ​တော့သည်။

ဒီအချိန်ဟာ တကယ်ကို ဖြုန်းတီးနေတာပဲ ဆိုတာ သူသိလိုက်တာနဲ့ လက်ချောင်းရာ အကြောင်း ထပ်ပြီး မတွေးရဲတော့ပေ။

ရုတ်တရက် တစ်ခုခုကို ဆုပ်ကိုင်ထားမိသလိုမျိုး သူ့လက်ချောင်းတွေက စေးကပ်နေတာကို ခံစားလိုက်ရသည်။ လုရွှမ် အံ့အားသင့်သွားကာ သတိပြန်ဝင်လာပြီး သူ့လက်ဖဝါးကို ငုံ့ကြည့်လိုက်သည်။

သူ့လက်ချောင်းများကို လှုပ်ယမ်းလိုက်တဲ့အခါ သူ့ခမျာ ခန္ဓာကိုယ်တစ်ခုလုံးကိုပါ မြေပြင်ပေါ်မှ ခုန်ထမိလုနီးပါး ဖြစ်သွား၏။ သူ့လက်ထဲမှာ ရှိနေတဲ့အရာက ကွဲအက်သွားတဲ့ ကျောက်စိမ်းပြား ဖြစ်ကာ ကွဲအက်သွားပုံကလည်း အနည်းငယ်သာ ကျန်တော့သည်။

လုရွှမ် ၎င်းကိုချက်ချင်း မှတ်မိနိုင်ရတဲ့ အကြောင်းရင်းမှာ ဤကျောက်စိမ်းပြား အပိုင်းအစဟာ သူ့စိတ်ထဲတွင် ရှိသော ကျောက်စိမ်း​ပြား အမှတ်အသားနေရာနှင့် အတိအကျ တူ​နေသောကြောင့် ဖြစ်သည်။

သူ့စိတ်ထဲက ကျောက်စိမ်းပြားဟာ နာမ်ပိုင်းဆိုင်ရာ အနှစ်သာရတွေနဲ့ ပြည့်နေပြီး သူ့ရှေ့မှာရှိတဲ့ ကျောက်စိမ်းပြားရဲ့ အပိုင်းအစကတော့ အလွန်သေးငယ်တဲ့ အပိုင်းပဲ ကျန်တော့၏။ အရောင်အသွေး လုံးဝမရှိဘဲ နူးညံ့တဲ့ ကျောက်စိမ်း နည်းနည်းပဲ ကျန်တော့တဲ့ ခံစားချက်မျိုး ပေးနေသည်။

"ကျီးဖိုးဖိုး ထွက်လာပြီး ကြည့်လိုက်ဦး!"

လုရွှမ် သူ့နှလုံးသားထဲမှ နားမလည်နိုင်တဲ့ ခံစားချက်နဲ့အတူ ကျောက်စိမ်းပြားကို ကောက်ယူပြီး အော်လိုက်သည်။ အစောတုန်းက အရာတွေက ဒီအတိုင်း ပုံရိပ်ယောင်တွေ မဟုတ်ဘူးလား။ ဘယ်လိုလုပ် ပစ္စည်းတစ်ခုက ထွက်လာရတာလဲ။

ရွှေကျီးကန်းက ခုန်ထွက်လာပြီး ကျောက်စိမ်းပြားကို တစ်ချက် ကြည့်လိုက်သည်။ ထို့နောက် အလန့်တကြားဖြင့် ကျောက်စိမ်းပြားကို ပါးစပ်နဲ ကိုက်လိုက်သည်။ သို့သော် လုရွှမ်က သူ့လက်ကောက်ဝတ်ကို လှန်လိုက်တာကြောင့် ရွှေကျီးကန်းမှာ သူ့ပါးစပ်ထဲ လေကိုသာ ကိုက်မိလိုက်သည်။

"ဇာစ်မြစ်ကို အရင်ပြောပြ... ဒါက ဘာလဲဆိုတာ အတိအကျ ပြောပြ ပြီးရင် အခြေအနေပေါ်မူတည်ပြီး ပေးမယ်"

ရွှေကျီးကန်းက ဟစ်အော်နေပြီး သူ့မျက်လုံးတွေကလည်း တောက်ပနေသည်။ ခဏလောက်စဉ်းစား​နေပြီးမှ နောက်ဆုံးတော့ သူက

“ကောင်လေး အဲဒါတွေက မင်းသိဖို့ အရမ်းဝေးနေသေးတယ်.... မင်းအခုသိချင်နေတာ သေချာသွားပြီလား? မင်းသိထားဖို့လိုတာက မင်းသိသွားတာနဲ့ တာဝန်ရှိသွားပြီ... အဲဒါကို ကာကွယ်ဖို့ တာဝန်ရှိသွားတာ"

"ကျီးဖိုးဖိုး ဒီလိမ်ညာတာတွေကို မဖန်တီးချင်စမ်းပါနဲ့.. ရှင်းရှင်းလေး ပြောလိုက် အဲဒါက ကျွန်တော့်ဟာ ဖြစ်နေရင် ထွက်မပြေးနိုင်ဘူး... ကျွန်တော့်ဟာ မဟုတ်ဘူးဆိုရင်တောင် ခင်ဗျား လုယူလို့မရဘူး"

ရွှေကျီးကန်းက တခစ်ခစ်ရယ်ရင်း "ဒါတော့အမှန်ပါပဲ... တကယ်တော့ မင်း အာကာသကျောက်စိမ်းပြား ရထားပြီးကတည်းက မလွတ်မြောက်နိုင်တော့ပါဘူး...ဒီလိုပြောရအောင် ဒီကျောက်စိမ်းပြားက မင်းစိတ်ထဲက အဲဒီအာကာသ ကျောက်စိမ်းပြားနဲ့ အတူတူပဲ"

"ဟမ်... အဲဒါကို မမျှော်လင့်ထားဘူးမလား? ဒါပေမဲ့ အပိုင်းပိုင်းကွဲပြီး အခုလို ဖြစ်လာတာက သူ မင်းစိတ်ထဲက ကျောက်စိမ်းပြားကို ခံစားလိုက်ရလို့ပဲ ဖြစ်မယ်....အဲဒါကြောင့် မင်းလက်ထဲကို ရောက်လာတာ"

"ဘာပြောပြော ပိုင်ရှင်က မင်းရဲ့ရှေးလူကြီး ဖြစ်နိုင်တယ်!"

လုရွှမ်ရဲ့ မျက်နှာလည်း လေးနက်လာသည်။ အာကာသကျောက်စိမ်းပြားက ဒီလောက် အစွမ်းထက်တဲ့ တည်ရှိမှုမျိုးက ပေါက်ကွဲပြီး ကွဲအက်သွားနိုင်တယ် ဆိုတာ တွေးကြည့်လို့ပင် မရပေ။

လုရွှမ် တွေးနေတာတွေကို ရွှေကျီးကန်း သိနေတာကြောင့် သူက။

"သေချာပေါက် ကျိုးနိုင်တာပေါ့... မင်းရဲ့စိတ်ထဲက ကျောက်စိမ်းပြားက ငါ့သခင်ဆီက အမွေရခဲ့တာ မဟုတ်ဘူးလား? ဟူး..."

ရွှေကျီးကန်း သူ့သခင်အကြောင်းကို ပြောလိုက်သောအခါ အမူအရာက မည်းမှောင်သွား​တော့သည်။

"တိုတိုပြောရရင် ဒီကျောက်စိမ်း​ပြားကို ကာကွယ်ရတယ်ဆိုတာ ဂုဏ်ယူစရာပဲ... ကောင်းကောင်း ကာကွယ်ထား!"

ရွှေကျီးကန်း ပြောပေမယ့် သူ့မှာ ကျောက်စိမ်းပြားကို ဖမ်းဆုပ်ဖို့ ခွန်အားမရှိတော့ဘဲ လုရွှမ်စိတ်ထဲက ကျောက်စိမ်းပြားထဲကိုသာ တိုက်ရိုက်ဝင်သွားရတဲ့အထိ သူ့ရဲ့ စိတ်အားထက်သန်မှုက လျော့ပါးသွားခဲ့သည်။

ရွှေကျီးကန်းရဲ့ စိတ်နေစိတ်ထားကို လုရွှမ် သိပါ၏။ သူ ဘာမှမပြောချင်ဘူး ဆိုရင်တော့ တိုက်တွန်းလို့လည်း ပြောတော့မှာ မဟုတ်ပေ။

လုရွှမ် သူ့လက်ထဲတွင် ကျောက်စိမ်း​ပြားကို ထပ်မံကိုင်ဆောင်ကြည့်လိုက်စဥ် နွေးထွေးမှုနှင့် နူးညံ့မှုတို့ကို ခံစားလိုက်ရပြီး သူရဲကောင်းဆန်သော ရောင်ဝါကလည်း သူ့နှလုံးသားထဲတွင် နားမလည်နိုင်စွာ မြင့်တက်သွားခဲ့သည်။

All Chapters