စိတ်ပျက်သွားပြီ
Vol. 73 Ch. 4.615
အရင်က လမ်းမှာ လုရွှမ် မြွေမျိုးနွယ်စုကို သတ်ခဲ့ပြီးပြီ။ သူတို့ထဲက တော်တော်များများဟာ သူတို့ရဲ့ နဖူးမှာ မျက်လုံးအကြီးကြီးတွေ ရှိကြသည်။ ဒါပေမဲ့ ဒီလောက် ကြီးကြီးမားမား ရက်စက်နိုင်တာမျိုးတော့ မဟုတ်ပေ။
"မင်းမှာ ငါ့မျိုးနွယ်ရဲ့ အငွေ့အသက်တွေ ရှိတယ်.... မင်း ငါ့မျိုးနွယ်စုကို သတ်ခဲ့တဲ့သူလား?"
မျက်လုံးသုံးလုံးမြွေက ဟောက်ပြီး နဖူးလယ်မှ အလင်းတန်းတစ်ခု ထွက်လာခဲ့သည်။ ခပ်မြန်မြန် ခွာလိုက်ပြီး အနောက်ကို ဆုတ်ချင်လိုက်ပေမယ့် ရုတ်တရက် တစ်ကိုယ်လုံး တုန်လှုပ်သွားပြီး အစောက အလင်းတန်းကြောင့် ကျောက်တုံးပုံစံ ပြောင်းတော့မလို ဖြစ်သွားသည်။
မျက်လုံးသုံးလုံး မြွေကြီးက ရယ်ပြီး ဂုဏ်ယူစွာနဲ့ ဟစ်အော်လာ၏။
"မင်းဘယ်လောက်ပဲ အစွမ်းထက်ထက် မင်းငါ့လက်ကနေ မလွတ်နိုင်ပါဘူး ငါတို့မျိုးနွယ်စုရဲ့ အစွမ်းထက်ဆုံးအရာက နဖူးလယ်မှာရှိတဲ့ မျက်လုံးတွေ မဟုတ်ဘဲ သာမန်မျက်လုံးတွေပဲ... မင်း...."
သို့သော်လည်း သူသည် လေထဲတွင် ကြွေကျနေသော ကျောက်တုံးများကို မြင်လိုက်ရပြီး လုရွှမ်ကတော့ လေထဲတွင် ပျံဝဲနေဆဲဖြစ်ကာ ထိခိုက်မှု လုံးဝမရှိခဲ့ပေ။
"အဲ့တော့ ဘာဖြစ်လဲ? မင်းတို့တစ်မျိုးနွယ်လုံးကို ငါသတ်လိုက်တာ.... မင်းတို့မျိုးနွယ်စုရဲ့ လျှို့ဝှက်ချက်တွေကို ငါမသိလိုက်ဘူးလို့များ ထင်နေတာလား? သြော် စကားမစပ် ပြောရရင် မြွေအသားက အရသာအရှိဆုံးပဲနော်.... ဘယ်လောက်ကောင်းလဲ ဆိုတာ ပြောပြဦးမယ်"
"ငါမင်းကို သတ်ပစ်မယ်!"
ထိုထူးဆန်းသော မြွေ၏ရောင်ဝါသည် တဟုန်ထိုး တက်လာပြီး ၎င်း၏ လူသတ်ချင်သည့် ရည်ရွယ်ချက်မှာ ပြင်းထန်လာသည်။ သူက ကျယ်လောင်စွာ ဟိန်းဟောက်ကာ ကောင်းကင်သို့ ပျံတက်လာပြီး လုရွှမ်ကို ကိုက်လိုက်သည်။
"သားရဲတွေတောင် သူတို့ရဲ့ ပါးစပ်ကို ဘယ်လိုသုံးရကောင်းမှန်း မသိကြဘူးပဲ"
လုရွှမ် မြွေဦးခေါင်းကို ကန်ထုတ်ရင်း အော်ဟစ်လိုက်သည်။ သူ့နောက်ကျောမှ သစ်သားဓားကို ဆွဲထုတ်ပြီး ထူးဆန်းသောမြွေကို ခုတ်ထစ်ပစ်လိုက်သည်။
သစ်သားဓားသည် အစက လုံးဝအနက်ရောင် ဖြစ်ပြီး ယခုမူ အပိုင်းအစတချို့ ပြုတ်ကျသွားတဲ့ နေရာမှာ အပြာရောင် အရိပ်အမြွက်ကို ပြသထားသည်။ သို့သော်လည်း အစပိုင်းတွင် ရှိခဲ့သော သစ်သားဓားရဲ့ ကျိုးပဲ့ထားရာ နေရာ၌ အနီရောင် အစက်ကလေး ပေါ်နေတာကြောင့် အလွန်ထူးဆန်းနေသည်။
"ခပ်မိုက်မိုက် လက်နက်ကြီးပါလား.... ဒါက မင်းရဲ့လက်နက်ပေါ့ ဟားဟား လူသားတွေက ကိရိယာတွေကို သန့်စင်တဲ့ နေရာမှာ ကောင်းကြတယ်လို့ ငါတို့မျိုးနွယ်ကို ကြွားနေကြတာ မဟုတ်ဘူးလား? ဒါကြီးက ဘယ်လိုဖြစ်တာလဲ? ဟားဟားဟား"
ထူးဆန်းတဲ့ မြွေကြီးက ရယ်မောပြီး သူ့ခေါင်းကို နောက်ပြန်ဆုတ်လိုက်ပြီး အဝါရောင်အရည်များကို ပါးစပ်ထဲကနေ ထွေးထုတ်လိုက်သည်။ ထိုအဝါရောင် အရည်များက အလွန် စက်ဆုပ်ရွံရှာဖွယ် ကောင်းလေ၏။
၎င်း၏တံတွေးသည် လေထဲသို့ ပျံတက်သွားကာ အနက်ရောင် မျဉ်းတစ်ကြောင်းကို ဆွဲဆန့်ထားလိုက်သည်။ အလွန်မြန်နေတာ မဟုတ်ပေမယ့် လေထုကို ညစ်ညမ်းစေသလို အဆိပ်လည်းပြင်းပေသည်။
တကယ်တော့ မဟုတ်ပေ။ လေထဲမှာရှိနေတဲ့ ဝိညာဥ်စွမ်းအင်တွေက ၎င်းရဲ့ တံတွေးနဲ့ ထိတွေ့လိုက်တာနဲ့ ချက်ချင်းဆိုသလို အဆိပ်ဖြစ်သွားတာပဲ ဖြစ်သည်။ ဒါက မျက်လုံးသုံးလုံး မြွေမျိုးရိုးရဲ့ မွေးရာပါ မှော်အစွမ်းများထဲမှ တစ်ခုလည်း ဖြစ်၏။
ပြေးလွှားနေသော သစ်သားဓား တစ်ချောင်းသည် လေပြင်းတစ်ချက် တိုက်ခတ်လိုက်သလို ဝေ့ယမ်းလိုက်ကာ ပြင်းထန်သော လေပြင်းတစ်ခုအား ထွက်ပေါ်လာစေပြီး တံတွေးဘောလုံးသည် နောက်သို့ လွင့်ပျံသွားစေသည်။
သစ်သားဓားရဲ့ စွမ်းအားက အလွန် ကြီးမားသောကြောင့် မျက်လုံးသုံးလုံးရှိ မြွေဆီရောက်အထိ ပျံသန်းသွားခဲ့သည်။ လုရွှမ်ဆိုတာ တိုက်ပွဲတွေမှာ အတွေ့အကြုံ များစွာရှိသဖြင့် သူသည် လေထဲသို့ ဓားဖြင့်တိုက်ခိုက်လိုက်ချိန် တစ်ဆက်တည်း သူကိုယ်တိုင်လည်း ရှေ့သို့ ပြေးသွားကာ သူ့ခန္ဓာကိုယ်ကို လေထုထဲ ပေါင်းထည့်လုနီးပါး ဖြစ်သွားသည်။
ထူးဆန်းသော မြွေရဲ့မျက်လုံးထဲက အမူအရာက သိသိသာသာ ပြောင်းလဲသွားသော်လည်း ပြီးသွားခဲ့ပြီ။ လုရွှမ်က သူ့နဖူးအလယ်ဗဟိုရှိ တတိယမျက်လုံးထဲသို့ ဓားကို ထိုးစိုက်ပြီးသွားပြီ။
သစ်သားဓား ပစ်မှတ်ထဲကို နစ်မြုပ်သွားတာနဲ့ မြွေကြီးရဲ့ နောက်ဆုံး အသက်စွမ်းအင်ကို အပြည့်အဝ ငြိမ်းသတ်ပစ်ခဲ့သည်။ လုရွှမ် လက်ဖဝါးများကို ဝေ့ယမ်းလိုက်တဲ့အခါ မြွေကြီး၏ ခန္ဓာကိုယ်သည် အပိုင်းပိုင်း အက်ကွဲသွားကာ သွေးတွေလည်း ပြန့်ကျဲသွားသည်။
လုရွှမ် လုံးဝမတွန့်ဆုတ်ဘဲ ရှေ့သို့ ဆက်လက် ပျံသန်းသွားခဲ့သည်။ အောက်ဖက်မှာ ပင်လယ်သားရဲများ ရှိနေတာကို သတိပြုမိသော်လည်း သူ ဂရုမစိုက်ပေ။
အကွာအဝေးကို ခန့်မှန်းကြည့်လိုက်တော့ တစ်ရက်လောက် ကျန်သေးသည်။ သို့နှင့် လုရွှမ်သည် အရှိန်လျှော့ပြီး အနားယူဖို့ ပြင်လိုက်၏ သူ ခရီးထွက်လာတာ အတော်ကြာသွားပြီးမို့ အရမ်းပင်ပန်းနေပြီလေ။
လွန်ခဲ့တဲ့ နှစ်ရက်ကတည်းက သူ့နောက်ကို လူနှစ်ယောက် ကပ်လိုက်လာတယ်လို့ ခံစားမိသည်။ စိမ်းပြာနဂါးနဲ့ ဖီးနစ်တို့ရဲ့ ရောင်ဝါက ထိုလူနှစ်ဦး၏ ခန္ဓာကိုယ်ပေါ်တွင် ပြင်းထန်စွာ ရှိနေကြောင်း ထင်ရှားလေသည်။
လက်ရှိနေရာသည် သာယာလှပသော တောင်တန်းများနှင့် ကြည်လင်သော ရေများရှိသော နေရာတစ်ခု ဖြစ်သည်။ အောက်ခြေမှာ ရှေးခေတ် သစ်တောကဲ့သို့ ကြွယ်ဝသော ဧရာမရေညှိများဖြင့် ဖုံးလွှမ်းထားသည်။
ဝိညာဉ်စွမ်းအင်က အလွန်အားကောင်းပြီး ဧရာမရေညှိများ အောက်က ပန်းများနှင့် အပင်များစွာရဲ့ အငွေ့အသက်ကို ခံစားရပြီး မွှေးကြိုင်သောရနံ့များလည်း ထွက်ပေါ်နေကာ ရှုခင်းက အင်မတန် သာယာလှပလွန်းသည်။
"မင်းတို့နှစ်ယောက် ငါ့နောက်ကို အကြာကြီး လိုက်လာခဲ့တာပဲ... ထွက်လာကြ!!"
လုရွှမ် ဧရာမရေညှိကြီးပေါ်တွင် ပေါ့ပါးစွာ ရပ်လျက် ဧရာမရေညှိရဲ့ အတက်အဆင်း ယိမ်းနွှဲ့နေမှုနဲအတူ သူ့ခန္ဓာကိုယ်ကလည်း လှုပ်ရှားနေသည်။ သူအသံဆုံးတော့ လူနှစ်ယောက်သည် တိမ်တိုက်တစ်ခုထဲမှ ထွက်ပေါ်လာပြီး အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးအဖြစ် အသွင်ပြောင်းသွားခဲ့သည်။
"ကျန်းထျန်းချိုင်... လုရွှမ်လို့လည်း သိကြတယ်ဆို... ဟမ့် လုရွှမ် ရှင်က ဒီတစ်ကြိမ် ပြိုင်ပွဲမှာ နံပါတ်တစ် ရနေတာပဲ"
နှစ်ယောက်ထဲက မိန်းကလေးက ဦးစွာ ပြောလိုက်သည်။ ထိုမိန်းကလေးက အလွန်လှပပေ၏။ သူမခန္ဓာကိုယ်ပေါ်မှာ ဖီးနစ်ရဲ့ ရောင်ဝါတွေကို လွှမ်းခြုံထားသောကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ သူမအရှိန်အဝါက အနည်းငယ် တောက်လောင်နေကာ လူအများအယး သူမကို အလွယ်တကူ အာရုံစူးစိုက်လာစေသည်။
"ဖီးနစ်အသိုက်က တိုက်ဟော်ဖုန့်ပါ"
သူမက လက်ကိုဆုပ်လျက် လောကဝတ်အတိုင်း ဦးညွှတ်လိုက်သည်။
တခြားလူကတော့ ဟန်ဆောင်ပြီး မာနကြီးပုံပေါက်လေသည်။ သူက လုရွှမ်လောက် အရပ်မရှည်ပေမယ့် သူရွေးထားတဲ့ ရေညှိပင် အကြီးကြီးရဲ့ အနေအထားက အရမ်းမြင့်နေတော့ လုရွှမ်ကို ငုံ့ကြည့်နေသလို ဖြစ်နေသည်။
"နဂါးရေငွေ့တောင်က လုံယီး"
လုရွှမ် ပြုံးလိုက်သည်။ ဒီလူတွေက အမြဲတမ်း ဘဝင်မြင့်လွန်းတယ်။ တိမ်ပင်လယ် နယ်မြေကနေ အခုလက်ရှိနေရာကို ရောက်တဲ့အထိ လမ်းတစ်လျှောက်မှာ စကားလုံး တစ်လုံးတည်းနဲ့ နာမည်ထပ်နေတဲ့ လူတွေ မရေမတွက်နိုင်အောင် တွေ့ခဲ့ရပြီးပြီ။
"မင်းတို့နှစ်ယောက်က အတူတူ အလုပ်လုပ်ကြတာပေါ့... တစ်ယောက်က အေးတိအေးစက်နဲ့ မာနကြီးတယ် နောက်တစ်ယောက်က စိတ်အားထက်သန်ပြီး ရန်လိုတယ်.... မင်းတို့ ပေါင်းလိုက်တာက တော်တော်လေး လိုက်ဖက်ညီသားပဲ"
လုရွှမ် ပြုံးပြီး ပြောလိုက်သည်။
လုံယီးက "မင်းခန္ဓာကိုယ်ပေါ်က သိုလှောင်ကွင်း အားလုံးကို ထုတ်ပေးလိုက်... ဒါဆို မင်းအသက်ကို ငါတို့ ချမ်းသာပေးနိုင်တယ်"
"ရတယ်လေ ဒါပေမဲ့ ငါမေးချင်တာက မင်းဒါကို ဘယ်လိုခွဲဝေယူကြမှာလဲ? မင်းတို့အားလုံးက ကောင်းကင်ဘုံသခင် အဆင့်၉ ပြီးပြည့်စုံတဲ့ နယ်ပယ်မှာ ရှိကြတာဆိုတော့ နှစ်ယောက်စလုံးက အရမ်းတန်ခိုးကြီးကြသားပဲ"
"အဲ့ဒီမေးခွန်းကို မေးရမှာက မင်းရဲ့ကိစ္စ မဟုတ်ဘူး...လုရွှမ် လက်စွပ်ကို လွှဲပေးလိုက် မင်းအသက်ကို ငါတို့လွှတ်ပေးလိုက်လို့ ရတယ် ဒါပေမဲ့ မင်း မုန့်တစ်ချပ်အတွက် ဝိုင်ကောင်းကောင်းကို မျှော်လင့်နေရင်တော့ မင်းဒီမှာပဲ သေရလိမ့်မယ်"
လုရွှမ် သူ့လက်ထဲက သစ်သားဓားကို ငုံ့ကြည့်လိုက်သည်။ ကျိုးနေတဲ့ဓားက ထွက်လာတော့ မီးနီလေးက နည်းနည်းတော့ လျှံထွက်နေပြီး သွေးသောက်ရတော့မှာမို့ စိတ်လှုပ်ရှားနေပုံရ၏။
"မင်းတို့ရဲ့ ကျင့်ကြံခြင်းလမ်းစဥ်က မင်းတို့ရဲ့ခန္ဓာကိုယ်ထဲကို နဂါးသွေးနဲ့ ဖီးနစ်သွေးတွေကို တစ်ဆင့်ပြီးတစ်ဆင့် ပေါင်းစပ်ကြတယ်ဆိုပြီး ကြားဖူးတယ်.. အဲဒါတွေ မင်းဘယ်က ရခဲ့တာလဲလို့ အရမ်းကို မေးကြည့်ချင်နေတာ ကြာပြီ ပြီးတော့ စမ်းလည်း စမ်းကြည့်စေတယ်"
လုံယီးသည် တိုက်ဟော်ဖုန့်ကို တစ်ချက်ကြည့်လိုက်ပြီး နှစ်ယောက်သား ကျယ်လောင်စွာ ရယ်မောလိုက်ကြသည်။
"မင်းက? မင်းနဲ့ထိုက်တန်တယ်လို့များ ထင်နေလား? နတ်နဂါးနဲ့ ဖီးနစ်တွေက မွန်မြတ်တဲ့အရာတွေပဲ...နဂါးရေငွေ့တောင် နဲ့ ဖီးနစ်အသိုက်မှာ ငါတို့လို တပည့်ဖြစ်ဖို့ အခွင့်အလမ်း ရှိရင်တောင် အရည်အချင်းရှိတဲ့ တပည့်တွေကိုပဲ ရွေးချယ်ကြမှာ... မင်းဘာသာ ဘယ်လောက်ပဲ ကြီးမြတ်နေပါစေ ငါတို့ဂိုဏ်းထဲမှာဆို ဘာမှ မလုပ်ပေးနိုင်တဲ့ ပြောင်ပြောင်လက်လက် ကောင်လေးသာသာပဲ ရှိတယ်"
လုရွှမ် တိုက်ဟော်ဖုန့်ကို ကြည့်လိုက်သည်။ သူမ စကားမပြောသော်လည်း မျက်နှာပေါ်မှာတော့ အထင်အမြင်သေးစွာဖြင့် ကြည့်နေကာ မိမိကိုယ်ကို ဂုဏ်ယူစွာဖြင့် မေးကို မော့ထားလေသည်။
လုရွှမ် သက်ပြင်းချလိုက်မိသည်။ သူ နတ်နဂါးကို လေးစားခဲ့ဖူးပြီး စိမ်းပြာနဂါးရဲ့ နှလုံးသားကို ရရှိခဲ့တဲ့အတွက် အလွန်ဂုဏ်ယူခဲ့သည်။ သို့သော် အဲဒါက ကျင့်ကြံမှုတစ်ခုဖြစ်ပြီး အမှန်တကယ် အစွမ်းထက်ပြီး အဆိပ်ပြင်းတဲ့ အရာမှာ လူ့နှလုံးသားပဲ ဖြစ်သည်။
ကျင့်ကြံသူတစ်ယောက်ဟာ မိမိလူမျိုးအတွက် ဂုဏ်ယူစရာကောင်းအောင် ယာယီတန်ခိုးတွေကို သုံးကြသည်။ ထိုအစွမ်းကြောင့် မိမိလူမျိုးရဲ့ ယုံကြည်မှုကို ပြောင်းလဲသောအခါတွင် တခြားလူတွေရဲ့ တိုးတက်မှု လမ်းကြောင်းကို အမှန်တကယ် ဖြတ်တောက်ပစ်လိုက်ကြသည်။
လုရွှမ်သည် သူ့ခန္ဓာကိုယ်ထဲက စိမ်းပြာနဂါးရဲ့ နှလုံးသားအတွက် အလွန်ကျေးဇူးတင်မိသော်လည်း မလိုအပ်သောကြောင့် သူ့ကိုယ်သူ စိမ်းပြာနဂါးတစ်ကောင် အဖြစ် ပြောင်းလဲလိုစိတ် မရှိပေ။ အားနည်းသူဟာ တန်ခိုးရှိနေသော်လည်း အားနည်းသူအဖြစ် ရှိနေပေလိမ့်မည်။ သန်မာသောလူသာလျှင် သူ့ရဲ့သွေးကြော အားလုံးကို ဖြတ်လိုက်လျှင်ပင် ပြန်ထနိုင်ပေလိမ့်မည်။
"ဒီအပြုအမူက မင်းတို့ နဂါးရေငွေ့တောင်နဲ့ ဖီးနစ်အသိုက်က သင်ပေးခဲ့တဲ့ အရာတွေ ဆိုရင်တော့ မင်းတို့ရဲ့ဂိုဏ်းကို ငါတော်တော်လေး စိတ်ပျက်သွားပြီ"