← Chapters

ကြားဖြတ်တိုက်ခိုက်

Vol. 74 Ch. 4.616

ကြားဖြတ်တိုက်ခိုက်

Vol. 74 Ch. 4.616

"အခုတော့ မင်းတို့နဲ့ ရိုင်းစိုင်းတဲ့ စကားတွေ ပြောဖို့ ငါ့မှာ အချိန်မရှိဘူး.... အရင်က လိုအပ်နေသေးတယ်လို့ ထင်ခဲ့ပေမဲ့ အခုတော့ မတူညီတဲ့ နည်းလမ်းတွေက အတူတူတွဲလုပ်လို့ အလုပ်မဖြစ်တော့ဘူးလို့ ထင်တယ်.... နောက်တစ်နေ့မှပဲ မင်းတို့ရဲ့ဂိုဏ်းကို ငါသွားကြည့်လိုက်မယ်!"

လုရွှမ်ကပြောပြီး လှည့်ထွက်သွားလောက်သည်။ သူ ထိုနှစ်ယောက်နဲ့ စကားပြောဖို့ စိတ်မဝင်စားတော့ပေ။

ယခု ပင်လယ်သားရဲများက အနီးနားတွင် တိုက်ခိုက်နေသောကြောင့် ထိုလူနှစ်ဦးသည် ဂိုဏ်းတူများ သို့မဟုတ် တခြားဂိုဏ်းများမှ တပည့်များထံမှ အကူအညီတောင်းခံမှု မရရှိခဲ့ဘူး ဆိုတာကို သူမယုံပေ။ သူတို့ မကူညီရင်တော့ ထားပါ။ ဒါပေမဲ့  ဒီမှာလာရပ်ပြီး လုယက်ဖို့ ကြိုးစားတာ တကယ့်ကို စက်ဆုပ်စရာကောင်းတဲ့ အစီအစဉ်ပဲ။

လုရွှမ်လည်း သူတို့နှစ်ယောက်ဟာ အတော်လေးကို သန်မာတယ်လို့ ခံစားရပြီး နောက်ဆုံးတစ်ယောက်ကို ကိုင်တွယ်နိုင်ပေမယ့် နှစ်ယောက်လုံးနဲ့ ယှဉ်ပြိုင်ဖို့တော့ ယုံကြည်မှု မရှိပေ။ သူတို့ နှစ်ယောက်နဲ့ ရင်ဆိုင်ရရင် သေမင်းကို ရှာနေတာပဲ ဖြစ်သွားမည်။

ဒါပေမဲ့ အနိုင်မယူနိုင်ရင် ထွက်ပြေးရမယ်လေ။ ဒါက လုံးဝပြဿနာ မရှိဘူး။

"သူ့ကိုတား! သူပြေးချင်နေတာ"

လုံယီးက အလွန်လျင်မြန်စွာ တုံ့ပြန်လိုက်သည်။ လုရွှမ် လှည့်ကြည့်လိုက်တာနဲ့ လုံယီးက ချက်ချင်းပဲ သူ့လက်ကို ဝှေ့ယမ်းပြီး လက်ဖဝါးနဲ့ ရိုက်ချလိုက်သည်။

တိုက်ဟော်ဖုန့်ရဲ့ ရုပ်လွှာက ဖျတ်ကနဲ တောက်ပသွားပြီး လုရွှမ်နောက်တွင် ပေါ်လာပြီး နှစ်ယောက်သားက လုရွှမ်ကို အရှေ့တစ်ယောက် အနောက်တစ်ယောက် တိုက်ခိုက်လိုက်​ကြသည်။

လုံယီးက စူးရှစွာ လှုပ်ရှားလိုက်ပြီး သူ့လက်ဖဝါးများသည် အေးစက်သော အလင်းရောင်များဖြင့် နဂါးခြေသည်းများ အသွင် ပြောင်းလဲသွားသည်။ လုရွှမ် အနောက်တွင်တော့ မီးလုံးကြီးတစ်ခု ရှိနေပြီး အမှန်တကယ်တွင် မီးအဆိပ်ရဲ့ အရိပ်အယောင်တစ်ခု ဖုံးကွယ်ထားတာကြောင့် အလွန်ဆိုးရွားလှသည်။

ဝုန်းခနဲ ပေါက်ကွဲသံနှင့်အတူ ဖီးနစ်မီးဘောလုံးသည် လုရွှမ်နောက်တွင် လိမ့်တက်လာပြီး တိုက်ဟော်ဖုန့်ရဲ့ မီးလုံးကို ပိတ်ဆို့လိုက်သည်။ တစ်ဆက်တည်း သစ်သားဓားကလည်း ကခုန်ပြီး လုံယီးဆီသို့ ဝေ့ယမ်းလိုက်ပေသည်။

"မင်းတို့နှစ်ယောက်ကတော့ ငါ့ဒေါသကို အောင်အောင်မြင်မြင် နှိုးဆွပေးလိုက်ပြီ!"

လုရွှမ်က ဆိုလိုက်သည်။

"ဟမ့် မင်းက မဟာသူတော်စင် ပထမအဆင့်ပဲ ရှိတဲ့ကောင်လေ ငါတို့က မင်းကို အနိုင်ကျင့်ရင်ရော မင်း ဘယ်လိုလုပ်မလဲ?"

လုံယီးက အော်ရင်း သူ့လက်သည်းတွေ လွင့်ပျံလာပြီး သစ်သားဓားကို လှမ်းကိုင်လိုက်၏။ လုရွှမ်ကတော့ သူ့စိတ်ထဲတွင် အကြီးအကျယ် လှောင်ရယ်လိုက်ပြီ။ ဤလူသည် သေချင်နေသောကြောင့် သူ့အား ပို့ဆောင်ပေးရန် အချိန်တန်နေပြီ ဖြစ်သည်။

လုရွှမ်၏ နောက်ကွယ်တွင်ရှိ တိုက်ဟော်ဖုန့်ထံမှ အံ့အားသင့်နေသော အသံက ထွက်ပေါ်လာခဲ့သည်။

"ဖီးနစ်နတ်မီး? နင့်ခန္ဓာကိုယ်မှာ ဒီလိုမီးတောက်တွေတောင် ရှိနေတယ်ပေါ့... ဟမ့် နင့်ခန္ဓာကိုယ်မှာ ထူးထူးခြားခြား မီးနှစ်မျိုးရှိနေမယ်လို့ ငါမမျှော်လင့်ထားဘူး"

သူမသည် ဖီးနစ်၏ အော်ဟစ်သံနှင့်အတူ ခန္ဓာကိုယ်အနှံ့ မီးတောက်များ ထုတ်လွှတ်လိုက်သည်။ ထိုမီးတောက်များက ဖီးနစ်နတ်မီး ဖြစ်လာကာ လုရွှမ်ဆီသို့ ပြေးဝင်သွားခဲ့သည်။

လုရွှမ် ခဏလောက် အံ့အားသင့်သွားခဲ့သော်လည်း မကြာမီမှာပင် ၎င်းသည် ဖီးနစ်နတ်မီး မဟုတ်ဘဲ အနည်းငယ် အရှိန်အဟုန်ဖြင့် ဖန်တီးထားတာဖြစ်ကြောင်း သူသဘောပေါက်သွားခဲ့သည်။ ဖီးနစ်နတ်မီးကို မည်သို့မည်ပုံ ပုံဖော်ထားလဲတော့ သူမသိပေ။

ဒါပေမဲ့ တိုက်ဟော်ဖုန့်ရဲ့ ပူလောင်နေတဲ့ မျက်လုံးတွေကို ကြည့်လိုက်ရင် သူမဟာ ဖီးနစ်နတ်မီးကို သူ့ကိုယ်ပိုင်အဖြစ် သတ်မှတ်ထားခဲ့တာ ထင်ရှားပေသည်။

ရှေ့တွင်ရှိ လုံယီးကလည်း သူ့လက်ဖဝါးကို ဝှေ့ယမ်းသော်လည်း လုရွှမ်ရဲ့ သစ်သားဓားကို အတင်းအကျပ် မခံယူဝံ့ပေ။

"ဟမ့် မင်းကိုင်ထားတဲ့ သစ်သားဓားက ဘိုးဘေးတစ်ယောက် ပြန်လာတဲ့ အချိန်တုန်းက ယူလာတဲ့ ပစ္စည်း... လက်ဖဝါးနဲ့ထိရအောင် မင်းငါ့ကို အရူးတစ်ယောက်လို့များ ထင်နေတာလား?"

သူသည် သစ်သားဓားကို လက်ဖဝါးဖြင့် ကျော်ဖြတ်ကာ လုရွှမ်ရဲ့ လက်ကောက်ဝတ်ကို လက်ဖဝါးတစ်ဖက်တည်းဖြင့် ဆုပ်ကိုင်လိုက်သည်။

"ဟမ့် မင်းကစားချင်တယ်ပေါ့ ဟုတ်လား? ဒါဆိုပျော်ပျော်ကြီး ကစားလိုက်ရအောင်!"

လုရွှမ်လည်း အော်လိုက်သည်။ လုံယီးတစ်ယောက် သူ့ရဲ့ခွန်အားကို ပြသလာပြီးကတည်းက သူစိတ်မထိန်းနိုင်တော့တာ သိသာနေပြီ။

ဒီလူနှစ်​​ယောက်​က လူသားမျိုးနွယ်​ ဖြစ်​​နေလို့ မသတ်​ချင်​​ပေမယ့်​ ​သေခြင်းတရားကို ရှာ​နေတာမို့ အသက်ရှင်ခွင့် မပေးလိုတော့ပေ။ နောက်ဘဝတွင် ကလေးကောင်း တစ်ဦးအဖြစ် မွေးဖွားလာပြီး ကိုယ့်ရဲ့ ကိုယ်ပိုင်လက္ခဏာကို သိရှိနိုင်ပါစေလို့ မျှော်လင့်မိပါရဲ့။

လုရွှမ် ပါးစပ်ကိုဖွင့်ကာ နဂါးဟောက်သံကို လွှင့်ထုတ်လိုက်သည်။ သူ့လက်ဖဝါးသည် နဂါးလက်သည်းအဖြစ် ပြောင်းလဲသွားပြီး လုံယီးရဲ့ လက်ဖဝါးဆီသို့ တန်ပြန်တိုက်ခိုက်လိုက်သည်။

"ဟင်!"

လုံယီး အံ့သြတကြီး ထအော်ပြီး မယုံနိုင်အောင် ဖြစ်သွားခဲ့သည်။ လုရွှမ်ရဲ့ လက်ဖဝါးမှ ပြောင်းလဲသွားသော နဂါးလက်သည်းများသည် သူ၏ နဂါးလက်သည်းများထက် များစွာပို၍ လက်တွေ့ကျလေသည်။

"မင်းရဲ့ နဂါးလက်သည်း အစစ်လား?"

လုံယီးက ထိတ်လန့်တကြားနဲ့ အော်လိုက်ပြီး အံ့အားသင့်နေတဲ့ အကြည့်နဲ့ စိတ်ထဲမှ ဝှက်ထားတဲ့ လျှို့ဝှက်ချက်ကြီး ရှိနေတာပဲလို့ တွေးလိုက်လေ၏။

"ဒါတင်မကဘူး သူ့မှာ အရမ်းသန့်စင်တဲ့ ဖီးနစ် ရောင်ဝါလည်း ရှိတယ်...ဖီးနစ်နတ်မီးကို အသိအမှတ်ပြုစေချင်ရင် အနည်းဆုံး ဖီးနစ်သွေးလိုင်း ရှိသင့်တယ်မဟုတ်လား"

တိုက်ဟော်ဖုန့်ကလည်း လှမ်းအော်​လိုက်သည်။

သူတို့ရဲ့ မျက်လုံးများထဒက လောဘဇောကို မြင်တော့ လုရွှမ်က ရယ်မောလိုက်ပြီး

"ငါ့ခန္ဓာကိုယ်မှာ အဝါရောင်နှစ်မျိုး ရှိတယ်.... ဟေး ငါတို့က ညီအစ်ကိုတွေပဲ မဟုတ်ဘူးလား? ဘာလဲ? မင်းတို့ငါ့ကို လာတိုက်ခိုက်သေးတာလား?"

နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်ကာ တစ်ချိန်တည်းမှာပင် ပြင်းထန်သော အကြည့်များ လင်းလက်သွားသည်။

"လောဘဆိုတာ အပြစ်ပဲ... ငါ့မှာပစ္စည်းတွေ အများကြီးရှိတယ် ငါ့မှာ တခြားကောင်းတဲ့ အရာတွေ ရှိတယ်လို့ မင်းတို့ မထင်ဘူးလား? ဟမ့် မင်းတို့အဆင့်က ဘယ်လိုပဲ ဖြစ်ဖြစ် ငါ့ရဲ့ ပြိုင်ဘက် ဖြစ်မှာမဟုတ်ဘူး"

လုရွှမ် ထိုလူနှစ်ယောက်ကို နှိုးဆော်လိုက်ပြီး သူတို့၏ မျက်လုံးများထဲရှိ တပ်မက်သော အကြည့်များက သူတို့စိတ်ဓာတ်ကို ထုတ်ဖော်လိုက်ပြီ။ သူတို့ပုံစံတွေက စိတ်အားထက်သန်သော လောင်းကစားသမား ကဲ့သို့ပင် မျှော်လင့်ချက်ကင်းမဲ့နေပြီး နောက်ပြန်လှည့်လိုပါက အပိုင်းပိုင်း ပြတ်တောက်သွားတော့မည်နှယ် ဖြစ်ပျက်နေသည်။

"မန်ဟွမ်နတ်ဘုရားမျှော်စင်ရော နင့်ခန္ဓာကိုယ်ပေါ်မှာ တကယ်ရှိနေလို့လား?"

တိုက်ဟော်ဖုန့်က မေးလိုက်သည်။ လုံယီးရဲ့ အမူအရာက ပြောင်းသွားပြီး ချေပချင်သော်လည်း ဘာမှပြန်မပြောတော့ဘဲ လုရွှမ်ကိုကြည့်နေပုံက တစ်စုံတစ်ခုကို မျှော်လင့်နေမှန်း သိသာထင်ရှားလှသည်။

လုရွှမ် ရယ်မောကာ လှောင်ပြောင်သော မျက်နှာဖြင့် လူနှစ်ယောက်ကို ကြည့်နေလိုက်သည်။

"မင်း မန်ဟွမ်နတ်ဘုရားမျှော်စင်ကို လိုချင်ရင် ကိုယ်တိုင် လာယူလိုက်လေ"

သစ်သားဓားသည် ကောင်းကင်ကို ညွှန်ပြပြီး သူ့ခန္ဓာကိုယ်ပေါ်ရှိ ဓားသွားရောင်ဝါက အလွန်လျင်မြန်စွာ ကောင်းကင်သို့ လွင့်ပျံသွားသည်။ တဟုန်ထိုး မြည်သံနှင့်အတူ မိုးကြိုးတိမ်တိုက်များ လှိမ့်ဝင်ကာ လုရွှမ်၏ ဦးခေါင်းထက်တွင် စုရုံးလာသည်။

နှစ်ယောက်စလုံး၏ အမူအရာများ ပြောင်းလဲသွားကြသည်။ ကောင်းကင်ကို ကြည့်ပြီးနောက် တစ်ဖန် လုရွှမ်ကို ပြန်ကြည့်နေကြ၏။ ထိုလှုပ်ရှားမှုကို ကြည့်လိုက်လျှင် အလွန်အမင်း မြေပြိုကျတော့မယ့် လက္ခဏာဆိုတာ ထင်ရှားလေသည်။

"ဟမ့် ငါတို့လည်း မင်းဆီက အကြံဉာဏ်တောင်းပြီး မင်းရဲ့ စိတ်အားထက်သန်တဲ့ လှုပ်ရှားမှုတွေက မင်းကို ကယ်တင်နိုင်မလား ကြည့်ချင်ပါသေးရဲ့"

ကောင်းကင်သည် ကြောက်မက်ဖွယ် ကောင်းနေနသော်လည်း ၎င်းတို့နှစ်ဦးသည် မိမိကိုယ်ကို ယုံကြည်မှု ပြင်းထန်ဆဲ ဖြစ်သည်။

"ယွမ်ယန်ဓားကိုးစင်း ပထမဆုံးဓား....လူနဲ့ဓား တစ်ခုတည်းအဖြစ် ပေါင်းစပ်စေ!"

လုရွှမ် ကျယ်လောင်စွာ ဟောက်လိုက်ပြီး ခန္ဓာကိုယ်က ကောင်းကင်သို့ အရှိန်အဟုန် တစ်ခု တက်လာပြီး သူ့ခေါင်းထက်မှ မိုးတိမ်အလွှာများဆီသို့ တိုက်ရိုက် တိုးဝင်သွားသည်။ ဝုန်းကနဲ မြည်သံနှင့်အတူ မိုးကြိုးတိမ်တိုက်သည် လုရွှမ်လက်ထဲမှ သစ်သားဓားကို ထိမှန်သွားလေ၏။

"ဟားဟား... လုရွှမ် သေတဲ့အထိ ကစားချင်မနေပါနဲ့ကွာ"

လုံယီး ရွဲ့စောင်းက ပြောလိုက်သည်။

လုရွှမ်ကလည်း "ရေတွင်းထဲကဖားစုတ်!"

ယခုအခါ သူ့ခန္ဓာကိုယ် အရိုးများပေါ်တွင် မိုးကြိုးနိယာမ ပုံစံများရှိနေပြီ။ မိုးကြိုးရေကန်ထဲတွင် အနှစ်ခံပြီးနောက် ထိုမိုးခြိမ်းသံများ တရစပ်ကျလာသော်လည်း ရွှေရောင်မိုးခြိမ်းသံမျှသာဖြစ်ပြီး ၎င်းကို သူ့အနေနဲ့ လုံးဝ အလေးအနက် ထားစရာမလိုပေ။

ဆန့်ကျင်ဘက်အနေဖြင့် ယခုအခါတွင် အန္တရာယ်မရှိ ရုံသာမက သူ့အတွက် အကူအညီတောင် ဖြစ်သေးသည်။ ဓားစွမ်းအင်နှင့် ရောနှောနေသော မိုးခြိမ်းသံသည် သူတို့နှစ်ဦးကိုပါ ရိုက်ခတ်သွားခဲ့သည်။ လုရွှမ်၏ ခန္ဓာကိုယ်သည် လျှပ်စီးကြောင်းများကြားတွင် လုံးဝမလှုပ်မရှား မိုးကြိုးပစ်ချက်တွေကြား ဖြောင့်တန်းစွာ ရပ်နေ၏။

လူနှစ်ယောက်၏ မျက်နှာပေါ်ရှိ အမူအရာများလည်း ထိတ်လန့်မှုအဖြစ် ပြောင်းလဲလာသည်။ ဒီလို မိုးကြိုးမုန်တိုင်းဒဏ်ကို ခံနိုင်ရည် ရှိသူတစ်ဦးအား ပထမဆုံးအကြိမ် မြင်ဖူးခြင်းပဲ ဖြစ်သည်။ လက်ရှိမိုးခြိမ်းသံ အတွက်တော့ သူတို့နှစ်ဦးဟာ ထူးထူးခြားခြား ကျင့်ကြံထားတာကြောင့် သဘာဝအတိုင်း မျက်စိထဲ ထည့်နေစရာမလိုပေ။

သို့သော် တိုက်ရိုက် လက်ခံလို့မဖြစ်ဘဲ ရှောင်တိမ်းလိုက်ရသည်။ အလင်းတန်းနှင့် အရိပ်တို့က သူတို့နှစ်ဦးဆီသို့ ရောက်ရှိလာသည်။ ဤဓားစွမ်းအင်သည် အမှန်တကယ်ပင် အစွမ်းထက်သော်လည်း သာမန် ကောင်းကင်ဘုံသခင် ပြီးပြည့်စုံတဲ့ကာလက သူတို့ကို မထိခိုက်စေနိုင်ပေ။

"ဒါက မင်းမှာရှိတဲ့ အရည်အချင်းတွေ အကုန်ပဲလား... ဟားဟားဟား... လုရွှမ် မင်းတကယ် မိုးခြိမ်းနေပေမယ့် မိုးမရွာလာရင်တော့ ရှက်စရာကြီးနော်"

လုံယီးက အော်ပြောပြီး တိုက်ဟော်ဖုန့်ကလည်း ရယ်လေ၏။ လုရွှမ် သူတို့နှစ်ယောက်ကို လျစ်လျူရှုပြီး ဟစ်အော်လိုက်သည်။

"ဒုတိယဓား! ဓားတစ်သောင်းရိုက်ချက်!"

ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ရှိ ကျောက်ဆောင်များ အက်ကွဲသွားသည်။ ၎င်းတို့က အသီးအရွက်များ ပြတ်တောက်သွားသလို ဓားသွားများအဖြစ် ပြောင်းလဲသွားခဲ့သည်။ ဓားစွမ်းအင်၏ ဟိန်းဟောက်သံအောက်တွင် ၎င်းတို့သည် လုရွှမ် ခေါင်းပေါ်တွင် စုရုံးလာကြသည်။ ကောင်းကင်၏ ရောင်ဝါအောက်တွင် မိုးခြိမ်းသံက ကမ္ဘာကြီး တစ်ခုလုံးအပေါ် ဓားစွမ်းအင်အဖြစ် ရွာချတော့မလို ဖြစ်နေ၏။

All Chapters