← Chapters

ဝှက်ထားသောနဂါးဓားသိုင်း

Vol. 74 Ch. 4.617

ဝှက်ထားသောနဂါးဓားသိုင်း

Vol. 74 Ch. 4.617

လုံယီးနဲ့ တိုက်ဟော်ဖုန့်တို့လည်း တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်သောအခါ နှစ်ယောက်စလုံး၏ မျက်လုံးများတွင် အံ့ဩ​​နေခြင်း အရိပ်အမြွက်များကို တွေ့လိုက်ရသည်။ ဓားစွမ်းအင်က ပိုးသားလို နူးညံ့နေသယောင်နဲ့ အလွန်ထူးခြားနေပြီ ဖြစ်သည်။

ယွမ်ယန်ဓားကိုးစင်း? ဒီကောင်လေးက သူ့နည်းသူ့ဟန်နဲ့ ဖန်တီးထားတာ ဖြစ်နိုင်ပါ့မလား?

ကိုယ့်အရည်အချင်းကို ဖန်တီးဖို့က မခက်ပါဘူး။ ခက်တာက အရည်အချင်းတွေက တန်ဖိုးရှိသလား ဆိုတာပဲ။

ဒီဓားသိုင်းဟာ အတော်လေး အစွမ်းထက်တယ်ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။ ဒါက ဒုတိယဓား ဖြစ်နေတာတောင် ဒီလောက် စွမ်းအားရှိနေပြီ။ နောက်ဆက်တွဲ အပိုဆုကြေးတွေကော ဘယ်လို​နေဦးမလဲ။

သူတို့နှစ်ဦးသည် လုရွှမ်ကို အလေးအနက် ထားလာကာ မဟာသူတော်စင်အဖြစ် မမှတ်ယူဝံ့ကြ​တော့ပေ။ ပါးစပ်မှ မပြောကြသော်လည်း အချင်းချင်း လိုက်ဖက်ညီသော ပြိုင်ဘက်များအဖြစ် မှတ်ယူနေကြပြီ ဖြစ်သည်။

ရုတ်တရက် သတိမကပ်ဘဲ မနေဝံ့တော့ပေ။

"နတ်နဂါးအမြီးကို လွှဲ!"

"ဖီးနစ်​ကကြိုး!"

နှစ်ယောက်သား တစ်ပြိုင်နက် အော်ငေါက်ကြပြီး လက်ဖဝါးများကို တစ်ချက်ပြီး တစ်ချက် လွှင့်ထုတ်လိုက်သည်။

စိမ်းပြာရောင့ နဂါးအမြီးသည် လေထုထဲမှ ထွက်ပေါ်လာပြီး လုရွှမ်ရဲ့ ဓားစွမ်းအင်​တွေဆီ ထိုးဖောက်သွားတာကို မြင်တွေ့ရသည်။ ပြင်းထန်သော စွမ်းအားသည် ​လေထုအတွင်း အကြီးအကျယ် ပေါက်ကွဲလုနီးပါး ဖြစ်သွားပြီး လေထုရဲ့ တုန်ခါမှုနှင့်အတူ စွမ်းအင် အတက်အကျများသည် ဓားစွမ်းအင်များကို ပြာများအဖြစ်သို့ ပြောင်းလဲသွားစေခဲ့သည်။

တစ်ချိန်တည်းမှာပင် တိုက်ဟော်ဖုန့်ရဲ့ နောက်ကွယ်မှ မီးတောက်တစ်ခု ထွက်ပေါ်လာသည်။ သူမ ထိုးနှက် တိုက်ခိုက်ပြီးနောက် မီးတောက်များ လောင်ကျွမ်းသွားပြီး ဓားများ အစုလိုက်အပြုံလိုက် အရည်ပျော်သွားကာ မီးတောက်များ အဖြစ်သို့ ပြောင်းလဲသွား​လေသည်။

"ကောင်းလိုက်တာ! နဂါးရေငွေ့တောင်နဲ့ ဖီးနစ်အသိုက်က ဆရာကြီးများ ဖြစ်ထိုက်ပါ​ပေတယ်... မင်းတို့ကို သင်ပေးခဲ့တဲ့ စွမ်းရည်တွေက တကယ်ကောင်းသားပဲ... ဒါဆို ယွမ်ယန်ဓားကိုးစင်း တတိယဓားဆီ ဆက်သွားကြည့်ရအောင်"

လုရွှမ် အော်လိုက်သည်။ သူ့မျက်လုံးများ မှေးမှိန်သွားကာ ကောင်းကင်ယံတွင် ပြည့်လျှံနေသော အလင်းရောင်များ ပျောက်ကွယ်သွားပြီး အရာအားလုံး ငြိမ်သက်သွားသည်။ နတ်မိုးခြိမ်းသံတွေက ကောင်းကင်ယံမှာ တရွေ့ရွေ့ ရွေ့လျားနေပေမယ့် အရာအားလုံးဟာ ငြိမ်သက်ခြင်းနဲ့ ရုတ်တရက် ငြိမ်းချမ်းသွားသလိုမျိုး ကောင်းကင်တခွင်မှာ မိုးခြိမ်းသံတွေ ဟောက်သံတွေ မရှိတော့ချေ။

ကောင်းကင်နဲ့ မြေကြီးကြားတွင် လုရွှမ်သည် အထီးကျန်စွာဖြင့် ကောင်းကင်ယံတွင် ငြိမ်သက်စွာ လွင့်မျောနေခဲ့သည်။ သူသည် ဓားတစ်လက်အဖြစ်သို့ ပြောင်းလဲသွားပြီး ဓားရဲ့ တစ်စိတ်တစ်ပိုင်းလို အသွင်ပြောင်းသွားတော့၏။

လုံယီးနဲ့ တိုက်ဟော်ဖုန့်တို့သည် သူတို့နောက်ကျောမှ အေးစက်သော အအေးဓာတ်ကို ရုတ်တရက် ခံစားလိုက်ရသည်။

ချွင်းကနဲ အသံတစ်ခု ထွက်လာပြီး လက်နက်နှစ်ခု ပေါ်ထွက်လာသည်။

"ခေါင်းဖြတ်!"

လုရွှမ်ရဲ့ခန္ဓာကိုယ်က ရုတ်တရက် ပျောက်ကွယ်သွားပြီး ခေါင်းဖြတ်ဆိုတဲ့ အသံများသာ ထွက်ပေါ်လာခဲ့သည်။ လေထုအလယ်ကနေ ဖျက်ကနဲ ပျောက်သွားပြီး သူပြန်ပေါ်လာသော အခါ၌ ထိုလူတို့နှစ်ယောက်၏ နောက်တွင်ရှိနေပြီြစ်သည်။

လမ်းတစ်လျှောက်တွင်တော့ လုရွှမ်ရဲ့ ရုပ်သွင်က နေရာတိုင်းတွင် ရှိနေဆဲဖြစ်ပြီး ပျောက်ကွယ်သွားခြင်း မရှိသော နောက်ဆက်တွဲ ပုံရိပ်များလည်း ရှိ​နေသေး၏။

လုရွှမ် လှည့်ကြည့်လိုက်ပြီး လေကို ရှူထုတ်လိုက်သည်။ သူ့ခွန်အားများ တိုးလာပြီးနောက် ယွမ်ယန်ဓားကိုးစင်း အပေါ် နားလည်မှုကလည်း ပိုမို နက်ရှိုင်းလာခဲ့သည်။ ဥပမာအားဖြင့် ယခင်က ပဉ္စမဓားမှာပင် လက်ရှိဓားထက် အစွမ်းထက်လိမ့်မည် မဟုတ်ပေ။

လုရွှမ် ညည်းညူရင်း သူ့လက်ထဲက ဝမ်လုံဓားကို ကြည့်လိုက်သည်။ လုရွှမ်ရဲ့ သစ်သားဓားကို ထိလိုက်ရုံနဲ့ အက်ကြောင်းတစ်ခု ကွဲထွက်သွားလိမ့်မယ်လို့ သူတကယ် မမျှော်လင့်ထားခဲ့ချေ။

တိုက်ဟော်ဖုန့်လည်း အနည်းငယ် ထိတ်လန့်သွားသည်။ ယခုဓားရ သူမကို မထိမှန်ခဲ့ပေ။ သို့သော်လည်း သူမ နှလုံးသားထဲမှာ ရှင်းရှင်းလင်းလင်း နားလည်မှုတစ်ခုတော့ ရှိနေ၏။ ထိုဓားသာ သူမကို ထိမိသွားပါက သူမ လုံယီးထက် ပိုကောင်းအောင် လုပ်နိုင်လိမ့်မည် မဟုတ်ပေ။

"အံ့ဩစရာပဲ မင်း ဒီဓားကို ကောင်းကောင်း တားဆီးနိုင်တယ်"

လုရွှမ် လှည့်ကြည့်လိုက်သည်။

သူ့မျက်လုံးများတွင် သဘောကျမှု အရိပ်အမြွက်မျိုးကို ပြသနေသည်။ သူရဲ့ယခင် ဓားချက်မှာ ဓားကို ပြန်ရိုက်လိုက်လျှင်ပင် လုပ်နိုင်မည်မဟုတ်ဟု တွေးကာ ခံစားချက်အသစ်နဲ့ ပေါင်းစပ်ထားခဲ့သည်။

သို့သော် လုံယီးသည် အရေးကြီးသောအခိုက်အတန့်တွင် သစ်သားဓားကို အမှန်တကယ် တားဆီးနိုင်ခဲ့သည်။ လေးနက်သော ဓားစွမ်းအင်က တုန်ခါသွား၏။ သူ့ခန္ဓာကိုယ်သည် ဓားတစ်လက် အဖြစ်သို့ ပြောင်းလဲထားတာကြောင့် ဓားဆီက အခြေအနေကို သူကိုယ်တိုင်လည်း ခံစားလိုက်ရသည်။

စိတ်ကြီးဝင်နေသော လုရွှမ် ကိုယ်တိုင်ပင်လျှင် ဒီလောက် အံ့သြဖွယ်ကောင်းသော အမူအကျင့်နဲ့ ခက်ခဲကြမ်းတမ်းသော အခိုက်အတန့်ကြားက တုံ့ပြန်မှုကို မအံ့သြဘဲ မနေနိုင်လိုက်ပေ။

လုံယီးက "မဟာသူတော်စင် တစ်ယောက်အနေနဲ့ မင်းတော်တော်လေး အထင်ကြီးစရာ ကောင်းပါတယ်.... မင်းကိုယ်တိုင် ဒီလိုဓားပညာမျိုးကို ဖန်တီးခဲ့တာလား?"

တိုက်ဟော်ဖုန့်လည်း စိုးရိမ်​နေပုံရပြီး မယုံ​ကြည်ဖို့ အလိုလို ဆုံးဖြတ်လိုက်သည်။ သူတို့သည် သူတို့ကိုယ်သူတို့ ပါရမီရှင်ဟု ဂုဏ်ယူနေခဲ့ကြတာကြောင့် လုရွှမ်ရဲ့ ဓားစွမ်းအားက သူတို့ထက်သာတယ်လို့ မဆိုလိုချင်ပေ။

သို့ပေမယ့်လည်း လုရွှမ်ရဲ့ အရည်အချင်းက သူတို့နှစ်ယောက်ထက် အများကြီး သာလွန်နေတာပဲ မဟုတ်လား။

"မဆိုးပါဘူး မင်းတို့နှစ်ယောက် ဘယ်လိုခံစားရလဲ"

လုရွှမ် ပြုံးပြီး ပြောလိုက်သည်။

"မင်း သေချာပေါက် သေရလိမ့်မယ်"

လုံယီးက အော်ငေါက်လိုက်ကာ တိုက်ဟော်ဖုန့်ကလည်း ပြင်းပြင်းထန်ထန် ခေါင်းညိတ်ပြသည်။ ဒီလိုလူကို လွှတ်လိုက်ရင် သူတို့ ဘယ်နားသွားနေရတော့မလဲ။

အထူးသဖြင့် လုရွှမ်ရဲ့ ခန္ဓာကိုယ်သည် ဖီးနစ်သွေး၊ စိမ်းပြာနဂါး သွေးများဖြင့် ပေါင်းစပ်ထားသည်။ ဂိုဏ်းက အကြီးအကဲတွေဟာ ဒီအကြောင်းကို သိသွားရင် အရှက်ရလိမ့်မည်ဟု ထင်ကာ ဤလူကို ဂိုဏ်းထဲခေါ်ဆောင်ဖို့ အင်အားသုံးရန်ပင် တွန့်ဆုတ်နေမည် မဟုတ်ပေ။

လုရွှမ်လို ပါရမီရှင် တစ်ယောက်နဲ့ယှဥ်ရင် သူတို့က ဘာတွေမှ မဟုတ်တော့ဘူးလေ။ သူတို့အား မူလက ခွဲဝေပေးထားသည့် အရင်းအမြစ်များကို လုရွှမ်ကို အသာတကြည် ပေးအပ်လိုက်မှာပဲ မဟုတ်ဘူးလား။

လုရွှမ် ပြုံးလိုက်သည်။ ထိုလူနှစ်ယောက်မှာ သူ့ကို မနာလို​ကြသော်လည်း အားကိုးရာမဲ့ ဖြစ်နေကြမှန်း မြင်ရုံနဲ့ သိသာသည်။

“သတ်!” နှစ်ယောက်သား တညီတညွတ်တည်း အော်ဟစ်ကြသည်။

ယခင်က လုရွှမ်ကို သတ်ချင်ရခြင်း၏ ရည်ရွယ်ချက်မှာ သူ့အမှတ်များနှင့် ရတနာများကို လုယူရန် ဖြစ်သော်လည်း ယခုအခါတွင် သူတို့အနာဂတ် ရှင်သန်မှုနှင့် လေ့ကျင့်ရေး အတွက်ပါ ပါဝင်လာလေပြီ။

"လျှို့ဝှက်နဂါးဓားသိုင်း! ပထမသိုင်းကွက်... ကောင်းကင်နဂါး ပေါ်ထွက်စေ!"

လုံယီး ဟောက်ပြီး ဓားရှည်ကြီးကို သူ့ရှေ့သို့ လွှဲယမ်းလိုက်သည်။ ဓားအလင်းတန်းများ လွင့်ထွက်လာကာ တဖြည်းဖြည်းနဲ့ ခြေသည်းငါးချောင်းရှိသော ရွှေနဂါးကြီး ထွက်ပေါ်လာခဲ့သည်။ နတ်နဂါးက ဟိန်းဟောက်ရင်း လုရွှမ်ရဲ့ ခေါင်းကို ကိုက်ချလိုက်သည်။

ဓားရှည်ရဲ့ အရှိန်က မြန်လွန်းသဖြင့် ယခင်ကသိုင်းကွက်တွေနဲ့ အတော် ကွာသွားပြီ။ ထို့နောက် သူ့ဓား၏ ကောက်ကြောင်းဖြင့် နဂါးက လျင်မြန်စွာ ပေါ်ထွက်လာ၏။ ပထမ နဂါးအမြီး၊ ထို့နောက် နဂါးကိုယ်ထည်နှင့် နောက်ဆုံးတွင် နဂါးခေါင်းပင်။

နဂါးခေါင်း ပေါ်လာတဲ့ အနေအထားက မျက်စိတစ်မှိတ်အတွင်း သူ့ရှေ့တွင်ရှိနေပြီ ဖြစ်သည်။ အချိန်နဲ့ အနေအထားက အံ့မခန်းပင်။ နဂါးခေါင်းက လုရွှမ်ရှေ့တွင် ပေါ်လာတာနဲ့ တစ်ပြိုက်နက် ၎င်းက ပါးစပ်ကိုဖွင့်ကာ ကိုက်ချလိုက်​ပြီ။

လုရွှမ် သေးသေးလေးပင် သတိမပေါ့ဝံတော့ဘဲ လုံယီး လှုပ်ရှားလိုက်တာနဲ့ သူ နောက်ပြန်ဆုတ်ကာ ရှောင်တိမ်းလိုက်သည်။ မမျှော်လင့်ဘဲ နတ်နဂါးထံ ရှောင်တိမ်းသွားသလိုမျိုး လုံး၀ သက်ရောက်မှု မရှိခဲ့ပေ။

သို့သော် လုရွှမ်သည် သူမရှောင်နိုင်တာက ဤဓားသိုင်းရဲ့ စွမ်းအားဖြစ်နိုင်ကြောင်း ကောင်းကောင်းသိသည်။ သူဘယ်လိုပဲ ရှောင်နေပါစေ နောက်ဆုံးရလဒ်မှာ နတ်နဂါးရဲ့ ပါးစပ်ကြီးအောက်တွင်သာ ပေါ်လာရ၏။

ကြည့်လိုက်ရင် ဒီနဂါးဟာ လျှာနဲ့ သွားတွေ မပါပေမယ့် ရွှေရောင် ဝိညာဉ်စွမ်းအားတွေနဲ့ ထိတွေ့လိုက်မိသလို ကမ္ဘာကြီးက လည်ပတ်နေတော့သည်။

အတွင်းဘက်ရှိ ဓားအလင်းတန်းများသည် ဓားချည်မျှင် အစုအဝေးတစ်ခု အဖြစ် ရှိနေကာ သူ့ခန္ဓာကိုယ်ထဲသို့ ဝင်သွားသည်နှင့် သေချာပေါက် အပိုင်းပိုင်း ကွဲသွားလိမ့်မည်ဟု စိတ်ကူးကြည့်နိုင်သည်။

ကောင်းလိုက်တဲ့ ဓားသိုင်း!

လုရွှမ်လည်း သူ့ရဲ့ ယွမ်ယန်ဓားကိုးစင်းနဲ့ ယှဉ်ရင် အများကြီး ပိုကောင်းတယ်လို့ ခံစားရ၏။ ဒါ့ထက် သူကိုယ်တိုင် ဖန်တီးထားတဲ့ ယွမ်ယန်ဓားကိုးစင်း ဓားတွေနဲ့ ယှဉ်ရင် နည်းနည်းတော့ အားကောင်းနေတယ် ဆိုတာ သိသာပါသည်။

ဒါက ပထမဆုံးဓားပဲ!

သူ ဒီဓားသိုင်းကို ရှောင်လွှဲလို့ မရပေ။ သူအစောတုန်းက စမ်းသပ်ကြည့်ပြီးပြီ။ ၎င်းကို ပိတ်ဆို့လိုပါက မျက်နှာချင်းဆိုင် တိုက်ခိုက်လိုက်ရုံသာ ရှိတော့၏။

လုရွှမ် သူ့ဓားကို အေးအေးဆေးဆေး ဆွဲထုတ်လိုက်သည်။ ၎င်းသည် ယွမ်ယန် ဓားကိုးစင်း၏ စတုတ္ထမြောက် ဓားဖြစ်ပြီး လေထုကို ဖြတ်သွားခဲ့သည်။ လေထုအတွင်းမှ အနက်ရောင် အက်ကွဲကြောင်း တစ်ခု ထွက်ပေါ်လာပြီးနောက် ဦးခေါင်းထက်ရှိ ဓားချည်မျှင်ကို ဖြတ်တောက်ပစ်လိုက်သည်။

မီးတောက်က အနက်ရောင်ရေခဲထဲသို့ ပြေးဝင်သွားသလိုပင်။ အစပိုင်းတွင် လှုပ်ရှားမှု မရှိသော်လည်း ခဏအကြာတွင် ရေခဲနက်များပေါက်ကွဲသလို၊ မီးတောက်ရဲ့ တဟုန်းဟုန်း တောက်လောက်သံများ ထွက်ပေါ်လာသလို ကျယ်လောင်သော အသံနှင့်အတူ လုံယီး ပစ်ခတ်လိုက်သော နဂါးပါးစပ်ကြီးက ပေါက်ကွဲသွားလေသည်။

ထို့နောက် ဓားအလင်းတန်းများ အရပ်ရပ်သို့ ပြန့်ကျဲသွားသည်။

All Chapters