ကျောက်စိမ်းရှိခြင်း၏ ပြစ်မှု
Vol. 74 Ch. 4.619
လုရွှမ်သည် ထိုဓားစွမ်းအင်က အလွန်အစွမ်းထက်သောကြောင့် လျှို့ဝှက်စွာ အံ့အားသင့်သွားခဲ့သည်။
ဒီဓားရဲ့ အစွမ်းကြောင့် သူ စိတ်လှုပ်ရှားမိပေမယ့် ဓားစွမ်းအင်ဟာ ပျားအုံကို တုတ်နဲ့ထိုးမိသလို ဖြစ်သွားပုံရတာကြောင့် ထိတ်လန့်သွားရသည်။ သူတို့နှစ်ဦး၏ လုံးဝကြောက်လန့်ပြီး သတ်ဖြတ်ချင်နေသော မျက်လုံးများကို မြင်လိုက်ရသဖြင့် လုရွှမ်မှာ ၎င်းတို့နှစ်ဦးဆီက သိုင်းကွက်များကို လျှို့ဝှက်စွာ လေ့လာသင်ယူမယ့် စိတ်ကူးကို စွန့်လွှတ်ရတော့မှာကြောင့် တိတ်တဆိတ် နောင်တရနေမိသည်။
တခြားဘာမှ မပြောဘဲ လုံယီးရဲ့ လျှို့ဝှက်နတ်နဂါးဓားသိုင်းရဲ့ ပထမဆုံးလှုပ်ရှားမှုက အရမ်းအစွမ်းထက်နေပြီ။ နောက်ထပ် လှုပ်ရှားမှုဓားသိုင်းက ပိုလို့တောင် အစွမ်းထက်မှာ။ အခုတော့ သူတို့နှစ်ယောက်ဆီကနေ သင်ယူချင်တယ် ဆိုရင်တောင် အခွင့်အရေးက မရှိတော့ဘူးလေ။
"ဟေ့ မင်းတို့နှစ်ယောက် ဘာလို့ဆက်ပြီး နှောက်ယှက်ချင်နေကြတာလဲ? ငါတို့အားလုံးက လူသား ကျင့်ကြံသူတွေ... အခု ပင်လယ်သားရဲတွေရဲ့ ခြိမ်းခြောက်မှုကို ရင်ဆိုင်နေရတာ... ငါတို့က ဘာလို့ အချင်းချင်း သတ်ရမှာလဲ? မဟုတ်ဘူးလား? ငါတို့က ပင်လယ်သားရဲတွေကို တားဖို့ ဘာလို့ မသွားကြတာလဲ?"
လုရွှမ်က အော်လိုက်ပြီး သူ့မျက်လုံးတွေကို ရိုးသားမှုအပြည့်နဲ့ ပုံဖော်ထားလိုက်သည်။ သို့သော်လည်း ထိုလူနှစ်ယောက်က တညီတညွတ်တည်း ဟစ်အော်ကာ အတူတူ တိုက်ခိုက်လာကြသည်။
"ဟူး... မင်းဂိုဏ်းတွေအတွက် ငါတကယ် စိတ်မကောင်းဖြစ်လာပြီ... ဖြောင့်မတ်ခြင်း တရားတွေ မရှိတာလား? ဒါမှမဟုတ် မင်းတို့ မျိုးနွယ်စုတွေက အရှက်မရှိရတဲ့အထိ ပြိုလဲသွားတာလား? မင်းတို့မှာ ပြင်းထန်တဲ့ တိုက်ပွဲဝင်စိတ်ဓာတ်နဲ့ အတွေးတွေ ဘာတစ်ခုမှ မရှိဘူး... မင်းတို့က ငါ့ပစ္စည်းတွေကို ရချင်သေးတယ်ပေါ့... မင်းတို့ကိုယ့်ကိုကိုယ် သိပ်မထင်ကြီးလွန်းနေပြီ"
သူတို့နှစ်ယောက်လုံး စိတ်ရှုပ်သွားကြသည်။ လုရွှမ် ဘာကို အရူးထနေတာလဲ။
သူတို့နှစ်ယောက်ကို စကားအနည်းငယ် ပြောပြီးနောက် လုရွှမ်က ခေါင်းခါယမ်းလိုက်သည်။ သူတို့နှစ်ယောက်က နားမလည်လိုက်ဘဲ ကောင်းကင်ဘုံသခင် အဆင့် ရောက်နေပြီ ဖြစ်သော်လည်း သူတို့အမြင်အာရုံမှာ အလွန်နိမ့်ပါးသွားသလိုပင်။
လုရွှမ်သည် နှစ်ဘဝ ဖြတ်သန်းလာခဲ့တာကြောင့် သူတို့နှစ်ဦးရဲ့ အတွေးများကို နားမလည်ဘဲ ဘယ်နေပါ့မလဲ။ သူတို့သည် မနာလိုသောကြောင့် တခြားဘာကိုမှ မမြင်တော့ဘဲ သူ့ကိုသတ်ဖို့အကြောင်းပဲ ပေါ့ပေါ့တန်တန် တွေးနေကြ၏။
သူတို့မှာ လက်ရှိအခြေအနေကို ထည့်သွင်းစဥ်းစားသင့်တယ် ဆိုတဲ့ အတွေးတွေ မရှိဘူးဆိုတာ ရှင်းပါသည်။ ဂိုဏ်းတစ်ခုရဲ့ အနာဂတ်ကို သိမ်းပိုက်ပြီး လူသားမျိုးနွယ်ရဲ့ အနာဂတ်ကို ဦးဆောင်လိုတဲ့ လူတစ်ဦးအတွက်ဆို အခုလိုလုပ်နေတာက ဟာသတစ်ခုသာ ဖြစ်သွားပြီ။
ဟာသတစ်ခုလို့ ပြောပေမယ့် သူ ပင်လယ်သားရဲတွေရဲ့ အလယ်ဗဟိုကို နက်နက်ရှိုင်းရှိုင်း ဝင်သွားစဥ်က ပင်လယ်သားရဲတွေရဲ့ ခွန်အားကို မြင်လိုက်ရသည်။ တစ်ဆက်တည်း ပင်လယ်သားရဲတွေရဲ့ စည်းလုံးညီညွတ်မှုနဲ့ ရှင်သန်မှုကို အများကြီး ခံစားခဲ့ရသည်။
ဤနှိုင်းယှဉ်ချက်တွင် လူသားမျိုးနွယ်က အမှန်တကယ် နောက်ကျ ကျန်နေပါသေး၏။
အထူးသဖြင့် သစ်သားဓား၏ သမိုင်းကြောင်းကို နားလည်ပြီးနောက် ပင်လယ်ဝံပုလွေ မျိုးနွယ်စုရဲ့ ရှေးရိုးဆန်သော လင်ရှီးမြက်ခင်းထဲတွင် ခံစားခဲ့ရသမျှကို မသိလိုက်ဘဲ တွေးလိုက်မိသည်။
ဒါက သူတို့စိတ်ထဲက အရေးတကြီး လျှို့ဝှက်ချက်တစ်ခု ဖြစ်နိုင်ပြီး ပင်လယ်သားရဲများသာ သိကြသည်။ ဒါကြောင့် သူတို့ရဲ့ အငယ်တန်းတွေဟာ အချိန်မရွေး တိုက်ပွဲတစ်ခုအတွက် အဆင်သင့် ဖြစ်နေသလိုမျိုး ပိုသန်မာလာကြတာပင်။
သုံးဆယ့်ခြောက်နှစ် တစ်ကြိမ် အမဲလိုက်ရာသီသည် ပင်လယ်သားရဲ မျိုးနွယ်စုများက သူတို့လူမျိုးတွေကို လေ့ကျင့်ပေးနေသည့် နေရာဖြစ်ပုံရသည်။ လူသားမျိုးနွယ်၏ ရှုထောင့်မှကြည့်လျှင် ဒါက လူသားမျိုးနွယ်က အရင်းအမြစ်များကို လုယူဖို့ပဲ ကြိုးစားနေကြဆဲ ဖြစ်သည်။
အရည်အသွေးက လုံးဝ ကွဲပြားတာမို့ ပင်လယ်သားရဲတွေနဲ့ ယှဉ်နိုင်တဲ့ အရည်အချင်းရှိတဲ့ လူတစ်ယောက်ကို ဘယ်လိုလုပ် မွေးမြူနိုင်ပါတော့မလဲ။
လုံယီးနှင့် တိုက်ဟော်ဖုန့်တို့သည် နဂါးရေငွေ့တောင် နှင့် ဖီးနစ်အသိုက်ရဲ့ ခေါင်းဆောင်များထဲမှ တစ်ဦးအဖြစ် သတ်မှတ်ခံထားရသူများ ဖြစ်သည်။ ဂိုဏ်းနှစ်ခုရဲ့ အနေအထားအရ ၎င်းတို့သည် ဝမ့်ရှန်းကမ္ဘာ တစ်ခုလုံးရှိ လူငယ်မျိုးဆက်များကြားတွင် အကောင်းဆုံး ဖြစ်နိုင်သည်။
ဒါပေမဲ့ ဒီလိုအမြင်နဲ့ ဒီလိုစိတ်ကို မွေးမြူထားမှတော့ အနာဂတ်မှာ ဂိုဏ်းကို ဘယ်လိုပံ့ပိုးတော့မလဲ။
"သတ်!"
သူတို့နှစ်ဦးသည် ဓားနှစ်ချောင်းဖြင့် လုရွှမ်ကို သတ်ရန် ရည်ရွယ်ချက်ကြီးစွာဖြင့် ပြေးဝင်လာခဲ့ကြသည်။
လုရွှမ် ဓားစွမ်းအင်ကို အလျားလိုက် ဝေ့ယမ်းလိုက်သည်။ ဓားစွမ်းအင် ထွက်လာသည်နှင့် တပြိုင်နက် ကောင်းကင်နှင့် မြေကြီးက တစ်ခဏအတွင်း အရောင်ပြောင်းသွားကာ သေမင်း၏ အငွေ့အသက်များသည် မြေကြီးထဲမှ လုရွှမ်၏လက်ထဲက ဓားဆီသို့ ပျံ့နှံ့သွားခဲ့သည်။
ယခုအခိုက်အတန့်တွင် သစ်သားဓားသည် အပြာရောင် အလင်းတန်းဖြင့် ပွင့်ထွက်နေပြီး အလွန်အံ့သြဖွယ် ကောင်းနေသည်။
"ယွမ်ယန်ဓားကိုးစင်း ပဉ္စမဓား! ဖျက်စီးခြင်း! သွားစေ"
နတ်မိုးခြိမ်းသံ လှိုင်းများသည် လုရွှမ်၏ ကိုယ်ခန္ဓာနှင့် ရောနှောနေကာ လူနှစ်ဦး တိုက်ခိုက်လာနေသော ဓားရှည်များကို ပြန်လည်တိုက်ခိုက်လိုက်သည်။
"နဂါးနဲ့ဖီးနစ် ထူးထူးခြားခြား ပေါ်ထွက်စေ!"
သူတို့နှစ်ယောက်ဟာလည်း တစ်ဖက်က ဒီဓားရဲ့အစွမ်းကို အာရုံခံပြီး အော်ဟစ်လိုက်သည်။ နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်ကာ သူတို့ခန္ဓာကိုယ်သည် အလယ်ဗဟိုရှိ နေရာကို လှည့်ကြည့်လိုက်သည်။
မှိတ်တုတ်မှိတ်တုတ် မီးလုံးနှစ်လုံးထဲမှ နဂါးဟောက်သံ ထွက်ပေါ်လာပြီး ဖီးနစ်အော်သံတို့ ထွက်ပေါ်လာသည်။ အလင်းမီးလုံးထဲမှ သားရဲနှစ်ကောင်သည် တဖြည်းဖြည်း ပုံသဏ္ဌာန် ပေါ်လာခဲ့ကာ စိမ်းပြာနဂါးနဲ့ ဖီးနစ်သားရဲတို့ ပြေးထွက်လာခဲ့၏။
လုံယီး၏ ဓားရှည်သည် စိမ်းပြာနဂါး၏ ချွန်ထက်သော ခြေသည်းများ ဖြစ်ပြီး တိုက်ဟော်ဖုန့်၏ ဓားရှည်သည် ဖီးနစ်တစ်ကောင်၏ ချွန်ထက်သော နှုတ်သီးအဖြစ်သို့ ပြောင်းလဲသွားသည်။ သူတို့အရှေ့မှာလည်း လေပြင်းနှင့် မိုးခြိမ်းသံများ ထွက်လာပြီး လုရွှမ်အား တရစပ် တိုက်ခိုက်လိုက်သည်။
လုရွှမ် သူ့ဓားဖြင့် ခုတ်ထစ်လိုက်တဲ့အချိန် သူ့ခန္ဓာကိုယ်ထဲက အရိုးများ၏ မိုးကြိုးနိယာမများကို အလိုအလျောက် နှိုးဆွမိသွားသည်။
လူနှစ်ယောက်ရဲ့ တိုက်ခိုက်မှုကနေ လုရွှမ်သည်လည်း ပြင်းထန်သော လူသတ်ချင်သည့် ရောင်ဝါကို ခံစားလိုက်ရပြီး နှလုံးသားထဲတွင် အနည်းငယ် ထိတ်လန့်သွား၏။ ဒါက မခံစားနိုင်တော့်ခိုက် ခန္ဓာကိုယ်၏ အလိုလို သိမြင်နိုင်သော တုံ့ပြန်မှုတစ်ခု ဖြစ်သည်။
ဤနဂါးနှင့် ဖီးနစ်တို့၏ လှုပ်ရှားမှုဖြင့် လူနှစ်ယောက်ကို ထိပ်တိုက် ရင်ဆိုင်ပြီးသည်နှင့် သူသည် ကျိန်းသေ သေသွားလိမ့်မည်။
လုရွှမ်သည် လူနှစ်ယောက်ရဲ့ လှုပ်ရှားမှုထဲတွင် ကြီးမားသော ချို့ယွင်းချက်များစွာ ရှိနေသေးတာကို ရယ်စရာအဖြစ် တွေ့နိုင်သော်လည်း သူတို့နှစ်ဦး ချိတ်ဆက်မိသော အခါတွင်မူ ပိုမိုကောင်းမွန်စွာ လုပ်ဆောင်နိုင်ခဲ့သည်။ ယခုအချိန်တွင် သူတို့နှစ်ဦး၏ ထိပ်တိုက် ရင်ဆိုင်မှုနဲ့ဆို သူ့အင်အားက ညံ့ဖျင်းလွန်းလှ၏။ သူဟာ မဟာသူတော်စင် ပထမအဆင့်ပဲ ရှိသေးသည်။
လူနှစ်ယောက်၏ လှုပ်ရှားမှုထဲတွင် ကြီးမားသော ချို့ယွင်းချက်များ ရှိနေသော်လည်း စွမ်းအားက ပြင်းထန်လွန်းပြီး လုရွှမ် ဖြေရှင်းနိုင်တဲ့ ကန့်သတ်ချက်ထက် ကျော်လွန်သွားခဲ့ပြီ။
ဒါက တကယ့်ကို မှော်ဆန်လွန်းတယ်။ ဖိအားတွေ တက်လာရင် သူ အရည်အချင်း ဘယ်လောက်ပဲ အားကောင်းနေပါစေ ဘယ်တော့မှ ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး။
လုံယီးနှင့် တိုက်ဟော်ဖုန့်တို့ ပေါင်းစည်းလိုက်ပြီး ပိုပြင်းထန်သော အရှိန်အဟုန်ဖြင့် ရှေ့သို့ တိုးလာ၏။ ဓားစွမ်းအင်များ မနီးကပ်လာမီတွင်ပင် လုရွမ်သည် သူတို့နှစ်ဦးနှင့် မယှဉ်နိုင်မှန်း သိလိုက်ရသည်။
ဘာလုပ်ရမလဲ?
လုရွှမ် ဓားတစ်ချောင်းနဲ့ ရပ်နေမိသည်။
ယခုအချိန်မှာ သူ့တစ်ကိုယ်လုံး အလင်းရောင်များ ရစ်ပတ်လျက် တောက်လောင်နေ၏။ ၎င်းက ဖီးနစ်နတ်မီးနဲ့ စိတ်ဝိညာဥ်မီးတောက်ပဲ ဖြစ်ကာ သူ့နောက်ကနေ ထွက်လာကြသည်။ သူ့ခြေဖဝါးအောက်မှာတော့ လေပြင်းနိယာမက ပြေးလွှားနေကာ စိမ်းပြာနဂါးရဲ့ စွမ်းအင်ကလည်း ကြီးမားတဲ့လေကို လှုံ့ဆော်ပေးကာ သူ့ဝတ်ရုံများကို လွင့်မျောနေစေသည်။
ပြီးတော့ မိုးကြိုးတိမ်တိုက်တွေက ကောင်းကင်မှာ တဟုန်းဟုန်း ပြေးလွှားနေပြီး မိုးကြိုးတွေကလည်း လုရွှမ်ရဲ့ ခန္ဓာကိုယ်ထဲကို ရိုက်ခတ်သွားသည်။
လုံယီးနှင့် တိုက်ဟော်ဖုန့်ပင် အလွန်ထိတ်လန့်သွားသလို ခံစားလိုက်ရသည်။ နတ်မိုးခြိမ်းသံကို ဆွဲဆောင်နေတဲ့ လူတစ်ယောက်ကို ပထမဆုံးအကြိမ် တွေ့ဖူးတာပဲ။ လုရွှမ်၏ ခန္ဓာကိုယ်ပေါ်တွင် ကောင်းကင်မှ နတ်မိုးခြိမ်းသံများကို မြင်လိုက်ရပြီးနောက် တစ်ဆက်တည်း လုရွှမ် ခန္ဓာကိုယ်ပေါ်ရှိ နတ်မိုးကြိုးက တောက်ပစွာ ဖြာထွက်သွားလေသည်။
သူ့နေရာကို ပိတ်ဆို့ထားသလိုမျိုး ကျယ်လောင်တဲ့ အသံတစ်ခု ထွက်ပေါ်လာသည်။ လုရွှမ် ခန္ဓာကိုယ်သည် လေထုအလယ်ကနေ မီတာများစွာ ရွေ့လျားသွားပြီး အလင်းတန်းများဖြင့် အကွာအဝေး တစ်ခုဆီသို့ လွင့်ပျံသွားခဲ့သည်။
လုရွှမ် တကယ် လွတ်မြောက်သွားပြီ။
နီရဲသော စိတ်ဝိညာဉ်မီးတောက်၊ ခရမ်းရောင်သည် ဖီးနစ်နတ်မီး၊ စိမ်းပြာရောင်သည် နဂါးစွမ်းအင်နဲ့ လေပြင်းနိယာမနှင့် ရွှေရောင် မိုးကြိုးနိယာမတို့၏ ပြောင်မြောက်လှသော စွမ်းအင်များကြောင့် လွတ်မြောက်သွားခဲ့ပြီ။ သစ်သားဓားသည် ယခုအချိန်တွင် အပြာရောင် အလင်းများဖြင့် ထွန်းလင်းနေပေသည်။ ဓားစွမ်းအင်များ တိုးလာကာ လုရွှမ် ရုတ်တရက် ရှေ့သို့ ပြေးထွက်သွားသည်။
လုံယီးနှင့် တိုက်ဟော်ဖုန့်မှာ တခဏမျှ ထိတ်လန့်သွားပြီး နောက်မှ အသည်းအသန် လိုက်လာကြသည်။
"လုရွှမ်! မင်းကမ္ဘာ့အဆုံးကို ပြေးရင်တောင် မင်းသေမှာ သေချာတယ်"
နှစ်ယောက်သား အော်ဟစ်လိုက်သည်။
လုရွှမ် သူ့နောက်က လူနှစ်ယောက်ရဲ့ ဒေါသတကြီး အော်ငေါက်နေတာကို ဘယ်လိုလုပ် အာရုံစိုက်နိုင်ပါ့မလဲ ? အရှက်ကင်းမဲ့တဲ့ လူတွေလို့သာ သူ့စိတ်ထဲကနေ ကျိန်ဆဲလိုက်သည်။ သူတို့သည် နဂါးရေငွေ့တောင်နဲ့ ဖီးနစ်အသိုက်က ထိပ်တန်းလူငယ်တွေ ဖြစ်နေပြီ ဖြစ်သည်။
သူတို့ခန္ဓာကိုယ်ပေါ်ရှိ လေ့ကျင့်မှုအဆင့်သည် ကောင်းကင်ဘုံသခင် ပြီးပြည့်စုံသောကာလ ဖြစ်နေဆဲဖြစ်ပြီး နှစ်ဦးလုံးက သူ့နယ်ပယ်ထက် ကျော်လွန်နေပြီ ဖြစ်သည်။ သူတို့သည် သူတို့ဂိုဏ်းထဲရှိ သခင်များ ဖြစ်ရုံသာမက နှစ်တိုင်း သောင်းနှင့်ချီသော အရင်းအမြစ်များဖြင့် စဉ်ဆက်မပြတ် တိုးတက်နေသည့် ထူးချွန်သူများ ဖြစ်ပေ၏။
ပြီးတော့ သူတို့ နှစ်ယောက်က သူ့ကိုသတ်ဖို့ အတူတူ လုပ်နေတာ တကယ်ကို ရှက်စရာ ကောင်းလေသည်။
"ဖီးနစ်အတောင်လား? "
သူ့နောက်က လိုက်လာနေတဲ့ တိုက်ဟော်ဖုန့်က ရုတ်တရက် အော်လိုက်ပြီး သူမအသံကလည်း တဆတ်ဆတ် တုန်နေသည်။
လုရွှမ် ဖီးနစ်နတ်မီးလို မှော်ဆန်သော မီးတောက်များ အဘယ်ကြောင့် ရှိနေခဲ့တာလဲဆိုတာ သူမ အမြဲ တွေးတောခဲ့ဖူးသည်။ လုရွှမ်က ဖီးနစ်အမွေးလို ကောင်းကင်ဘုံကို အံတုနိုင်တဲ့ ရတနာတစ်ခုကို ရထားလိမ့်မယ်လို့ သူမ တကယ်ပင် မထင်ခဲ့ပေ။