← Chapters

လိုက်ဖမ်းခြင်း

Vol. 74 Ch. 4.620

လိုက်ဖမ်းခြင်း

Vol. 74 Ch. 4.620

ဖီးနစ်အသိုက်ကို ဖီးနစ်အသိုက်ဟု လူသိများသော်လည်း ဖီးနစ်သားရဲက အမှန်တကယ် တည်ရှိပါသလား ဆိုတာတော့ ဘယ်သူမှ မသိပေ။ သူတို့ဂိုဏ်းက ဖီးနစ်ရှိမယ်လို့ သဘာဝကျကျ ယုံကြည်ထားပေမယ့် ဒီကမ္ဘာကြီးထဲမှာ မဟုတ်ဘူးလေ။ ဒဏ္ဍာရီဆန်ဆန် တိကမ္ဘာတွေ ဒါမှမဟုတ် ဖီးနစ်သားရဲ တည်ရှိခဲ့တဲ့ ကောင်းကင်ကမ္ဘာတွေမှာပဲ ဖြစ်နိုင်တယ်။

ဒါ့အပြင် ဒါက ဒဏ္ဍာရီတစ်ခုပဲ။ အကြီးအကဲကြီးရဲ့ လက်ထဲမှာ အပ်နှင်းခံရတဲ့ ဖီးနစ်သားရဲရဲ့ အစိတ်အပိုင်းတစ်ခု ရှိနေသလိုတော့ ရှိသည်။ ဒါကြောင့်လည်း ဖီးနစ်အသိုက်ဂိုဏ်းကို တည်ထောင်ခဲ့တာ ဖြစ်လေသည်။

နဂါးနှင့် ဖီးနစ်တို့၏ ဆင်းသက်လာမှုအပေါ် ဂုဏ်ယူပြီး နတ်သားရဲနှစ်ကောင်၏ ကျင့်စဥ် နည်းစနစ်များကို လေ့ကျင့်ခဲ့ကြသော်လည်း တစ်ယောက်မှ နတ်သားရဲအစစ်ရဲ့ အစိတ်အပိုင်းတွေက မရခဲ့ဖူးချေ။

ဒါပေမဲ့ ဒီနေ့မှာတော့ လုရွှမ်ရဲ့ နောက်ကျောမှာ ဖီးနစ်အမွေးက ရလာတဲ့ ဖီးနစ်အတောင်ကို သူမ တွေ့လိုက်ရလေပြီ။

လုရွှမ် လေ့ကျင့်​နေစဉ်တွင် ဖီးနစ်အမွေးသည် သူ့ခန္ဓာကိုယ်ထဲတွင် လုံးလုံးလျားလျား ပေါင်းစပ်သွားခဲ့သည်။ ဒါကြောင့် အရောင်မဲ့လုနီးပါးတောင် ဖြစ်​နေပြီ။ ဖီးနစ်အ​​တောင်သည် ယခင် ခွန်အားအပြည့်ဖြင့် ပျံသန်းစဉ်တွင်သာ ခရမ်းရောင် စွမ်းအင်ကို အနည်းငယ် ထပ်မံပြသလာခဲ့သည်။ မမျှော်လင့်ဘဲ တိုက်ဟော်ဖုန့်က ထိုးထွင်းသိမြင်သွား၏။

တိုက်ဟော်ဖုန့်၏ ပင်ကိုယ်စွမ်းရည်သည် ဂိုဏ်းအတွင်းရှိ မျိုးဆက်သစ် လူငယ်များ အကြားတွင် အကောင်းဆုံး မဟုတ်သလို သူ၏ ကျင့်ကြံမှုမှာလည်း အကောင်းဆုံး မဟုတ်ပေမယ့် သူမသည် ထိပ်တန်းငါးဦးတွင် ရှိနေသေးသည်။

ကျင့်ကြံမှု နည်းစနစ်များနှင့် ဖီးနစ်သားရဲ၏ အသွင်ပြောင်းမှုသည် သူမနှလုံးသားထဲသို့ နက်နက်ရှိုင်းရှိုင်း ထိုးဖောက် ဝင်ရောက်နေပြီးသား ဖြစ်သည်။

လုရွှမ် နောက်ကျောမှာ ဖီးနစ်အမွေးများ ပေါ်လာသည်နှင့် တပြိုင်နက် သူမ စိတ်ကူးထားသည့် ဖီးနစ်အမွေးများသည်လည်း ထိုကဲ့သို့ ဖြစ်နိုင်ကြောင်း သူမ ခံစားမိသည်။ ဖီးနစ်အမွေးများမှ ထွက်ပေါ်လာသော ရောင်ဝါသည် သူမအား ရင်းနှီးမှုနှင့် မြတ်နိုးမှုကို အပြည့်အဝ ခံစားစေခဲ့သည်။

ဤအရာမှာ လျှို့ဝှက်ဆန်းကြယ်သော အထွဋ်အမြတ် အကြီးအကဲနှင့် ရင်ဆိုင်ရသည့် အခါတွင် သူမခံစားနိုင်သည့် ခံစားချက် တစ်ခုပဲ ဖြစ်သောကြောင့် လုရွှမ်နောက်တွင် လွင့်နေသော ဖီးနစ်အမွေးသည် အစစ်အမှန် ဖြစ်ကြောင်း သူမ သေချာပေါက် သိလိုက်သည်။

လုရွှမ်ရဲ့ ဉာဏ်ရည်ဉာဏ်သွေးသည် ထိုဖီးနစ်အမွေး ရှိ​နေတာကြောင့် ဖြစ်ပေါ်လာတာ ဖြစ်နိုင်ကြောင်း တွေးရင်း သူမ စိတ်ထဲတွင် ကြည်နူးနေမိသည်။ လုရွှမ်သည် လူပြိန်းတစ်ယောက်သာဖြစ်ပြီး ဖီးနစ်အမွေးက ဘယ်လောက် အစွမ်းထက်သလဲကို မသိခဲ့ပေ။

ထိုဖီးနစ်အမွေးကို ရနိုင်သည်နှင့် တပြိုင်နက် ဖီးနစ်နတ်မီး မပြောနဲ့ တခြားသော မှော်အစွမ်းများစွာကိုလည်း သူမ တစ်ခုပြီးတစ်ခု ပြသနိုင်သည်။

ထိုအခါ ဂိုဏ်းတွင်းရှိ သူမ၏ အဆင့်အတန်းသည် အလွန်တိုးတက်လာမှာ ဖြစ်သလို သူမဟာ ဂိုဏ်းချုပ်ငယ်လေးပင် ဖြစ်လာနိုင်သည်။

တိုက်ဟော်ဖုန့်ရဲ့ မျက်လုံးများထဲ စိတ်ကြွဆေးပြား စားနေတဲ့ အကြည့်တွေကြောင့် လုံယီးရဲ့ နှလုံးသားထဲ ပို၍ပင် တုန်လှုပ်သွားခဲ့သည်။

ဖီးနစ်အမွေးလေး တစ်ချောင်းက တိုက်ဟော်ဖုန့်ကို အရမ်းပျော်ရွှင်သွားစေသည်။ ဒါ့အပြင် လုရွှမ် ယခင်က အားကောင်းသော ဓားစွမ်းအင်ကို အသုံးပြုနိုင်ရသည့် အကြောင်းရင်းကလည်း ဒီတစ်ခုသာ ရှိနိုင်သွားပြီ။ လျှို့ဝှက်နတ်နဂါးဓားသိုင်းကို ကွက်ကွက်ကွင်းကွင်း ပြသနိုင်တဲ့ အကြောင်းပြချက်ကလည်း ရတနာတစ်ခုကြောင့်သာ ဖြစ်နိုင်ကြောင်း လုံယီး ရှင်းရှင်းလင်းလင်း နားလည်သွားခဲ့သည်။

ဆိုလိုတာက လုရွှမ်မှာ နတ်နဂါး ခန္ဓာကိုယ်ရဲ့ သေးငယ်တဲ့ အစိတ်အပိုင်း တစ်ခု ရှိနေရမယ်။ ထိုအရာကိုသာ သူရနိုင်လျှင် ဘယ်လောက်တောင် အစွမ်းထက်လိုက်မလဲ။

ယခုအခြေအနေတွင် သူတို့နှစ်ဦးသည် တူညီသော စိတ်သဘောထားများ ရှိ​နေကြပြီး နှစ်ဦးစလုံးသည် တစ်ဖက်သား၏ မျက်လုံးများထဲက လောဘဇောကို မြင်နိုင်ကြသည်။ ထို့နောက် ခေါင်းတညိတ်ညိတ်နှင့် အရူးအမူး လိုက်ဖမ်းကြလေ၏။

လက်ရှိအချိန်တွင် လုရွှမ်သည် သူတို့နှစ်ဦး၏ အမြင်တွင် ကျင့်ကြံသူ မဟုတ်တော့ဘဲ ကြီးမားသော ရတနာတစ်ခု ဖြစ်လာသည်။ ကြီးကျယ်သော အရာများကို အောင်မြင်အောင် စွမ်းဆောင်နိုင်သော ရတနာတစ်ပါးပင်။ ဒီရတနာကို တခြားဘယ်သူမှ သတိမပြုမိသေးချေ။

လုရွှမ်သည် သူ့အနောက်မှ လူနှစ်ယောက်၏ အမူအရာကို မမြင်နိုင်သော်လည်း ထိုလူနှစ်ယောက်၏ လူသတ်ချင်စိတ်ကိုတော့ ရှင်းရှင်းလင်းလင်း ခံစားနိုင်သေးသည်။

"မင်းငါ့ကိုသတ်ပြီး ငါ့ဖီးနစ်အမွေးတွေကို ရချင်တယ်ပေါ့... ဟားဟား မင်းမှာ အရည်အချင်း ရှိမရှိပေါ်မှာပဲ မူတည်တယ်"

လုရွှမ်၏ အရှိန်အဟုန်သည် ဆက်လက် တိုးမြင့်လာပြီး စိတ်ဝိညာဉ် စွမ်းအားက ဆက်ပြေးနိုင်အောင် သူ့ခန္ဓာကိုယ်အတွင်း ဆက်လက် လည်ပတ်​နေသည်။

ခန္ဓာကိုယ်အား အခင်းအကျင်း တစ်ခုဖြင့် ပိတ်ဆို့ထားသလို အလင်းတန်းတစ်ခုဖြင့် ဖုံးအုပ်လိုက်ပြီး လျှပ်စီးကြောင်း အလွှာများအား အနောက်တွင် ကျန်ရစ်ခဲ့ကာ ရှည်လျားသော အရိပ်တစ်ခုကို ဆွဲယူလိုက်သည်။

သူ့နောက်ကို လိုက်နေတဲ့ လုံယီးနဲ့ တိုက်ဟော်ဖုန့်မှာ အံ့အားသင့်နေပြန်သည်။ ဒီလိုကြီးကျယ် ခမ်းနားတဲ့ မြင်ကွင်းကို ဖန်တီးနေတဲ့ သူတစ်ယောက် ပျံသန်းနေတာကို ပထမဆုံးအကြိမ် တွေ့လိုက်ရတာပဲ။

လူသုံးယောက်ကို ပြေးတမ်းလိုက်တမ်း ကစားနေတာက တခြား လူအများ၏ အာရုံကို လျင်မြန်စွာ စွဲဆောင်သွားနိုင်ခဲ့ပြီး လုရွှမ်၏ လမ်းကြောင်းကို မြင်လိုက်သောအခါ အားလုံး အံ့သြပြီး သံသယများ ဖြစ်လာခဲ့ကြသည်။ အရှိန်က မြန်လွန်းတယ်၊ ​​မြန်းလွန်းတယ်။

တခြားဘာမှ ပြောမနေဘဲ သူ့အနောက်ကနေ ထွက်ပေါ်လာတဲ့ မီးရိပ်ကြီးကို ကြည့်လိုက်ရုံနဲ့ နတ်မိုးခြိမ်းသံက ထိုလူတွေ ထိတ်လန့်သွားအောင် လှုံ့ဆော်သွားသလို ခံစားလိုက်ရ၏။

အဲဒီလို တန်ခိုးကြီးတဲ့ သခင်က တကယ်ကြီး လိုက်ဖမ်းခံနေရတဲ့ လူတဲ့လား။ မကြာခင်မှာပဲ လူတွေက လိုက်ဖမ်း​​​နေတဲ့ လူနှစ်ယောက်က ဘယ်သူလဲဆိုတာ မှတ်မိလာကြသည်။

"နဂါးရေငွေ့တောင်က လုံယီးနဲ့ ဖီးနစ်အသိုက်က တိုက်ဟော်ဖုန့်တို့ပါလား? ခင်ဗျားတို့နှစ်ယောက် လူတစ်ယောက်ကို လိုက်ဖမ်းဖို့ အတူလက်တွဲသွားမယ်လို့ ကျုပ်တကယ် မမျှော်လင့်ထားဘူး"

"ဘယ်သူက သိမှာလဲ? သူဆွဲထုတ်လိုက်တဲ့ မီးရိပ်ကြီးကို ကြည့်... အဲဒီထူးဆန်းတဲ့ မီးတောက်ပဲ ညီအစ်ကိုရေ"

နှစ်ယောက်သား ဆွေးနွေးပြီးနောက် သူ့နောက်ကို လိုက်သွားကြသည်။ သူတို့မှာ အဲဒီ့လောက် ခွန်အား မရှိနိုင်ပေမယ့် တခြားသူတွေက အသားစားနေချိန်မှာ စွပ်ပြုတ်စားရမယ် ဆိုရင်တောင် ပြဿနာ မရှိ​ကြပါဘူး။

"အဲဒါကျန်းထျန်းချိုင်ပဲ!"

တစ်စုံတစ်ယောက်သည် နောက်ဆုံးတွင် လုရွှမ်၏ ဝိသေသလက္ခဏာကို ထုတ်ဖော်လိုက်သည်။ နောက်ဆုံးတော့ ဤအမဲလိုက်ရာသီတွင် ကျန်းထျန်းချိုင်က လုံးဝ ကျော်ကြားလာခဲ့၏။ သူသည် အမှန်တကယ်ပင် ထိပ်တန်း​​နေရာသို့ ထွက်လာခဲလသော်လည်း သူ၏ဂုဏ်အသရေ မရှိတော့သလို အခုအချိန်မှာတော့ လိုက်ဖမ်းခံနေရတာ တွေ့လိုက်ရသည်။

နောက်ထပ် ဘာဆက်ဖြစ်မလဲ ဆိုရင်တော့ သူ့အမှတ်တွေကို သိမ်းယူ၊ သူ့ပစ္စည်းတွေကို သိမ်းယူ၊ သူ့မှာရှိသမျှကို သိမ်းယူလိုက်ကြတော့မှာပေါ့။

လုရွှမ်နောက်ကို လိုက်လာတဲ့လူတွေ ပိုများလာသည်။ အစပိုင်းမှာတော့ ပါတီနှစ်ခုရဲ့ အထောက်အထားတွေကို လူတွေက သိတဲ့အတွက် သဘာဝအတိုင်း လိုက်နေကြတာ။ နောက်ပိုင်းမှာ တစ်စုံတစ်ယောက်ကို လိုက်ဖို့ အကြောင်းပြချက် လိုသေးလို့လား။ လိုက်ဖမ်းဆိုတော့လည်း လိုက်ဖမ်းတာပေါ့။ ဘာပဲဖြစ်ဖြစ် သူ့နောက်ကလိုက်နေတဲ့ လူတွေက အများကြီးပဲလေ။ ဒီလိုအသုံးမကျဘဲ အဖမ်းခံနေတာကို ဘယ်သူလုပ်တာလဲ။

မည်သို့ပင်ဆိုစေကာမူ အနီးနားရှိ ကောင်းကင်မြေကြီး၏ ရတနာများကို ဘယ်သူမှ ရှာမတွေ့နိုင်တော့ပေ။ အဆင့်စာရင်းတွင်ပါသော အမှတ်များသည် အချိန်အတော် ကြာအောင် မရွှေ့မပြောင်းဘဲ ရှိနေပြီ။

လုရွှမ်လည်း ဒီလောက်များတဲ့ ကျင့်ကြံသူတွေ သူ့အနောက်မှာ စုဝေးနေမယ်လို့ မမျှော်လင့်ထားသောကြောင့် ကျန့်ကျောက် နှင့် နတ်သမီးထျန်းယင်တို့ကို ဝိုင်းထားသော ပင်လယ်သားရဲများဆီသို့ တိုက်ရိုက် ခေါ်ဆောင်လာခဲ့လိုက်သည်။

လုံယီးနှင့် တိုက်ဟော်ဖုန့်တို့သည် တိတ်တဆိတ် စိတ်ဆိုးနေကြပြီ။ သူတို့သည် လုရွှမ်ထံမှ နတ်နဂါးနှင့် ဖီးနစ်တို့ ပုံပန်းသဏ္ဌာန် အစိတ်အပိုင်းများကို ရယူလိုခဲ့သည်။ တကယ်တော့ သူတို့ရဲ့ ဒီအရှိန်က မြန်ပေမယ့် လုရွှမ်ကိုတော့ လိုက်မမီနိုင်ဘူး ဖြစ်နေ၏။

သူတို့ ဘယ်လောက်ပဲ ခက်ခက်ခဲခဲ တွေးနေပါစေ မဟာသူတော်စင် ပထမအဆင့် သခင် လုရွှမ်ဟာ သူတို့ထင်ထားတဲ့ စွမ်းရည်ထက် လုံးဝ ကျော်လွန်သွားနိုင်တဲ့ အရှိန်အဟုန်နဲ့ ပျံသန်းနိုင်မယ် ဆိုတာကို သူတို့ စိတ်ကူးမယဉ်နိုင်ခဲ့ကြပါဘူး။

ဒါက ဘယ်လို မကောင်းဆိုးဝါးပါလိမ့်?

လုရွှမ် သူ့ရဲ့ခွန်အားကို မြှင့်တင်ပြီးတာနဲ့ သူတို့ဟာ သူ့ပြိုင်ဘက်တွေ ဖြစ်နေတုန်းပဲလို့ ဆိုနိုင်သေးရဲ့လား။

ဒီလူကို ဆန်းကြယ်ကောင်းကင်အိမ်တော်က တခါတည်း ခေါ်ယူခဲ့တယ်လို့ ကြားသိရပေမယ့် ကံမကောင်းစွာပဲ အခွင့်အရေးက မမှန်တဲ့အတွက် သူ အဲဒီကို မသွားခဲ့ပါဘူး။ ဒါပေမဲ့ ဆန်းကြယ်ကောင်းကင်အိမ်တော်က လူတွေက သူ့လိုပဲ တကယ်ကို အစွမ်းထက်​ကြတာလား။

"ငါတို့ ဘာလုပ်သင့်လဲ?"

လုံယီး သူ့စိတ်ထဲမှ မေးခွန်းကို ထုတ်မေးလိုက်သည်။ သူတို့နှစ်ယောက်ရဲ့ ခွန်အားနဲ့သာဆို လုရွှမ်ကို သူတို့ ဖမ်းနိုင်မှာ မဟုတ်ဘူး ဆိုတာ သူ နားလည်ပြီးသား ဖြစ်သည်။

တိုက်ဟော်ဖုန့်သည် လုံယီးရဲ့ စကား အဓိပ္ပာယ်ကို သိသော်လည်း သူမ စိတ်ထဲတွင် အလွန်အမင်း မကျေမနပ် ဖြစ်နေမိသည်။ လုရွှမ်ရဲ့ လျှို့ဝှက်ချက်ကို တခြားသူများ ထပ်သိသွားပါကလည်း ဖီးနစ်အမွေးက သူတို့နှစ်ဦးရဲ့ အပိုင်ဖြစ်နေဆဲပင်။

သူတို့ဂိုဏ်းမှာ ထူးထူးခြားခြား အဆင့်အတန်းရှိပေမယ့် ခွန်အားနဲ့ ပတ်သက်ရင် သူတို့ထက် သန်မာတဲ့သူတွေ အများကြီးရှိကြလေ၏။

All Chapters