လူခေါ်လိုက်ပြီ
Vol. 74 Ch. 4.621
"လူတွေ ခေါ်လိုက်တာပေါ့"
တိုက်ဟော်ဖုန့်က အော်လိုက်သည်။ လုရွှမ်ကြောင့် သူတို့ နှစ်ယောက် ရုန်းကန်နေကြတာကို မြင်လိုက်ရသဖြင့် သူမသည် အလောင်းအစား လုပ်ရန်သာ ရွေးချယ်နိုင်ခဲ့သည်။
အနည်းဆုံး တစ်ယောက်ယောက်ကို ခေါ်ပြီး ကူတိုက်ခိုင်းလိုက်ရင် အကောင်းဆုံး ရတနာကို မရနိုင်ရင်တောင် အနည်းဆုံး လုရွှမ် မလွတ်မြောက်သွားအောင် လုပ်နိုင်လိမ့်မည်။
လုရွှမ် သူ့အရှိန်ကို မြှင့်တင်လိုက်တာကြောင့် သူတို့နှစ်ယောက်ရဲ့ အရှိန်က လျော့ကျသွားသည်။ လုရွှမ် အနေနဲ့ သူတို့နှစ်ယောက် ခွန်အားမရှိတော့ဘူးလို့ မထင်ထားမိပါဘူး။ သူတို့ တစ်ခုခုကို စီစဉ်နေတာ ဖြစ်ကောင်းဖြစ်နိုင်တယ်။
မကြာခင်မှာဘဲ လုရွှမ်ဟာ သူ့အရှေ့ကနေ ပြေးလာနေတဲ့ တစ်စုံတစ်ယောက်ကို လှမ်းတွေ့လိုက်ရ၏။ သူ့စိတ်ထဲမှာ လှောင်ရယ်လိုက်မိသည်။ ဒီလူနှစ်ယောက်က လူတွေကို တကယ် ခေါ်နိုင်လိုက်တာပဲ။
ယခု အကွာအဝေးကို တွက်ချက်ပါက ကျန့်ကျောက်နဲ့ သိပ်မဝေးတော့ပေ။ နေ့တစ်ဝက်အတွင်း အဲဒီကို ရောက်နိုင်ပြီ။ လုရွှမ် ရုတ်တရက် အရှိန်ထပ်မြှင့်လိုက်ပြီး သူ့လက်ထဲ၌ အာကာသသလင်းကျောက် နှစ်လုံးကို ဆုပ်ကိုင်ထားသည်။
လုရွှမ်သည် ယခင်က စွမ်းအားအမျိုးမျိုးဖြင့် ထောက်ပံ့ခံရပြီး ကောင်းကင်ယံက နတ်မိုးခြိမ်းသံကြောင့် မိုးကြိုးနိယာမများ တုန်ခါသွားကာ လေပြင်းနိယာမလည်း အရှိန်တိုးလာတာကြောင့် အလွန်ဝမ်းသာသွားခဲ့သည်။ အရှိန်မြှင့်ချင်တယ် ဆိုရင်တော့ အကောင်းဆုံး နည်းလမ်းက သဘာဝကျကျ အာကာသသလင်းကျောက်ပဲ ဖြစ်သည်။
ဘယ်လိုသုံးရမှန်း မသိပေမယ့် အခု စမ်းသုံးကြည့်ဖို့ အခွင့်ကောင်းတစ်ခုက ရောက်လာပြီ။ လုရွှမ် သူ့ခန္ဓာကိုယ်ထဲမှ နတ်မိုးခြိမ်းသံများကို ထွက်ပေါ်လာစေသည်။ အာကာသသလင်းကျောက်ကို သူ့လက်ထဲတွင် ကိုင်ဆောင်ထားရင်း လေပြင်းနိယာမကိုပါ ပေါင်းစပ်လိုက်တဲ့အခါ သလင်းကျောက်တွေ တပြိုင်နက်တည်း ပေါက်ကွဲသွားလေသည်။
သေချာတာပေါ့။ အဲဒီပေါက်ကွဲသံနဲ့အတူ လုရွှမ်ရဲ့ ခန္ဓာကိုယ်လည်း ပျောက်သွားခဲ့သည်။ ဒါက သူ့နောက်ကို လိုက်လာနေသော လူအများကို အံ့အားသင့်စေခဲ့သည်။
လုရွှမ် ဘယ်ရောက်သွားတာလဲ?
ပေါက်ကွဲသံကို ကြားလိုက်ပြီးနောက် လုရွှမ် ပျောက်သွားတာပဲ!
လုရွှမ် နှစ်ကြိမ်ဆက်တိုက် တံတွေးတွေကို ထွေးထုတ်လိုက်သည်။ နည်းနည်းရှက်စရာ ကောင်းပေမယ့် စမ်းသပ်မှုက အောင်မြင်သွားခဲ့သည်။ သူ့လက်ဖဝါးပေါ်က ဒဏ်ရာကို ကြည့်ပြီးနောက် လုရွှမ် မျှော်လင့်ထားသည့်အတိုင်း လက်လျှော့လိုက်သည်။
"သူ အောက်မှာ!"
တစ်စုံတစ်ယောက်က လုရွှမ်ရုပ်ပုံကို နောက်ဆုံးတွင် ရှာဖွေတွေ့ရှိသွားခဲ့သည်။
လုရွှမ် ဘာ့ကြောင့် အောက်ကို ဆင်းသွားရတာလဲ ဆိုတာကို မသိသော်လည်း ဒါကတစ်ဖွဲ့လုံး သူ့ကို ဝန်းရံထားလိုက်ဖို့ အခွင့်အရေးကောင်း တစ်ခုပဲ ဖြစ်သည်။
ရုပ်ပုံ ၆ခုသည် လျင်မြန်စွာ ဖြတ်ပြေးသွားကာ ရှည်လျားသော ပုံရိပ်များကို ချန်ရစ်ထားခဲ့သည်။
လက်ဝဲဘက်ရှိ လူသုံးယောက်လုံးက မီးလျှံများဖြင့် ဖုံးလွှမ်းနေသည်။ ၎င်းတို့မှာ ဖီးနစ်အသိုက်မှ လူများဖြစ်ပြီး နတ်သမီး သုံးဦးဖြစ်သည်။ သို့သော အခု သူတို့ သုံးယောက်ထဲက တစ်ယောက်မှာမှ နတ်သမီးနဲ့တူတဲ့ အငွေ့အသက်မျိုး လုံးဝ မရှိဘဲ လုရွှမ်အား အသားတုံးကို ကြည့်နေတဲ့ ခွေးတစ်ကောင်လို ကြည့်နေကြလေ၏။
ညာဘက်ခြမ်းရှိ လူသုံးဦးစလုံးသည် ပြင်းထန်သော စိမ်းပြာရောင် နဂါးရောင်ဝါများ ထွက်ပေါ်လာပြီး မျက်လုံးများကို ပြူးကျယ်ထားကြသည်။
ဒါက နည်းနည်း ရူးသွပ်လွန်းတယ်။
သို့သော် လုံယီးသည် အနည်းငယ် မာနကြီးသော်လည်း သူသည် ဤအရာနဲ့ ပတ်သက်ရင်တော့ ဘယ်သောအခါမှ ဟာသလုပ်မည် မဟုတ်ပေ။ သူတို့အတူတကွ နေထိုင်ကတည်းက လုံယီးရဲ့ သဘောသဘာဝကို အားလုံး သိကြပါသည်။ ဤသူသည် တွန့်တိုသော ပုဂ္ဂိုလ် ဖြစ်၏။
လုရွှမ်သည် မြေပြင်သို့ ခုန်ဆင်း၍ သူ့ဆီသို့ အပြေးအလွှား ရောက်ရှိလာသော လူ၆ယောက်ကို မြင်သောအခါ သူ့စိတ်ထဲ တုန်လှုပ်သွားခဲ့သည်။ အဲဒီလူတွေဟာ ကျင့်ကြံခြင်းနဲ့ ပတ်သက်လျှင် လုံယီးနဲ့ တိုက်ဟော်ဖုန့်တို့ထက် မနိမ့်ပေ။
နဂါးရေငွေ့တောင်နှင့် ဖီးနစ်အသိုက်တို့တွင် သခင်များစွာ ရှိသည်။ လုရွှမ် သူ့ရဲ့ ထင်မြင်ယူဆချက်အရ ကောင်းကင်အောင်ခြင်းဂိုဏ်း တစ်ခုလုံးတွင် လုံယီး သို့မဟုတ် တိုက်ဟော်ဖုန့်လို ခွန်အားရှိသောလူ ငါးဦးထက် ပိုမည်မဟုတ်ကြောင်း သိပေ၏။
ဂိုဏ်းနှစ်ခုက ပေါ့ပေါ့ပါးပါးပဲ နှုတ်ဆက်လိုက်ကြပြီး အနီးဆုံးမှ လူလေးယောက် ပြေးချလာသည်။ ထိပ်တန်း တိုက်ခိုက်ရေးစွမ်းအားနဲ့ ပြောရရင် ဒီဂိုဏ်းနှစ်ခုက တကယ်ကို လုံလောက်တဲ့ စွမ်းအားတွေ ရှိကြလေသည်။
စူးစူးဝါးဝါး အော်သံနှင့်အတူ နောက်ထပ် အလင်းတန်း တစ်ခုသည် သူတို့ဘက်သို့ လျင်မြန်စွာ ပြေးချလာကာ ထိုလူခြောက်ယောက်ထက် မနှေးပေ။ ဓားစွမ်းအင်က တဖျပ်ဖျပ်တောက်ပြီး လူမရောက်လာမီ အသံကိုအရင် ကြားလိုက်ရသည်။
"ဟေး... အရမ်းအသက်ဝင်နေပါလား? မင်းဒီမှာဘာလုပ်နေတာလဲ? နဂါးရေငွေ့တောင်နဲ့ ဖီးနစ်အသိုက်က လူခြောက်ယောက်က မဟာသူတော်စင် ပထမအဆင့်ပဲရှိတဲ့ ကျင့်ကြံသူတစ်ယောက်ကို ဝိုင်းထားတယ်တဲ့... ဟားဟားဟား... မင်းတို့အားလုံး အရှက်ရော ရှိကြသေးရဲ့လား?"
ရောက်လာတဲ့လူက သူကောင်းတာ တစ်ခုခုကို လုပ်နေပုံဖြင့် ဆိုလေ၏။ သူစကားမဆုံးခင်မှာ ဓားစွမ်းအင် ခြောက်ခုက ဖြာထွက်လာပြီး လူခြောက်ယောက်ကို ထိမှန်သွားသည်။
“ဒါ ဓားနတ်ဆိုးပဲ”
လုရွှမ်နောက်ကို လိုက်လာသူများထဲက တစ်ယောက် ထိုလူ၏ အထောက်အထားကို အော်ဟစ်၍ ကြေညာပေးလိုက်သည်။
ဓားနတ်ဆိုးသည် မျိုးဆက်သစ် လူငယ်များကြားတွင် ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်သည်။ ဓားကိုထောက်၍ ဘာကိုမှ ဂရုမစိုက်ဘဲ သတ်ဖြတ်ကစားသူ ဖြစ်၏။ သူက နတ်မီးနယ်ပယ်က သခင်တွေနဲ့လည်း ယှဥ်ပြိုင်ခဲ့ဖူးသည်။
သေချာသလောက်က နတ်မီးနယ်ပယ် သခင်တွေဆီကနေ သူအရိုက်ခံရပေမယ့် ဆယ်နှစ်အတွင်း နတ်မီးနယ်ပယ်ကို သေချာပေါက် ဝင်နိုင်မယ်လို့ အကဲဖြတ် ခံထားရ၏။
ယခုဆိုလျှင် ဆယ်နှစ်မြောက် ဖြစ်နေပြီဖြစ်ပြီး ဓားနတ်ဆိုးသည် နတ်မီးနယ်ပယ်အောက်တွင် နံပါတ်တစ် ကျင့်ကြံသူဟု လူအများက ပြောနေကြသည်။
လုရွှမ်လည်း ဓားစွမ်းအင် ခြောက်ချောင်းကို ကြည့်၍ ဤကမ္ဘာကြီးသည် အလွန်ကြီးမားပြီး သခင်များစွာ ရှိနေကြောင်း သဘောပေါက်လိုက်သည်။
သူ ယခင်က မောက်မာစွာဖြင့် ဖန်တီးခဲ့သော ယွမ်ယန်ဓားကိုးစင်းသည် ကြီးကျယ်သော အောင်မြင်မှုတစ်ခု ဖြစ်နေပြီဖြစ်သည်။ ယခု ဤဓားနတ်ဆိုး၏ ဓားရှည်စွမ်းရည်ကို ကြည့်လိုက်လျှင် ယွမ်ယန်ဓားကိုးစင်းထက် အနည်းငယ်မျှပင် နိမ့်ကျမနေပေ။ လှုပ်ရှားမှုက သူ့ထက်ပင် အားကောင်းနေသေးသည်။
ထင်ထားတဲ့အတိုင်း သူသည် ဓားတစ်သောင်းဂိုဏ်းက တပည့်တစ်ဦးဖြစ်ပြီး ဓားကျင့်စဥ်နဲ့ ပတ်သက်လျှင် သူ့ရဲ့နားလည်မှုက တခြားဂိုဏ်းများထက် သာလွန်လေသည်။
လုံယီးသည် ယခင်က လျှို့ဝှက်နတ်နဂါးဓားသိုင်းကို အသုံးပြုခဲ့သည်။ အကယ်၍ သူာ ဤလူနှင့် တိုက်ခိုက်ပါက ဆယ်ကွက်မြောက် မရောက်ခင်မှာပဲ ကျိန်းသေ အသတ်ခံရနိုင်၏။ လူခြောက်ယောက်ကတော့ ဓားနတ်ဆိုး၏ ဓားစွမ်းအင်ကို လျင်မြန်စွာ တားဆီးလိုက်ကြသည်။
လုံယီး ရှေ့ထွက်ကာ ကျယ်ကျယ်လောင်လောင် အော်ဟစ်လိုက်သည်။
"ဓားနတ်ဆိုး... မင်း တခြားသူတွေရဲ့ လုပ်ငန်းမှာ ဝင်မစွက်ဖက်တာ ပိုကောင်းမယ်"
ထို ဓားနတ်ဆိုးက လှောင်ပြောင်ရယ်မောရင်း
"ငါ သည်းမခံနိုင်တော့လို့ လှုပ်ရှားလိုက်တာ... မင်း တခြားသူတွေရဲ့ စီးပွားရေးမှာ ဝင်စွက်ဖက်မှာကို ဂရုမစိုက်ပါဘူး... အခုငါနဲ့ တစ်ပွဲလောက် တိုက်ကြည့်ကြမယ်လေ ဘယ်လိုလဲ"
"မင်းတို့ခြောက်ယောက်ရဲ့ ခွန်အားက ဝမ့်ရှန်းကမ္ဘာ တစ်ခုလုံးမှာရှိတဲ့ မျိုးဆက်သစ် လူငယ်တွေကြားထဲမှာ ထိပ်တန်းသခင်တွေ ဖြစ်နေတယ်မလား? ငါ့ကို တိုက်ဖို့ သင့်တော်ပါတယ်... လာ ငါအရမ်းကို စောင့်မျှော်နေတယ်..."
"ဒါပေါ့ မင်းတို့ခြောက်ယောက် အတူတူ တိုက်ခိုက်လည်း ငါစိတ်မရှိပါဘူး"
လုံယီး အေးစက်စွာ နှာမှုတ်လိုက်သည်။ လုရွှမ်က သူ့ကိုယ်သူ အားနည်းတယ်လို့ ထင်သောကြောင့် အမှားလုပ်မိပြီး မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။ ဒါကြောင့် သဘာဝအတိုင်း သူ လုရွှမ်ကို ချက်ချင်း သတ်ပစ်နိုင်မယ်လို့ ထင်ထားခဲ့သည်။
လမ်းမှာ ဓားနတ်ဆိုးတစ်ကောင် ပေါ်လာပြီး သူတို့ရဲ့ အစီအစဥ်ကောင်းကို ဖျက်ဆီးပစ်မယ်လို့ ဘယ်သူက ထင်မှာလဲ။
လုရွှမ်တစ်ယောက် သူ့ခွန်အားတွေကို အေးအေးဆေးဆေး ပြန်လည် ကောင်းမွန်လာအောင် လုပ်နိုင်သွားတညကို မြင်လိုက်ရသဖြင့် လုံယီးမှာ ဒေါသထွက်ချင်ပေမယ့် မထွက်နိုင်ဘဲ ဖြစ်နေသည်။
လုံယီး တခြားသူတွေကို ကြည့်လိုက်သည်။
"ဟမ့်... ဓားနတ်ဆိုး မင်းရဲ့ဓားပညာက တော်တော်လေး အစွမ်းထက်ပါတယ်... ဒါပေမဲ့ ဝမ့်ရှန်းကမ္ဘာမှာ ဘယ်ဟာက ပိုအစွမ်းထက်လဲ? မင်းတို့ဓားတစ်သောင်းဂိုဏ်းက ကောင်းကင်ဓားလား ဒါမှမဟုတ် ငါတို့ရဲ့ လျှို့ဝှက်နတ်နဂါးဓားသိုင်း ဆိုတာကို ခဏနေရင် တွေ့ကြတာပေါ့"
နဂါးရေငွေ့တောင်မှ တပည့်တစ်ယောက်က လှမ်းအော်လိုက်ပြီး သူ့နောက်မှ ဓားရှည်တစ်ချောင်းကို ထုတ်ကာ အလွန်စိတ်လှုပ်ရှားနေပုံရလေသည်။
ဓားနတ်ဆိုး၏ မျက်လုံးများလည်း တောက်ပလာပြီး သူက လက်ခုပ်တီးလိုက်ကာ ပြန်အော်ပြောလိုက်သည်။
"ကောင်းပြီ ဒီကညီအစ်ကိုက ယောက်ျားကောင့်း တစ်ယောက်ပဲ....ယောကျာ်းဆိုတာ စိန်ခေါ်မှုတွေကို မကြောက်ရဘူးကွ!"
လုံယီးရဲ့ အမူအရာက ပြောင်းသွားပြီး
"ဓားသိုင်းပြိုင်ပွဲမှာ မင်းသူနဲ့မယှဉ်နိုင်ဘူး"
အော်ပြောပြီးနောက် နောက်ထပ် စကားတွေကို ထပ်မပြောနိုင်တော့ပေ။ နောက်ဆုံးအနေနဲ့ သူတို့ရဲ့ဓားသိုင်း ကျွမ်းကျင်မှုကို တစ်ယောက်ယောက်က သင်ယူသွားမှာကို စိုးရိမ်နေရပြီး တကယ် သင်ယူတက်မြောက်သွားပါက ပြီးပြည့်စုံတဲ့ ဟာသတစ်ခု ဖြစ်သွားလိမ့်မည်။
ထိုလူက အေးစက်စွာ ဟစ်အော်လိုက်ပြီး
"ဆရာတူအကိုကြီးလုံယီး... ကျန်းရှန်း ကျွန်တော့်ရဲ့ကိစ္စနဲ့ ပတ်သက်ပြီး အစ်ကိုလာပြီး ဆုံးဖြတ်ချက်ချဖို့ မလိုဘူး"
လုံယီး ဒေါသထွက်သွားသော်လည်း သူဘာမှ မတတ်နိုင်ပေ။ ဓားနတ်ဆိုးက တခစ်ခစ်ရယ်ကာ လုံယီးဘက်သို့ ဓားအလင်းဖြင့် လွှဲခုတ်လိုက်ပြီး
"လုံယီး... သူ့ကို ခိုးကြောင်ခိုးဝှက်နဲ့ တိုက်ခိုက်ဖို့ မစဉ်းစားနဲ့ အခု မင်းတို့ငါ့ကို အနိုင်မယူနိုင်ခင် သူ့ကို တိုက်ခိုက်ရဲတဲ့သူက ငါ့ရန်သူပဲ... ဟမ့် ငါ့ရန်သူဆိုရင် ဘာဖြစ်လာမယ်ဆိုတာ မင်းတို့ နားလည်ထားသင့်တယ်"