ဓားနတ်ဆိုး
Vol. 74 Ch. 4.622
ထိုစကားများ ထွက်လာသည်နှင့် တပြိုင်နက် လုံယီးသာမက ရှိနေသူအားလုံး၏ အမူအရာများ ပြောင်းလဲသွားတော့သည်။
ဓားနတ်ဆိုးနဲ့ ယှဉ်ပြိုင်ခဲ့သူ အများအပြား ရှိခဲ့ပြီး တချို့မှာ နောက်ဆုံးတွင် သူ့သူငယ်ချင်းများပင် ဖြစ်ခဲ့ကြသည်။ သို့သော် ဓားနတ်ဆိုးနဲ့ ရန်သူဖြစ်လာတဲ့ သူတွေအတွက်ကတော့ ကံကြမ္မာက တစ်ခုပဲရှိတယ်။ အဲဒါက သေခြင်းတရားပဲ။
လုံယီးရဲ့ မျက်နှာသည်လည်း ဖြူဖျော့သွား၏။ ဓားသိုင်းမှာ အစွမ်းထက်မြတ်သူဟု မိမိကိုယ်ကို ဂုဏ်ယူနေထဲ့သော်လည်း ဓားနတ်ဆိုးနှင့် နှိုင်းယှဥ်ကြည့်လျှင် ကွာဟချက်က ရှိသေးသည်။
သူ့မှာ ဘာမှပြန်မပြောနိုင်ဘဲ ဒေါသတွေ အပြည့်နဲ့သာ အံကြိတ်နေရတော့သည်။
လုရွှမ်မှာ သက်ရှိရတနာတစ်ပါး ထွက်လာလိမ့်မည်ဟု မမျှော်လင့်ထားသော်လည်း ကူညီပေးမယ့် တစ်စုံတစ်ယောက် ရောက်ရှိလာခဲ့ပြီမို့ ခေတ္တအနားယူပြီး သူ့ခွန်အားကို ပြန်လည်ကုစားရမည်။ ဒါ့အပြင် အဲဒီလူတွေရဲ့ ဓားသိုင်းတွေကိုပါ လေ့လာရမည်။
လုံယီး စိတ်ပူနေတာကလည်း လုရွှမ် ဓားသိုင်းပညာကို တစ်ချက်ကြည့်ရုံနဲ့ သိလိုက်တဲ့ အချက်ပါပဲ။ သူတကယ်ကို စိတ်ပူတာ မှန်နေတဲ့အထိ လုရွှမ်က စောင့်ကြည့်ဖို့ကြိုးစားနေပြီ။
တကယ်တော့ ကန့်သတ်ချက်တွေလည်း ရှိပါ၏။ လုရွှမ်ရဲ့ ဓားသိုင်းပညာနဲ့ ပတ်သက်ပြီး နားလည်မှုက အရမ်းအဆင့်မြင့်နေပြီ။ ဒါကြောင့် တချို့သော ဓားသိုင်းပညာက ဒီလောက်အဆင့်မမြင့်ဘူး ဆိုတာကို သိမြင်ပြီးနောက်မှာ သူက သဘာဝကျကျ ဓားကျင့်စဥ်အပေါ် ပိုနားလည်နိုင်ခဲ့ပြီး တစ်ချက်တည်းနဲ့ ထိုဓားသိုင်းပညာကို ခိုးယူခဲ့ကာ တိုးတက်မှုတွေ ရအောင်လည်း လုပ်လိုက်ပေ၏။
ဒါပေမဲ့ ဓားသိုင်းပညာအဆင့်က အရမ်းမြင့်တယ် ဆိုရင်တော့ လုရွှမ်လည်း တစ်ချက်တည်းနဲ့ နားလည်ဖို့ မဖြစ်နိုင်ပါဘူး။ လုရွှမ်က ပါရမီရှင် ဖြစ်သော်လည်း အရာရာကို တက်မြောက်နေတဲ့ ပါရမီရှင်တော့ မဟုတ်ပေ။
ယခင်က လျှို့ဝှက်နတ်နဂါးဓားသိုင်းနဲ့ ပတ်သက်၍ ပြောရလျှင် လုရွှမ်၌ စိမ်းပြာနဂါး နှလုံးနဲ့ အရိုးကြီး ရှိထားပြီးသား ဖြစ်သောကြောင့် နဂါးရေငွေ့တောင်မှ ဖန်တီးထားသော ဓားသိုင်းပညာကို သဘာဝအတိုင်း ရင်းနှီးပြီး နားလည်သဘောပေါက်နိုင်တာ ဖြစ်သည်။
လုံယီးမျက်နှာက ပူလောင်နေပြီ။ ကျန်းရှန်းသည် သူ့အား လုံးဝမျက်နှာသာမပေးဘဲ စိန်ခေါ်စကားများကို တိုက်ရိုက်ပြောခဲ့သည်။ အားလုံးက ရယ်ရယ်မောမောနဲ့ ဒီကိုကြည့်နေကြပြီ။
တစ်စုံတစ်ယောက်က မင်းကို စိုက်ကြည့်ပြီး မင်းရဲ့ဓားပညာကို တစ်ဖက်သားက သင်ယူသွားမယ်ဆိုရင် တကယ်ရယ်စရာ ကောင်းတယ်နော်။
လုံယီး ဒါကို တွေးသာ တွေးသာတွေးနိုင်၏။ ဒီအချိန်မှာသာ သူ့စကားတွေ ပျံ့နှံ့သွားရင် ဝမ့်ရှန်းကမ္ဘာ တစ်ခုလုံးမှာ ဟာသကြီး ဖြစ်သွားနိုင်သည်။
"လာ.... တိုက်ကြစို့!"
ဓားနတ်ဆိုးက အနည်းငယ် စိတ်ဆိုးလာပြီး ကျန်းရှန်းကို ဟစ်အော်လိုက်သည်။
တစ်ဖက်ကလည်း တိုးတိုးလေး ဟစ်အော်ပြီး သူ့ဓားနဲ့ လွှဲခုတ်လိုက်သည်။ စူးရှသော အလင်းတန်း တစ်ခုသည် ဓားနတ်ဆိုးဆီသို့ ထိုးဖောက် ဝင်ရောက်လာပြီး ဓားစွမ်းအင်သည် လေထုအလယ်တွင် အလိုအလျောက် စုစည်းကာ အစိမ်းရောင် နဂါးငယ်လေး အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ စိမ်းပြာနဂါးသည် ဟောက်ကာ ပါးစပ်ကို ကျယ်ကျယ်ဖွင့်ကာ ဓားနတ်ဆိုးအား ကိုက်ချလိုက်ပေ၏။
“ဘယ်လိုလှည့်ကွက်ကြီးလဲ!”
ဓားနတ်ဆိုးက အော်ဟစ်ပြီး ဓားတစ်ချောင်းတည်းနဲ့ ခုတ်ထစ်ခဲ့ပေမယ့် သိသိသာသာ အရှိန်အဟုန် မရှိပုံပေါ်လေသည်။
သို့သော်လည်း ကျန်းရှန်း၏ စိမ်းပြာနဂါးသည် ဓားနတ်ဆိုး၏ ဓားစွမ်းအင်ကို ထိမှန်ပြီးနောက် ၎င်းသည် ပင်လယ်ရေထဲသို့ ဝင်ရောက်သွားသော မီးတောက်ကဲ့သို့ လှိုင်းများပင် မဖြစ်သွားဘဲ တိုက်ရိုက် ငြိမ်းသွားခဲ့သည်။
"နဂါးက ပုံသဏ္ဌာန်ရှိပေမယ့် ဝိညာဉ်မရှိဘူး.... ဒါကြောင့် အသုံးမ၀င်ဘူးကွ!"
ဓားနတ်ဆိုးက အော်ဟစ်လိုက်သည်။
လုရွှမ် လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။ ဒီဓားနတ်ဆိုးက တကယ်ကို ထက်မြက်တဲ့ အမြင်ရှိတာပဲ။ သူပြောတာ မှန်သည်။ လုံယီးလိုပဲ ကျန်းရှန်းရဲ့ ဓားသိုင်းလိုပဲ နတ်နဂါးပုံသဏ္ဌာန်ရှိပြီး အလွန်ကွက်ကွက်ကွင်းကွင်း ပြောင်းလဲသွားသော်လည်း ၎င်းတွင် စိမ်းပြာနဂါးရဲ့ အရှိန်အဟုန် မရှိတဲ့အပြင် တောက်ကျင့်စဥ် ပုံစံကလည်း ကျက်သရေလည်း မရှိပေ။
သို့သော် လုံယီးနှင့် နှိုင်းယှဉ်ပါက တိုးတက်မှု အနည်းငယ် ရှိလာသည်။ သူ ထုတ်လွှတ်လိုက်သော ဓားစွမ်းအင်သည် လေထုအလယ်၌ပင် သိသိသာသာ ပေါင်းစပ်သွားခဲ့၏။
ကျန်းရှန်းရဲ့ မျက်နှာက ဖျော့တော့သွားသည်။ တစ်စုံတစ်ယောက်က အခုလို ပြောလာတာကို သူကြားခဲ့ရပေမယ့် ထိုလူသည် သူ့ဆရာသခင် ဖြစ်လေသည်။
ဒါပေမဲ့ စိမ်းပြာနဂါး အသွင်ပြောင်းပြီး တောက်ကျင့်စဥ်ကို ကျက်သရေရှိအောင် ဓားစွမ်းရည်ကို ဘယ်လိုအသုံးချရမလဲ။ ဒါက နဂါးရေငွေ့တောင်မှာရှိတဲ့ သခင်တော်တော်များများက ခက်ခက်ခဲခဲ တွေးနေကြပေမယ့် အဖြေမရှိတဲ့အရာပဲ ဖြစ်သည်။
အခုချိန်မှာတော့ ရွယ်တူချင်းတစ်ယောက်က ဒီလိုပြဿနာကို ဝတ်လစ်စားလစ် ထုတ်ဖော်ပြောဆိုလာခဲ့ပါပြီ။
ကျန်းရှန်းမှာ သူ့မျက်နှာ ပူလောင်သွားသလို ခံစားလိုက်ရပြီး
"ကျက်သရေမရှိရင်တောင် ငါမင်းကို သတ်နိုင်လိမ့်မယ်.... လျှို့ဝှက်နတ်နဂါးဓားသိုင်း ပထမဆုံးလှုပ်ရှားမှု... နတ်နဂါး ပေါ်ထွက်စေ!"
လုရွှမ်၏ မျက်လုံးများ တောက်ပလာပြီး တစ်ဖက်လူရဲ့ ဓားသိုင်းကို သေသေချာချာ စိုက်ကြည့်နေပေသည်။ လုံယီးရဲ့ ဓားကျွမ်းကျင်မှုအပေါ် အခြေခံ၍ အတုယူကာ ကောင်းမွန်သော တိုးတက်မှုများ ပြုလုပ်ထားသော်လည်း ၎င်းကိုယ်တိုင်က လုံယီးကိုယ်ပိုင်ရဲ့ နားလည်မှုအပေါ် အခြေခံထားတာ ဖြစ်၏။
လုံယီးရဲ့ ကိုယ်ပိုင်ဥာဏ်များနဲ့ နားလည်ထားတဲ့ ဓားလမ်းကြောင်းက လမ်းလွဲသွားပါက လုရွှမ်ဟာ သူ့ဓားသိုင်းက ပိုမိုတိုးတက် ကောင်းမွန်လာရန် နေရာတစ်ခု လိုအပ်ကြောင်း သဘာဝကျကျ နားလည်ထားသည်။
လုံးယီသည် လုရွှမ်ကို စိုက်ကြည့်နေသည်။ သူ လုရွှမ်ရဲ့ မျက်လုံးများကို ကြည့်လိုက်တာနဲ့ ထိုလူရဲ့ အစီအစဉ်ကို သူမသိရတဲ့အထိတော့ မတုံးအပေ။ သူ့စိတ်ထဲတွင် ဒေါသနှင့် စိတ်အနှောက်အယှက်တွေ ဖြစ်လာခဲ့သည်။ လုရွှမ်အပေါ် မကျေနပ်မှု၊ သူ့ဆရာတူညီလေးက သူ့အပေါ် မရိုမသေလုပ်မှုတွေကြောင့် သူ့စိတ်ထဲတွင် မီးတောက်များ လောင်ကျွမ်းလုနီးပါး ဖြစ်နေသည်။
ထိုအခိုက် သူ့လက်သီးတစ်ဖက်ကို ဆုပ်ကိုင်လာတာကြောင့် နောက်ပြန် လှည့်ကြည့်လိုက်တော့ တိုက်ဟော်ဖုန့် ဖြစ်နေ၏။ သူမက ခေါင်းကို အနည်းငယ် ခါယမ်းလိုက်ပြီး
"ခဏစောင့်! သူတို့ ဒုက္ခရောက်အောင် လုပ်ပြမယ်!"
လုံယီးသည် အသက်ပြင်းပြင်း ရှူကာ ခေါင်းညိတ်ပြရင်း ကျေးဇူးတင်စွာ ပြုံးပြလိုက်သည်။ ကံကောင်းထောက်မစွာနဲ့ တိုက်ဟော်ဖုန့်က ဤနေရာတွင် ရှိနေသေးသည်။ သူတို့နှစ်ဦးသည် တူညီသော စိတ်တစ်ခုရှိကာ မကြာခဏ အတူတူ ကစားခဲ့ကြသောကြောင့် တစ်ယောက်စိတ်ကို တစ်ယောက် သဘာဝကျကျ နားလည်ကြသည်။
"ဖြတ်!"
ကျန်းရှန်း ကျယ်လောင်စွာ အော်လိုက်သည်။
သူ့ဓားစွမ်းအင်ကို ထုတ်လွှတ်လိုက်သည်နှင့် တပြိုင်နက် လေထုအတွင်း ပြင်းထန်သော လှိုင်းလုံးများက တုန်ခါသွားလေသည်။ ရုတ်တရက် ကောင်းကင်ယံ၌ တိမ်တိုက်များ အစီအရီ ရွေ့လျားလာ၏။
ဝူး!
နဂါးဟောက်သံကြီး ထွက်ပေါ်လာသည်။ ကျန်းရှန်း လက်ထဲက ဓားစွမ်းအင်ဖြင့် နဂါးအမြီးသည် လေထုထဲ၌ ထွက်ပေါ်လာခဲ့သည်။
ထို့နောက် သူသည် သူ၏ဓားကျွမ်းကျင်မှုကို လျင်မြန်စွာ ရောယှက်လိုက်ရာ နတ်နဂါးသည် ရှေ့မှ နောက်သို့ တဖြည်းဖြည်း အသွင်သဏ္ဌာန် ဖြစ်ပေါ်လာသည်။
ထိုအရှိန်အဝါ ထွက်လာသည်နှင့် တပြိုင်နက် အနီးနားတွင် စောင့်ကြည့်နေသော ကျင့်ကြံသူ များစွာတို့သည် တစ်ယောက်ပြီး တစ်ယောက် အလျင်အမြန် ထွက်ခွာသွားကြသည်။ အရှိန်အဟုန်က ပြင်းထန်လွန်းနေပါ၏။ ကျန်းရှန်းတို့အားလုံးက ကောင်းကင်ဘုံသခင် နယ်ပယ် ဒါမှမဟုတ် အထက်မှာ ရှိနေကြတာမို့ သူတို့ရဲ့ နှလုံးသားထဲမှာ အကြောက်တရားတွေ တိုးလာနေတာကို သဘာဝအတိုင်း ခံစားနိုင်ကြသည်။
ဓားစွမ်းအင်ဖြင့် ပျံ့နှံ့နေသော အကျပ်အတည်းကို သူတို့ ရှင်းရှင်းလင်းလင်း ခံစားရနိုင်သည်။
သူတို့သာ ဓားနတ်ဆိုးဘက်မှာ နေမိသွားရင် ဘယ်လိုလုပ်ရတော့မလဲ ဆိုတာကို မတွေးတောဘဲ မနေနိုင်တော့ပေ။ ယခုအခါ လူတိုင်း၏ မျက်နှာမှာ ချွေးများ စီးကျလာနေပြီး ဘာလုပ်ရမှန်းမသိဘဲ မိမိတို့၏ စိုက်ထုတ်မှုဖြင့်သာ ခက်ခက်ခဲခဲ ရုန်းကန်နေနိုင်သည်။
ဒီဓားသိုင်းက ပြီးပြည့်စုံနေတာ ထင်ရှားပါ၏။
သို့သော် ဓားနတ်ဆိုးက ဟစ်အော်ကာ တူညီသောဝါကျကိုသာ ပြောလာခဲ့သည်။
“ရုပ်ရှိပေမယ့် ဝိညာဉ်မရှိဘူး!”
သူ့ဓားရှည်ကို ထုတ်လိုက်သောအခါတွင် ၎င်းသည် သူ့ပတ်ပတ်လည်တွင် အဆက်မပြတ် မရွေ့လျားသွားဘဲ တစ်ပိုင်းတည်း ပေါက်ထွက်သွားသည်။
အစက ကျန်းရှန်း တစ်ဝိုက်တွင် စုစည်းထားခဲ့သော တိမ်တိုက်များသည် ရုတ်တရက် မည်းမှောင်လာပြီး မိုးခြိမ်းသံများက ဓားနတ်ဆိုးရဲ့ ဓားရှည်ထဲသို့ ပေါင်းစပ်သွားလေသည်။
သူ့ဓားရှည်သည် အနက်ရောင်ဖြစ်ပြီး လူအများ၏ ဓားရှည်များနှင့် ကွဲပြားသော်လည်း ယခုအချိန်တွင်မူ သူ့ဓားကို မိုးကြိုးထိလိုက်တာနဲ့ လူတွေဟာ ဓားနတ်ဆိုးရဲ့ ဓားက ထူးခြားတဲ့ ဓားတစ်လက်ပဲ ဆိုတာ သိလိုက်ရ၏။
လျှပ်စီးကြောင်းများ အောက်တွင် ဓားရှည်သည် အနက်ရောင် အလင်းများဖြင့် တောက်ပလျက် ရှိသည်။
"သွား!"
ပေါ့ပေါ့ပါးပါး ဓားစွမ်းအင်ကို ဓားနတ်ဆိုးက ခုတ်ထစ်ပြီး ပျံနေတဲ့ နဂါးကို ရင်ဆိုင်လိုက်လေသည်။
နတ်နဂါးသည် ရှည်လျားစွာ အော်ဟစ်လိုက်၏။ ဓားနတ်ဆိုးရဲ့ ဓားကို ထိလိုက်သောအခါ နတ်နဂါးက အော်ဟစ်သံအဖြစ် ပြောင်းလဲသွားကာ လေထုထဲမှာပဲ တိတ်တဆိတ် ပျောက်ကွယ်သွားလေသည်။
"ဒါကို မင်းရဲ့ နတ်နဂါးပေါ်ထွက်စေလို့ ခေါ်တာလား? ဘယ်လိုကြီး ပေါ်လာပါလိမ့်? ရှက်စရာကြီး!"
ဓားနတ်ဆိုးက မသိမသာ လှောင်ပြောင်လိုက်သည်။
ကျန်းရှန်းရဲ့ မျက်နှာက မည်းမှောင်လာပြီး သူ့သွားများသည် ဒေါသကြောင့် တဆက်ဆက် တုန်နေသော်လည်း စကားတစ်လုံးမှ မပြောနိုင်ပေ။
လုရွှမ်လည်း ဘေးက ပြုံးပြပြီး ဟုတ်တယ်ဟု ထောက်ခံလိုက်သည်။ ဒီကျန်းရှန်းက ဓားပညာမှာ အရည်အချင်း ရှိပေမယ့် သူဟာ လုံယီးနဲ့ အတူတူပါပဲ။ ဒီဓားကို နားလည်ထားတာတောင်မှ သိပ်မကောင်းသေးဘူး။
လုံယီးရဲ့ ဓားစွမ်းအင် ခြိမ်းခြောက်မှုသည် ကျန်းရှန်းထက်ပင် ကြီးမားနေရာ လုရွှမ်အား အနည်းငယ် စိတ်ပျက်သွားစေခဲ့သည်။