← Chapters

အရှက်တရား

Vol. 74 Ch. 4.623

အရှက်တရား

Vol. 74 Ch. 4.623

ဓားနတ်ဆိုးက

"မင်းတို့ရဲ့ လျှို့ဝှက်နတ်နဂါးဓားသိုင်းက ဒီလိုမျိုးဆိုရင်တော့ သိပ်ရှက်စရာ မလိုပါဘူး... မင်းတို့ အားလုံးအတူတူ လှုပ်ရှားလိုက်ကြရင်ရော?"

သူသည် သူ့ဓားအလင်းကို လေထဲတွင် ရှိသော လူခြောက်ယောက်ဆီသို့ ပစ်လွှတ်လိုက်​လေသည်။

"ဓားနတ်ဆိုး မင်းက ငါတို့ကို စော်ကားတယ်... အဲဒါက ငါ့နတ်နဂါးဓားသိုင်းနဲ့ နဂါးရေငွေ့တောင်ကို စော်ကားတာနဲ့ အတူတူပဲကွ!"

ကျန်းရှန်းက အော်ဟစ်လိုက်သည်။ ဓားနတ်ဆိုးက ကဲ့ရဲ့ပြီး

"မင်းကို စော်ကားတာက နတ်နဂါးဓားသိုင်းကို စော်ကားပြီး နဂါးရေငွေ့တောင်ကို စော်ကားတာပဲပေါ့... အိုး ဒါဆိုရင် မင်းက ကိုယ့်ကိုကိုယ် အရမ်းအလေးအမြတ် ထားနေတာပဲ!"

လူတော်တော်များများလည်း ရယ်မောလိုက်ကြသည်။ နဂါးရေငွေ့တောင်နဲ့ ဖီးနစ်အသိုက်က လူတွေဟာ စိတ်ထဲ မကောင်းကြတော့ပေ။ ဒီလူတွေက အကြိမ်အနည်းငယ် ရယ်မောဖို့ အခွင့်အရေး ယူ​​နေကြပြီး အရမ်း​တွေ ပျော်​နေကြပါ၏။

"မင်းရဲ့ဓားကို ဆွဲထုတ်လိုက်စမ်းပါ!"

ဓားနတ်ဆိုးက ဒေါသတကြီး အော်လိုက်သည်။

ကျန်းရှန်းကလည်း "လျှို့ဝှက်နတ်နဂါးဓားသိုင်း! ဒုတိယဓား... ငါးနဂါး ကခုန်ခြင်း"

ကျယ်လောင်စွာ ကြွေးကြော်လိုက်သည်။

သူသည် သူ့ဓားစွမ်းရည်ကို လွတ်လွတ်လပ်လပ် အသုံးချပြီး နောက်တစ်ကြိမ် လှုပ်ရှားနေချိန်တွင် နတ်နဂါးတစ်ကောင် တဖြည်းဖြည်း ပေါ်ထွက်လာသည်။ ကောင်းကင်ယံထဲက တိမ်တိုက်တွေဟာ သူ့ခေါင်းထက်မှာ ပေါ်လာပြန်၏။

နဂါးက အကျယ်ကြီး ဟိန်းဟောက်ကာ ၎င်း၏ခြေသည်း ငါးချောင်းသည် တဒုန်းဒုန်း ခုန်ကာ ချွန်ထက်နေ​သော ဓားများသကဲ့သို့ လေထဲတွင် ပြင်းထန်စွာ လူးလိမ့်နေသည်။

ထို့နောက် သူ့မျက်လုံးများ တောက်ပလာကာ ရွှေရောင် အလင်းတန်းများ ပြေးထွက်လာပြီး ဆန့်ကျင်ဘက်ရှိ ဓားနတ်ဆိုးဆီသို့ ပြေးဝင်သွားလေသည်။

ကျန်းရှန်းသည် သူ့ဓားကို လေထဲတွင် ဆုပ်ကိုင်လိုက်ပြီး လေထုထဲ၌ အက်ကွဲသံတစ်ခုကို ထွက်ပေါ်လာ​စေသည်။ ပြင်းထန်သော လေထုသည် နတ်နဂါးအဖြစ် ဟောက်လိုက်ကာ ၎င်း၏စွမ်းအားကို ပြသလျက် ဓားနတ်ဆိုးကို လက်သည်းဖြင့် ဖမ်းလိုက်လေသည်။

လုရွှမ် အသာ ခေါင်းယမ်းလိုက်သည်။ ကျန်းရှန်း၏ ဤဒုတိယ ဓားလှုပ်ရှားမှုသည် အားကောင်းသော်လည်း ယခင်က အသုံးပြုခဲ့သော ပထမ ဓားစွမ်းအားထက်ပင် အားကောင်းခြင်း မရှိပေ။

နောက်တစ်ခုက နဂါးရဲ့ခြေသည်းတွေရဲ့ အစွမ်းထက်မှုကို ဂုဏ်ယူစွာ ပြသ​​နေခဲ့ပေမယ့် ဒါတွေအားလုံးဟာ ဓားသိုင်းရဲ့ စွမ်းအားကို အပြည့်အ၀ မဖော်ပြနိုင်ပေ။ သေခြင်းတရားကို ရှင်းထုတ်ဖို့ လုံလောက်တဲ့ စွမ်းအားတွေ မရှိတာကြောင့် စွမ်းအားတွေကို ဖြုန်းတီးနေသလိုပဲ။

ဓားနတ်ဆိုးက ပိုလို့တောင် စိတ်မရှည်ဟန်ရှိသည်။ ဒီတစ်ကြိမ်မှာတော့ သူ့ရဲ့ဓားစွမ်းရည်ကိုတောင် မပြင်ဆင်ခဲ့ဘဲ ဓားရောင်ဝါကို တိုက်ရိုက် ထုတ်ပစ်လိုက်ပါ၏။ လူသတ်ရောင်ဝါကြီးဟာ ပြေးထွက်လာကာ တစ်ဖက်လူရဲ့ ဓားရောင်ဝါကို မခံစားရ​တော့သလောက်ကို ပြင်းထန်ပေသည်။

တိုက်ခိုက်မှု အားလုံးသည် လေထုထဲက နတ်နဂါးကို တိုက်ရိုက် ဗုံးကြဲပစ်လိုက်ဖို့ တစ်ခုတည်းတွင်သာ အာရုံစိုက်ထားခဲ့သည်။

လုရွှမ်ရဲ့ မျက်လုံးများ တောက်ပလာခဲ့သည်။ ဤဓားစွမ်းအင်သည် ရိုးရှင်းပုံ ပေါက်သော်လည်း ၎င်း၏ အစွမ်းအထက်ဆုံး နားလည်မှုကို ပြသသွားခဲ့သည်။ ၎င်းသည် ဓားကျင့်စဥ်၏ အမြင့်မားဆုံးသော အတားအဆီး တစ်ခုဖြစ်သည်။

ဒီကောင်လေးက အနက်ရောင် ဓားရှည်ကြီးကို ဘယ်လိုသုံးရမလဲ သိနေတာ အံ့ဩစရာ မရှိပါဘူး။ ဒါက ရိုးရိုးရှင်းရှင်းကို အံမခန်း ဖြစ်နေတာပဲ။ အရေးကြီးတာက ဓားရဲ့စွမ်းအားက မှော်အစွမ်းထက်လွန်းနေခြင်းပင်။

အော်ဟစ်သံနှင့်အတူ တန်ခိုးကြီးသော နဂါးကြီးသည် ဓားနတ်ဆိုးကြောင့် ပြန့်ကျဲသွားခဲ့သည်။ လူတွေအားလုံး အံ့အားသင့်သွားပြီး မယုံနိုင်​​အောင် ဖြစ်သွားကြသလို ကျန်းရှန်းရဲ့ မျက်လုံးတွေ ပြူးကျယ်လာပြီး သူ့မျက်နှာက ဖြူဖျော့လာလေ၏။

"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?"

တခြားလူတွေကလည်း ဓားနတ်ဆိုးရဲ့ ဓားကို ထိတ်လန့်တကြားနဲ့ ကြည့်နေကြသည်။

လုရွှမ်ရဲ့ မျက်လုံးများက တခြားသူများ၏ မျက်လုံးများကြား လှည့်ပတ် ပြေးနေခဲ့သည်။ ကံမကောင်းစွာပဲ သူတို့အားလုံး စိတ်ရှုပ်ထွေးသွားကြတာကလွဲလို့ ဘာမှမသိလိုက်သလိုပဲ။ ဓားနတ်ဆိုး၏ ဓားသည် အလွန်အစွမ်း ထက်လိမ့်မယ်လို့ ဘယ်သူမှ မထင်ခဲ့ကြပေ။ အခုဟာက ကျန်းရှန်းရဲ့ ဓားစွမ်းအင်ထက်ပင် အစွမ်းထက်နေသေးသည်။

“ဘယ်တွေ အချိန်ဖြုန်းနေတာလဲ! မင်းတို့အားလုံး လာကြစမ်းပါ!”

ဓားနတ်ဆိုးက အော်လေ၏။

"လာကြ!"

သူက စိတ်မချမ်းသာစွာနဲ့ ထပ်အော်လိုက်သည်။

ဓားနတ်ဆိုးမှာ နတ်မီးနယ်ပယ်ရဲ့ ပထမဆုံး နတ်မီးလုံးရဲ့ တည်ရှိမှုကို ခံစားရပြီးဖြစ်သော်လည်း သင့်လျော်သော ဒေါသကို ရှာမတွေ့နိုင်သောကြောင့် နတ်မီးလုံး ထွန်းညှိဖို့ကို နှောင့်နှေးသွားအောင်သာ ပြုလုပ်နိုင်ခဲ့သည်။

ထိုပင်လယ်သားရဲများ ကြားတွင် သင့်လျော်သော ပြိုင်ဘက်ကို ရှာတွေ့ရန် အမှန်တကယ် မျှော်လင့်နေခဲ့၏။

ကောင်းကင်ဘုံသခင်တွေကို ကြည့်လိုက်တော့ သူတို့မျက်လုံးထဲမှာ ရှုပ်ထွေးမှုတွေ ရှိနေတုန်းပါပဲ။ ဒီလိုလူမျိုးကို ဘယ်သူက တိုက်ရဲတော့မှာလဲ။

ဒီလူတွေ မလှုပ်သေးတာကို မြင်တော့ ဓားနတ်ဆိုးလည်း ဒီနေရာကနေ ထွက်သွားဖို့ ပြင်လိုက်သည်။ သူ့အတွက် အကျိုးမရှိရင်တော့ ဒီလိုနေရာမျိုးမှာ နေဖို့ စိတ်မဝင်စားဘူး။

"ကျုပ်နဲ့ တိုက်ကြည့်မယ်.. ဘယ်လိုလဲ?"

လုရွှမ် လှမ်းအော်လိုက်သည်။

သူသည် နတ်မီးနယ်ပယ်ကို တစ်ခါမှ မကြုံဖူးသော်လည်း သူ၏ ယခင်ဘဝတွင် အမြင့်ဆုံးသော ကျင့်ကြံမှု အဆင့်မှာ ကောင်းကင်ဘုံသခင် ဖြစ်သည်။ ဒါကြောင့် သူ၏ပိုးအိမ်ထဲမှ ခွဲထွက်တော့မည့် လိပ်​ပြာကဲ့သို့ ဓားနတ်ဆိုး၏ အရေးတကြီး အခြေအနေကို ခံစားနိုင်သည်။

ဒီလူက နတ်မီးနယ်ပယ်ကို ဖြတ်သွားတော့မှာ။ ဒါကြောင့် သူက ပြိုင်ဘက်လိုနေ​ပြီ။

တခြားသူများ မလုပ်နိုင်သောကြောင့် လုရွှမ် သဘာဝကျကျ ထရပ်လိုက်သည်။ မူလက သူသည် သူရဲ့ကျင့်ကြံမှုကို မပြချင်သော်လည်း တစ်ဖက်လူက သူ့ကို ကူညီပေးခဲ့တာကြောင့် သူကလည်း ပြန်ကူညီပေးသင့်ပေသည်။

ထို့အပြင် လုရွှမ်သည် ဤလူသည် ရိုးရိုးသားသားရှိပြီး တခြားသူများကို အလွယ်တကူ စော်ကားသော်လည်း သူ့နှလုံးသားက ကြီးမားပြီး ဖြူစင်တယ်လို့ ခံစားရနိုင်သည်။

"ကောင်းပြီ"

ဓားနတ်ဆိုးက သဘောကျစွာနဲ့ ပြောပြီး လုရွှမ်ကို စိတ်မရှည်စွာ စိုက်ကြည့်လိုက်၏။

သူ လုရွှမ်ကို ကူညီရန် လုံးဝ ရည်ရွယ်ချက်မရှိပေ။ သူ့အမြင်မှာတော့ ပြဿနာက ရိုးရှင်းပါတယ်။ လုရွှမ်မှာ ခွန်အားမရှိပေမယ့် အခွင့်အလမ်းကောင်း တစ်ခုထားရင်တော့ သေခြင်းတရားကို ရှာနေတာပဲလေ။

ထက်မြက်စွာ အလုပ်ကြိုးစားတာပဲဖြစ်ဖြစ် သူငယ်ချင်းဖွဲ့တာပဲဖြစ်ဖြစ် ကောင်းမွန်တဲ့ အရာတွေကို ဖြန့်ကျက်ထားမယ်ဆိုရင် ဉာဏ်ကောင်းတဲ့သူတွေ လုပ်တာပါပဲ။ ခွန်အားမရှိရင် မင်းစိတ်ရှည်ဖို့ လိုတယ်၊ ခွန်အားရှိရင် ကမ္ဘာ​ကြီးကို စိုးမိုးနိုင်ပြီး လုပ်ချင်တာမှန်သမျှ လုပ်နိုင်တယ်။

"မင်းကငါ့ကို တိုက်ချင်တာလား?"

ဓားနတ်ဆိုးက အော်လိုက်သည်။

လုရွှမ်က "အစ်ကိုဓားနတ်ဆိုးက နတ်မီးနယ်ပယ်ကို ဖြတ်ကျော်တော့မှာ ဆိုတော့ စမ်းသပ်ချိန် ရောက်ပြီ... အစ်ကို ကျွန်​တော့်ကို ကူညီခဲ့တယ် အခု ငါ ပြန်ကူညီပေးရမယ့် အချိန်ရောက်ပြီ ထင်လို့ပါ"

ဓားနတ်ဆိုးက မယုံဘူးဆိုတာကို သိလိုက်ရတော့ လုရွှမ် နောက်ကျောဟာ လူကိုယ်တိုင်မပါဘဲ ထွက်လာတဲ့ ဓားတစ်လက်ကို ထုတ်ပြလိုက်သည်။

စူးရှသော ဓားအလင်းကြောင့် ဓားနတ်ဆိုးသည် နောက်ဆုတ်သွားကာ သူ့ခေါင်းကို တိမ်းရှောင်လိုက်စဥ် ဓားစွမ်းအင်က သူ့အနားသို့ ဖြတ်သွားသည်။ ထိုစဥ် သူ့မျက်လုံးတွေက စူးစူးရဲရဲ တောက်ပလာပြီး အားရပါးရ ရယ်မောလိုက်၏။

“ကောင်းတယ်ဟေ့... မင်းက ဓားကျင့်စဥ်ကို နားလည်တယ်!!”

ထိုလှုပ်ရှားမှုတွင် လုရွှမ် သူ့အင်အားရဲ့ 10% ကိုသာ အသုံးပြုခဲ့သော်လည်း ဓားကျင့်စဥ်နဲ့ ပတ်သက်ရင်တော့ သူ၏နားလည်မှုမှာ လုံးဝခြားနားသော အဆင့်တစ်ခု ဖြစ်​လေသည်။

ဓားနတ်ဆိုးရဲ့ ဓားကျင့်စဥ်အပေါ် နားလည်မှုသည် လုံယီးနဲ့ ကျန်းရှန်းတို့ထက် သာလွန်ကောင်းမွန်ပြီး သူ့ဓားတန်ခိုးကနေ ဓားရဲ့ ကျက်သရေကို သဘာဝအတိုင်း မြင်တွေ့နိုင်သည်။

သူတို့နှစ်ဦးသည် အဝေးတစ်နေရာသို့ ပျံတက်သွားပြီး မျက်နှာချင်းဆိုင် ရပ်လိုက်ကြသည်။

အားလုံးက စိတ်ရှုပ်ထွေးသွား၏။ ဘာတွေ ဖြစ်နေတာလဲ။ ဓားနတ်ဆိုးက ဒီလူကို ကာကွယ်ဖို့ ကြိုးစားခဲ့တာ မဟုတ်ဘူးလား။

မဟာသူတော်စင် ပထမအဆင့်မှ ထိုပုဂ္ဂိုလ်သည် ကျန်းထျန်းချိုင် ဖြစ်ကြောင်း သူတို့ သဘာဝကျကျကို သိကြသည်။ ယခုအခါတွင် သူသည် ထင်ရှား ကျော်ကြားလာသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာခဲ့ပြီး အမှတ် ရပ်တည်မှုတွင်လည်း ပထမနေရာကို သိမ်းပိုက်ထားသော ကံကောင်းသူတစ်ဦး ဖြစ်သည်။

တကယ်တော့ ကျင့်ကြံသူတွေ အားလုံးထဲမှာ ကျန်းထျန်းချိုင်က ကံကောင်းသူ တစ်ယောက်ပါပဲ။ လုရွှမ် ကျန့်ကျောက်ထံ သတင်းပြန်ပို့ပြီးနောက် ကမ်းခြေရှိ နတ်မီးနယ်ပယ် သခင်များအားလုံးလည်း လုရွှမ်ရဲ့ အခွင့်အရေးကို သိရှိသွားကြသည်။

ထုံးစံအတိုင်း ကျင့်ကြံသူများအားလုံး လုရွှမ်တစ်ယောက် ရတနာများကို အဘယ်ကြောင့် ရရှိနိုင်ခဲ့လဲ ဆိုတာကို နားလည် သဘောပေါက်သွား၏။ လတ်စသတ်တော့ သူက ပို့ဆောင်ခြင်းအစီအရင်ကို ရှာတွေ့ခဲ့ပြီး လူတိုင်းရဲ့ ရှေ့ကို လျှောက်သွားခဲ့သည်။

သူတို့လည်း ဒီအခွင့်အရေးကို ရခဲ့ရင် လုရွှမ်ထက် အမှတ်ပိုရလိမ့်မယ်လို့ ယုံကြည်ပါ၏။ လူတိုင်းရဲ့ အမြင်မှာတော့ ဒီကံကောင်းသူဟာ ပျမ်းမျှခွန်အားပဲ ရှိတဲ့ မဟာသူတော်စင် နယ်ပယ်ပဲ ဖြစ်​လေသည်။

ဒါ့ထက် ဒီလူက တကယ်ကို သန်မာတယ်ဆိုရင် သူ့ကို ကာကွယ်ဖို့ ဓားနတ်ဆိုးကို ဘာကြောင့် လိုအပ်နေဦးမှာလဲ။

ယခုမူ သူတို့မျက်လုံးများတွင် အားနည်းသူသည် ဓားနတ်ဆိုးကို အမှန်တကယ်ပင် ဆန့်ကျင်ချင်နေကြပြီး ဓားနတ်ဆိုးသည် တစ်ဖက်တွင် ထိုအရည်အချင်း ရှိသူကို အလွန်ပင် စိတ်ဝင်စား​​​နေပုံရ​လေသည်။

All Chapters