မလုံလောက်သေးဘူး
Vol. 74 Ch. 4.624
ဒီကျန်းထျန်းချိုင်ကတော့ သူ့နာမည်က အရမ်းကြီးနေလို့ သူ့ကိုယ်သူ တကယ့် ပါရမီရှင် တစ်ယောက်လို့ ထင်နေတာလား။
ရယ်စရာကြီးပဲ။
လူတော်တော်များများက ကျန်းထျန်းချိုင် ဓားတစ်ချောင်းနဲ့ ထိုးသတ်ခံလိုက်ရဖို့ မျှော်လင့်နေကြသည်။ ပြီးရင်တော့ သူ့ရဲ့ ရတနာတွေ အားလုံး ပေါ်လာတော့မှာလေ။ အဲဒီအခါ လူတိုင်းက ရှေ့ကို အပြေးအလွှား သွားကြပြီး တစ်ခုခုကို သိမ်းပိုက်နိုင်မလား မျှော်လင့်လို့ရပြီ။
"မင်းနာမည် ဘယ်လိုခေါ်လဲ?"
ဓားနတ်ဆိုးက ရုတ်တရက် မေးလိုက်သည်။ အားလုံး အံ့အားသင့်သွားကြသည်။ ယခု ဓားနတ်ဆိုးသည် သူ့နောက်ကွယ်မှာ ကာကွယ်ပေးခဲ့တဲ့ လူနာမည်ကိုပင် မသိခဲ့ကြောင်း သိလိုက်ရလေ၏။
လုရွှမ်က ရယ်လိုက်ပြီး "ကျန်းထျန်းချိုင်"
"အိုး? နာမည်ရင်းလား?"
ဒီလူရဲ့ နာမည်က အတုပဲဆိုတာ လူတိုင်း ယခုမှသာ သိလိုက်ကြရသည်။ ဘာပဲဖြစ်ဖြစ် လူတွေကတော့ သူတို့ကလေးကို ဘယ်သူကမှ ပါရမီရှင်လို့ နာမည်ပေးမှာ မဟုတ်ဘူးလေ။
လုရွှမ် ခဏလောက် စဉ်းစားပြီး ခပ်တိုးတိုး ပြောလိုက်သည်။ သူအခု ပင်လယ်ရဲ့ ဘယ်မှာ ရှိနေတယ် ဆိုတာကို မသိသေးဘူး။ သူ့နာမည် လေနဲ့အတူ မျောပါသွားနိုင်တဲ့အတွက် သဘာဝအတိုင်း သတိထားဖို့ လိုသည်။
သို့သော် ဒီလိုသူငယ်ချင်းမျိုး အတွက် ယုံကြည်လို့ မရနိုင်ဘူးဟု မခံစားရစေတဲ့အတွက် နာမည်ကို ဖုံးကွယ်ထားရန် ယုတ္တိမရှိသောကြောင့် လုရွှမ် ပြောပြလိုက်၏။
"အိုး.. လတ်စသတ်တော့ မင်းပဲကိုး... မင်းမှာ ဒီလိုစွမ်းရည်တွေ ရှိနေတာ မဆန်းပါဘူး ကောင်းပြီ တိုက်ကြည့်ရအောင်"
ဓားနတ်ဆိုးက ပြုံးပြီးပြောလိုက်သည်။ လူတိုင်းမှာ ပိုလို့တောင် ဇဝေဇဝါ ဖြစ်ကုန်ကြ၏။ မင်းဘာကို ဆိုလိုတာလဲ။
ဓားနတ်ဆိုးသည် ဒီကျန်းထျန်းချိုင်ရဲ့ အမည်အရင်းကို ကြားသိရသဖြင့် အလွန် သဘောကျသွားရာ သေချာပေါက် အလွန်ကျော်ကြားသူ ဖြစ်ရမည်။ ကျန်းထျန်းချိုင်က ဘယ်သူများလဲ။
သူတို့နှစ်ဦးသည် အပြင်ဘက်က အံ့သြဖွယ်ရာများကို လျစ်လျူရှုထားရင်း သူတို့၏ ဓားစွမ်းအင်ကို တိုးမြှင့်ကာ အတွေးများကို ငြိမ်သက်စေလျက် တိုက်ပွဲအတွက် ပြင်ဆင်နေကြသည်။
လုရွှမ်ရဲ့ ခန္ဓာကိုယ်ထဲတွင် ဓားသွားလိုဆန္ဒကို ခံစားလိုက်ရသဖြင့် ဓားနတ်ဆိုး ပို၍ပင် စိတ်သက်သာရာရသွားသည်။ လုရွှမ်က အမှန်တကယ်ပင် အရည်အချင်းရှိမှန်း သူသိသည်။ ထို့အပြင် လုရွှမ်ရဲ့ ဓားရည်ရွယ်ချက်က တဖြည်းဖြည်း ပျောက်ကွယ်သွားသော သူ့ခန္ဓာကိုယ်ပေါ်ရှိ နတ်မီးလုံးရဲ့ အလင်းရောင်ကို တဖျပ်ဖျပ် ခတ်လာစေသည်။
လုရွှမ်ခည်း ဓားနတ်ဆိုးဆီက အလွန်ပြင်းပြနေသည့် ထူးဆန်းသော အခြေအနေ တစ်ခုကို ခံစားလိုက်ရသည်။ ၎င်းသည် အလွန်ကြီးမားပြီး လေးနက်တာကြေညင့် ပထမဆုံး နတ်မီးလုံး ဖြစ်နိုင်ကြောင်း သိသာထင်ရှားပေ၏။
သူသည် သူ့ကျင့်ကြံမှုကို မဖိနှိပ်ထားတောချေ။ အမှန်တကယ် ကူညီမယ် ဆိုရင်တော့ စေ့စေ့စပ်စပ် ကူညီသင့်လေပြီ။ စူးရှသော ညည်းသံနှင့်အတူ လုရွှမ်သည် သူ့ခန္ဓာကိုယ်မှ ရောင်ဝါများကို လုံးဝ လွှတ်ထုတ်လိုက်လေသည်။
ဘာဖြစ်လာမယ်လို့ ဘယ်သူမှ မမျှော်လင့်ထားပေမယ့် သူဖြတ်ကျော်ရမယ့် မိုးကြိုးအတိဒုက္ခ အရိပ်အယောင်က အရင်ရောက်လာ၏။ လုရွှမ် အဲဒီအရာကို လျစ်လျူရှုထားပြီး သူ့နှလုံးသားထဲက ဓားသွားကို ဆက်လက် ထုတ်လွှတ်လိုက်ပါတော့သည်။
ကောင်းကင်ဓားကိုးစင်းသိုင်း၊ ယွမ်ယန်ဓားကိုးစင်း၊ လျှို့ဝှက်နတ်နဂါးဓားသိုင်းတွေဟာ လုရွှမ်ရဲ့ နှလုံးသားထဲသို့ အသီးသီး ဝင်ရောက်လာကာ သန့်စင်သော ဓားသွားလို စိတ်အဖြစ်သို့ ပြောင်းလဲသွားပြီး သူ့ခေါင်းထက် ကောင်းကင်ကို ဗုံးကြဲပစ်လိုက်သည်။
လုရွှမ် ခန္ဓာကိုယ်မှ ပြင်းထန်သော လေထုများ ပေါက်ထွက်သွားသည်။ တခြား လူတွေရဲ့ မျက်လုံးထဲမှာတော့ လုရွှမ်ဟာ ဒီအချိန်မှာတော့ ဓားရှည်တစ်လက်လို ဖြစ်သွားပေပြီ။ ပြီးတော့ လုရွှမ်က သူ့ပုံစံထဲမှာ ဓားသွားကို ဝှက်ထားသလိုပင်။
လူတိုင်းမှာ မနေနိုင်ဘဲ တုန်လှုပ်ချောက်ချားမှုကို ခံစားလိုက်ရသည်။ သူတို့သည် ဓားကျင့်စဥ်ကို နားလည်သော လုရွှမ်နှင့် ဓားနတ်ဆိုးအဆင့်ဟာ ဝေးကွာနေသော်လည်း လုရွှမ် ခန္ဓာကိုယ်မှ ထွက်လာသော ဓားရောင်ဝါကို လှမ်းကြည့်လိုက်သောအခါတွင် ရုတ်တရက် နားလည်သွားကြသည်။
ဓားရည်ရွယ်ချက်က ဘယ်လိုများ မွေးမြူခဲ့တာလဲ? ဖြူစင်တယ်၊ သဘာဝဆန်တယ်၊ ထက်မြက်တယ်၊ ဆန်းကြယ်တယ်။
၎င်းက ချုပ်နှောင်ထားသော ဓားစွမ်းအင် ဖြစ်သလို ဖြန့်ထွက်လာသော ဓားစွမ်းအင် ဆိုလည်း ဟုတ်သည်။
ဓားနတ်ဆိုးမှာ လုရွှမ်အား ကျေးဇူးတင်နေမိ၏။ လုရွှမ်က သူ့အား တတ်နိုင်သမျှ ကူညီပေးနေကြောင်း သဘာဝကျကျ သိလိုက်သည်။ သူ့မျက်ခုံးကြားက နတ်မီးအိမ်ဟာ တဖြည်းဖြည်း ပုံသဏ္ဌာန် တည်လာပြီး သူ့မျက်ခုံးမွှေးတွေကို တဖြည်းဖြည်း ပြုပြင်လိုက်တယ်လို့တောင် ခံစားရ၏။
"ယွမ်ယန်ဓားကိုးစင်း... ပဉ္စမဓား ပျက်စီးခြင်း!"
လုရွှမ် အော်လိုက်သည်။ ယွမ်ယန်ဓားကိုးစင်းရဲ့ ပထမဓားလေးချောင်းသည် ဓားနတ်ဆိုးအပေါ် သက်ရောက်မှု မရှိနိုင်တာကို သူသိသောကြောင့် ပဉ္စမဓားကို တိုက်ရိုက် အသုံးပြုလိုက်တာပဲ ဖြစ်သည်။
မိုးခြိမ်းသံများ ပေါက်ကွဲထွက်လာပြီး ကောင်းကင်တွင် ဘေးဆိုး တိမ်တိုက်များက ထိုဓား၏ဒဏ်ကြောင့် လူတိုင်း၏ ဦးခေါင်းထက်ဆီသို့ စုရုံးရောက်ရှိလာကြသည်။ ဒါက မိုးကြိုးအတိဒုက္ခလား သို့မဟုတ် မိုးကြိုးပစ်ချဖို့ကို ဆွဲဆောင်နေတာလား ဆိုတာတော့ လူတို့အား ပြောရ ခက်ခဲစေသည်။
ထိုစဥ် လုရွှမ်ခန္ဓာကိုယ်မှ ကြီးကျယ်ခမ်းနားသော ရောင်ဝါလှိုင်းများ ထွက်ပေါ်လာပြီး ဝိညာဉ်စွမ်းအင် လှိုင်းများက လုရွှမ်ရဲ့ ဓားရှည်ဆီသို့ ရောက်ရှိလာတာကို ခံစားလိုက်ရသဖြင့် လူတိုင်း ထိတ်လန့်သွားကြသည်။ ထို့နောက် သူ့ဓားရှည်ကြီးမှ သေမင်းစွမ်းအင်များ အစီအရီ ထွက်ချလာပေ၏။
သူထိန်းချုပ်ထားတဲ့ သစ်သားဓားဟာ ဒီအချိန်မှာတော့ လုံးဝရုပ်ဆိုးပုံ မပေါ်တော့ပါဘူး။ ကောင်းကင်ယံ၌ မိုးခြိမ်းသံတွေကြောင့် အပြာနုရောင် အလင်းတန်းများပင် ဖြာထွက်နေသေးသည်။
သေခြင်းစွမ်းအင် စီးကြောင်းများက ၎င်းအပေါ်မှာ အဆက်မပြတ် စုပြုံနေပြီး တဖြည်းဖြည်း ကျယ်ပြန့်လာနေသည်။
ထိုအခိုက်တွင် လူတိုင်းသည်လည်း ထိုဓား၏ တန်ခိုးစွမ်းအင်ကို ခံစားလိုက်ရသည်။ ဓားနတ်ဆိုးကို ကြည့်ပြီး တဖြည်းဖြည်း သံသယဝင်လာကြသည်။ ဓားနတ်ဆိုးက ဒီလောက် အစွမ်းထက်တဲ့ ဓားကို အမှန်တကယ် ခံနိုင်ရည်ရှိပါ့လား?"
"ခေါင်းဖြတ်!" လုရွှမ် အော်လိုက်၏။
ကြီးမားသော မီးလုံးကြီးတစ်လုံးလို ဓားစွမ်းအင်သည် ဓားနတ်ဆိုးကို ခုတ်ထစ်ပစ်လိုက်သည်။ ဓားနတ်ဆိုး၏ မျက်လုံး အလယ်ဗဟို၌ မှော်မီးခွက်တစ်ခု ပေါ်လာသကဲ့သို့ ရုတ်တရက် တောက်ပလာသည်။
ထိုအချိန်မှသာ ဓားနတ်ဆိုးသည် နတ်မီးလုံးကို ထွန်းညှိနေကြောင်း ကျင့်ကြံသူတွေအားလုံး သဘောပေါက်သွား၏။
လုံယီးနှင့် တခြားသူများသည် စူးစူးစိုက်စိုက် ကြည့်၍ လုရွှမ်တို့အကြား ဖြစ်ပျက်ခဲ့တာကို မသိခဲ့ကြသော်လည်း ယခုတော့ အရာအားလုံးကို နားလည်သွားကြသည်။ ဒါပေမဲ နောင်တရနေတဲ့ အခိုက်အတန့်တွေ ရှိနေပေမယ့် တစ်ယောက်နဲ့ တစ်ယောက် ကြည့်ရင်း အတွေးတွေက မျက်လုံးထဲမှာ လင်းလက်နေခဲ့သည်။
"ဝင်ဖျက်ဆီးလိုက်မလား?"
တခြားနေရာတွေမှာ ရှိနေရင် ဖျက်ဆီးပစ်လိုက်မှာ သေချာပေမယ့် အခု လူတိုင်းရှေ့မှာ ဒီအကြံအစည် ရှိနေရင်တောင် လှုပ်ရှားလိုက်ဖို့ အဆင်မပြေတော့ပေ။
နတ်မီးနယ်ပယ်ကို ထွန်းခါနီး ကျင့်ကြံသူ တစ်ယောက်ကို တပည့်တစ်စုက ဝင်ဖျက်ဆီးပစ်ခဲ့သည်။ ဒါကို ဝမ့်ရှန်းကမ္ဘာက လူကြီးများ စိတ်မဆိုးလျှင်ပင် ထူးဆန်းနေပေလိမ့်မည်။
“မလုံလောက်သေးဘူး!!”
ဓားနတ်ဆိုးက အော်လိုက်သည်။ လုရွှမ်ရဲ့ ရည်ရွယ်ချက်ကောင်းများကို သူသိသောကြောင့် သူ့ဆန္ဒကို လုရွှမ်အပေါ်တွင်သာ သဘာဝကျကျ အပ်နှံထားလိုက်၏။
"ကောင်းပြီ!"
လုရွှမ် ခေါင်းညိတ်လိုက်သည်။ သူ ကောင်းကင်ကို မော့ကြည့်လိုက်တော့ နဂါးကြီးရဲ့ ဟိန်းဟောက်သံက ထွက်ပေါ်လာ၏။
ဝူး!
နဂါးဟောက်သံ ထွက်ပေါ်လာပြီး ကောင်းကင်နှင့်မြေကြီးတို့ တုန်ခါသွားသည်။ အနီးနားရှိ ကျင့်ကြံသူများပင် ကိုယ့်ကိုကိုယ် မထိန်းထားနိုင်ဘဲ တစ်ယောက်ပြီး တစ်ယောက် လဲကျလုနီးပါး ဖြစ်သွားသည်။
ထိုလူများသည် နဂါးရေငွေ့တောင်က အဖွဲ့ကို လျင်မြန်စွာ ကြည့်လိုက်ကြသည်။ ဤအသံ၏ ပြင်းထန်မှုသည် သူတို့နဂါးရေငွေ့တောင်က နဂါးဟောက်သံများထက် များစွာ ကြီးမားပေသည်။
လုရွှမ်ရဲ့ နှလုံးက ပြင်းထန်စွာ ခုန်ပေါက်နေပြီး စိမ်းပြာနဂါးရဲ့ သန့်စင်သော စွမ်းအားကလည်း တစ်ကိုယ်လုံးကို လွှမ်းခြုံထားသည်။ ထိုအခိုက် စိမ်းပြာနဂါး တစ်ကောင်သည် နဂါးဟိန်းသံနှင့်အတူ သူ့အနောက်မှ ထွက်ပေါ်လာလေသည်။
ဤနဂါးဟောက်သံသည် တကယ့်နဂါးအစစ်ရဲ့ ဟောက်သံကဲ့သို့ လက်တွေ့ဆန်ပြီး ကွက်ကွက်ကွင်းကွင်းကို အကောင်အထည် မြင်နေရ၏။
ထို့နောက်တွင် နောက်ထပ် မီးတောက်တစ်ခု ထွက်ပေါ်လာသည်။ ၎င်းမှာ ဖီးနစ်နတ်မီး ဖြစ်ကာ လုရွှမ်ရဲ့ နောက်ကျောမှ ရုတ်တရက် ထိုးတက်လာသည်။
လူတိုင်း ထိတ်လန့်တုန်လှုပ်သွားကြ၏။ ဘာဖြစ်သွားတာလဲ? နဂါးရေငွေ့တောင်နဲ့ ဖီးနစ်အသိုက်က လူတွေဆီကနေ ဒီလိုပြင်းထန်တဲ့ ရောင်ဝါကို သူတို့ တစ်ခါမှ မခံစားဖူးကြပေမယ့် မဟာသူတော်စင် ပထမအဆင့် သခင်ဆီကနေတော့ စိမ်းပြာနဂါးနဲ့ ဖီးနစ်သားရဲတို့ရဲ့ ရောင်ဝါကို ခံစားလိုက်ရလေပြီ။
"နဂါးနဲ့ ဖီးနစ်တို့ ကခုန်စေ!"
လုရွှမ် အော်ဟစ်လိုက်သည်။
နဂါးဟောက်သံနှင့် စိမ်းပြာနဂါး၏ အသွင်သဏ္ဌာန်သည် တဖြည်းဖြည်း ထွက်ပေါ်လာပြီး ဖီးနစ်ငှက်၏ အော်သံနှင့်အတူ မီးတောက်မီးလျှံတွေ တောက်လောင်နေသော မီးငှက်ကြီးက တဖြည်းဖြည်း ပေါ်ထွက်လာလေသည်။
စိမ်းပြာနဂါးနှင့် ဖီးနစ်တို့သည် ရောယှက်ပြီး တဖြည်းဖြည်း ပေါင်းစည်းသွားကြသည်။ လုရွှမ်သည် ဓားကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ ကောင်းကင်သို့ ရုတ်တရက် ပြေးတက်သွား၏။ ကြီးမားလှသော ဓားစွမ်းအင်သည် ကမ္ဘာမြေကြီးကိုပင် တုန်ခါသွားစေကာ ကောင်းကင်ရှိ မိုးခြိမ်းတိမ်တိုက်များနှင့် မြေအောက်ရှိ ကျောက်တုံးများကို ချက်ချင်း ထိုးဖောက်သွားခဲ့သည်။
ဓားရည်ရွယ်ချက်က သူ့ကို ဓားနတ်ဆိုးဆီသို့ တွန်းပို့လိုက်ပေ၏။ လုရွှမ် ကိုယ်တိုင်ကလည်း ထိုဓားကို မထိန်းချုပ်နိုင်သောကြောင့် သဘာဝကျကျ ပြန်ဆုတ်ဝံ့ခြင်း မရှိပေ။