ပင်လယ်သားရဲတွေ ရောက်လာပြီ
Vol. 74 Ch. 4.625
ဓားနတ်ဆိုးက ဟောက်ပြီး သူ့ခန္ဓာကိုယ်ထဲက သွေးတွေ ပန်းထွက်လာသည်။
"ပေါ်လာခဲ့!"
"ခုတ်!"
ဓားနတ်ဆိုး အလွန် ကျယ်လောင်စွာ အော်လိုက်သည်။ သူက ပူလောင်သော မျက်လုံးများဖြင့် လုရွှမ်ကို သေချာ စိုက်ကြည့်နေသည်။
"ကောင်းပြီ!"
လုရွှမ်လည်း အသံပြန်ပေးလိုက်၏။ သူက ပြတ်ပြတ်သားသားပဲ နတ်မီးလုံးက မလောင်ဘူးဆိုရင် တခြားသူကို မီးထွန်းခိုင်းရလိမ့်မယ် ဆိုတာ နားလည်သွားသည်။
"ယွမ်ယန်ဓားကိုးစင်း... ခြောက်စင်းမြောက် ဓား!! ကမ္ဘာကို ဖန်တီးစေ!"
သူ့လှုပ်ရှားမှုသည် ကျပန်းမဟုတ်ပေ။ ဓားနတ်ဆိုး၏ လက်ရှိ ရုပ်ပိုင်းဆိုင်ရာ အခြေအနေကို သူမြင်ရသည်။ သူ ဒီဓားစွမ်းအင်အောက်မှာ ရှင်သန်ချင်ရင် သူ့ခန္ဓာကိုယ်ရဲ့ အချုပ်အနှောင်တွေကို ချိုးဖျက်ကာ နတ်မီးကို သူ့ခန္ဓာကိုယ်ထဲက တွန်းထုတ်ပြီး ထွန်းညှိရမည်။
လုရွှမ်ရဲ့ ဓားသိုင်းစွမ်းရည်မှာ ပဉ္စမဓားက ဖျက်ဆီးခြင်း ဖြစ်ပြီး ဆဋ္ဌမဓားက ဖန်တီးမှုဖြစ်သည်။ ပဉ္စမဓားသည် သေမင်း စွမ်းအင်များစွာကို စုဆောင်းထားပြီး ဆဋ္ဌမဓားသည် အသက်စွမ်းအင်ကို လှုံ့ဆော်ပေးသည်။
"သွား!"
ကောင်းကင်နဲ့မြေကြီးကြားမှ ထွက်ပေါ်လာသည့် အသံတစ်သံသည် အာကာသ တစ်ခုလုံး ချက်ချင်း ပဲ့တင်ထပ်သွား၏။ လူတိုင်းလည်း သူတို့ခေါင်းတွေ လှုပ်ခါသွားပြီး သူတို့ခန္ဓာကိုယ်ထဲက အသက်စွမ်းအင် တချို့ကို လုယက်သွားသလို ခံစားလိုက်ရသည်။
လုရွှမ်၏ စစ်မှန်သော နေမျက်လုံးများသည် ပွင့်လျက်ရှိကာ သူ့ဓားရှည်ထဲသို့ အရောင်မျိုးစုံရှိသော အသက်စွမ်းအင် စီးကြောင်းများ စုစည်းလာတာကို တွေ့လိုက်ရသည်။ ၎င်းတို့က သစ်သားဓားထဲ စုဝေးလာပြီးနောက် ဓားနတ်ဆိုးကို တိုက်ခိုက်လိုက်သည်။
ဓားနတ်ဆိုး၏ ခန္ဓာကိုယ်သည် ခြစ်မိပြီး စုတ်ပြဲနေသော ဒဏ်ရာများဖြင့် ရှုပ်ပွနေကာ ယင်းမှာ ဓားစွမ်းအင်၏ ဖိအားကြောင့် ဖြစ်ပေါ်လာသော ဒဏ်ရာများသာ ဖြစ်ပေသည်။
သူ၏ ဓားရေးကျွမ်းကျင်မှုသည် အမှန်တကယ်ပင် ထူးခြားသော်လည်း ကာယကြံ့ခိုင်မှုအရ ဆိုလျှင် ထိုမျှလောက် အစွမ်းမထက်ပေ။
“နတ်မီးလင်းစေ!”
ဟောက်သံနှင့်အတူ ဓားနတ်ဆိုး၏ သွေးများ တဖန် ပန်းထွက်လာပြီး သူ့မျက်ခုံး အလယ်ဗဟိုရှိ နတ်မီးလုံးက ရုတ်တရက် တောက်ပလာခဲ့သည်။ နတ်မီးလုံးဟာ သူ့ခန္ဓာကိုယ်ထဲမှ လွင့်ထွက်ကာ လေထဲတွင် လှည့်ပတ်သွားလာရင်း စူးစူးရဲရဲ တောက်နေ၏။
"ဟမ့် မင်းက နတ်မီးကို ထွန်းချင်နေသေးတယ်ပေါ့...ငရဲကိုသာ သွားလိုက်တော့"
တစ်စုံတစ်ယောက်က နောက်ဆုံးတွင် လှုပ်ရှားလာခဲ့သည်။ လက်ကြီးတစ်ချောင်း ပေါ်လာပြီး ဓားနတ်ဆိုး၏ နတ်မီးလုံးကို ဖမ်းကိုင်လိုက်ပေသည်။
ဓားနတ်ဆိုးသည် အရေးကြီးသော အခိုက်အတန့်တွင် ရှိနေပြီးမို့ လုံးဝ မခုခံနိုင်ပေ။ ဒါကလည်း နယ်ပယ်ကို ဖြတ်ကျော်တဲ့အခါ ဘေးမှာ တစ်ယောက်ယောက် ရှိနေတာကို အကြောက်ဆုံး အကြောင်းရင်းလည်း ဖြစ်သည်။ ဤအခိုက်အတန့်မှာ အလွန် အန္တရာယ်များပါ၏။ အကြီးအကဲများ၏ အကာအကွယ် မပါလျှင် တစ်စုံတစ်ယောက်တီက တိုက်ခိုက်တာကို မလွဲမသွေ ခံရနိုင်သည်။
အမှန်တော့ ဓားတစ်သောင်းဂိုဏ်းက အကြီးအကဲများသည် အမဲလိုက်ရာသီ ခရီးမစမီ ဓားနတ်ဆိုးကို ရပ်တန့်ခိုင်းထားပြီးသား ဖြစ်သည်။ အမဲလိုက်ရာသီမှာ မပါဝင်ဖို့လည်း တားမြစ်ခဲ့သည်။ နောက်ဆုံးတွင် သူသည် နတ်မီးနယ်ပယ်သို့ ဖောက်ဝင်တော့မှာ ဖြစ်လို့ အတွင်း၌ အန္တရာယ်နဲ့ ကြုံတွေ့ရလျှင် ဘယ်သူကမှ အကာအကွယ် မပေးနိုင်ပေ။
အဆုံးတွင် ဓားနတ်ဆိုးသည် တစ်ယောက်တည်း ပြေးဝင်လာ၍ မာနကြီးလွန်းခဲ့သည်။
လုရွှမ် ခနဲ့ပြုံး ပြုံးလိုက်သည်။ တစ်စုံတစ်ဦး လှုပ်ရှားလာမှာကို သူ စောင့်ဆိုင်းနေခဲ့တာပင်။ လုရွှမ်သည် ဓားနတ်ဆိုးက ဒီနေရာမှာ နယ်ပယ် ဖြတ်ကျော်ရန် ရွေးချယ်ခဲ့တာကို သဘောကျမိသလို သူ့ကိုလည်း စာနာမိသည်။
သတ္တိမရှိသူ၊ ကိုယ့်အစွမ်းအစကို အသိအမှတ်ပြုမှု မရှိတဲ့သူတွေက ဒါကို လုံးဝမလုပ်ဝံ့ဘူး။
လုရွှမ် အရှိန်အဟုန်ပြင်းပြင်း ထွက်ပေါ်လာပြီး လူအုပ်ထဲမှ တရားခံများကို တွန်းထုတ်လိုက်သည်။ ပွက်ပွက်ဆူနေသော လူအုပ်မှာ သွေးတစ်လုတ်စီ ထွက်ကျလာပြီးနောက် လူတစ်ဦး လေထဲမှ မြေပြင်ပေါ်သို့ တိုက်ရိုက် လဲကျသွားသည်။
"အဲဒါ ဓားဖြတ်တောင်ထွတ်က လူတွေမလား?"
တစ်စုံတစ်ယောက်က အော်ငေါက်ရင်း ထိုလူတွေရဲ့ အထောက်အထားကို လှမ်းအော်၍ ထုတ်ဖော်လိုက်သည်။
ဓားတစ်သောင်းဂိုဏ်း နှင့် ဓားဖြတ်တောင်ထွတ်တို့ကြားက ဆက်ဆံရေးသည် ရိုးရိုးရှင်းရှင်းကိုပင် အဆင်မပြေကြောင်း လူတိုင်း ရုတ်တရက် သဘောပေါက်သွားသည်။ ဓားတစ်သောင်းဂိုဏ်းက ပါရမီရှင်သည် အောင်မြင်မှုများ ပြုလုပ်နေပြီး ဓားဖြတ်တောင်ထွတ်က လူများကတော့ ပါရမီရှင်များ မဟုတ်ကြပေ။
"အားလုံးပဲ ဒီနေရာမှာ တစ်ခုပြောပါရစေ... အစ်ကိုဓားနတ်ဆိုးက နတ်မီး ထွန်းညှိနေတာကို လူတိုင်း ကြည့်လို့ရတယ်။ အနာဂတ်မှာ မီးထွန်းဖို့အတွက် အတွေ့အကြုံကို လိုချင်ပြီး ဒါက အနာဂတ်အတွက် ပိုသေချာစေမှာပါ ဒါကြောင့် လှုပ်ရှားဖို့ မစဉ်းစားပါနဲ့... အဲဒါက ကိုယ့်ကိုကိုယ်တင်မကဘဲ တခြားသူတွေကိုပါ ထိခိုက်စေလိမ့်မယ်"
"ခေါင်းမကြည်တဲ့ လူတွေဆိုရင်တော့ ငါသူ့ကိုသတ်ပစ်မယ်။ ငါမသတ်နိုင်ရင်တောင်မှ သူ့ကိုမှတ်ထားပြီး ဓားတစ်သောင်းဂိုဏ်းက သခင်တွေကို အကြောင်းကြားလိုက်မယ် ဟမ့် အဲ့အချိန်ကျရင် ဓားတစ်သောင်းဂိုဏ်းက သခင်တွေ ထွက်လာရင် မင်းတို့ရဲ့ဂိုဏ်းက မင်းအသက်လေးကို ကာကွယ်နိုင်ဦးမလား မသိဘူးနော်"
လုရွှမ် ပြောပြီးသည်နှင့် သူ့စကားများသည် အဟန့်အတားများစွာ ရှိမည်မဟုတ်ကြောင်း သူသိသည်။ တကယ်တော့ သူ့အဆင့်က နိမ့်နေသေးပြီး လူတွေက သူ့ကိုတိုက်ဖို့ စမ်းကြည့်ရဲတုန်းပဲ။ သူ့မှာသာ ကောင်းကင်ဘုံသခင် ပြီးပြည့်စုံသောကာလ ကျင့်ကြံမှု ရှိခဲ့မယ်ဆိုရင် ဒီလူတွေ လှည့်ပြီး ထွက်သွားလိမ့်မယ်လို့ ယုံကြည်ရလေ၏။
"ဟုတ်လား? ငါတို့ ပင်လယ်သားရဲတွေ လာခဲ့ရင်ရော ဘာဖြစ်လဲ?"
ရက်စက်တဲ့ အသံတစ်ခုက ရုတ်တရက် ထွက်ပေါ်လာတယ်။
လူတိုင်းသည် ထိုပင်လယ်သားရဲ၏ အသံကို ကြားသောအခါ ထိုလူကိုရှာရန် တစ်ယောက်ပြီး တစ်ယောက် ဘေးသို့ လျင်မြန်စွာ ရွှေ့သွားကြသည်။ ထိုအခါ ဒါဇင်နဲ့ချီတဲ့ ပင်လယ်သားရဲတွေ ပျံဝဲလာနေတာကို တွေ့လိုက်ရ၏ သူတို့အားလုံးဟာ လူသားပုံစံတွေအဖြစ် ပြောင်းလဲသွားပြီမို့ အခုသူတို့ဟာ ရင်ကော့ပြီး ခုန်ပေါက်နေကြပြီ။
ပတ်ဝန်းကျင်က လူသား ကျင့်ကြံသူတွေဟာ သူတို့ရဲ့ ရောင်ဝါကြောင့် ထိတ်လန့်ပြီး အမြန်ပဲ လမ်းကနေ ထွက်သွားပေးကြ၏။
သူတို့သည် ကောင်းကင်ဘုံသခင် ပြီးပြည့်စုံသော နယ်ပယ်က အရှင်သခင်များ ဖြစ်ကြသော်လည်း ပင်လယ်သားရဲများ ရှေ့တွင်တော့ သူတို့သည် သဘာဝအားဖြင့် အနည်းငယ် နိမ့်ပေသည်။
လုရွှမ် ခေါင်းဆောင်ကို မသိသော်လည်း သူမှတ်မိတဲ့ လူတစ်ဦးကတော့ ဟွမ်ရီး ဖြစ်လေ၏။
"ဟေ့ ကောင်လေး ငါတို့နှစ်ယောက် မတွေ့တာကြာပြီနော်"
ဟွမ်ရီးက လှမ်းအော်လိုက်သည်။ ထို့နောက် သူသည် လုရွှမ်ကို လူသတ်အကြည့်ဖြင့် ကြည့်ကာ ခေါင်းဆောင်အား စကားအနည်းငယ် ပြောလိုက်သည်။
"ကောင်လေး မင်းက ငါတို့နောက်ကွယ်က ပင်လယ်မျိုးနွယ်စု ၂၃နွယ်ကို သတ်ခဲ့တဲ့သူလား?"
လူတိုင်း အံ့သြတုန်လှုပ်သွားပြီး လုရွှမ်ကို မယုံနိုင်စွာ ကြည့်နေကြသည်။ လုရွှမ်သည် ပင်လယ်သားရဲများ၏ နယ်မြေထဲသို့ နက်ရှိုင်းစွာ ဝင်ရောက်သွားပြီး ၎င်းတို့၏ မျိုးနွယ်စုကို သတ်ဖြတ်ခဲ့သည်။
ဒါက ရူးသွားတာလား? ဒီလူတွေ အားလုံးထဲမှာ ဘယ်သူက ဒီလိုသတ္တိရှိလဲလို့ မေးလိုက်ရင် အဖြေရော ရှိပါ့မလား?
လုရွှမ်ဆီကို ထပ်ကြည့်လာသော မျက်လုံးများသည် ယခင်ကကဲ့သို့ မနာလို မဖြစ်တော့သော်လည်း သဘောကျမှု အရိပ်အမြွက်များ ရှိနေသည်။ သူတို့လောက် အစွမ်းထက်တာ မဟုတ်ပေမယ့် သူတို့မလုပ်နိုင်တာကို မီးမောင်း ထိုးပြနေတဲ့အတွက် သဘာဝအတိုင်း မနာလို ဖြစ်လာကြတော့သည်။
ဒါပေမဲ့ သူတို့ဒီလောက် အစွမ်းထက်တာတော့ မဟုတ်ပေမယ့် ရူးသွပ်လွန်းတဲ့ အကျင့်တွေကို လုပ်ပြီးတော့ မနာလို မခံချင်ပါဘူး။
"ကောင်းပြီ ငါလည်း မင်းကို အခွင့်အရေး တစ်ခုပေးမယ်.... မင်းငါ့ကို တားထားနိုင်သရွေ့ မင်းသူငယ်ချင်းကို နတ်မီး ထွန်းခွင့်ပေးလိုက်မယ် ဘယ်လိုလဲ?"
ခေါင်းဆောင်က အလွန်ယုံကြည်မှုရှိနေပြီး သူသည် အလွန်လွှမ်းမိုး ချုပ်ကိုင်တော့မည့် စကားလုံးများကို ပြောကာ လုရွှမ်ကို တင်းမာသော အကြည့်များဖြင့် စိုက်ကြည့်နေသည်။
လုရွှမ် သူ့ပတ်ဝန်းကျင်က လူတွေကို တစ်ချက် ကြည့်လိုက်ပြီး သူ့စိတ်ထဲက အတွေးတစ်ချက်နဲ့ ခေါင်းညိတ်လိုက်၏။
"ကောင်းပြီ!"
သူ့ပတ်ဝန်းကျင်က လူတွေကို မတိုက်ခိုက်စေချင်လို့ မဟုတ်ပေ။ ဒီလူတွေရဲ့ ခွန်အားနဲ့ ဒီပင်လယ်သားရဲတွေကို အတူတူ သတ်ပစ်ကြမယ် ဆိုရင်တော့ အနည်းဆုံးတော့ ပင်လယ်သားရဲများကို မောင်းထုတ်ပစ်နိုင်သည်။ သို့သော် လူတိုင်းကို ကြည့်ပြီးနောက် လုရွှမ်က လှည့်စားမှု သက်သက်သာ ဖြစ်ကြောင်း သိလိုက်သည်။
ဒီလူတွေက သန်မာတယ် ဆိုတာကို မပြောနဲ့။ သူတို့ရဲ့ ရည်ရွယ်ချက်က ဘယ်လိုပဲ ဖြစ်ဖြစ် သူတို့ဟာ ပင်လယ်သားရဲတွေကို အစွမ်းကုန် တိုက်ခိုက်ပေးမှာ မဟုတ်ဘူး ဆိုတာ သေချာပါသည်။ သူတို့ဟာ ဓားနတ်ဆိုးကို တိတ်တဆိတ် လုပ်ကြံဖို့တောင် လုပ်နိုင်သေးသည်။
ထို့အပြင် ပင်လယ်သားရဲများသည် မာနကြီးသော်လည်း ဤနေရာတွင် လူသားမျိုးနွယ် စုရုံးနေတာကြောင့် ကြောက်ရွံ့နေကြတာ ထင်ရှားလေသည်။ လေးဖက်လေးရံကို လူသားကျင့်ကြံသူတွေက ဝိုင်းထားတာမို့ ဝိုင်းပြီး သတ်ဖြတ်ကြမှာကို ကြောက်ရွံ့ကြတာတော့ မထူးဆန်းချေ။
ထို့ကြောင့် လုရွှမ် ဒီအစီအစဥ်ကို လက်ခံခဲ့သည်။ ဆိုလိုသည်မှာ လူတိုင်း အတူတကွ ဝင်မတိုက်ဘဲ၊ တစ်ဦးကို တစ်ဦး ဒေါသထွက်စေခြင်း မရှိစေဘဲ လုပ်နိုင်ရင် လူသားမျိုးနွယ်ရဲ့ မောက်မာမှုကိုလည်း လျော့ပါးစေနိုင်သည်။
အဲဒါကြောင့် ဒီလောင်းကြေးကို ယူလိုက်တာက အကောင်းဆုံး ရွေးချယ်မှု ဖြစ်လေသည်။