← Chapters

အဆင့်မြင့်သူ

Vol. 74 Ch. 4.626

အဆင့်မြင့်သူ

Vol. 74 Ch. 4.626

"မင်းအရင်လာခဲ့... ဒါပေမဲ့ ဘယ်လို အကြံအစည်မျိုးမှ မလုပ်ဖို့ ငါအကြံပေးတယ်နော် မဟုတ်ရင် စိတ်ပျက်စရာ၊ ကြောက်စရာကြီး ဖြစ်သွားမယ်... စိတ်ပျက်ပြီး သေရတာက ပိုတောင်ကြောက်စရာ ကောင်းလိမ့်မယ်"

ပင်လယ်သားရဲက အော်ကာ ရှိသမျှ သက်ရှိသတ္တဝါအားလုံးကို ငုံ့ကြည့်လိုက်သည်။

ဤလူသည် နတ်မီးလုံးကို ထွန်းညှိလုနီးပါး အဆင့်မြင့်နေပြီဟု လုရွှမ် ခံစားနိုင်သည်။ သူအလိုရှိပါက အချိန်မရွေး မီးထွန်းရန် အဆင်သင့် ဖြစ်​နေနိုင်သည်။ သို့သော် ဓားနတ်ဆိုးလို လူအုပ်ထဲမှာ နတ်မီးကို ထွန်းညှိရတဲ့အထိ သတ္တိမရှိတာတော့ သေချာပါ၏။

သာမာန်လူတွေက ဒီလိုလုပ်ချင်စိတ် မရှိကြဘူးလေ။ လုပ်လိုက်ရင် အနာဂတ်အောင်မြင်မှုတွေက ပိုမြင့်မားလာလိမ့်မယ်။ အန္တရာယ် ကြီးလေလေ အကျိုးအမြတ် ကြီးလေပဲ။ ဒါက အမှန်တရားပဲ ဖြစ်တဲ့အကြောင်း လူတိုင်းသိပေမယ့် လုပ်ဝံ့သည်ဖြစ်စေ မလုပ်သည်ဖြစ်စေ လုံးလုံးလျားလျား နောက်ထပ်ကိစ္စ တစ်ခု ဖြစ်သည်။

"မင်းနာမည် ဘယ်လိုခေါ်လဲ?"

လုရွှမ် မေးလိုက်သည်။ ထိုလူက နှစ်ကြိမ်ခန့် ရယ်​မောလိုက်ပြီး

"ကောင်းလျှို (အဆင့်မြင့်သူ)!"

လုရွှမ် ခဏလောက် အံ့အားသင့်သွားပြီး

"မင်းဆိုလိုတာက မင်းနာမည်က အဆင့်မြင့်သူလား?"

"မှန်တယ် ငါက အဆင့်မြင့်သူ... အဆင့်မြင့်သူက ငါပဲ"

တခြားအချိန်အခါမျိုးတွင် ကျင့်ကြံသူတွေ အားလုံး ယခုလိုညစ်ညမ်းသော စကားကို ကြားလျှင် ရယ်မောကြမှာ ဖြစ်သော်လည်း ကြီးကျယ်ခမ်းနားသော ပင်လယ်သားရဲရဲ့ အရှိန်အဝါကြောင့် ဘယ်သူမှ စကားတစ်ခွန်းမှ ဝင်မပြောရဲပေ။

ပင်လယ်သားရဲဖက်က လူတစ်စုက မရပ်မနား ရယ်မော​နေကြ​လေသည်။

"တိုက်လိုက်တော့"

ကောင်းလျှိုက အော်ဟစ်လိုက်ပြီး လုရွှမ် ဓားနတ်ဆိုးကို တစ်ချက် ပြန်ကြည့်လိုက်သည်။ ယခုအချိန်တွင် ၎င်း၏ အရိပ်အယောင်သည် မတည်ငြိမ်တော့ဘဲ ပြင်းထန်သောကာလထဲ ရောက်ရှိနေတာ ထင်ရှားပေ၏။ နတ်မီးလုံးကို ထွန်းညှိရန် အချိန်အတိုင်းအတာ တစ်ခုအထိ ယူရမည်ဟု ထင်ရပြီး ဤကာလအတွင်း သူသာ ထိန်းချုပ်ထားပေးရတော့မယ့် ပုံပင်။

တခြားသူတွေက စိတ်မချရဘူးဆိုတာ သိသာပါ၏။ ဒီပင်လယ်သားရဲတွေကို ထိန်းထားနိုင်သလို လူသား ကျင့်ကြံသူတွေကိုလည်း ဟန့်တားပြီးသား ဖြစ်သွားစေနိုင်သည်။ သို့သော် သူ​တောင့်မခံနိုင်ခဲ့ရင် ဒီလူတွေ ပြေးသွားလိမ့်မယ်လို့ ထင်ရလေသည်။

ကောင်းလျှို၏ အရှိန်အဟုန်သည် ရုတ်တရက် ပြောင်းလဲသွား၏။ ယခင်က အနည်းငယ် နောက်ပြောင်နေပုံရသော်လည်း ချက်ချင်းပင် ပြင်းထန်သော အခြေအနေသို့ ဝင်ရောက်သွားကာ လူများကို တောင်ထိပ်၌ မြင့်မြင့်မားမား ရပ်တည်နေသည့် ခံစားချက်ကို ပေးစွမ်း​နေသည်။

သူ့ပတ်ဝန်းကျင်ရှိ လူတိုင်း၏ မျက်နှာများသည် ကူကယ်ရာမဲ့ ပြောင်းလဲသွားကာ ကောင်းလျှို သူ့ကိုယ်သူ အဆင့်မြင့်သူဟု ခေါ်ဝံ့တာကို ဘာမှပြန်မပြောရဲတော့ပေ။ အားလုံးက အနည်းငယ်တော့ အထင်သေးခံရတယ်လို့သာ ခံစားနိုင်​လေသည်။

ဤအခိုက်အတန့်ကို ကောင်းလျှိုက တကယ် အဆင့်မြင့်သူပဲ ဆိုတာ သိလိုက်ကြသည်။ သူက လက်ရှိလူတွေထက် အများကြီးသာနေပြီ။

လုရွှမ်သည် သတိမမူဝံ့ဘဲ သစ်သားဓားကို လက်ဖဝါးဖြင့် တင်းတင်း ဆုပ်ကိုင်ထားသည်။

"ပထမသိုင်းကွက် လှုပ်ရှား!"

ကောင်းလျှိုက လက်ညှိုးကို မြှောက်ကာ အသက်ပြင်းပြင်း ရှူလိုက်ပြီးနောက် ကျယ်လောင်သော ဟောက်သံတစ်ခုကို ထုတ်လွှတ်လိုက်သည်။

ထိုအသံ ထွက်လာသည်နှင့် တပြိုင်နက် အဝေးမှ လူအများ၏ နှလုံးသားထဲတွင်လည်း တိုးညှင်းသော ရွတ်ဆိုသံကဲ့သို့ အသံတချို့ ထွက်ပေါ်လာခဲ့လေ၏။

ဟောက်သံက လူကြီးတစ်ယောက်လို မဟုတ်ဘဲ အသံနိမ့်တဲ့ ယင်စွမ်းအားလို နူးညံ့သိမ်မွေ့ရာ ၎င်းသည် လူတိုင်းရဲ့ နှလုံးသားကို နှိုးဆော်​ပေးနိုင်ပြီး လူများကို မကူညီနိုင်ဘဲ ၎င်းကို စွဲလမ်းသွားစေသည်။

သို့သော် ချက်ချင်းဆိုသလိုပင် အော်သံက ပြောင်းလဲသွားသည်။ ပင်လယ်လှိုင်းလုံးများကဲ့သို့ တခဏ ငြိမ်သက်ပြီးနောက် နောက်အခိုက်အတန့်တွင် မုန်တိုင်းများ ထန်လာသည်။

လှိုင်းလုံးငယ်များသည် လှိုင်းလုံးများအဖြစ်သို့ ပြောင်းလဲသွားကာ လှိုင်းလုံးငယ်များက လှိုင်းလုံးကြီးများ အဖြစ်သို့ ပြောင်းလဲသွားပြီး ကျောက်ဆောင်များနှင့် ချောက်ကမ်းပါးများကို ရိုက်ခတ်သွားလေ၏။

၎င်းက နတ်မိုးခြိမ်းသံကဲ့သို့ပင် ကျင့်ကြံသူ အားလုံး၏ စိတ်နှလုံးကို ရိုက်ခတ်သွားရာ အားလုံးရဲ့ မျက်နှာက ဖြူဖျော့သွားကာ တချို့လူတွေမှာ ပါးစပ်ထဲမှ သွေးများပင် ထွက်ကျလာကုန်သည်။

လူတိုင်းက သူတို့ကို နှလုံးသားထဲမှာ တစ်စုံတစ်ယောက်က ပြင်းပြင်းထန်ထန် ရိုက်နှက်နေသလို ခံစားလာရတော့သည်။ ပြီးတော့ နှလုံးက အပြင်ကို ခုန်ထွက်တော့မလို ပြင်းပြင်းထန်ထန် ခုန်နေ၏။

​ရောင်ဝါကိုယ်တိုင်က သိပ်ကြောက်စရာ ကောင်းနေတာမျိုး မဟုတ်ပေမယ့် နှလုံးသားကို ဟောက်သံနဲ့ ပဲ့တင်ထပ်စေသည်။

နောက်ထပ် အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာပြန်၏။ ၎င်းက အလွန်နူးညံ့ပြီး ယန်စွမ်းအားများ အပြည့်ရှိသည်။ ဒါပေမဲ့ လူတွေရဲ့ နှလုံးသားကို နွေးထွေးပြီး နူးညံ့လွန်းတာကြောင့် ပြင်းထန်စွာ ခုန်နေတဲ့ နှလုံးသားဟာ မခုန်တော့ဘဲ တဖြည်းဖြည်း ငြိမ်သက်သွားပြီး နူးညံ့တဲ့ စွမ်းအားနဲ့အတူ တဖြည်းဖြည်း နှေးကွေးလာကာ သူ့ရဲ့ မူလအသွင်အပြင်ကို ပြန်လည် ရောက်ရှိသွား၏။

ထိုစွမ်းအင်များကို ထုတ်လွှတ်နေသူက အမှန်တကယ်ပင် လုရွှမ် ဖြစ်နေတာကို လူတိုင်းမြင်လိုက်ရသည်။ သူ့ခန္ဓာကိုယ်က သိပ်တောက်ပမှုမရှိတဲ့ အလင်းရောင် ဖျော့ဖျော့ကို ထုတ်လွှတ်လိုက်တဲ့အခိုက် လူတိုင်းက သူ့ခန္ဓာကိုယ်ကို အလင်းရောင်ကနေ တစ်ဆင့် မြင်နိုင်သွားသည်။

ဤအခိုက်အတန့်တွင် လူတိုင်းသည် ဒါဟာ မဟာသူတော်စင် ပထမအဆင့်ပဲလို့ မခံစားရတော့ချေ။

သူ့စွမ်းအင်တွေက နေရောင်ခြည်နှင့် မိုးပွင့်တွေလို သူတို့စိတ်ကို အားဖြည့်ပေးသည်။ ကြည်လင်ပြတ်သားတဲ့ ကျောက်တုံးလို၊ ဖြူစင်ပြီး အပြစ်အနာအဆာကင်းတဲ့၊ အလွန်ထူးဆန်းတဲ့ ခံစားမှုတစ်ခုလို ထင်ရပေမယ့် အမှောင်ထဲ ရောက်နေချိန် သူတို့ရှေ့က လမ်းကို မီးတောက်တစ်မျိုး ထွန်းတောက်ပေးလိုက်သလိုမျိုး ယုံကြည်မှုတွေက သူ့အလိုလို ပေါ်ထွက်လာသည်။

ကောင်းလျှိုမှာ သူ့ပါးစပ်ကိုပိတ်ပြီး လုရွှမ်ကို မယုံနိုင်စွာ ကြည့်လိုက်သည်။

"မင်းက ငါ့ရဲ့ရောင်ဝါ လှုပ်ရှားမှုထဲက 70% သင်ယူနိုင်ခဲ့တာ အံ့သြစရာကောင်းတယ်.... မင်း အရမ်းနိမ့်ကျတဲ့ နယ်ပယ်အဆင့်သာ မဟုတ်ခဲ့ရင် ငါ မင်းကို တကယ်ရှုံးသွားလိမ့်မယ်"

ကောင်းလျှိုက အော်လိုက်သည်။ သူ့အသံမှာ ပြတ်သားပေမယ့် ပိုလို့တောင် မာနကြီးလာပုံပေါ်၏။ အားကြီးတဲ့သူက အားနည်းသူကို ချီးကျူးပေးနေပုံဖြင့် ပြောနေသည်။

လုရွှမ်သည် ထူးကဲသော အရည်အချင်းများကို ပြသခဲ့သော်လည်း ကောင်းလျှိုက သူ့ကို မျက်စိထဲ မထည့်သေးချေ။ သူက ကြက်ကိုကြည့်နေတဲ့ ကျားနဲ့တူနေသည်။ ဒီကြက်က အရမ်းအစွမ်းထက်ပြီး ထက်မြက်ပေမယ့် ကျားက သတိမထားမိပုံမျိုးပင်။

"ဒုတိယသိုင်းကွက် ရွှေ့လိုက်!"

ကောင်းလျှိုက လက်သီးထိုးပြလိုက်ပြန်သည်။

အနီးနားရှိ ကျင့်ကြံသူများသည် သူတို့နောက်မှလူများ သူတို့ကို ဆန့်ကျင်ကြံစည်ရန် ထူးကဲသော လှုပ်ရှားမှုအချို့ကို အသုံးပြုလာမှာကို စိုးရိမ်သဖြင့် ကြောက်ရွံ့ထိတ်လန့်စွာ ကြည့်ရှု​နေကြသည်။

ကောင်းလျှိုသည် ထူးထူးခြားခြား လှုပ်ရှားမှုများကို မလုပ်လိုသော်လည်း ရိုးရှင်းသော လှုပ်ရှားမှုကပင် လူများကို ထိတ်လန့်လာစေကာ သူတို့ခမျာ မြက်ပင်နှင့် သစ်ပင်များပင် ဖြစ်လာသည်။

ယခုမူကား ကောင်းလျှိုနဲ့အတူ လိုက်ပါလာသည့် လူအနည်းငယ်ဟာ လူသား ကျင့်ကြံသူ အားလုံးကို ကဲ့ရဲ့ရှုံ့ချ​နေကြပြီ။ သူတို့ မျက်လုံးများက ဤလူသားမျိုးနွယ်များကို နှိမ့်ချမှု၊ ရှုံ့ချမှုများနှင့် ပြည့်နှက်နေသည်။

ကောင်းလျှိုက သူ့လက်သီးကိုသာ ထိုးညွှန်ထားသည်။ ဤလှုပ်ရှားမှုက အလွန်နှေးကွေးသော်လည်း သူတို့ခြေထောက်များကို ဆွဲငင်ထားသကဲ့သို့ အလွန်လေးလံနေသည်။

“သူဘာလုပ်နေတာလဲ?”

နားမလည်တဲ့ လူတစ်ယောက်က မေးလိုက်သည်။

"ဒီလောက်တောင် လေးလံ​နေတာ.... ဒါက လက်သီးချက်ရော ဟုတ်ရဲ့လား!"

တချို့လူတွေက ကြောက်နေပေမယ့် သူတို့က မထီမဲ့မြင်ပြုဖို့ တမင်တကာ ဟန်ဆောင်နေကြသေးသည်။

"ဟေ့ သတိမပေါ့ထားနဲ့ ဒီလူက တကယ်ကြောက်စရာ ကောင်းနေပြီ!"

လုရွှမ်လည်း တစ်ဖက်လူရဲ့ လှုပ်ရှားမှုများကို သေသေချာချာ စိုက်ကြည့်နေသည်။ ဤသိုင်းကွက်မှာ ကောင်းလျှိုမျက်နှာပေါ်ရှိ လေးလံမှုဟာ ဟန်ဆောင်​​နေခြင်း မဟုတ်ဘဲ သိုင်းကွက်က တကယ်ကို လေးလံလွန်းနေတာ ဖြစ်သည်။

လုရွှမ် လျင်မြန်စွာဖြင့် နေမျက်လုံးကို ဖွင့်လျက် ကောင်းကင်မီးတောက်ရဲ့ အလင်းမှုန်များကို ထုတ်လွှတ်လိုက်သည်။

လုရွှမ်သည် ကောင်းလျှို၏ လက်များပေါ်တွင် လင်းလက်တောက်ပနေသော နိယာမစွမ်းအင်များကို မြင်လိုက်ရပြီး ၎င်းတို့ကို သာမန်မျက်စိဖြင့် မမြင်နိုင်လောက်ချေ။ အကယ်၍ သူသာ အရာအားလုံးကို ဖြတ်ကျော်မြင်နိုင်သော နေမျက်လုံးကို မပိုင်ဆိုင်ထညးခဲ့လျှင် သူလည်း ဘယ်တော့မှ သတိမထားမိလောက်ပေ။

၎င်းတို့သည် ရေပြာရောင် နိယာမစွမ်းအင် နှင့် မြေကြီးရောင် နိယာမစွမ်းအင်များဖြစ်ပြီး နိယာမစွမ်းအင် နှစ်ခုက အမှန်တကယ်ကို ပေါင်းစပ်နေကြသည်။

ရေကရွှံ့ကို သယ်ဆောင်လာသလို ရွှံ့ကရေကို သယ်ဆောင်လာခဲ့သလိုပင်။ တဖြည်းဖြည်းနဲ့ လူတွေဟာ အဲဒီလက်သီးရဲ့ စွမ်းအား၊ နိယာမစွမ်းအင် အလင်းတန်းတွေ၊ ပတ်ဝန်းကျင်က ဝိညာဉ်စွမ်းအင်တွေ စုစည်းလာတာကို တွေ့လာရပါတော့သည်။

All Chapters