← Chapters

သွေးစက်ရဲ့စွမ်းအား

Vol. 74 Ch. 4.627

သွေးစက်ရဲ့စွမ်းအား

Vol. 74 Ch. 4.627

"ဒီလက်သီးချက်က?"

ဆံပင်အဖြူရောင်နဲ့ ကျင့်ကြံသူ တစ်ယောက်က တုန်တုန်ယင်ယင် အော်ဟစ်လိုက်သည်။ လက်သီးအစွမ်းသည် ကောင်းကင်ဘုံသခင် နယ်ပယ်ရဲ့ ကန့်သတ်ချက်ကို လုံးဝ ကျော်လွန်သွားပြီဟု ခံစားရသောကြောင့် မယုံကြည်နိုင်စွာ ကြည့်လိုက်မိသည်။

ကောင်းကင်ဘုံသခင်နှင့် နတ်မီးနယ်ပယ်ဟာ သူတော်စင်နှင့် သူတော်စင်တစ်ပိုင်းတို့လို လုံးဝကွဲပြားသော်လည်း ယခုအချိန်မှာတော့ ကွာဟချက်က ပို၍ ကြီးမားလာသလိုပင်။

သေခြင်းရှင်ခြင်းကြားက နယ်နိမိတ်ကို ဖြတ်ကျော်နိုင်ခြင်းဟာ ပိုးအိမ်ထဲမှ ခွဲထွက်ပြီး ဘဝသစ်တစ်ခု ရသွားသော လိပ်ပြာနှင့် တူ​ပေသည်။ ထို့အတူ ကောင်းကင်ဘုံသခင် ဆိုတာဟာ ထူထပ်တဲ့ ပိုးအိမ်အလွှာထဲမှာ တစ်သက်လုံး ပိတ်မိနေနိုင်တဲ့ နယ်ပယ်ပဲ ဖြစ်လေ၏။

ပိုမိုနက်ရှိုင်းစွာ လေ့ကျင့်လေ ပိုးအိမ်အလွှာက ပိုထူလာလေ ဖြစ်သည်။ ထိုအလွှာ၏ ခြေချင်းများကို ဘယ်တော့မှ မချိုးဖျက်နိုင်တော့ရင် တဖြည်းဖြည်း အသက်ကြီးလာပြီး ထာဝရအသက် မရှင်နိုင်တော့ပေ။

ကောင်းလျှိုက တဟားဟား အော်ရယ်ကာ မာနကြီးကာ ဘဝင်မြင့်လာ​လေသည်။ လက်သီးစွမ်းအင်ကို အဆုံးစွန်ထိ ဖြည်းညှင်းစွာ တွန်းပို့​ရင်း နောက်ဆုံးတွင် သူ့လက်သီးကို လုရွှမ်ဆီ ပစ်လွှတ်လိုက်သည်။

ဤလက်သီးချက်သည် ကောင်းကင်ဖြစ်စဉ် အနည်းငယ်မျှကိုပင် ပြောင်းလဲမှုများစွာ မဖြစ်ပေါ်စေခဲ့ပေ။ ဝိညာဉ်စွမ်းအင် စမ်းချောင်းများက အလိုအလျောက် စုစည်းကာ လက်သီးစွမ်းအင်ပေါ်တွင် တရွေ့ရွေ့ တိုးလာတာကြောင့် တဖြည်းဖြည်း ပိုကြီးလာကာ ပြောင်းလဲလာသည်။

၎င်းသည် အလွန် လေးလံနေပြီး လုရွှမ်အား အဆုံးမရှိ ဖိအားများဖြင့် ဖိထားသည်။ လုရွှမ် မျက်လုံးများလည်း အလင်းရောင်များဖြင့် တဖျပ်ဖျပ် ခတ်နေကာ သူ့မျက်နှာကလည်း အလွန်ကို လေးနက်နေသည်။ သူ့ခန္ဓာကိုယ်က မထိန်းနိုင်ဘဲ အနည်းငယ် နောက်ဆုတ်သွားရ၏။

သူကြောက်နေတာ မဟုတ်ပေ။ သူ့ခန္ဓာကိုယ်ကို လေထဲတွင် တည်ငြိမ်အောင် မထိန်းထားနိုင်ဘဲ ရောင်ဝါက အလွန်ပြင်းထန်သောကြောင့်သာ ဖြစ်သည်။

သူ့နောက်မှာ ဓားနတ်ဆိုး ရှိနေ၏။ သူ အခုထွက်သွားရင် ဒီလက်သီးချက်က ဓားနတ်ဆိုးကို မလွဲမသွေ ထိမိသွားလိမ့်မည်။ နောက်ဆုံး သူ့အောင်မြင်မှုဟာ ပိတ်ဆို့သွားမှာ သေချာပြီး သူလည်း ဒဏ်ရာအပြင်းအထန် ရသွားနိုင်ကာ အနာဂတ် ကျင့်ကြံမှုတွေဟာလည်း နောက်ထပ် ထပ်မတက်နိုင်တော့ချေ။

"ဆရာတူညီလေး မင်း ဖယ်လိုက်ပါ!"

အသံတစ်သံ ထွက်ပေါ်လာ၏။ လူတွေက ကောင်းကင်အောင်ခြင်းဂိုဏ်းက တစ်စုံတစ်ယောက်လို့ ထင်ပြီး ပတ်ဝန်းကျင်ကို လှည့်ကြည့်​နေကြသည်။

"မင်းကြင်နာပြီး ဖြောင့်မတ်ဖို့ တတ်နိုင်သမျှ လုပ်ခဲ့ပြီးပြီ... ဓားတစ်သောင်းဂိုဏ်းကတောင် ဘယ်သူမှ မထွက်လာခဲ့ဘူး ဘာလို့ ဒီတာဝန်ကို တစ်ယောက်တည်း သယ်​နေရတာလဲ"

ဒီစကားကြောင့် လူတော်တော်များများ ရှက်သွားကြ၏။ သူတို့အားလုံးထဲမှာ ဓားတစ်သောင်းဂိုဏ်းက လူတွေလည်း ရှိနေတယ် မဟုတ်လား။

အမှန်ကို ဓားတစ်သောင်းဂိုဏ်းက လူများစွာသည် ဤနေရာတွင် စုဝေးရောက်ရှိ နေကြသော်လည်း ကောင်းလျှိုရဲ့ တန်ခိုးကြောင့် ဘယ်သူကမှ မတ်တပ်ရပ်ဝံ့ခြင်း မရှိပေ။

ဓားတစ်သောင်းဂိုဏ်းက တပည့်များသည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြ၏။ တချို့ကလည်း ခေါင်းငုံ့ကာ ဘယ်သူ့ကိုမှ မကြည့်ရဲတော့ချေ။

သူတို့စိတ်ထဲမှာတော့ ဓားနတ်ဆိုးဟာ သူ့နည်းသူ့ဟန်နဲ့ သီသန့်နေပြီး ဂိုဏ်းကလူတွေနဲ့လည်း ဆက်ဆံရေး မကောင်းပေ။ ခုတော့ အန္တရာယ်ကျရောက်နေပြီ ဆိုတော့ သူတို့ ဝင်အရေးယူဖို့ မလိုတော့ဘူးပေါ့။

ဒါပေမဲ့ ပတ်ဝန်းကျင်က မျက်လုံးတွေကိုတော့ ခံစားနိုင်တုန်းပဲလေ။ အဲဒီမျက်လုံးတွေကြောင့် သူတို့ရဲ့ မျက်နှာတွေက ပူလောင်နာကျင်နေသလို ခံစား​​​နေရ၏။

လုရွှမ် စကားပြောလာသော လူကို ခေါင်းညိတ်ပြပြီး အကြံပြုချက်အတွက် သူ့ကို ကျေးဇူးတင်လိုက်သည်။ သို့သော် သူကတော့ တစ်နေရာတည်းမှာ ရပ်နေတုန်းပင်။

"အစ်ကိုဓားနတ်ဆိုးက ကျွန်တော်တို့ ကောင်းကင်အောင်ခြင်းဂိုဏ်းက မဟုတ်ပေမယ့် ကျွန်​တော်တို့ အားလုံးက လူသား ကျင့်ကြံသူတွေပါ... ပင်လယ်မျိုးနွယ်ရှေ့မှာ ကျွန်​တော်တို့အားလုံးက မိသားစုတစ်စုတည်းပဲ"

"ဒီနေ့ အစ်ကိုဓားနတ်ဆိုးက အန္တရာယ်ကျရောက်နေပြီ... ကျွန်​တော်တို့က ဝင်မကူဘူးဆိုရင် မနက်ဖြန် အန္တရာယ်ကြုံလာရင် ကျွန်​တော်တို့ကို ဘယ်သူက ကယ်တင်ဖို့ လာမှာလဲ?"

"ဒီနေ့.... ဒီဓားနတ်ဆိုးရဲ့ ရှေ့မှာ ငါရပ်နေမယ်... ဒီပင်လယ်သားရဲတွေရဲ့ စရိုက်နဲ့ ပတ်သက်လာရင် ငါတို့မျိုးနွယ်က ယုတ်ညံ့​နေတာမျိုး မရှိဘူး.. ငါတို့လူသားမျိုးနွယ်က သတ္တိရှိရှိ ခုခံရမယ်!!"

ထိုလက်ချက်သည် အလွန်နှေးကွေးသော်လည်း အရှိန်အဟုန်က ပြင်းထန်လာသည်။ လုရွှမ် ထိုစကားများကို လူတိုင်းစိတ်ထဲကို ထည့်သွင်းရန် ကျယ်လောင်စွာ အော်လိုက်ရသည်။

ပြီးပြည့်စုံစွာ ပြောပြီး လေသံကို တိုး​နေအောင်လည်း မပြောဝံ့ပေ။ သူ့လိုအပ်ချက်တွေက မမြင့်သေးပါဘူး။ ဒီကလူတွေက မကြောက်ဘဲ ဒီမှာပဲ ဆက်နေနိုင်နေသရွေ့ အခြေအနေကို ဟန်တားနိုင်လောက်သေးသည်။

လက်သီးက ပိုကြီးလာပြီး နောက်ဆုံးမှာတော့ လုရွှမ်ရှေ့ကို ပြေးဝင်သွား၏။ လက်သီး အရွယ်အစားနဲ့ နှိုင်းယှဉ်ကြည့်လျှင် လုရွှမ်သည် ပုရွက်ဆိတ်တစ်ကောင်လို ဖြစ်​​နေပြီး ထိုကြီးမားသော လက်သီးက ဥက္ကာခဲတစ်လုံးလို ကမ္ဘာကြီးအား ဖြိုချ ဖျက်ဆီးတော့မလိုပင်။

လုရွှမ် အသက်ပြင်းပြင်း ရှူလိုက်သည်။ ထိုလက်ချက်ရဲ့ အစွမ်းသည် ကောင်းကင်ဘုံသခင် ပြီးပြည့်စုံသောကာလ နယ်ပယ်ထက် ကျော်လွန်သွားပြီး နတ်မီးနယ်ပယ် အရှင်သခင်ရဲ့ ရောင်ဝါလည်း ရှိသည်။ သူ၏ လက်ရှိအင်အားနဲ့ဆို သူဘယ်လောက်ပဲ ရူးသွပ်နေစေကာမူ ၎င်းကို တားဆီးနိုင်မယ်လို့ တွေးဝံ့မည် မဟုတ်ပေ။

သူ့လက်တွေ တုန်ခါသွားပြီး သူ့လက်ဖဝါးထဲမှာ နီရဲနေတဲ့ သွေးစက်တစ်စက်က ဆန်းကြယ်စွာ ထွက်ပေါ်လာခဲ့သည်။ သွေးစက် ထွက်လာသည့် အခိုက်တွင် လူတိုင်းရဲ့ မျက်လုံးများကို ဆွဲဆောင်နိုင်သွား၏။

ရောက်လာသူ အားလုံးသည် အသိပညာရှိသူများ ဖြစ်ကြသော်လည်း ဤသွေးတစ်စက်ရဲ့ ဆန်းကြယ်မှုက ဘယ်လိုဖြစ်တာလဲ ဆိုတာတော့ ဘယ်သူမှ မသိကြပေ။ ဒါပေမဲ့ လူတိုင်းသာ ထိုသွေးစက်အတွင်းထဲမှာ အစွမ်းထက်တဲ့ စွမ်းအားတွေ ရှိနေတာကို ခံစားနိုင်ကြသေးသည်။

သွေးစက်က တစ်စက်မျှသာရှိပြီး လက်သည်းလောက်သာ ရှိသော်လည်း အရှိန်အဟုန်ဖြင့် လျှံတက်လာသော ရောင်ဝါကြောင့် ကျင့်ကြံသူများ အားလုံးသည် သူတို့ရှေ့တွင် တောင်တန်းကြီးများတွင် မြင့်မြင့်မားမား ရပ်တည်နေသကဲ့သို့ ခံစားလိုက်ရသည်။

ဤသွေးတစ်စက်သည် ရှေးဟောင်းလျှပ်စီးကမ္ဘာ ရှိစဉ်က လုရွှမ် မတော်တဆ ကြုံတွေ့ခဲ့ရသော တိုက်ပွဲအတွင်း ဖီးနစ်မီးမှ စီးဆင်းလာသော သွေးအနှစ်သာရ ဖြစ်သည်။

သွေးရောင်ဝါသည် ပြင်းထန်လွန်းပြီး စွမ်းအင်များစွာလည်း ပါဝင်နေသည်။ လုရွှမ် အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့သော်လည်း နောက်ပိုင်းတွင် မစုပ်ယူနိုင်သဖြင့် ကျောက်စိမ်းပြားထဲတွင်သာ သိမ်းဆည်းထားနိုင်ခဲ့သည်။

ယခုတော့ သေရေးရှင်ရေး အကျပ်အတည်းကို ရင်ဆိုင်နေပြီမလို့ ထိုသွေးတစ်စက်ကို ထုတ်ယူလိုက်ရသည်။

ဖြည်းညှင်းစွာ ပြေးချလာသော လက်သီးတောင်တန်းသည် လုရွှမ်၏ ဦးခေါင်းထက်တွင် ရပ်တန့်သွား၏။ ကောင်းလျှိုမှာ ဘယ်လောက်ပဲ ခက်ခက်ခဲခဲ ဖိချဖို့ ကြိုးစားနေပါစေ လက်သီးကြီးက ထပ်မရွှေ့နိုင်တော့ပေ။

"အဲဒါ ဘယ်လိုသွေးမျိုးလဲ"

ကောင်းလျှို မယုံကြည်နိုင်စွာ အော်ပြောလိုက်သည်။

တခြားသူများ မသိသော်လည်း ယခင်ထိုးဖောက်မှုဟာ သူ့ဘက်ကနေဆို အလွန်လွယ်ကူပုံရပြီး အင်အားအများကြီး မသုံးရကြောင်း ကောင်းလျှိုကိုယ်တိုင် ကောင်းစွာသိသည်။ တကယ်တော့ ဒါက သူ့ရဲ့ အပြင်းထန်ဆုံး လက်သီးချက်ပါပဲ။

ထိုလက်ချက်သည် သူ့ခန္ဓာကိုယ်ထဲရှိ ခွန်အားအားလုံးကို စုစည်းထားရာ နတ်မီးနယ်ပယ်က သခင်တစ်ဦးပင် ၎င်းအား လျှော့မတွက်ဝံ့ပေ။ ဒါက ဓားနတ်ဆိုး နတ်မီးလုံးကို ထွန်းညှိနေတာကို မြင်ပြီးတာတောင် မှော်မီးခွက်ကို လင်းခါနီးတွင်ပင် သူ မာနကြီးနေရသည့် အကြောင်းရင်းလည်း ဖြစ်သည်။

လက်သီးစွမ်းအင်သာ ဖောက်ထွက်သွားနိုင်လျှင် နတ်မီးနယ်ပယ်ကို မရောက်သေးသော ဓားနတ်ဆိုးက ကျိန်းသေပေါက် သေလိမ့်မည်ဟု သူယုံကြည်သည်။

ဒါပေမဲ့ ဒီလောက်ထိ ကြောက်စရာကောင်းတဲ့ လက်သီးစွမ်းအင်ကို လုရွှမ် တားဆီးနိုင်လိမ့်မယ်လို့ သူ မမျှော်လင့်ထားပါဘူး။

“အဲဒါက ဘာကြီးလဲ”

လူတိုင်းက လောဘကြီးပြီး ဆန္ဒတွေပြည့်နေတဲ့ အဲဒီနေရာက သွေးစက်ကို ကြည့်ရင်း အော်ဟစ်ပြောဆိုနေကြတယ်။

သူတို့ သေချာပေါက် သိနိုင်တာက ကောင်းလျှိုရဲ့ ထိုးနှက်ချက်က ​ကောင်းကင်ဘုံသခင် နယ်ပယ်ကို သေချာပေါက် ကျော်လွန်သွားပြီ။ တစ်နည်းအားဖြင့် ဆိုရသော် ထိုသွေးတစ်စက်သည် ၎င်း၏အရှိန်အဟုန်ဖြင့် နတ်မီးနယ်ပယ်က တိုက်ခိုက်မှုတစ်ခုကိုပင် တားဆီးနိုင်ပေ၏။

ထိုသွေးတစ်စက်သည် အလွန်ကြောက်စရာ ကောင်းလှပေသည်။ အံ့သြစရာကောင်းလောက်အောင် ထူးခြားတဲ့ ကောင်းကင်နဲ့ မြေကြီးထဲက ရတနာတစ်ခုပဲ ဖြစ်လိမ့်မည်။

"သွားတော့!" လုရွှမ် အော်လိုက်သည်။

ကျယ်လောင်သော အသံနှင့်အတူ ကြီးမားသော လေပြင်းတစ်ခုသည် အရှိန်ပြင်းပြင်းနှင့် ထွက်လာပြီး လက်သီးတောင်တန်းကို သူ့ခေါင်းထက်မှ တိုက်ရိုက် ကန်ထုတ်ပစ်လိုက်သည်။

ဝုန်း!

"သွားကြရအောင်!"

ကောင်းလျှိုသည် ဒေါသတကြီး မျက်နှာထားဖြင့် ရုတ်တရက် အော်ဟစ်လိုက်ပြီး သူ့လက်ကို ဝှေ့ယမ်းကာ ထွက်ခွာသွား၏။ သူ့နောက်ကနေ သူ့လူတစ်စုကလည်း လိုက်ပါသွားခဲ့သည်။

လုရွှမ် လုံးဝ အမီမလိုက်ချင်ပေ။ သူ့ခမျာ ထိုသွေးတစ်စက်ကို အသုံးပြုလိုက်တာကြောင့် ခွန်အားကုန်နေပြီ ဖြစ်သော စွမ်းအင်အားလုံးကို ထုတ်လွှတ်လိုက်ရသည်။ စိမ်းပြာနဂါးရဲ့ နှလုံးနဲ့ စိမ်းပြာနဂါးရဲ့ သန့်စင်သော စွမ်းအားကြောင့်သာ မဟုတ်ပါက သူသည် လေထုအလယ်တွင် လုံခြုံစွာ လွင့်မျောနိုင်ဦးမည် မဟုတ်တော့ပေ။

လုရွှမ် ပင်လယ်သားရဲတွေ နောက်ကို လိုက်ဖို့ အရိပ်အယောင်တောင် မပြတာကြောင့် သူ့ပတ်ဝန်းကျင်က လူတွေလည်း စကား ဝင်မပြောရဲကြချေ။ အဲဒီနတ်ဆိုးတွေ ထွက်သွားလေ ကောင်းလေပဲလေ။

လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားလှိုင်းများ သူ့ပတ်ဝန်းကျင်တွင် ရုတ်တရက် ထွက်ပေါ်လာသည်။ လုရွှမ် ခေါင်းလှည့်လိုက်တော့ သူရှေ့ကလူရဲ့ ခန္ဓာကိုယ်ပေါ်က ရောင်ဝါများ ထိုးတက်လာပြီး နတ်မီးလုံး တိတ်တဆိတ် ပွင့်လန်းလာတာလိုက်ရလေ၏။

All Chapters