နတ်မီးနယ်ပယ်ထက် ကျော်လွန်သူ
Vol. 74 Ch. 4.630
ရှည်လျားသော ဓားက မကျလာမီတွင် ၎င်းရဲ့စွမ်းအင်က အောက်ဖက်ရှိ လေထုအလယ်ကို အရှိန်အဟုန်ဖြင့် ဖိထားပြီးပြီ ဖြစ်သည်။
ထိုကြီးမားသော အရှိန်အဟုန်သည် ပင်လယ်သားရဲတို့ အရှေ့မှ မြေပြင်ပေါ်သို့ ဖိကျသွားသည်။ ဓားစွမ်းအင်သည် လေထဲမှ တိုက်ရိုက် ပြုတ်ကျလာသလို မြေပြင်ပေါ်သို့ တင်းတင်းကြပ်ကြပ် ဖိထားခဲ့သည်။
ကောင်းကင်ဘုံသခင် နယ်ပယ်ရှိ ပင်လယ်သားရဲများရဲ့ စွမ်းအင်ရောင်ဝါက အလွန်အားကောင်းသော်လည်း အနည်းဆုံးတော့ ခုခံနိုင်ရုံပဲ ရှိ၏။ သူတို့၏ အစွမ်းထက်သော ခန္ဓာကိုယ်များက ဓားစွမ်းအင်ကို တွန်းထုတ်ပစ်ဖို့အထိ မရသောကြောင့် အားလုံးရဲ့ ပုံသဏ္ဌာန်က ထိတ်လန့်မှုများနှင့် ပြည့်နေတော့သည်။ ဘယ်လိုဖြစ်လို့ နတ်မီးနယ်ပယ်က လူတစ်ယောက် ရောက်လာခဲ့တယ် မသိ။
နက်နဲသော ပင်လယ်ထဲ၌ နတ်မီးနယ်ပယ်များ ပေါ်လာရန် မဖြစ်နိုင်ပေ။ တစ်ခုတည်းသော ရှင်းပြချက်မှာ လူသားမျိုးနွယ်မှ တစ်စုံတစ်ဦးသည် နတ်မီးလုံးကို ထွန်းညှိပြီး နတ်မီးနယ်ပယ်ကို ဖြတ်ကျော်သွားခြင်း ဖြစ်မည်။
ပင်လယ်သားရဲများသည် လေးစားမှုနှင့် သိမ်ငယ်မှု ခံစားချက်များ ရောထွေးလာလေ၏။ ကျင့်ကြံခြင်းလောကမှာ နယ်ပယ် ပြိုင်ဆိုင်မှုက သဘာဝကျကျ ရှိနေတာကြောင့် နတ်မီးနယ်ပယ် သခင်တွေကို ရင်ဆိုင်ရမယ်ဆိုရင် ဘယ်လူမျိုးမဆို မျက်နှာငယ်ရမှာပဲလေ။
အကြောင်းပြချက်မှာ အလွန်ရိုးရှင်းပါသည်။ နတ်မီးနယ်ပယ် ကျင့်ကြံသူ တစ်ယောက်ကို လူသားတစ်ဦးမှ မွေးထုတ်ပေးနိုင်သွားခဲ့ပြီ။
ယခုမူကား ဒီအမဲလိုက်ရာသီ၌ လူသားမျိုးနွယ်ဘက်က နတ်မီးနယ်ပယ် ပထမဆုံး အရှင်ကို မွေးထုတ်သွားပြီမို့ အခြေအနေက ပြီးဆုံးသွားကြောင်း ၎င်းတို့၏ စိတ်နှလုံးထဲတွင် သိနေသည်။
"ဆုတ် ဆုတ်!"
ကောင်းကင်ဘုံသခင် ပြီးပြည့်စုံသောကာလ နယ်ပယ်မှ သခင်များသည် သူတို့မျိုးနွယ်စုများကို အမြန်ပြန်ဆုတ်ရန် ကျယ်ကျယ်လောင်လောင် အော်ငေါ့ကြ၏။ သို့မဟုတ်ပါက သူတို့အားလုံးသည် နတ်မီးနယ်ပယ် သခင်၏ လက်ဝါးတစ်ချက်ကြောင့်နဲ့ အသေကောင်များ ဖြစ်သွားကြလိမ့်မည်။
ဓားတစ်ချောင်း ထိုးကျလာပြီးနောက် ထိုနေရာသည် ချက်ချင်းပင် နေရာလွတ်ကြီး ဖြစ်သွားသည်။ အရင်က စည်ကားနေတဲ့ ပင်လယ်သားရဲတွေဟာ အလောင်းကောင်တွေနဲ့ ပြည့်နေတဲ့ သွေးအိုင်အဖြစ် ပြောင်းလဲသွားပြီး သူတို့ရဲ့ တက်ကြွမှုတွေ ပျောက်ကွယ်သွားခဲ့သည်။
ခပ်လှမ်းလှမ်းတွင် ပင်လယ်သားရဲ တစ်ကောင်စီသည် ထိုဘက်ကမ်းကို ထိတ်လန့်တကြား ကြည့်နေ၏။ ဒေါသတကြီး ကြည့်နေရသော်လည်း အားကိုးရာမဲ့ ဖြစ်နေကြသည်။ လူသားမျိုးနွယ်မှ တစ်စုံတစ်ဦးသည် နတ်မီးနယ်ပယ်သို့ ရုတ်တရက် ဖြတ်သွားလိမ့်မယ်လို့ ဘယ်သူက ထင်ပါ့မလဲ။
နက်နဲသော ပင်လယ်ထဲ၌ ထိုနယ်ပယ်ကို ဖြတ်ကျော်ရန် ဘယ်သူမှ ရွေးချယ်လိမ့်မည် မဟုတ်ကြောင်း သိထားရမည်။ အကြောင်းမှာ ၎င်းသည် အလွန်အန္တရာယ်များပြီး အထူးသဖြင့် အဆင့်ဖြတ်ကျော်နေစဥ် လုံခြုံမှုက အလွန်ပဲ အလွန်အရေးကြီးပါ၏။
အဲဒါ ပါရမီ မဟုတ်ဘူး။ အဲဒါ အရူးပဲ။
“ထွက်သွား!”
ဓားနတ်ဆိုးက အော်ဟစ်၍ သတ်ပစ်ရန် မဝံ့မရဲဖြစ်နေတာမျိုး မရှိသော ပြင်းထန်သော ရောင်ဝါကို ထုတ်လွှတ်လိုက်သည်။ သူသာ ဤအသွင်ပြောင်း သားရဲများစွာကို သတ်ပစ်လိုက်ပါက ပင်လယ်သားရဲဘက်က သူ့ကို လုပ်ကြံရန် လူသတ်သမားများကို စေလွှတ်လိုက်လိမ့်မည်။
ဒီလိုမျိုးတွေ အရင်တုန်းက ဖြစ်ခဲ့ဖူးတယ်လေ။
“အမ်!”
လမ်းကြောင်း အနည်းငယ် ပွင့်လာစဥ် ဓားနတ်ဆိုးသည် ရုတ်တရက် မျက်မှောင်ကြုတ်ကာ ပင်လယ်နက်ထဲသို့ လှမ်းကြည့်လိုက်လေ၏။ ဓားနတ်ဆိုးက တစ်ခုခု ပြောတော့မလို ဖြစ်နေတာကြောင့် လုရွှမ်က မေးလိုက်သည်။
"ဘာဖြစ်လို့လဲ?"
ဓားနတ်ဆိုးက ခါးသက်စွာ ပြုံးလိုက်ပြီး
"ပင်လယ်သားရဲတွေနဲ့ ကစားဖို့ မတတ်နိုင်တော့ဘူး.... ပင်လယ်နက်ထဲကနေ ငါ အခုချက်ချင်း ထွက်သွားသင့်တယ်လို့ လူတစ်ယောက်က ပြောတယ် မဟုတ်ရင် သူတို့ငါ့ကို လာသတ်လိမ့်မယ်!"
"အဆင့်မြင့်လား?"
လုရွှမ် အချိန်မဖြုန်းနေဘဲ သူ့ရဲ့ ကြီးထွားမှုအဆင့်က ဘယ်လောက်လဲလို့ မေးလိုက်။ သူက အရမ်းသန်မာနေရမယ်။ မဟုတ်ရင် သူ့ရဲ့ မကြောက်မရွံ့တဲ့ စိတ်ထားနဲ့ဆို ဓားနတ်ဆိုးက ဘယ်လိုမှ ဒေါသကြီးတဲ့ အပြုံးမျိုး လုပ်လာမှာ မဟုတ်ဘူး။
"သူက နတ်မီးနယ်ပယ်ကို ကျော်လွန်နေပြီ... အဲဒီ စွမ်းအားက ငါ့ဆရာထက်တောင် အဆပေါင်းများစွာ သာနေတယ်"
ဓားနတ်ဆိုးက ဆိုလိုက်သည်။
သူပြောပြီးတဲ့အခါ သူ့ပါးစပ်ထောင့်က တုန်လှုပ်သွားပြီး
"လုရွှမ် သတိထားတော့ ဒီလူတွေက စည်းကမ်းတွေကို စိတ်တိုင်းကျ ပြောင်းလဲရဲတယ်.... မင်းရဲ့ အရည်အချင်းကို မြင်ပြီးရင် လှုပ်ရှားဖို့ ကြိုးစားလိမ့်မယ် သတိထား...ငါမသွားခင်တော့ လက်ဆောင်တစ်ခု ပေးခဲ့မယ်!!"
သူ ကျယ်လောင်စွာ အော်လိုက်ပြီးနောက် သူ့ဓားသည် ကောင်းကင်သို့ ပြေးတက်လာပြီး လျှပ်စီးကြောင်းများက ဤဘက်သို့ ရောက်ရှိလာသည်။ မိုးကြိုး တိုက်ခိုက်မှုသည် ဓားရှည်ကို ထိမှန်သွားခဲ့ပြီး ဓားရှည်ထဲတွင် သေခြင်းတရားရဲ့ ခြေရာလက်ရာများ ရှိနေခဲ့သည်။
"ဖြတ်!"
ဓားနတ်ဆိုးသည် တဖန်ဟောက်ပြန်၍ ခွန်အားရှိသမျှကို ဓားတစ်ချောင်းတည်းတွင် စုစည်းကာ ဝေ့ယမ်းလိုက်လေ၏။
အရင်ကထက် ပိုစူးရှတောက်ပတဲ့ အလင်းတန်းက သူတို့ရှေ့မှာရှိနေတဲ့ သူတွေကို တိုက်ရိုက် သတ်ပစ်လိုက်သည်။ ကြီးမားသော လျှိုမြောင်ကြီးတစ်ခုကို ဓားရှည်ဖြင့် ခုတ်ထစ်ခံလိုက်ရပြှး မိုင်ပေါင်းများစွာကို တည့်တည့်ကြီး ဆန့်ထွတ်သွားသည်။
"ကောင်လေး မင်းလုပ်ရဲတယ်ပေါ့လေ..."
လုရွှမ် စိတ်ထဲမှာ ရုတ်တရက် အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
ထိုအသံသည် အလွန်အားကောင်းပြီး မြင့်မား၏။ ဓားနတ်ဆိုးသည် သွေးတစ်လုတ်ကို တံတွေးထုတ်လိုက်ရာ သူ၏ ခန္ဓာကိုယ်သည် နောက်သို့ လန်ကျသွားသည်။ သူသည် လေထဲ၌ သွေးသုံးလုတ်ကို ဆက်တိုက် ထွေးကာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ လဲကျ၍ သေဆုံးလုနီးပါး ဖြစ်သွားခဲ့သည်။
လုရွှမ်လည်း ပါးစပ်က သွေးတွေ ထွက်ကျလာပြီး မောပန်းနွမ်းနယ်ကာ မြေပြင်ပေါ် လဲကျသွားတော့သည်။
မနာခံမှုကြောင့် ဓားနတ်ဆိုးကို ဒဏ်ခတ်ပေးနေသူက နောက်ကွယ်မှ ပင်လယ်သားရဲ သခင်ဖြစ်နိုင်ကြောင်း သူသိလိုက်သည်။ မတော်တဆ ပြစ်ဒဏ်အဖြစ် အပြစ်ပေးခြင်းလည်း ဖြစ်နိုင်သည်။ ဒါကြောင့် သူ့ဒဏ်ရာက သက်သာနေတာ။
လုရွှမ် ဓားနတ်ဆိုးကို အမြန်ကူညီပေးလိုက်သည်။ သူက ခါးသက်က် ပြုံးလိုက်ပြီး
"ခွန်အားမရှိရင် မင်းအနိုင်ကျင့်ခံရလိမ့်မယ်.... ငါဒီမှာ မနေနိုင်တော့ဘူး ငါအရင် ထွက်သွားမယ် မင်းကြိုးစားထားပါ"
လုရွှမ်လည်း သူ့စိတ်ထဲတွင် တုန်လှုပ်သွားခဲ့သည်။ နတ်မီးနယ်ပယ်ကို သာလွန်နေသော သခင်တစ်ဦး၏ ဒေါသကြောင့် ဖြစ်ရခြင်း၏ ရလဒ်မှာ ဓားနတ်ဆိုးအား ပြင်းထန်စွာ ဒဏ်ရာရသွားစေခဲ့၏။
နောက်ထပ် သွေးတစ်လုတ်ကို အန်လိုက်ပြီးနောက် ဓားနတ်ဆိုးသည် လုရွှမ်ရဲ့ ပုခုံးပေါ် ထိပုတ်ကာ ထွက်ပြေးသွားခဲ့သည်။
လုရွှမ်လည်း သူ့အား ဝန်းရံထားသော ရက်စက်ကြမ်းကြုတ်သော စွမ်းအားတစ်ခုအား ခံစားနိုင်သည်။ ၎င်းသည် အလွန်အစွမ်းထက်သောကြောင့် သူဘယ်လှုပ်ရှားမှုကိုမဆို ပြုလုပ်ပါက မိမိမှာ အသတ်ခံရပေလိမ့်မည်။
ဓားနတ်ဆိုးကို ထိမိသွားသော ထိုစွမ်းအားသည် ဘယ်လောက် ထိတ်လန့်စရာ ကောင်းတယ် ဆိုတာကို တွေးကြည့်နိုင်သည်။ ဓားနတ်ဆိုး ပြောခဲ့တာက တန်ခိုးမရှိရင် သဘာဝအတိုင်း အနိုင်ကျင့်ခံရလိမ့်မယ်တဲ့။
ဓားနတ်ဆိုးသည် နောက်တစ်ကြိမ် ထပ်တိုက်မည်ကို စိုးရိမ်သဖြင့် ပင်လယ်သားရဲအပေါင်းတို့သည် ဝေးရာသို့ ပုန်းရှောင်နေကြ၏။ သို့သော် နတ်မီးနယ်ပယ်ကို ထိုးဖောက်ထားသူက သွေးတစ်လုတ်ကို တံတွေးထုတ်ပြီး ထွက်သွားလိမ့်မည်ဟု ဘယ်သူမှ မမျှော်လင့်ထားပေ။
တစ်ဆက်တည်း အားလုံးက ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားကြသည်။
ပင်လယ်သားရဲ အုပ်စုတစ်စုက လုရွှမ်ကို ဝိုင်းထားပြီး လုရွှမ်ရဲ့လမ်းကို ပိတ်ဆို့ထားလိုက်၏။ အရင်ကနဲ့ ယှဉ်ရင် ပင်လယ်သားရဲတွေ အနည်းဆုံး 20% သေဆုံးသွားခဲ့သည်။
ဤပင်လယ်သားရဲများ၏ စိတ်ဓာတ်မာကျောမှုတွေ ပျောက်ကွယ်သွားပြီး ၎င်းတို့သည် ယခင်ကထက် မာနပိုနည်းလာကြောင်း ထင်ရှားလာ၏။
ဟမ့်!
ရုတ်တရက် နောက်ထပ် ဖိနှိပ်နိုင်တဲ့ စွမ်းအားကြီးတစ်ခုက ထပ်ရောက်လာသည်။
ကံကောင်းစွာပဲ ဒီအင်အားက လုရွှမ်ကို မထိမှန်စေတဲ့ ကမ်းခြေဘက်ကနေ ထွက်လာခြင်း ဖြစ်ပေသည်။ လုရွှမ်လည်း ပင်လယ်သားရဲသခင်၏ ယခင်တိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေဖြင့် ၎င်းသည် လူသားမျိုးနွယ်၏ အရှင်သခင် လက်ချက် ဖြစ်နိုင်ကြောင်း နားလည်သွားခဲ့သည်။
လုရွှမ်နှင့် တခြားသူများ ခံစားရနိုင်သော ဤအကျိုးသက်ရောက်မှု၏ စွမ်းအားသည် အလွန်အားနည်းနေပြီ ဖြစ်သည်။ တခြားပင်လယ်သားရဲများကို ကြည့်ကာ သူတို့သည် မောက်မာပြီး ဂုဏ်ယူနေကြပုံပင် ပေါက်လာ၏။
ခဏအကြာတွင် လုရွှမ်နားထဲတွင် အသံတစ်ခု ထွက်ပေါ်လာသည်။
"စိတ်မပူနဲ့ စိတ်မပူနဲ့ ဓားနတ်ဆိုးက ငါတို့ဆီ ပြန်လာပြီ...စိတ်ချချနဲ့ ဆက်တိုက်တော့ သူ့ဒဏ်ရာက ပြင်းထန်မှု မရှိပါဘူး ကျေးဇူးတင်ပါတယ် မိတ်ဆွေလေး"
၎င်းက နတ်မီးနယ်ပယ်ကို ကျော်လွန်ထားခဲ့သော ဓားတစ်သောင်းဂိုဏ်းက အကြီးအကဲတစ်ယောက် ဖြစ်နိုင်သည်။
လုရွှမ်ကတော့ ကမ်းခြေဘက်ကနေ လက်ခုပ်တီးကာ သူ့ကို နှစ်သိမ့်ပေးမည့် လူများ မလိုအပ်ပေ။ ဒါဟာယခင်က ဓားနတ်ဆိုးကို ကူညီခဲ့ခြင်းကြောင့် သူရရှိလိုက်တဲ့ ကြင်နာမှု ဖြစ်မည်။
လုရွှမ် အောက်ဖက်ရှိ ပင်လယ်သားရဲများကို တစ်ချက် ကြည့်လိုက်ပြီး ထိတ်လန့်သွားသည်။ သူသည် သူ့နောက်မှ ပင်လယ်သားရဲသခင်ကို တကယ် ကြောက်သွားခဲ့၏။ သူသတိထားမိပြီးနောက်တွင် သူသည် အဆိပ်ပြင်းသော လက်ကို ဖိထားမိသလိုပင် ခံစားလိုက်ရသည်။
ခုနက ဓားနတ်ဆိုးက ပြင်းထန်စွာ ဒဏ်ရာရသွားခဲ့၏။
ယခုအခါ နတ်မီးနယ်ပယ်ကို ကျော်လွန်ခဲ့သော သခင်တစ်ဦး၏ အကာအကွယ်ဖြင့် လုရွှမ်သည် သဘာဝအတိုင်း မကြောက်တော့ဘဲ သူ၏ အပြင်းထန်ဆုံး နည်းလမ်းကို ဖုံးကွယ်ထားလျက် ရှိသည်။