တားမြစ်ထားသော မြေကြီး
Vol. 75 Ch. 4.634
ထိုစဥ် ထျန်းရှားက တစ်ဖက်ကိုကြည့်၍ အော်ဟစ်လိုက်သည်။
"ဟွမ်ရီး... ဒါက ရှင့်ရဲ့ခေါင်းဆောင်လား? မဟုတ်လည်း ကျွန်မနောက်ကို လိုက်နိုင်တယ်နော်"
ကောင်းလျှို မျက်နှာက နီရဲသွားကာ ထျန်းရှားဘက်ကို ပြန်ကြည့်လိုက်သည်။
"ထျန်းရှား... မင်းက ဘာကိုဆိုလိုတာလဲ? ဟွမ်ရီးက ငါ့သူငယ်ချင်းပဲ"
ထျန်းရှားက ပြုံးပြီး "ကောင်းပြီလေ ဒါဆိုလည်း ဟွမ်ရီးကို ရှင့်ခေါင်းဆောင်ပဲ လုပ်ခိုင်းလိုက်ပါတော့.. အဲဒီလူသားမျိုးနွယ်ရဲ့ အရေးပါမှုကို ရှင်လည်း သိပါတယ် ဒါပေမဲ့ ရှင်ကဒီမှာ တုံ့ဆိုင်းနေတုန်းပဲ တကယ်ကို အရှက်မရှိဘူး!"
"ထျန်းရှား အဲဒါက တားမြစ်နယ်မြေပါ...ကောင်းလျှိုအတွက်လည်း ဒါကို စဉ်းစားဖို့ အချိန်လိုတယ်"
ဟွမ်ရီးက လှမ်းအော်ပြောပြီး ကောင်းလျှိုအတွက် ဝင်ရှင်းပြလိုက်သည်။ ပင်လယ်မျိုးနွယ်တွင် အထက်အောက် သဘောတရားသည် အလွန်ခိုင်မာသည်။ သူတို့သည် အမှန်တကယ်ပင် သူငယ်ချင်းများ ဖြစ်ကြသော်လည်း အဆင့်အတန်းနှင့် ပတ်သက်လာလျှင် သို့မဟုတ် ခွန်အားကို အခြေခံလျှင် ကောင်းလျှိုက သူ့အထက်တွင်ရှိပြီး များစွာ အဆင့်မမြင့်မားကြောင်း ဟွမ်ရီး ကောင်းကောင်းသိသည်။
ဒါပေမဲ့ အရည်အချင်းအရတော့ သူ့ထက်သာလွန်နေတော့ ကောင်းလျှိုကို မစော်ကားဝံ့ချေ။ ထျန်းရှားက ရုတ်တရက် ထရပ်လိုက်ပြီး
"ရှင် စောင့်ချင်ရင်တော့ စောင့်လို့ရတယ်။ ကျွန်မလူတွေနဲ့ ကျွန်မကတော့ တားမြစ်နယ်မြေထဲကို ဝင်သွားတော့မယ်...အဲဒီလူသားက ရှင့်ထက် သာနေတာ ဟုတ်မဟုတ် သွားကြည့်ရမှာပေါ့"
ပြောပြီးသည်နှင့် ကျယ်လောင်စွာ ရယ်မောကာ လှည့်ထွက်သွားလေသည်။ ဟွမ်ရီးမှာ ထျန်းရှား ထွက်သွားတာကို ကြည့်ကာ တစ်ခုခု ပြောချင်သော်လည်း သက်ပြင်းသာ ချလိုက်ရသည်။
ကောင်းလျှိုရဲ့ မျက်နှာက မည်းမှောင်သွားကာ သူ့မျက်လုံးများက ညီအကိုများအပေါ်တွင် စူးစူးစိုက်စိုက် ကြည့်လိုက်ရာ သူတို့အားလုံး စိတ်ခံစားချက်ကို ပြသနေကြပြီး အားလုံးက တားမြစ်နယ်မြေထဲသို့ အပြေးအလွှား ဝင်သွားချင်နေကြတာ ထင်ရှားလေသည်။ သူတို့အားလုံးသည် ထူးကဲသော အဆင့်အတန်းများ ရှိကြသည်။
စုဝေးလာသူတွေဟာ မျိုးနွယ်စု အသီးသီးမှ မျိုးနွယ်စုငယ် ခေါင်းဆောင်များ ဖြစ်ပြီး ထက်မြတ်သည့် အရည်အချင်းများလည်း ရှိသည်။ ပုံမှန်အားဖြင့် သူတို့၏ သက်ကြီးရွယ်အိုများ၊ ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန် အခွင့်အလမ်း များစွာရှိသည်။
အထက်ကလူကြီးတွေက လုရွှမ်ကို ဖမ်းစေချင်သည်။ ဖမ်းမိရင် သူတို့ကို ဒဏ္ဍာရီလာ သားရဲရဲ့ သွေးတစ်စက်နဲ့ ဆုချမည်။ ၎င်းသည် ဒဏ္ဍာရီလာ သားရဲများ၏သွေး ဖြစ်တာကြောင့် သူတို့လိုသားရဲတွေ၏ ဆင့်ကဲပြောင်းလဲခြင်းနှင့် အသွင် ပြောင်းလဲခြင်းအတွက် များစွာ အထောက်အကူ ဖြစ်ပေ၏။
ဥပမာအားဖြင့် ထျန်းရှားကိုပဲ ကြည့်လိုက်ပါ။ ထျန်းရှားသည် ငယ်စဉ်က စိမ်းပြာနဂါး၏ သွေးအနှစ်သာရ တစ်စက်ကို ရရှိခဲ့သည့် ဒဏ္ဍာရီတစ်ခု ရှိခဲ့သည်။ အဲဒါကြောင့် အခု သူမဟာ ယခုလို အရည်အချင်းနဲ့ အောင်မြင်မှုတွေ ရှိနေတာပဲ ဖြစ်လေသည်။
အနှစ်သာရသွေးက အစစ် မဟုတ်သော်လည်း ဒဏ္ဍာရီလာသားရဲရဲ့ သွေးဖြစ်လို့ ထိရောက်မှုက ထူးထူးခြားခြား ရှိသည်။
ကောင်းလျှိုက သက်ပြင်းချလိုက်ပြီး
“ညီအစ်ကိုတို့ ငါမင်းတို့ကို မတားပါဘူး ဒါပေမဲ့ ဒီတားမြစ်နယ်မြေရဲ့ ထိတ်လန့်စရာ ကောင်းမှုကို မင်းတို့ မသိဘူး... တားမြစ်နယ်မြေရဲ့ ဆိုင်းဘုတ်ကို မင်းမြင်ရမှာပါ ဒါပေမဲ့ မင်းတို့မြင်ရတဲ့ ကျောက်ပြားက တစ်ဝက်ပဲ ရှိနေတာ... ကျန်တစ်ဝက်က ပျောက်နေတယ်”
လူတိုင်းသည် ထိုဒဏ္ဍာရီကို မကြားဖူးတာကြောင့် ကောင်းလျှိုကို စူးစူးစိုက်စိုက် ကြည့်နေကြသည်။
ကောင်းလျှိုရဲ့ ဇာစ်မြစ်က လျှို့ဝှက်ဆန်းကြယ်ကာ သူသည် ကြီးမြတ်တဲ့ သားရဲတစ်ကောင်ဆီက တိုက်ရိုက် ဆင်းသက်လာတဲ့ သားရဲ ဖြစ်တယ်ဟူသော ဒဏ္ဍာရီများ ရှိခဲ့သည်။ ကောင်းလျှိုက ၎င်းကို အမြဲငြင်းဆိုသော်လည်း အယတချို့သော လျှို့ဝှက်ဆန်းကြယ်မှုများကို ထုတ်ဖော်ပြသပြီး တခြားသူများကို တိတ်တဆိတ် ကြောက်လန့်စေခဲ့သည်။
"ကျောက်စာ အပြည့်အစုံမှာ အက္ခရာ နှစ်လုံး ကျန်သေးတယ်.... ကျန်တဲ့ စာလုံးနှစ်ခုက "ဝေးကွာသောကမ္ဘာမြေ" ဆိုတဲ့ စကားလုံးပဲ... ဟုတ်တယ် မင်းတို့ထင်တာ မမှားဘူး အဲဒါတွေက ရှေးဟောင်း၊ ကောင်းကင်၊ ဝမ့်၊ မြေ (တိ) ဆိုတဲ့ စကားလုံးတွေထဲက 'တိ' ဆိုတဲ့ ဝေးကွာသောကမ္ဘာမြေလို့ အဓိပ္ပာယ်ရတဲ့ စကားလုံးပဲ"
လူပေါင်းများစွာ၏ မျက်လုံးများ သိသိသာသာ ပြောင်းလဲသွားပြီး ဟွမ်ရီးက ထမေးလိုက်သည်။
"ဒီတားမြစ်နယ်မြေက တိဘုံကနေ ပြုတ်ကျလာတယ်လို့ မင်းပြောနေတာလား?"
[တိ = မြေကြီး]
ကောင်းလျှိုက ခေါင်းညိတ်ပြသည်။
"သေချာတာပေါ့ ငါလည်း အကြီးအကဲ တစ်ယောက်ဆီက ဒီစကားကို ကြားခဲ့တာ...သူက မလိုအပ်ဘဲ ဒီတားမြစ်နယ်မြေထဲကို မဝင်ဖို့လည်း သတိပေးခဲ့တယ်"
"ဝေးကွာသောကမ္ဘာမြေ ဆိုတဲ့ စကားလုံးကို ဖြတ်တောက်လိုက်လို့ အန္တရာယ်က အရမ်းလျော့သွားသလို ရှိပေမယ့် ငါတို့အတွက်တော့ အရမ်းအန္တရာယ် များနေသေးတယ်... နတ်မီးနယ်ပယ်ထဲကို ဝင်ရောက်ထားရင် အသက်ရှင်ဖို့ အခွင့်အလမ်း ရှိကောင်းရှိနိုင်ပေမယ့် ငါတို့ရဲ့ ကောင်းကင်ဘုံသခင် နယ်ပယ်နဲ့ တိုးဝင်သွားရင် သေချာပေါက် သေလိမ့်မယ်"
တခြားလူများစွာသည် အလွန် စိတ်လှုပ်ရှားခဲ့ကြသော်လည်း ကြောက်ရွံ့မှုကို မပြသဘဲ မထိန်းနိုင်ခဲ့ကြပေ။ လေထဲက အကြီးအကဲ သခင်သည် နတ်မီးနယ်ပယ်ကို သာလွန်နေသော သခင် ဖြစ်နေတာ ထင်ရှားလေ၏။
"ဒါဆို အဲဒီအဘိုးကြီးက ဒီတားမြစ်နယ်မြေထဲကို ဝင်ဖူးတယ်လို့ ပြောခဲ့သေးလား?"
ကောင်းလျှိုက ခေါင်းယမ်းပြီး “အဘိုးကြီး ပြောတာက သူ မဝင်ဝံ့ဘူးတဲ့!”
အားလုံးက ရင်တွေတအား မောလာပြန်၏။ အဘိုးကြီးတောင် မဝင်ဝံ့ဘူး ဆိုရင် ဘယ်လောက်တောင် အန္တရာယ်ကြီးလိုက်လဲ။
"မင်းတို့ထင်သလို မဟုတ်ဘူး... ဒါပေမဲ့ အဘိုးအိုက ဒီထဲကို ဝင်လို့မရဘူး... ဘာလို့လဲဆိုတော့ အထဲမှာ မင်ထိုင်နယ်ပယ်က သခင်ရဲ့ အရိပ်အာဝါသကို ခံစားနိုင်လို့ပဲ... အဲဒါက လှောင်အိမ်တစ်ခုလို့ပဲ ပြောတယ် ဝင်သွားရင် သေချာပေါက် သေလိမ့်မယ်"
"ဒါဆို ငါတို့ ဝင်လို့ရမလား"
တချို့လူတွေက လက်မလွှတ်ချင်ကြသေးဘူး။
ကောင်းလျှိုလည်း ပြုံးပြီး
"အစမှာ ငါမေးတဲ့ မေးခွန်းတွေကို အကြီးအကဲ ဖြေလာခဲ့တယ်... သူဘာပြောလဲ မင်းတို့သိလား"
လူတိုင်းရဲ့ မျက်လုံးထဲတွင် မီးတောက်ကို ကောင်းလျှို ပို၍ပင် ဂရုပြုလာသည်။
"ငါးဖမ်းပိုက်နဲ့ တူတယ်လို့ အဘိုးအိုက ပြောတယ်.... ငါးကြီးတွေကို ဖမ်းမိတဲ့အခါ ငါးသေးသေးလေးတွေက လွတ်နိုင်ပေမယ့် ငါးကြီးတွေက အဲဒီငါးကြီးတွေရဲ့ ပါးစပ်ထဲမှာပဲ သေသွားရမှာ.... အဲဒီလှောင်အိမ်ထဲမှာ အကျဉ်းချခံထားရတဲ့ သခင်အယောက် သုံးဆယ်ရှိတယ် အဲဒီသခင်တွေက အသက်ရှင်ဖို့ အနှစ်သာရနဲ့ အသွေးအသား လိုတယ် ဝင်လာတဲ့ ငါးလေးတွေက သူတို့ရဲ့ အစာပဲ ဒါကြောင့် လူတွေက မှားပြီး ဝင်ကြတယ်လို့ မကြာခဏ ကြားဖူးတယ်မလား? တားမြစ်နယ်မြေကို ဝင်သွားပေမယ့် သူတို့ ပြန်ထွက်လာတဲ့ သတင်းကို မင်းတို့ကြားဖူးလို့လား?"
ထိုစကားများ ကြားလိုက်ရ ရလာသောအခါ လူပေါင်းများစွာ၏ သွေးများလည်း မထိန်းနိုင်စွာ အေးခဲသွားတော့သည်။
ယန္တရားများနှင့် အခင်းအကျင်း ဖွဲ့စည်းမှုများကို မကြောက်ကြသော်လည်း အကြီးအကဲ ထိပ်တန်းသခင်များနဲ့ ရင်ဆိုင်ရသည့် အခါတွင်တော့ လုံးဝ ကွဲပြားသွားပါ၏။ ကြွက်နဲ့ ကစားနေတဲ့ ကြောင်တစ်ကောင်လိုပင်။ ကြွက်က ခဏတာ အသက်ရှင်နေနိုင်ပေမယ့် လှည့်စားလိုက်ရုံနဲ့ အရေးယူချင်တဲ့အခါ လုံးဝကို မလွတ်မြောက်နိုင်တော့ဘူး။
"အဲဒါက ဒဏ္ဍာရီလာ သားရဲရဲ့သွေးလား"
"အဲဒီမဟာသူတော်စင် ကောင်လေးဆီက သွေးတစ်စက်ကိုလည်း မမေ့နဲ့ဦး.. သေချာပေါက် နတ်သားရဲရဲ့ အနှစ်သာရနဲ့ အသွေးပဲ...သွေးအစစ်တောင် ဖြစ်ကောင်းဖြစ်နိုင်တယ်!"
လူတိုင်း ဆုံးရှုံးမှုကို မထိန်းနိုင်ဘဲ သက်ပြင်းချကာ ငိုကြွေးကြကုန်သည်။ ခပ်လှမ်းလှမ်းတွင် အမျိုးသမီးတစ်ဦး၏ နားရွက်များလည်း လှုပ်ယမ်းသွားကာ နားရွက်မှ သွေးအနည်းငယ် စီးကျလာသည်။
"အစ်မကြီး... အစ်မမှန်းတာ မှန်တယ် အဲဒီတားမြစ်နယ်မြေက တကယ့်ကို အန္တရာယ်များတယ်"
မိန်းကလေးတစ်ယောက်က သူမ ကြားသမျှကို ပြန်ပြောပြသည်။
ထျန်းရှားရဲ့ အသုံးအနှုန်းများပင် ပြောင်းလဲသွားသည်။ တားမြစ်နယ်မြေတွင် ဤမျှကြောက်စရာ ကောင်းသော မူလဇစ်မြစ် ရှိလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။ ဒီလိုဆိုရင် တားမြစ်နယ်မြေထဲကို ဝင်ဖို့က အရမ်းအန္တရာယ်များသွားပြီ။
သူမ တခြားသူတွေကို ကြည့်လိုက်တော့ အားလုံး ဖြူဖပ်ဖြူရော် ဖြစ်နေကြပြီ။ သူတို့သည် ပင်လယ်သားရဲများ ဆိုပေမယ့် ဒီကမ္ဘာကြီး ဘယ်လောက် အန္တရာယ်ကြီးလဲ ဆိုတာကို ပိုမြင်လာရတဲ့အတွက် အတိအကျ ကြောက်လန့်လာကြသည်။
တချို့သော တားမြစ်ထားသော နေရာ၊ အချို့သောနေရာများသည် ဝင်ရောက်ပါက သေသေချာချာပင် သေပေလိမ့်မည်။
"အစ်မကြီး ဘယ်လိုထင်လဲ"
ထိုတစ်ယောက်က သူ့လေသံဖြင့် မဆိုင်းမတွ မေးလာသည်။ ထိုအခါ ထျန်းရှားက သူ့နှုတ်ခမ်းကို ကိုက်လိုက်ပြီး
"ကြောင်လေး မင်းရဲ့ အစွမ်းအစတွေကို သူတို့ မသိတာ သေချာရဲ့လား? ဒါအမှန်ပဲလား ဒါမှမဟုတ် သူတို့က ငါတို့ကို တမင်လိမ်နေတာ ဆိုရင်ရော?"
ကြောင်လေးဟု ခေါ်သော ပင်လယ်သတ္တဝါသည် ခေါင်းကို တင်းတင်းခါယမ်းကာ
"မဖြစ်နိုင်ပါဘူး... ကျွန်မရဲ့ ကောင်းကင်နားရွက်တွေက မှော်အစွမ်းနဲ့ မွေးမြူထားတာ... သူတို့ သိနိုင်စရာ အကြောင်းမရှိဘူး ပြီးတော့ ကျွန်မတို့က တစ်ယောက်နဲ့ တစ်ယောက် အရမ်းဝေးတယ် သူတို့ စကားပြောနေတော့ အခင်းအကျင်း ပုံစံအမျိုးမျိုးနဲ့ ပိတ်ဆို့ထားသေးတယ်... ကျွန်မနားထောင်နေတာကို သိနိုင်မယ်လို့ မထင်ဘူး..."
ထျန်းရှားရဲ့ မျက်နှာပေါ် ရုန်းကန်လိုမှု အပြည့်ရှိနေသည်။ သူတို့လိုက်နေတာက ဒဏ္ဍာရီလာသားရဲ၏ သွေးတစ်စက်ပဲ။
ပြင်ပကမ္ဘာမှ ကောလဟာလများက အမှန်ပင်။ သူမသည် ငယ်စဉ်ကပင် စိမ်းပြာနဂါးရဲ့ သွေးတစ်စက်ကို ရရှိခဲ့သောကြောင့် သာမန်ပင်လယ် မြွေတစ်ကောင်အဖြစ်ကနေ ယနေ့သူမတွင် ရှိသော စွမ်းရည်နှင့် ခွန်အားကို ပိုင်ဆိုင်ဖို့အထိ ပြောင်းလဲနိုင်ခဲ့သည်။
ထို့ကြောင့် သူမသည် တခြားသူများနှင့် နှိုင်းယှဉ်ပါက ပင်လယ်သားရဲများ အပေါ် ကြီးမားသော စိမ်းပြာနဂါးသွေး၏ အကျိုးသက်ရောက်မှုကို ပိုမိုသိရှိနားလည်၏။ ၎င်းသည် အမှန်တကယ်ပင် အသွင်ကူးပြောင်းနိုင်မှု အတွက် လမ်းစတစ်ခု ဖြစ်သည်။
အကယ်၍ သူမသည် ထိုသွေးတစ်စက်ကို ရနိုင်လျှင် အနည်းဆုံး အနှစ်တစ်ရာအတွင်း စိမ်းပြာနဂါး တစ်ကောင်အဖြစ်သို့ တိုးမြင့်လာနိုင်ကြောင်း သိထားပေသည်။