← Chapters

​ပေကျီဓား

Vol. 75 Ch. 4.635

​ပေကျီဓား

Vol. 75 Ch. 4.635

"အစ်မကြီး?"

ထျန်းရှား သက်ပြင်းချပြီး

"ထားလိုက်တော့ ငါတို့ အပြင်မှာပဲ စောင့်နေရအောင် အတွင်းထဲမှာက အရမ်းအန္တရာယ်များတယ်"

တခြားလူလည်း ထိုအခါမှ သက်ပြင်းချနိုင်ကြတော့သည်။ စိတ်သက်သာရာ ရသွားသော်လည်း အနည်းငယ်လည်း ဝမ်းနည်းမိသွား၏။

နတ်မီးနယ်ပယ် အထက်မှာ ရှိတဲ့ မင်ထိုင်လို့ခေါ်တဲ့ မျှော်စင်နယ်ပယ်တဲ့လား။ အဲဒီနယ်ပယ်က သူတို့လက်ရှိ တွေးတောင် မတွေးနိုင်တဲ့ နယ်ပယ်ပဲ။ ထိုလူများသည် မရေမတွက်နိုင်သော လှောင်အိမ်ထဲတွင် နှစ်ပေါင်းများစွာ ပိတ်မိနေသော်လည်း ပိန်ကြုံးနေသော ကုလားအုတ်များသည် မြင်းများထက် ပိုကြီးသလိုပင် အနည်းဆုံး သူတို့သည် နတ်မီးနယ်ပယ် ကျင့်ကြံမှု အဆင့်ကို ပိုင်ဆိုင်ထားကြတုန်းပင်။

ပြီးတော့ နတ်မီးနယ်ပယ်က အဆင့်နဲ့တင် သူတို့ကို သတ်ပစ်ဖို့ လုံလောက်နေပြီ။ ဒါ့ပြင် ရူးသွပ်ပြီး ငတ်မွတ်နေခဲ့တဲ့ အကျဉ်းသား သုံးဆယ်ကျော်ရှိခဲ့တာကြောင့် ဘာတွေ ဆက်ဖြစ်မလဲ သိနိုင်ပါ၏။

အန္တရာယ်က အရမ်းကြီးတယ်။

လုရွှမ်နဲ့ တခြားသူတွေကတော့ အပြင်မှာ ဘာတွေဖြစ်နေမှန်းကို မသိခဲ့ကြပါဘူး။ အခုအချိန်မှာတော့ တားမြစ်နယ်မြေထဲကို နက်ရှိုင်းစွာ ဆက်လက် လျှောက်လှမ်းနေခဲ့သည်။ တားမြစ်နယ်မြေက တောင်ကုန်း လယ်ကွင်း​ကြီး တစ်ခုလိုပါပဲ။ နောက်ကို ပြန်ကြည့်လိုက်တဲ့ အခါကျတော့လဘ်း အခြားကမ္ဘာ တစ်ခုထဲကို ဝင်သွားသလိုမျိုး နောက်ကွယ်က မြင်ကွင်းကို ဝေဝါးနေ၏။

နားမလည်နိုင်သော ရင်တုန်လာတဲ့ ခံစားချက်ကြီးက လူတိုင်းရဲ့ နှလုံးသားထဲသို့ တိုးဝင်လာသည်။ နောက်ကွယ်ရှိ အပြောင်းအလဲများကို ကြည့်ရုံဖြင့် ရှေ့မှာ ဘယ်လောက် အန္တရာယ်ရှိမယ် ဆိုတာကို လူတိုင်းသိဘာကြသည်။

"အမ် အဲဒါကဘာလဲ?"

ထျန်းရှောင်းက ရုတ်တရက် အော်လိုက်ပြီး မြေပြင်ပေါ်တွင် စိုက်နေသော ဓားတစ်လတ်ကို ညွှန်ပြလိုက်သည်။ သူမမျက်နှာမှာ တုန်လှုပ်ခြောက်ခြားနေပြီး မယုံနိုင်လောက်အောင် အံ့သြနေ၏။

အားလုံးကလည်း သူ့မျက်လုံးတွေအတိုင်း လိုက်ကြည့်ပြီး ခဏတာ အံ့ဩဆွံ့အသွားကြသည်။

ဓားသည် ပျက်စီးနေကာ နှစ်ဘယ်လောက်တောင် ကြာသွား​ပြီလဲ မသိ။ ရောင်ဝါက လုံးဝ ပျောက်ကွယ်သွားကာ သံဘောလုံးအဖြစ်သို့ပင် ပြောင်းလဲသွားပြီ။ သို့သော် အသွင်အပြင်ကိုတော့ ဖန်တီး​ကြည့်နိုင်သေးသည်။

သူတို့ အံ့သြသွားရတဲ့ အကြောင်းပြချက်က အလွန်ရိုးရှင်းပါသည်။ ဤဓား၏ အသွင်အပြင်နှင့် ပုံသဏ္ဌာန်သည် ကောင်းကင်အောင်ခြင်းဂိုဏ်းရဲ့ လုံးဝတိကျ​သော ​​လက်ရာ ဖြစ်နေလို့ပါပဲ။

ကောင်းကင်အောင်ခြင်းဂိုဏ်းက မရေမတွက်နိုင်တဲ့ ဓားတွေကို သန့်စင်ပြီး ဝမ့်ရှန်းကမ္ဘာ တစ်လျှောက်မှာ လက်နက်များစွာ ဖြန့်ဝေခဲ့တာ အံ့သြစရာတော့ မဟုတ်ချေ။ သို့သော် ဒီဓားရှည် အမျိုးအစားကတော့ ကွဲပြားပါ၏။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် ကောင်းကင်အောင်ခြင်းဂိုဏ်း တည်ထောင်သူမှ ပုဂ္ဂိုလ်ရေးအရ သန့်စင်ထားသော ဓားရှည်တစ်လတ် ဖြစ်သည်။

စုစုပေါင်း ဓားသုံးချောင်းကို သူမ လုပ်ခဲ့တာ။ တစ်ခုက ဓားတစ်သောင်းဂိုဏ်းက သခင်တစ်ဦးကို ပေးခဲ့ပြီး တစ်လတ်က သူ့ကိုယ်ပိုင်ဓားနဲ့ ကျန်တစ်ချောင်းကိုတော့ သူမ ကြိုက်တဲ့လူကို ပေးခဲ့တယ်လို့ ဆိုပါ၏။

ဒါပေမဲ့ အဲဒီလူက ဘယ်သူလဲဆိုတာ ဘယ်သူမှ မသိသလို ဓားလည်း ပျောက်ဆုံးသွားခဲ့သည်။ အခုအချိန်မှာတော့ ဓားကို သူတို့တွေ နောက်ဆုံး တွေ့ရလိမ့်မယ်လို့ ဘယ်သူကမှ မထင်ထားချေ။

ဤနေရာ၌ ပျောက်ဆုံးသွားခဲ့သည်။ ပင်လယ်ထဲတွင် ပျောက်ဆုံးသွားပြီး နောက်ဆုံး ဤတားမြစ်နယ်မြေတွင် ပျောက်ဆုံးသွားခဲ့သည်။

"အဲဒီတုန်းက ဘိုးဘေးက နတ်မီးနယ်ပယ်ရဲ့ ပြီးပြည့်စုံတဲ့ နယ်ပယ်ကို ရောက်နေပြီမလား?"

ကျန့်ကျောက် နတ်သမီးထျန်းယင်ကို အလျင်အမြန် လှည့်မေးလိုက်သည်။ နတ်သမီးထျန်းယင်သည် ဂိုဏ်း၏ ဂန္ထဝင်များနှင့် ပတ်သက်လျှင် သူမ အသိပညာသည် ဂိုဏ်းထဲတွင် ဒုတိယ မရှိပေ။ သူမက ခေါင်းညိတ်ပြ၍။

"ဟုတ်တယ် အဲဒီတုန်းက ဘိုးဘေးက နတ်မီးနယ်ပယ်ကို ဖြတ်သွားတော့မှာ... ပြီးတော့ သူ့ခံစားချက်တွေကို အခြေခံပြီး ဓားသုံးချောင်းကိုလည်း သန့်စင်ခဲ့တယ်"

"တစ်ခုက ဘိုးဘေးပိုင်ဓား ဖြစ်တဲ့ ကျစ်ဝေ... အဲဒါက နောက်ပိုင်းကျတော့ ကျိုးသွားခဲ့တယ် နောက်တစ်ခုက ပေထို... နောက်ပိုင်း ဘိုးဘေးသေဆုံးသွားတော့ ဓားတစ်သောင်းဂိုဏ်းရဲ့ သခင်က ပေထိုဓားကို ပြန်ပေးအပ်ခဲ့တယ်... အဲဒီဓားကို အခုဘိုးဘေးအုတ်ဂူရှေ့မှာ ထည့်သွင်းထားတုန်းပဲ... နောက်ဆုံးတစ်ခုကတော့ မြောက်ဝင်ရိုးစွန်းလို့ ခေါ်တဲ့ ပေကျီ..."

အငယ်တန်း ညီအစ်မအချို့သည် ဓားကိုဆွဲထုတ်ကာ ပြန်ယူသွားရန် ပြေးထွက်သွားကြသည်။

"မလုပ်နဲ့!"

လုရွှမ် ရုတ်တရက် သူ့ရင်ထဲတွင် မကြုံစဖူး ရင်တုန်သွားတာကို ခံစားလိုက်ရတာကြောင့် မထိန်းနိုင်ဘဲ ဟစ်အော်လိုက်သည်။ သူ့စိတ်ထဲတွင် ကြောက်ရွံ့မှုက ဒီရေလှိုင်း​တွေ ထိုးတက်သွားသလို သူ့စိတ်ဝိညာဥ်ထဲအထိ နစ်မြုပ်သွားခဲ့သည်။

အကြောက်တရားက လွန်ကဲလွန်းတာကြောင့် သူ့ခန္ဓာကိုယ်က ထိန်းမနိုင်သိမ်းမရ တုန်ယင်သွားခဲ့သည်။ ကျန့်ကျောက် လုရွှမ်ကို အမြန်ထောက်ကူလိုက်ပြီး

"ညီလေး မင်းဘာဖြစ်တာလဲ?"

လုရွှမ်လည်း သူ့နှလုံးသားကို တစ်စုံတစ်ခုက တခဏတာ ဖိနှိပ်ခံထားရတာကို ခံစားနေရသည်။ စကားမပြောနိုင်တာကြောင့် တစ်စုံတစ်ခုကို ဖော်ပြဖို့ လက်ညိုးထိုးရန် ကြိုးစားသော်လည်း မအောင်မြင်ခဲ့ပေ။ ကျင့်ကြံသူ မိန်းကလေး သံဓားကို ဆွဲထုတ်လိုက်တာကိုပဲ ကူကယ်ရာမဲ့စွာ ကြည့်နေခဲ့သည်။

ဘာမှမဖြစ်သွားသလိုပဲ!

လုရွှမ်မှာ ထိုခံစားချက် ပျောက်ကွယ်သွားတာကို ရုတ်တရက် ခံစားလိုက်ရပြီး သူ့ခန္ဓာကိုယ်သည်လည်း ယခင်ပုံမှန် အခြေအနေသို့ ပြန်လည်ရောက်ရှိသွားကာ အဖြစ်အပျက်က အလွန်ထူးဆန်းလှသည်။

"ရွှေကျီးကန်း အစောတုန်းက ဘာဖြစ်သွားတာလဲ?"

လုရွှမ် ခပ်မြန်မြန်လေး မေးလိုက်သည်။

တုံ့ပြန်မှု မရှိ!

လုရွှမ် ချက်ချင်း နားလည်သွားသည်။ သူ အမှန်တကယ် အန္တရာယ်ရှိသော နေရာထဲကို ဝင်ရောက်လာခဲ့တာ သိသာထင်ရှားသွားပြီ။ မဟုတ်ပါက အာကာသကျောက်စိမ်းပြားကို ပိတ်ဆို့ထားမည် မဟုတ်ချေ။ အာကာသကျောက်စိမ်းပြားသည် အစွမ်းထက်သော်လည်း ပြင်းထန်စွာ ပျက်စီးသွားခဲ့ဖူးသည်။ ရွှေကျီးကန်းရဲ့ အဆိုအရ အာကာသကျောက်စိမ်းပြား၏ စွမ်းအားဖြင့် ၎င်းကို အခါတစ်သောင်း အများဆုံး အသုံးချနိုင်သည်။

အာကာသကျောက်စိမ်း​ပြား ဘယ်နှစ်ခါလောက် အလုပ်မလုပ်ဖူးလဲ။ ဒါကို ပြန်စဥ်းစားကြည့်ရင်း လုရွှမ်က ဒီနေရာဟာ သေခြင်းတရားပဲ ဆိုတာ သေချာပေါက် နားလည်သွားပြီး အလွန်သတိထားဖို့ လိုကြောင်းလည်း သဘောပေါက်လာ၏။

ထျန်းယင် လုရွှမ်ကို လှည့်ကြည့်လိုက်စဥ် ဆရာတူ အငယ်တန်းညီမက သံဓားကို ပြန်ဆွဲထုတ်နေပြီ ဖြစ်သည်။ သံဓားကို ဆွဲမထုတ်နိုင်မှန်းလည်း သူမ သိပေမယ့် ယခု​တော့ အချိန်နှောင်းသွားတာ သိသာထင်ရှားလှသည်။

ကျင့်ကြံသူမိန်းကလေးသည် အနည်းငယ် စိတ်မြန်သော်လည်း သူမက မမိုက်မဲပေ။ လုရွှမ်ရဲ့ အော်ဟစ်သံကို ကြားခဲ့ရပြီး ယခုအခါ အားလုံး၏ မျက်လုံးများကို ကြည့်လိုက်ရာ သူမ ဒုက္ခရောက်နေပြီမှန်း သိလို​က်တာကြောင့် မျက်ရည်များကျလာကာ။

"ဆရာတူအစ်မ... ညီမ ဒုက္ခရောက်အောင် လုပ်မိပြီလား?"

ထျန်းယင်က တိုးတိုးလေး ဖြေလာခဲ့သည်။

"ဒါက မင်းအပြစ် မဟုတ်ပါဘူး... တားမြစ်နယ်မြေထဲကို နက်နက်နဲနဲ ဝင်လာပြီးကတည်းက ဒုက္ခရောက်ဖို့ ဖြစ်လာပြီးသားပါ"

လုရွှမ် ထိုမိန်းကလေးကို မြင်ဖူးသည်။ သူမ နာမည်မှာ ထျန်းလင် ဖြစ်ပြီး သူမက အမြဲလိုလို တက်ကြွနေတတ်သူပင်။ ဆေးလုံးကို သန့်စင်ပြီးလို့ ခွန်အားတွေ ပြန်​ကောင်းလာချိန်မှာတော့ သူမက အရမ်းချစ်စရာကောင်းစွာ အလုပ်ရှုပ်နေတတ်၏။

ဤအခိုက်အတန့်တွင်တော့ သူမသည် အလွန်ကြောက်လန့်ပြီး သနားစရာကောင်း​​​နေသည်။ ဒါကြောင့် လုရွှမ် ပြုံးပြီးပြောလိုက်၏။

"ဆရာတူအစ်မ အဆင်ပြေပါတယ်...ကျွန်တော်လည်း အခုမှ နားလည်သွားတာ ဒါကို တားလို့ မရဘူးဆိုတာ သိသာတယ်လေ အတွင်းမှာရှိတဲ့ ယန္တရားနဲ့ တွက်ချက်ကြည့်ရင် ထိလိုက်တာနဲ့ အလိုအလျောက် ပျံထွက်လာမှာ ရှောင်လွှဲလို့ မရဘူး”

ထျန်းလင် အနည်းငယ် လက်ခံလိုက်သော်လည်း လူတိုင်းကို အလွန် အပြစ်ကြီးသည့်အကြည့်ဖြင့် ကြည့်နေဆဲဖြစ်သည်။ သူမက ချစ်စရာကောင်းပြီး သွက်လက်သောကြောင့် ဂိုဏ်းမှာ အလွန် နာမည်ကြီးသည်။ ကျင့်ကြံသူတချို့က မကျေမနပ် ဖြစ်​နေသော်လည်း အများစုမှာတော့ သူမကို ညင်သာစွာ နှစ်သိမ့်ပေးကြတုန်းပင်။

ဤအချိန်တွင် ထျန်းရှောင်းက

"ဒါတကယ် ​ပေကျီဓားပဲ... သူ့လက်ကိုင်ကို ကြည့်လိုက်.... ပေ(မြောက်) ဆိုတဲ့ စကားလုံးကို တွေ့ရသေးတယ်"

လူတိုင်း ဝိုင်းပြီး အနီးကပ် ကြည့်​ကြ​တော့သည်။ သေချာတာက သံဓားဟာ အပြင်းအထန် ပျက်စီးသွားပေမယ့် “မြောက်” ဆိုတဲ့ စကားလုံးက နားမလည်နိုင်လောက်အောင် တည်ရှိ​နေတုန်းပါပဲ။

တစ်ချိန်က ဧကရာဇ်အဆင့် လက်နက်ကြီးဟာ အခုအခါမှာတော့ အပိုင်းပိုင်း ကွဲသွားပြီ။ လုရွှမ် ဓားကို ကိုင်​ကြည့်လိုက်ပြီး ခဏလောက် လေ့လာကြည့်သည်။ ခဏကြာတော့ သူက

"ဒါက ​ပေကျီဓား မဟုတ်ဘူး"

လူတိုင်း အံ့အားသင့်သွားပြီး လုရွှမ်ကို ကြည့်လိုက်ကြသည်။

"ဆရာတူမောင်လေး မင်းပြောချင်တာက ဒါက ​ပေကျီဓား မဟုတ်ဘူးပါ့"

နတ်သမီးထျန်းယင်က ဝင်မေးလိုက်သည်။ သူမကို ကောင်းကင်အောင်ခြင်းဂိုဏ်းက တခြား ရွေးချယ်စရာအဖြစ် သတ်မှတ်ထား၏။ သူမဟာ ဆေးလုံး သန့်စင်ခြင်းနဲ့ အခင်းအကျင်းမှာ အလွန်ကျွမ်းကျင်ပေမယ့် ဂိုဏ်းရဲ့ အဓိကလုပ်ဆောင်မှု ဖြစ်တဲ့ လက်နက် သန့်စင်ခြင်း အကြောင်းကိုတော့ သိပ်ပြီး ဗဟုသုတ မရှိလှပါဘူး။ လက်နက်တွေ သိပ်ကောင်းတယ်လို့ပဲ သူမ မြင်သည်။

တခြားသူတွေက ထျန်းယင်လောက်တောင် ကောင်းကောင်း မပြောတတ်ဘူး။ အထူးသဖြင့် ဒီဓားရဲ့ စစ်မှန်မှုကို မပြောနိုင်ဘူးလေ။

"ဒီဓားက အတုယူပြီး သန့်စင်ထားတာ"

လုရွှမ် ပြောလိုက်သည်။ သူ့စိတ်ထဲမှာ ထူးဆန်းတဲ့ ခံစားချက်တစ်ခု ရှိနေပေမယ့် တကယ်တမ်းကျတော့ သူ အဲဒါကို မပြော​ပြနိုင်ဘူး ဖြစ်​နေသည်။

တီးတိုးပြောနေတဲ့ သူ့နောက်ကျောက သစ်သားဓားကြောင့်သာ မဟုတ်ရင် ဒီဓားဟာ အစစ်လို့ပဲ သူထင်မိလိမ့်မယ်။

လုရွှမ် မရှင်းပြဘဲ ထျန်းလက် ဓားဆွဲထုတ်ထားသည့် နေရာကို ရောက်သွားခဲ့သည်။ တစ်နာရီရဲ့ လေးပုံတစ်ပုံလောက် စောင့်ကြည့်ပြီးနောက် လုရွှမ် သစ်သားဓားကို ရုတ်တရက် ဆွဲထုတ်ပြီး ထိုကွက်လပ်ထဲ ထိုးသွင်းလိုက်၏။

အလင်းတန်း တစ်ခု ထိုးထွက်လာပြီး အခင်းအကျင်း ဖွဲ့စည်းမှုတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထျန်းယင် တိုးတိုးလေး အော်ဟစ်လိုက်မိသည်။ ဒီနေရာလေးမှာ အခင်းအကျင်း ဖွဲ့စည်းထားတာကို သူမ သတိမထားမိလိုက်ပါဘူး။

လုရွှမ်လည်း သူ ကံကောင်းသွားတယ်လို့ တိတ်တဆိတ် တွေးနေမိသည်။ အကယ်၍ သူသာ အခင်းအကျင်း ကောင်းကင်စာအုပ်ကို မဖတ်ခဲ့ပါက ဒါကို သေချာပေါက် လွတ်သွားလိမ့်မည်။

အခင်းအကျင်း ပျောက်ကွယ်သွားပြီးနောက် ဓားရှည်တစ်စင်း ပေါ်ထွက်လာသည်။

၎င်းဆီက ရွှေရောင် အလင်းတန်းသည် တောက်ပစွာ ထွန်းလင်းနေ၏။ ရှည်လျားသော ဓားတစ်လက်ဖြစ်နေတာ သိသာထင်ရှား လှသော်လည်း လူတိုင်းက ကြယ်တွေ တောက်ပနေသကဲ့သို့ ခံစား​​နေရသည်။

All Chapters