အပြောင်းအလဲများ
Vol. 75 Ch. 4.636
"ဒါက?"
ထိုလူတွေရဲ့ မျက်နှာပေါ်မှ စိတ်ကြွဆေးပြားတွေ ပေါက်ထွက်ကုန်ချေပြီ။ အစောတုန်းက ဓားဟာ ပေကျီဓားအစစ် မဟုတ်ပေမယ့် ဒီဓားကတော့ အစစ်အမှန် ဖြစ်ကြောင်း လူတိုင်းနီးပါး သဘာဝကျကျ နားလည်လာခဲ့ကြသည်။
လူတိုင်းသည် လျင်မြန်စွာ စုရုံးလာကြပြီး တောင်ကုန်းပေါ်တွင် "ပေကျီ" ဟူသော စကားလုံးဖြင့် တောက်ပနေသော ဓားကို မော့ကြည့်နေကြသည်။
ထိုအခိုက် လုရွှမ်ကလည်း ပြုံးပြီး ပြောလိုက်သည်။
"ဆရာတူအစ်မ ထျန်းလင်... ဒီတစ်ခါ မင်းဒုက္ခမပေးခဲ့ရုံတင် မကဘူး ဒီအချိန်မှာ အသက်ရှင်လျက် ထွက်သွားနိုင်ဖို့ အခွင့်အရေးက မင်းခန္ဓာကိုယ်ပေါ်မှာ ရှိနေပြီ"
ထျန်းလင် သက်ပြင်းတစ်ချက် ချလိုက်သည်။ ဒုက္ခမပေးခဲ့မိတာပဲ ကောင်းနေပါပြီ။
"ဆရာတူညီလေး မင်းဘာကိုဆိုလိုတာလဲ? ငါတို့ကို ရှင်းပြပါဦး"
ကျန့်ကျောက် ဝင်မေးလိုက်သည်။ ထိုအခါ လုရွှမ်က ပြုံးပြီး ရှင်းပြလေ၏။
"ကောင်းပြီ... အစောတုန်းက ဧကရာဇ်လက်နက် သုံးမျိုးဖြစ်တဲ့ ကျစ်ဝေ၊ ပေထိုနဲ့ ပေကျီဓားတွေ ရှိတယ်လို့ ဆရာတူအစ်မ ထျန်းယင်ဆီက ကြားခဲ့ရတယ်မလား? အဲဒီဓားသုံးလတ်က အရမ်းအရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတာ...ကျစ်ဝေက ဧကရာဇ်မင်းသား၊ ပေထိုက အခင်းအကျင်း၊ ပေကျီက အခင်းအကျင်းမျက်လုံးပဲ..."
"ဒီပေကျီဓားကို အဲဒီအချိန်က အကြီးအကဲက သေချာပေါက် ချန်ထားခဲ့တာ သူက ဒါကို ရည်ရွယ်ချက်ရှိရှိနဲ့ ဒီမှာပဲ ထားခဲ့တာဖြစ်မယ်... သူ့ဂိုဏ်းသားတွေ ဒီထဲရောက်လာရင် မျှော်လင့်ချက်တွေ တဖျပ်ဖျပ် လတ်လာနိုင်ဖို့ ထားခဲ့တာ... ပေကျီ အခင်းအကျင်းမျက်လုံး အဖြစ် အလယ်ဗဟိုမှာ ချိတ်ထားခဲ့တာ မင်းတို့က ဓားတစ်ချောင်းပဲ မြင်တယ် ဒါပေမဲ့ ငါ့မျက်စိထဲမှာတော့ ဒီမှာ ဓားရှည်ကိုးချောင်း ရှိတယ်"
နတ်သမီးထျန်းယင်ရဲ့ မျက်လုံးများ တောက်ပလာပြီး အခင်းအကျင်းထဲကို ဝင်၍
"အဲဒါ ကျစ်ဝေရယ် ပေထို ဓားခုနစ်ချောင်းနဲ့ ပေကျီဓားများလား?"
"မှန်တယ်!" လုရွှမ် အသက်ပြင်းပြင်းရှူပြီး သူတို့ဘက်ကို ကြည့်လိုက်သည်။
"ဒီဓားကို ငါဆွဲထုတ်ပြီးရင် တခြားဓားတွေကို ထုတ်ပြလာလိမ့်မယ်... ငါ့ရဲ့ ခန့်မှန်းချက်သာ မှန်မယ်ဆိုရင် ဒီဓားတွေကို သေချာပေါက် ချုပ်နှောင်ထားလိမ့်မယ်.... ဒီပေကျီဓားနဲ့အတူ ပျံသန်းလာနိုင်တဲ့အတွက် လူတိုင်း ကျန်တဲ့ဓားရှစ်ချောင်းကို ဖမ်းမိဖို့လိုလိမ့်မယ်”
"ခဏလောက်တော့ တုန်ခါမှုတွေ ဖြစ်လာနိုင်တယ်.... ကျေးဇူးပြုပြီး သတိထားကြပါ အခင်းအကျင်းတွေကို အခင်းအကျင်းတွေကို မသုံးနဲ့... သူတို့ကို ထောင်ချောက်ဆင်လို့ မရဘူး"
ထျန်းယင်သည် ဓားဖမ်းရန် အသင့်ဖြစ်နေသော လူရှစ်ဦးကို အမြန်ခန့်အပ်လိုက်သည်။
"ကောင်းပြီ ငါ့ဓားကို ဆွဲထုတ်လိုက်တော့မယ်"
လုရွှမ် ဓားရှည်ကြီးကို ရုတ်တရက် ဆွဲထုတ်လိုက်ပြီးသည်နှင့် ရုတ်တရက် အလင်းတန်း တစ်ခု တောက်ပလာပြီး ဓားစွမ်းအင်သည် ကောင်းကင်သို့ ထိုးတက်သွား၏။ ဓားစွမ်းအင်များသည် တောင်များနှင့် မြစ်များထဲသို့ ပြေးဝင်သွားကာ လှိုင်းလုံးများ ပြေးတက်လာသလို တုန်ခါလာစေသည်။
မြေပြင်ကလည်း ပြင်းထန်စွာ တုန်ခါနေ၏။ ကံကောင်းထောက်မစွာဖြင့် လုရွှမ်ရဲ့ ကြိုတင် သတိပေးချက်ကြောင့် ကျင့်ကြံသူအားလုံး လျင်မြန်စွာ ထိန်းရပ်နေလေသည်။
"မင်းတို့ရဲ့ဓားကို ခုတ်ဖို့ အဆင်သင့်ပြင်ထား!"
လုရွှမ် အော်လိုက်တာနဲ့ ထျန်းယင် အပါအဝင် လူရှစ်ဦးသည် လေထဲသို့ ပျံတက်သွားပြီး ဓားဆွဲထုတ်ထားသည့် နေရာကို စိုက်ကြည့်နေကြသည်။
ဝုန်း!
ဓားရှည်များ တစ်ချောင်းပြီး တစ်ချောင်း လွင့်ပျံသွားကာ ကောင်းကင်သို့ လျင်မြန်စွာ ပြေးသွားကြသည်။
အစောကြီးကတည်းက ပြင်ဆင်ထားတဲ့ လူရှစ်ယောက်ကလည်း တစ်လတ်စီကို အာရုံစိုက်ပြီး နောက်က ပြေးလိုက်သွားကြသည်။ ဓားရှည်က ထူးထူးခြားခြား အစွမ်းရှိတယ် ဆိုပေမယ့် လူရှစ်ယောက်က ကောင်းကင်ဘုံသခင် နယ်ပယ်ထဲမှာ ရှိနေကြပြီ။ ခဏလောက် လိုက်ဖမ်းပြီးနောက် ဓားရှည် ရှစ်ချောင်းဆီသို့ သူတို့လက်နက်များကို အလျင်အမြန် ပစ်ထည့်လိုက်သည်။
မကြာခင်မှာပဲ လူတိုင်းက ဓားရှည်တစ်လက်စီကို ဖမ်းကိုင်လိုက်ကြသည်။ အရင်ကမြင်ဖူးတဲ့ ပေကျီဓားနဲ့ မယှဉ်နိုင်ပေမယ့် ထူးထူးခြားခြား ဓားတစ်လက်ပါပဲ။
"အားလုံးပဲ ဒီဓားရှည်တွေကို သေချာ စောင့်ရှောက်ကြပါ... ငါတို့ရဲ့အသက်က ဒီဓားရှည်တွေပေါ်မှာ မူတည်တယ်"
လုရွှမ်က ဆိုလိုက်သည်။ အကြောင်းပြချက်ကို နားမလည်သော်လည်း လုရွှမ်သည် ယခုအချိန်တွင် လူတိုင်းဆီက အသိအမှတ်ပြုမှုကို ရရှိထားလေပြီ။
"ဘာဖြစ်တာလဲ?"
ခြေထောက်အောက်က တုန်ခါမှုကြီး တစ်ခုက ရုတ်တရက် လှုပ်ခတ်လာလေ၏။ ကောင်းလျှိုနှင့် သူ့အုပ်စုသည် ထုံးစံအတိုင်း သက်ရောက်မှု မရှိပေ။ ပထမတွင် သူတို့ ထိတ်လန့်သွားသော်လည်း ချက်ချင်း တုံ့ပြန်လိုက်ကြသည်။
တခြားတစ်နေရာတွင်လည်း ထျန်းရှား၏ ခန္ဓာကိုယ်သည် လှုပ်ခါသွားကာ သူမခန္ဓာကိုယ်ရဲ့ အနက်ရှိုင်းဆုံး နေရာရှိ ဒန်တန်ထဲက စိမ်းပြာနဂါးရဲ့ အနှစ်သာရနှင့် သွေးများကိုပင် ရုတ်တရက် ခံစားလိုက်ရသည်။ ထိတ်လန့်တကြားဖြင့် ရုတ်တရတ် ထကြွလာကာ အလွန်လျင်မြန်စွာ ပျောက်ကွယ်သွားသော်လည်း ခဏအတွင်း၊ အပေါ်နှင့် အောက်က အဝတ်များ စိုစွတ်သွားတဲ့အထိ ချွေးအေးတွေ ဖုံးလွှမ်းသွားခဲ့သည်။
သူမ တုံ့ပြန်ပြီးနောက် အားလုံးဘက်ကိုလည်း အော်ပြောလိုက်သည်။
"မြန်မြန်ထွက်ပြေးကြတော့!"
သူမသည် အမှန်တကယ် အန္တရာယ်ကြီး၏ ကြိုတင် သတိပေးချက်ကြောင့် “လွတ်မြောက်ခြင်း” ဟူသော စကားလုံးကိုသာ အသုံးပြုခဲ့သည်။
ထျန်းရှားရဲ့ နောက်လိုက် လူအနည်းငယ်မှာ ထျန်းရှား ဒီလောက်အထိ ထိတ်လန့်နေတာမျိုးကို ဘယ်တုန်းကမှ မမြင်ဖူးကြပေ။ စုစုပေါင်း ရှစ်ယောက် ရှိပြီးတော့ သူတို့ရဲ့ ပေါင်းစည်းစွမ်းအားနဲ့ဆို နတ်မီးနယ်ပယ်က သာမန်လူတွေတောင်မှ သူမကို ထိပ်တိုက် ရင်ဆိုင်ဝံ့ကြတာ မရှိချေ။
"မြန်မြန်သွားတော့ ဒီမှာ ငတုံးတွေလို ရပ်မနေနဲ့ မြန်မြန်သွားရအောင်!"
ထျန်းရှား အော်ကြီးဟစ်ကျယ် ပြောပြီးနောက် သူမခန္ဓာကိုယ်က ကောင်းကင်သို့ ဦးစွာ ပြေးတက်သွားတော့သည်။
လူခုနစ်ယောက် ကပျာကယာ သူမနောက်က လိုက်သွားကြသည်။ ဘာကြောင့်မှန်း မသိပေမယ့် ထျန်းရှားက လမ်းတစ်လျှောက်မှာ သူတို့ကို အကြိမ်ကြိမ် ကယ်တင်ခဲ့တာမို့ သူတို့သဘာဝအရ သူမကို အရမ်းယုံကြည်ကြသည်။
"အစ်မ ဘယ်သွားမလို့လဲ?"
"ဒီကနေဝေးလေ ပိုကောင်းလေပဲ"
"အားလုံး အောက်ကို ကြည့်လိုက်ဦး!"
အရှိန်ပြင်းပြင်းနဲ့ ပြေးလာနေရင်း အမျိုးသမီး တစ်ယောက်က ရုတ်တရက် အော်လိုက်သည်။
သူတို့ ရှစ်ယောက် ငုံ့ကြည့်လိုက်တော့ လုရွှမ်တို့ရှိနေခဲ့တဲ့ နေရာက မြေမျက်နှာသွင်ပြင်ဟာ ပြောင်းလဲနေပြီ။ တောင်တွေနဲ့ မြစ်တွေက အနေအထားချင်း မတူကြသလို လေထုကလည်း ပြောင်းလဲနေတာကို တွေ့လိုက်ရသည်။ လုရွှမ်တို့ ပျံသန်းပြီး ဝင်သွားကြတာ မဟုတ်ဘဲ သူတို့ရဲ့မူလနေရာကနေ ခပ်ဝေးဝေးကို မရောက်ကြသေးပေ။
"ကောင်းလျှိုကို သွားရှာရအောင်။"
ထျန်းရှား ဆိုလိုက်သည်။
သူမ နှလုံးသားထဲမှာ ခံယူချက်တစ်ခု ရှိနေပြီဆိုပေမဲ့ သူမ မယုံချင်သေးပေ။ ဒီအကြောင်းပြချက်ကို အခုရှင်းပြနိုင်တဲ့ တစ်ဦးတည်းသော သူကတော့ ကောင်းလျှိုပဲ ဖြစ်ကောင်းဖြစ်နိုင်သည်။
ထိုအခိုက် လူအရိပ်၉ခုကလည်း ကောင်းကင်သို့တက်၍ သူမတို့ဆီသို့ ပျံသန်းလာ၏။
"ဟိုမိန်းကလေး... မင်း တစ်ခုခုကို ထိမိသွားပြီလား?"
ခပ်လှမ်းလှမ်းမှာ ရှိနေတဲ့ ကောင်းလျှိုက ဒေါသတကြီးဖြင့် လှမ်းအော်လိုက်သည်။ ထိုအခါ ထျန်းရှားကလည်း
"ရှင်လုပ်ခဲ့တာလား ဘယ်သူသိမှာလဲ?"
ကောင်းလျှို တုံ့ပြန်ချင်သော်လည်း ဟွမ်ရီးက ရုတ်တရက် ထအော်လိုက်လေ၏။
"အောက်ကိုကြည့်လိုက်!!"
လူအုပ်လည်း အောက်ကို ငုံ့ကြည့်လိုက်တော့ စွမ်းအင်တွေနဲ့ ဟိန်းဟောက်နေတဲ့ လူတွေကို တွေ့လိုက်ကြရသည်။
အောက်ဖက်က မြေပြင်သည် ပင်လယ်ရေအဖြစ်သို့ တစ်ဖန် ပြန်ဖြစ်သွားသကဲ့သို့ ဖြစ်သွားရာ အနည်းဆုံး မဟာသူတော်စင် ပထမအဆင့်ရှိသော ကျင့်ကြံသူတို့ဟာ မပျံသန်းနိုင်တော့ဘဲ အောက်ဖက်သို့ လဲကျသွားကြသည်။
"တစ်ခုမှ မဟုတ်ဘူး.... မြေကြီးထဲကနေ စွမ်းအင်တွေ ထိုးထွက်လာတာ ဒီလူတွေ... မြေကြီးထဲက ဆွဲထုတ်လိုက်တဲ့ အရာတွေပဲ ဖြစ်မယ်..."
ကောင်းလျှိုဘက်က လူတစ်ယောက်က ထိတ်လန့်တကြား အော်လိုက်သည်။
သူ့နာမည်က စန်းယန်ဖြစ်ပြီး သူ့မျက်ခုံးအလယ်မှာ ဒေါင်လိုက်မျက်လုံး တစ်လုံးရှိပေသည်။ ပုံမှန်အားဖြင့် သူ၏ဒေါင်လိုက် မျက်လုံးကို မှိတ်ထားသော်လည်း ယခု သူဖွင့်လိုက်သည်နှင့် ခရမ်းရောင် အလင်းတန်းများ ထွက်ပေါ်လာပြီး အောက်ဘက်သို့ ပစ်ချလိုက်သည်။
ခရမ်းရောင် မီးရောင်အောက်တွင် ကြီးမားသော လက်များက အချင်းချင်း ဆန့်တန်းလျက် ကျင့်ကြံသူများကို မြေကြီးပေါ်သို့ ဆွဲကပ်ထား၏။ ဝေဟင်ထက်မှာ ပျံ့လွင့်နေသော သူတို့ကိုတောင် ဖမ်းဆုပ်တော့မလိုပင်။
ထိုဧရာမလက်များသည် စွမ်းဆောင်မှုက ကြီးမားပုံပေါ်လေသည်။ ခံနိုင်ရည်မရှိသော ကျင့်ကြံသူများကတော့ ဧရာမလက်ထဲ တိုက်ရိုက် ဆုပ်ကိုင်ခံထားရပြီး နုတ်နုတ်စဉ်းထားသော အသားများလို မြေကြီးထဲ ဆွဲသွင်းခံလိုက်ရလေသည်။
"အထက်ကို ပျံသန်းကြ!"
ကောင်းလျှိုနဲ့ ထျန်းရှားတို့ တညီတညွတ်တည်း အော်လိုက်ကြသည်။ အောက်ဖက်က မြင်ကွင်းက တကယ်ကို ကြောက်စရာ ကောင်းလွန်းပေ၏။ ၎င်းရဲ့အငွေ့အသက်ကတင် လူတိုင်းရဲ့စိတ်ကို တုန်လှုပ်စေပြီး မတည်မငြိမ် ဖြစ်လာစေသည်။
ကျင့်ကြံသူ များစွာတို့သည် အမြန်တုံ့ပြန်၍ အထက်သို့ လျင်မြန်စွာ ပျံသွားကြသော်လည်း စိတ်နှင့် ဝိညာဉ်တို့သည် မတည်မငြိမ် ဖြစ်နေသောကြောင့် သိသာထင်ရှားစွာ တရွေ့ရွေ့ပဲ ပျံသွားနိုင်ကြသည်။
အခုနတုန်းက ကောင်းကင်မှာ ပျံဝဲနေကြပေမယ့် ထိုရောင်ဝါက မောက်မာ ပြင်းထန်ပြီး သွေးဆာနေတဲ့ အကြမ်းဖက်မှုတွေ ရောထွေးနေတာကို ရှင်းရှင်းလင်းလင်း ခံစားနိုင်ပါသေးသည်။
ကံကောင်းထောက်မစွာပင် သူတို့သည် ကောင်းကင်သို့ ကြိုပြီး ပျံသန်းခဲ့ကြသည်။ မဟုတ်ပါက အောက်ဖက်က လူတွေလိုပဲ သေဆုံးရပေလိမ့်မည်။
ထိုကဲ့သို့ ကြောက်မက်ဖွယ် ကောင်းသော တန်ခိုးအောက်တွင် ကောင်းကင်ဘုံသခင်၊ ကောင်းကင်ဘုံသခင် ပြီးပြည့်စုံသောကာလမှ လူများကို မဟာသူတော်စင်များက မယှဥ်နိုင်ပေ။ သူတို့အားလုံးက ပုရွက်ဆိတ်တွေပဲ ဖြစ်ကာ ကောင်းကင်ဘုံသခင်ကတော့ ပိုသန်မာတဲ့ ပုရွက်ဆိတ်တွေပဲ ဖြစ်လေ၏။
ထိုသို့သော အခြေအနေအောက်တွင် ထျန်းရှားနဲ့ ကောင်းလျှိုတို့ သဘာဝအတိုင်း စည်းလုံးသွားကြသည်။ စည်းလုံးညီညွတ်စွာ မတိုက်ခိုက်ပါက ရလဒ်က သေခြင်းတရားပဲ ဆိုတာကို သူတို့အားလုံးရဲ့ နှလုံးသားထဲတွင် သိထားကြသည်။