ဆင်းရဲဒုက္ခအတူခံစားခြင်း
Vol. 75 Ch. 4.637
"ဆရာတူမောင်လေး ထျန်းချိုင်... ဒါက ငါတို့ အသက်ရှင်ဖို့ အခွင့်အလမ်းလို့ ပြောခဲ့တယ်မလား... အဲဒါက ဘာကိုဆိုလိုတာလဲ?"
ထျန်းလင်က မေးလိုက်သည်။
သူမအပြစ် မဟုတ်ကြောင်း သိပါ၏။ ဒါက သူမ၏ မဆင်မခြင် စိတ်ကြောင့်ပင် သူတို့ကို လွတ်မြောက်ရန် နည်းလမ်း ရှာပေးနိုင်ခဲ့သည်။ ဒါကြောင့် သူမက ချစ်စရာကောင်းစွာ မေးလိုက်ရင်း တက်ကြွတတ်သော ပင်ကိုယ်စရိုက်ကို ပြန်လည် ရရှိလာပြန်သည်။
လုရွှမ်က ပြုံးလျက်ပြော၏။
"ရှေးဟောင်းစာအုပ် တစ်အုပ်ထဲမှာ ဒီလိုအခင်းအကျင်း ဖွဲ့စည်းပုံအကြောင်း တစ်ခါဖတ်ဖူးတယ်.... ဒီအခင်းအကျင်းကို ကြယ်ကိုးပွင့်စက်ဝိုင်းလို့ ခေါ်တယ်။ ဧကရာဇ်ကြယ်တွေ၊ အခင်းအကျင်း ဖန်ဆင်းခြင်းနဲ့ အခင်းအကျင်း မျက်လုံးတွေကို ဒီအထဲမှာ ချိတ်ပိတ် စုစည်းထားတာ"
"ငါတို့ အခု တိုက်ပွဲဝင်နေပြီ... ငါတို့အတွက်ကတော့ သဘာဝကျကျ ကန့်သတ်ချက် မရှိပေမယ့် အပြင်က လူတွေ အတွက်ကတော့ အန္တရာယ်က ကြီးမားတယ်"
"လူတိုင်း အရမ်းအံ့သြ နေကြတယ်မလား? ငါတို့အခု လမ်းလျှောက်ပြီးလို့ မြင်ခဲ့ရတဲ့ မြင်ကွင်းတွေက တစ်ခုပြီး တစ်ခု ဖြစ်နေပုံရတာကို မြင်ကြတယ်မလား? အကြောင်းပြချက်က အရမ်းရှင်းပါတယ် အဲဒါတွေက အခင်းအကျင်း တိုက်စားသွားတဲ့ နေရာတွေပဲ ဥပမာ ငါတို့ မဝင်ခင်မှာ တားမြစ်နယ်မြေဆိုတဲ့ စကားလုံးတွေ ရေးထိုးထားတဲ့ ကျောက်ပြားကို တွေ့တယ်မလား? ပြီးတော့ အဲဒီတားမြစ်နယ်မြေလို့ ရေးထွင်းထားတဲ့ ကျောက်စာတန်းကို နောက်တစ်ကြိမ် ထပ်တွေ့ခဲ့ရတယ်လေ”
ထိုစဥ် ထျန်းလင်၏ မျက်လုံးများ တောက်ပလာပြီး သူမက ဝင်ထောက်လိုက်သည်။
"မင်း ဆိုလိုတာက ဒီအခင်းအကျင်း ဖွဲ့စည်းမှုက ဒီတားမြစ်နယ်မြေကို ဖြိုခွင်းဖို့ပဲပေါ့.... ငါတို့အခင်းအကျင်း ဖွဲ့စည်းတာကို ဖျက်လိုက်ရင် အပြင်က ပင်လယ်သားရဲတွေ ဒုက္ခရောက်သွားမှာပေါ့?"
လုရွှမ်က ပြုံးပြီး "ဟုတ်တယ် အဲဒီသဘောတရားပဲ"
လူတိုင်း ပြိုင်တူပဲ ရယ်မောလိုက်သည်။ လောလောဆယ် လွတ်မြောက်နိုင်ဖို့ ကောင်းကောင်း မလုပ်နိုင်ပေမယ့် အန္တရာယ်ကျရောက်အောင် တွန်းပို့ခဲ့တဲ့ ပင်လယ်သားရဲတွေ ဒုက္ခရောက်နေတာ တွေ့ရတော့ ဝမ်းသာပီတိ ဖြစ်သွားရသည်။
"အခုတော့ အန္တရာယ် တစ်ခုခု ရှိရင်တောင်မှ သူတို့ဘက်ကို ထိန်းဖို့ တော်တော်လေး လျှော့ချလိုက်နိုင်ပါပြီ"
လုရွှမ် မသိသောအရာမှာ သူတို့အခင်းအကျင်းကို ဖြိုခွဲပြီးနောက် အပြင်ဘက်ကလည်း တားမြစ်နယ်မြေ အဖြစ်သို့ ပြောင်းလဲသွားခြင်းပဲ ဖြစ်သည်။ ထောင်ပေါင်းများစွာသော ပင်လယ်သားရဲများ တိုက်ရိုက် သတ်ဖြတ်ခြင်း ခံခဲ့ရသော်လည်း ကောင်းလျှိုနဲ့ ထျန်းရှားတို့ အုပ်စုနှစ်စုကတော့ အသက်ရှင်ကျန်ရစ်ခဲ့ပြီး နှစ်ယောက်လုံး ဒေါသအလိပ်လိပ် ထွက်နေကြသည်။
"ကောင်းလျှို ငါတို့ ထိန်းထားနိုင်သွားပြီ... အခု ဘယ်ကိုရောက်နေကြတာလဲ?"
ထျန်းရှားက ပထမဦးစွာ အော်မေးလိုက်သည်။ ယခုအခါ လူတိုင်းသည် လှေတစ်စင်းတည်းတွင် ရှိနေကြပြီး ရှင်သန်လိုပါက စည်းလုံးကြရမည် ဖြစ်သည်။
"ငါ့ရဲ့ ခန့်မှန်းချက်သာ မှန်မယ်ဆိုရင် ငါတို့အားလုံး တားမြစ်နယ်မြေထဲကို ရောက်နေပြီ ဒါကြောင့် လူတိုင်းက တစ်ယောက်နဲ့ တစ်ယောက် နီးနီးကပ်ကပ် နေပြီး ပိုရင်းနှီးထားရမယ် အချင်းချင်း မှတ်မိနေတာ အကောင်းဆုံးပဲ"
သူစကားမဆုံးခင်မှာ သူတို့ကြားက နေရာလွတ်တွေ ပြောင်းလဲနေပြီး ကမ္ဘာကြီးကလည်း လည်ပတ်နေတော့သည်။ လူတော်တော်များများက သူတို့ရဲ့ နှလုံးသားနဲ့ ဝိညာဉ်တွေ ရှုပ်ထွေးနေတယ်လို့ ခံစားခဲ့ရပြီး နောက်အခိုက်အတန့်မှာတော့ သူတို့ဟာ နားမလည်နိုင်လောက်အောင် အံ့သြစရာကောင်းတဲ့ နေရာတစ်ခုကို ရောက်နေပါပြီ။
အဝေးကအရာတွေကို တောင်ကုန်းတွေလို ထင်ရပေမယ့် နီးလာတဲ့အခါမှာတော့ အလောင်းတွေက အရိုးတွေ စုပုံထားတာကို တွေ့လိုက်ရတော့ အားလုံး အံ့ဩ တုန်လှုပ်သွားတော့သည်။
အရိုးစုတွေနဲ့ သက်ဆိုင်တဲ့ မျိုးနွယ်စုဝင်များက သူတို့အဖွဲ့ထဲတွင် ရှိနေကြတာကြောင့် ဤအရိုးစုများမှ နားမလည်နိုင်သော ဆွဲဆောင်နိုင်တဲ့ စွမ်းအားတစ်ခု ရှိနေသလို ခံစားလာရသည်။ ထိုခံစားချက်က သူတို့စိတ်ကို ဆွဲငင်ကာ အရိုးစုထဲသို့ တိုးဝင်သွားချင်အောင် စွမ်းဆောင်နေ၏။
ထိုအချိန်တွင် လူတစ်ယောက်သည် အရိုးစုဆီသို့ လျှောက်သွားလေပြီ။ သူ့မျက်လုံးများ စိတ်ရှုပ်ထွေးနေကာ စိတ်ညှို့ခံထားသည့်အတိုင်းပင်။ ကောင်းလျှို ထိုလူကိုအနောက်မှ ရိုက်ချလိုက်ပြီ။ မြေပြင်ပေါ်ကို ခေါက်ချလိုက်သည်။
ထိုလူသည် ခဏနေမှ နိုးလာပြီး သူ့ရှေ့ကမြင်ကွင်းကြောင့် လန့်ဖျပ်သွား၏။
"ငါဘာလို့ ဒီကို ရောက်နေတာလဲ? ဒါက ဘယ်လိုနေရာကြီးလဲ"
တစ်စုံတစ်ယောက်က သူ့ကို ရှင်းပြခဲ့ပြီး နောက်ပိုင်းတွင် တုန်လည်းတုန်လှုပ် ရှက်လည်းရှက်ရွံ့သွားသည်။ သူက ဤလူအများအကြားတွင် စိတ်မထိန်းနိုင်လိုက်တဲ့ တစ်ဦးတည်းသော သူဖြစ်သည်။
"လန်ဟဲ... မင်းအစောတုန်းက ဘယ်လိုခံစားရလဲ"
ဟွမ်ရီးက သူ့သူငယ်ချင်းကောင်းတွေထဲက တစ်ယောက် ဖြစ်တာကြောင့် ဝင်မေးလိုက်သည်။
လန်ဟဲက "ငါ့ကို တွန်းပို့နေတဲ့ တွန်းအားတစ်ခု ရှိနေသလို ခံစားရတယ်... ပြီးတော့ တောက်ပြောင်တဲ့ ပစ္စည်းတစ်ခုကိုလည်း တွေ့လိုက်တယ်... ဘာကြောင့်မှန်း မသိဘူး အဲဒီတောက်ပြောင်နေတဲ့ အရာတစ်ခုကိုယူဖို့ ရှေ့ကို လှမ်းသွားချင်နေတာ... ပြီးတော့ အဲဒါကိုယူပြီး ပြန်လာချင်တယ်"
"တောက်ပနေတဲ့ အရာလား?"
ထျန်းရှားက ရုတ်တရက် အော်လိုက်ပြီး လန်ဟဲအား အဲဒီ့အရိုးစုဘက်ကို လက်ညှိုး ထိုးပြလိုက်ပါ၏။
"အားလုံး သတိထားကြ.. ငါတို့ သွားကြည့်ကြရအောင်"
ကောင်းလျှို ထျန်းရှားကို တစ်ချက်ကြည့်ပြီး ဆိုလိုက်သည်။ သူတို့နှစ်ယောက် အရိုးတွေဘက်ကို ချဥ်းကပ်လာခဲ့သည်။
လူတွေအားလုံး ဝင်သွားလိုက်တဲ့အခါ အတွင်းကနေ ကြောက်စရာကောင်းတဲ့ လေပြင်းတွေ ပြေးထွက်လာတာကို တွေ့လိုက်ရသည်။ လေပြင်းက အလွန်အေးလှသည်။ သူတို့လို သန်မာတဲ့ ပင်လယ်သားရဲများပင် မထိန်းနိုင်ဘဲ အလွန် တုန်လှုပ်ချောက်ချားသွားလေ၏။
လေပြင်းက သူ့စိတ်ဝိညာဥ်အထိ မှုတ်ထုတ်နေပုံရပြီး စိတ်ထဲတွင် ကြောက်ရွံ့မှု အရိပ်အယောင်များ တိုးလာသည်။
"အဲဒါက လှိုဏ်ဂူပဲ ကျွန်မတို့ လျှောက်ဝင်သွားရင်တော့...."
ကောင်းလျှိုက ထျန်းရှားကို ကြည့်ကာ "ငါတို့မှာ တခြားရွေးချယ်စရာတွေ ရှိသေးလို့လား?"
"မရှိဘူး!"
ကောင်းလျှို ခါးသီးစွာ ပြုံးလိုက်သည်။
နှစ်ယောက်သား စကားများ ရန်ဖြစ်နေကြတာကို ကြည့်ပြီး ကျန်တဲ့လူ တော်တော်များများက သူတို့နောက်မှာ စောင့်နေကြသည်။
"ဘာဖြစ်တာလဲ" ဟွမ်ရီးရဲ့ အသံက အဝေးကနေ ထွက်လာ၏။
“အဆင်ပြေပါတယ်...သွားကြည့်ဦးမယ်”
ကောင်းလျှိုက အံကြိတ်လျက် ဆိုလိုက်တော့သည်။ သူတို့နှစ်ယောက်လုံးမှာ ထူးထူးခြားခြား ခွန်အားတွေ ရှိပြီး နှစ်ယောက်စလုံးက ကိုယ့်ကိုကိုယ် စောင့်ရှောက်ဖို့ အစွမ်းထက်တဲ့ ဝှက်ဖဲတွေ ကိုင်ဆောင်ထားကြသည်။
ထို့နောက် ကြီးမားသော အပြာရောင်အရိုးဆီသို့ ရောက်လာခဲ့သည်။
သားရဲအရိုးသည် ကြီးမားပြီး အပြာရောင် အလင်းတန်းများ နှင့်အတူ တလက်လက် တောက်ပနေသည်။ ကောင်းလျှို ဓားငယ်တစ်ချောင်းကို ထုတ်ကာ ညင်သာစွာ စမ်းသပ်ကြည့်လိုက်တော့ တီးခတ်သံတစ်ခု ထွက်ပေါ်လာပြီး အမှုန့်တွေ ဖြစ်သွားသည်။
သူတို့နှစ်ယောက် ဘာမှ မပြောဘဲတောင် နောက်ကွယ်က လူတွေအားလုံး ထိတ်လန့်ပြီး လန်ဟဲကို ပြန်လှည့်ကြည့်လိုက်ကြသည်။ ထိုလူရဲ့ မျက်နှာက ဖြူဖျော့လာပြီး ဝမ်းနည်းစွာ အော်လိုက်သည်။
"ဒါက အရမ်းရက်စက်တာပဲ"
ကောင်းလျှို ခေါက်ကြည့်လိုက်တဲ့ အရိုးက မြစ်ပြာမျိုးနွယ်စုရဲ့ အရိုး၊ လန်ဟဲ ပြန်ယူသွားချင်နေတယ်လို့ ပြောနေတဲ့ အရိုးပဲ ဖြစ်လေ၏။
မြစ်ပြာသားရဲ၏ အရိုးများ တောင့်တင်းမှုသည် ဝမ့်ရှန်းကမ္ဘာတွင် အထူး ကျော်ကြားသည်။ နှစ်ထောင်ပေါင်းများစွာ ကြာပြီးသည့်တိုင် လန်ဟဲသားရဲ၏ အရိုးများ ဟောင်းနွမ်း ပျက်စီးသွားလိမ့်မည် မဟုတ်ပေ။
အရိုးအတွင်းရှိ အနှစ်သာရ အားလုံးကို ခြောက်သွေ့အောင် စုပ်မထားပါက လုံးဝ မပျက်စီးသွားနိုင်ပေ။ ဒါ့အပြင် ၎င်းကို အသက်ရှင်နေစဥ် အချိန်အတွင်း အင်အားအပြည့်ဖြင့် ခမ်းခြောက်အောင် စုပ်ယူရပါမည်။
ဤနည်းဖြင့်သာ အတွင်းအရိုးများ ဟောင်းနွမ်းသွားမှာ ဖြစ်လေ၏။ ယခုအခါ အရိုးများ၏ ဟောင်းနွမ်းနေသော အသွင်အပြင်ကို ကြည့်လိုက်လျှင် သူတို့ရှေ့က လန်ဟဲလို မြစ်ပြာသားရဲ တစ်ကောင် ညှဉ်းပန်းနှိပ်စက် ခံနေခဲ့ရတာ ထင်ရှားပေသည်။
ဤမြစ်ပြာသားရဲ၏ ကြီးမားသော ခန္ဓာကိုယ်ကို ဆင်ခြင်ကြည့်လျှင် ၎င်း၏ ကျင့်ကြံမှုသည် အနည်းဆုံး နတ်မီးနယ်ပယ် အထွတ်အထိပ် ဖြစ်နိုင်သည်။ ပင်လယ်သားရဲထဲတွင် သူရဲကောင်းတစ်ဦး ဖြစ်နိုင်ခဲ့သော်လည်း ဤနေရာတွင် သနားစရာကောင်းစွာ သေဆုံးသွားခဲ့သည်။
ထျန်းရှား မယုံကြည်နိုင်စွာ လေတစ်ချက် မှုတ်ထုတ်လိုက်ရာ ပေါက်ကွဲသံနှင့်အတူ အရိုးများ အားလုံးသည် အမှုန့်ဖြစ်သွားတော့သည်။
ထို့နောက် အလွန်ကြောက်စရာ ကောင်းတဲ့ မြင်ကွင်းတစ်ခုကို ထပ်တွေ့လိုက်ရပါ၏။ မိမိတို့၏ အရိုးစုများကို ပြန်တွေ့နေရသလို နတ်မီးနယ်ပယ်ကို ကျော်လွန်သော အကြီးအကဲများ ရှိသလို မဟာသူတော်စင် နယ်ပယ်သို့ ရောက်ရှိသွားသော ကျင့်ကြံသူများလည်း ရှိသည်။
သို့သော် ခြွင်းချက်မရှိ သူတို့အားလုံးသည် ၎င်းတို့၏ စွမ်းအင်အနှစ်သာရနှင့် သွေးများကို ညှစ်ထုတ်ခံရပြီး ဤနေရာတွင် သေဆုံးသွားကြတာချည်းပင်။
အရင်က ကောင်းလျှို ပြောပြခဲ့တာကို သတိရမိသွားသည်။ ဒီတားမြစ်နယ်မြေက လှောင်အိမ်ဖြစ်ပြီး အနည်းဆုံးတော့ နတ်မီးနယ်ပယ် အရှင်သခင်တွေဟာ အထဲမှာ အကျဉ်းချ ခံနေရလေ၏။
ထိုသခင်တို့သည် ဤနေရာ၌ ပိတ်မိနေကာ အလွန်အမင်း ဆာလောင်နေကြသည်။
ဂူအ၀င်ဝကို သွားကြည့်တဲ့ ကောင်းလျှိုနဲ့ ထျန်းရှားက ပြန်ပြောပြလေ၏။ အစောကတော့ လူတိုင်းက အရမ်းကြောက်ဖို့ ကောင်းတယ်လို့ ထင်ခဲ့ပေမယ့် ဒီအချိန်မှာတော့ သူတို့အားလုံး အလွန်အမင်း တုန်လှုပ်သွားကြပြီ။
တားမြစ်နယ်မြေ ဆိုတဲ့ အဓိပ္ပာယ်မှာ လုံးဝမှန်ကန်ပေသည်။
"ဒါဆို ငါတို့လုပ်သင့်ပြီ"
"သတိထား!"
ထျန်းရှား ရုတ်တရက် သတိပေးလိုက်၏။
အားလုံးအတူတကွ ကောင်းကင်ပေါ် တက်လာပြီး အောက်ဖက်က ကမ္ဘာမြေကြီးဟာ လျင်မြန်စွာ ကျုံ့သွားတာကို မြင်လိုက်ရသည်။ သူတို့သည် တစ်စုံတစ်ယောက်၏ အကြံအစည်ထဲတွင် ဖမ်းမိသွားသလိုမျိုး လေပြင်းများ တိုက်ခတ်နေသည့် လျှို့ဝှက်ဆန်းကြယ်သော လှိုဏ်ဂူထဲသို့ ပြေးဝင်သွားကြသည်။
သူတို့ ဘယ်လောက်ပဲ ခက်ခက်ခဲခဲ တွန်းလှန်နေပါစေ လုံးဝ မခုခံနိုင်တော့ပေ။