← Chapters

ရယ်မောသံ ပေါ်လာခြင်း

Vol. 75 Ch. 4.638

ရယ်မောသံ ပေါ်လာခြင်း

Vol. 75 Ch. 4.638

ကြောက်ရွံ့မှုလှိုင်းလုံးက သူ့နှလုံးသားထဲ ထပ်မံဝင်ရောက်လာပြန်သည်။ လူက ၎င်းကို ခံစားလာခဲ့ရပြီးနောက် အသက်ရှုကြပ်လာတာကြောင့် ကျန့်ကျောက်ဘက်ကို လျင်မြန်စွာ ထောက်လိုက်ရသည်။ ယွမ်ယန်ကျင့်စဥ်ရဲ့ စွမ်းအင်များ သူ့ခန္ဓာကိုယ်အနှံ့ စီးဆင်းသွားပြီးတော့မှသာ ထိတ်လန့်မှုကို လျော့ပါးသွားခဲ့သည်။

ဘာလို့ဒီလို ခံစား​နေရလဲ ဆိုတာကို နားမလည်သေးပေမယ့် အန္တရာယ် ကျရောက်လာပြီ ဆိုတာတော့ သိသာပါ၏။

ထိုခံစားချက်သည် လျင်မြန်စွာ ရွေ့လျားသွားတာကြောင့် လုရွှမ်လည်း ဒါက စိမ်းပြာနဂါး နှလုံးနဲ့ ပတ်သက်မှုတစ်ခုခု ရှိနေမယ်လို့ ယောင်ဝါးဝါး ခံစားမိသော်လည်း သူ သိပ်သေချာမသိပေ။

"အားလုံးသတိထားကြပါ အန္တရာယ်​​ရောက်​​နေပြီ"

လုရွှမ် ​ပြောပြီးသွားသည်​နှင့်​ပင်​ ​မြေပြင်​သည်​ တစ်​ဖန်​ တုန်​ခါလာကာ အပိုင်းပိုင်း ပြတ်​သွားသည်​။ သတိပေးချက် လုံးဝမရှိဘဲ လေထု တုန်ခါမှုသည် အချိန်၏နိယာမကို ပြောင်းလဲလုနီးပါး ဖြစ်သွားသည်။ သူတို့ခမျာ မပျံသန်းနိုင်​တော့ဘဲ မြေပြင်ပေါ်တွင်သာ လဲလျောင်းနေနိုင်သည်။

ကံကောင်း ထောက်မစွာနဲ့ တခြားအန္တရာယ်​တွေ မရှိလာတော့သည်။ သူတို့အားလုံးရဲ့ ကျင့်ကြံမှုက အလွန်ပြင်းထန်သောကြောင့် ယခုလိုဒဏ်ရာများက သဘာဝကျကျ ထိခိုက်မှု မရှိချေ။

"မြေကြီးက ရွေ့နေတယ်"

ထျန်းယင် ရုတ်တရက် အော်လိုက်သည်။

အားလုံးလည်း အမြန် လှည့်ကြည့်လိုက်တော့ သူတို့အရင်က သွားခဲ့တဲ့လမ်းက နောက်မှာ ကျန်နေခဲ့တာကို တွေ့လိုက်ရပြီး အခု သူတို့ ရပ်တည်နေတဲ့ နေရာက ပြောင်းလဲသွားပြီ။

"ဟားဟားဟား!"

ရိုင်းစိုင်းတဲ့ ရယ်မောသံက တစ်ကမ္ဘာလုံးပေါ် သက်ရောက်နေသလို ရုတ်တရက် ထွက်ပေါ်လာတော့သည်။ ထိုအသံသည် နတ်မိုးခြိမ်းသံကဲ့သို့ပင် သူတို့ နားထဲတွင် ပဲ့တင်ထပ်သွားကာ သူတို့စိတ်နှလုံးကိုပါ ထိတ်လန့်သွားစေ၏။

အားနည်းသော လူတချို့သည် ထိုအသံကို တိုက်ရိုက် မခံနိုင်သဖြင့် နားရွက်ကို လက်ဖြင့်အုပ်လျက် နေရာမှာပဲ လှဲအိပ်လိုက်ရသည်။ သူတို့ အသံကို ပိတ်ဆို့လိုက်သော်လည်း ဘယ်နေရာကမဆို ထွက်ပေါ်လာတာကြောင့် ပိတ်ဆို့သွားလို့မရနိုင်ဘဲ နာကျင်စွာ လူးလိမ့်နေကာ သွေးများပင် စီးကျလာသည်။

ကေင်းကင်ဘုံသခင် အဆင့်၉ထက် သာလွန်သော သူများက ပိုကောင်းပါသည်။ သို့ပေမယ့် သူတို့ခန္ဓာကိုယ်က အားနည်းနေသလို သူ့မျက်နှာကလည်း ဖြူဖျော့နေပြီး ခွန်အားလည်း မစိုက်နိုင်သေးသလို ခံစားနေရတုန်းပင်။

မြေပြင်မှာ ဒုက္ခရောက်နေတဲ့ အငယ်တန်း ညီအကို မောင်နှမတွေကို မြင်လိုက်ရပေမယ့် သူတို့ ဒုက္ခရောက်နေတာကို စောင့်ကြည့်ရုံကလွဲလို့ ဘာမှလည်း မလုပ်နိုင်ပေ။

ဝီစီသံတစ်ချက် ရုတ်တရက် ထွက်ပေါ်လာသည်။ အစတွင် အသံက နိမ့်​နေ​သေးသော်လည်း တဖြည်းဖြည်း လျင်မြန်စွာ ပိုကျယ်လာသည်။ အသံက ထက်မြက်တယ်လို့ မခံစားရသော်လည်း ကြီးကျယ်ခမ်းနားသော အစွမ်းသတ္တိရှိသည်။

ထိုအသံက လူတိုင်း၏နားထဲတွင် ယခင်က ရယ်မောအသံနှင့် ကောင်းစွာ ဟန်ချက်ညီနေသည်။ အနည်းငယ် နာကျင်နေသေးသော်လည်း အစောတုန်းကလောက် သည်းမခံနိုင်တဲ့ ဝေဒနာမျိုး မဟုတ်တော့ပေ။

အသံပေးသူကို လူတချို့က ကြည့်လိုက်ရာ သူတို့အငယ်တန်း ဆရာတူညီလေး ကျန်းထျန်းချိုင်ပဲ ဖြစ်​နေလေသည်။

သူက အစမှအဆုံးအထိ ခြေထောက်များကို လေထုထဲတွင် ဆိုင်းငံ့ထားပြီး ခန္ဓာကိုယ်ပေါ်တွင် တောက်ပနေသော အလင်းရောင် အနည်းငယ် ထွက်လာနေကာ နွေးထွေးမှုနှင့် နှစ်သိမ့်မှုတို့ကို ခံစားရစေသည်။

လုရွှမ်က ထိုအသံကို သူ့ဗိုက်ထဲအထိ စုပ်ယူပြီး ပြန်လည် လွှတ်လိုက်တဲ့အခါ ဝီစီသံအဖြစ် ​ပြန်ထွက်လာသည်။ ထက်မြက်သော ကျင့်ကြံသူတချို့ ချက်ချင်းပင် တုံ့ပြန်ကြတာ အံ့သြစရာ မဟုတ်ပေ။

ကျန့်ကျောက်က လုရွှမ်ဘေးတွင် ရှိနေတာကြောင့် လုရွှမ်ခန္ဓာကိုယ်မှ ထွက်လာသော အလင်းရောင် အများစုက သူ့ကိုဖုံးအုပ်ထားသည်။

မကြာမီတွင် သူသည် လုရွှမ်ဆီက မူမမှန်မှုကို တွေ့ရှိသွားပြီးနောက် လုရွှမ်ရဲ့ စံနမူနာအတိုင်း အသံကိုဗိုက်ထဲ စုပ်ယူကာ အသံတချို့ကို ပြန်လည် ထုတ်လွှတ်လိုက်သည်။ လေချွန်သံကဲ့သို့ မနှစ်မြို့ဖွယ် ကောင်းသော်လည်း ၎င်းသည် အလွန်အသုံးဝင်ပြီး နာကျင်မှုကို မခံစားရတော့ချေ။

တပည့်များစွာလည်း တဖြည်းဖြည်း ငြိမ်သက်သွားကာ လုရွှမ်ရဲ့ လှုပ်ရှားမှုများအတိုင်း တုပလိုက်ကြသည်။ မကြာမီ အပြင်ဘက်တွင် ရယ်မောသံများ ရှိနေသေးသော်လည်း သည်းမခံနိုင်တော့လောက်အောင် မဖြစ်တော့ပေ။

လူနှစ်ဆယ့်ခုနစ်ယောက်သည် စက်ဝိုင်းပုံသဏ္ဌာန်ဖြင့် တင်ပျဉ်ခွေထိုင်လျက် လုရွှမ် လုပ်တဲ့အတိုင်း အတုယူကာ ၎င်းတို့၏ ဗိုက်မှ အသက်ရှူထုတ်လိုက်ရာ ထူးဆန်းသော အသံများ ထွက်ပေါ်နေ​လေသည်။

လုရွှမ်ရဲ့ လမ်းညွှန်မှု အောက်တွင် ခဏကြာတော့ သူတို့အသံများသည် လုရွှမ်ရဲ့ဝီစီသံနဲ့ ပေါင်းစပ်ကာ တဖြည်းဖြည်း ပြိုင်ဆိုင်လာကြသည်။ ဤထိပ်တိုက် ရင်ဆိုင်မှုကာလက သုံးနာရီလောက် ကြာသွားသည်။

အတူတူ ခုခံကြသော်လည်း လျှို့ဝှက်ဆန်းကြယ်သော ရယ်မောသံများ ပျောက်ကွယ်သွားသောအခါ သူတို့အားလုံး မောပန်းနွမ်းနယ်သွားကြ၏။

"အားလုံး အဆင်ပြေလား?"

လုရွှမ် ဆေးလုံးတွေကို တစ်လုံးပြီးတစ်လုံး ဝေငှခိုင်းလိုက်သည်။ ဤအခိုက်အတန့်တွင် လူတိုင်း လုရွှမ်ကို အံ့သြထိတ်လန့်စွာ ကြည့်နေကြလေပြီ။

သူများတွေ ပိုသန်မာလာတဲ့အခါ လူတွေကို မနာလို ဖြစ်တတ်ပေမယ့် သန်မာလွန်းရင် အထင်ကြီးခံရလိမ့်မယ်။

ယခုအခိုက်အတန့်တွင် လူတိုင်းသည် လုရွှမ်ကို လုံးဝ ကိုးကွယ်စရာ ကောင်းတယ်လို့သာ ခံစားမိသည်။

ကျန့်ကျောက် ယခင်က ကျန်းထျန်းချိုင် ပြင်းပြင်းထန်ထန် ချီးကျူးခဲ့ဖူးသော်လည်း သူတို့ကတော့ ဘယ်လိုလုပ် ယုံကြည်ခဲ့ပါ့မလဲ။ သို့သော် ယခုလို အကျပ်အတည်းမျိုး လုရွှမ်သည် သဲလွန်စ မရှိသော အသက်ရှင်ရန် နည်းလမ်းကို ရှာဖွေ​ပေးနိုင်ခဲ့သည်။ ထို့နောက် လူတိုင်းကိုလည်း အန္တရာယ်ကို ဖြတ်ကျော်နိုင်ရန် လမ်းပြခဲ့သည်။

လက်ရှိ အင်အားကြီးသူ အနည်းငယ်တောင် လုရွှမ်နောက်လိုက်ဖို့ကလွဲလို့ ရွေးချယ်စရာ လုံးဝ မရှိတော့ပေ။ ယုံကြည်မှုကို အတွေ့အကြုံ နည်းနည်းဖြင့် မွေးမြူထားသော်လည်း ယုံကြည်မှု ဆိုတာ ခွန်အားနှင့် ဉာဏ်ပညာ အပေါ်မှာလည်း ယူဆနိုင်သည်။

ယခုမူ လုရွှမ်သည် သူတို့၏ နှလုံးသားထဲတွင် အားကိုးအားထား ပြုသူအဖြစ် မသိလိုက်ဘဲ သတ်မှတ်မိသွားပြီ။

တခြားသူများလည်း ခွန်အား​​တွေ ပြန်လည်ရရှိလာကြသည်။ လုရွှမ်၊ ထျန်းယင်၊ ကျန့်ကျောက်နှင့် တောင်ထွတ်နှစ်ခုရှိ အတွင်းစည်း တပည့်များသည် သူတို့၏ အနာဂတ် အစီအစဉ်များကို ဆွေးနွေး​နေကြသည်။

၎င်းတို့အနက် တစ်ခုမှာ ထျန်းရှူးတောင်ထွတ်မှ ထန်တုံး ဖြစ်ပြီး ထျန်းရွှမ်တောင်ထွတ်မှ ဟဲ့ယန်တို့ ဖြစ်သည်။ သူတို့နှစ်ဦးသည် ယခင်က လုရွှမ်နဲ့ ကျန့်ကျောက်ကို သဘောမကျခဲ့ ကြသော်လည်း ယခုအချိန်တွင်တော့ လုရွှမ်ကို မျှော်​ကြည့်နေကြပြီ။

“သိသာပါတယ် ငါတို့ အခုရှေ့ကိုပဲ ဆက်သွားနိုင်မယ်... နောက်ပြန်ဆုတ်ဖို့ လွတ်လမ်း မရှိတော့ဘူး ရှေ့မှာလည်း အန္တရာယ်တွေ ရှိနိုင်တယ်။ လူတိုင်းက သတိကပ်ထားပြီး ကိုယ့်ပတ်ဝန်းကျင်က လူတွေကို ဂရုစိုက်ရမယ်... လူများများ အသက်နိုင်ရှင် လွတ်မြောက်နိုင်မယ်လို့ မျှော်လင့်တယ်... အသက်ရှင်သူ တစ်ယောက်က တစ်ခုတည်းသော မျှော်လင့်ချက်ပဲ”

လုရွှမ်ရဲ့ စကားများက အလွန်ရိုးရှင်းပြီး အလွန်ရိုးသားသော်လည်း သူတို့နားထဲမှာ ယုံကြည့်လို့ရတဲ့ စကားလုံးတွေ ဖြစ်လေသည်။

အန္တရာယ်သည် ဧကန်မုချ အကြီးကျယ်ဆုံး အန္တရာယ် ဖြစ်လာနိုင်သည်။ သို့သော် ကျင့်ကြံသူတို့ရဲ့ သတိ ပေါ့လျော့မှုသည် သေခြင်းတရားဆီ ရောက်ဖို့ အကြီးမားဆုံး အကြောင်းတရား ဖြစ်သည်။

"ဆရာတူမောင်လေး မင်းပြောကြည့်... အစောက ရယ်နေတဲ့ အသံက ဒီမှာ အကျဉ်းချခံထားရတဲ့ တခြားတစ်ယောက် ရှိသေးလို့များလား?"

နတ်သမီးထျန်းယင်က မေးလိုက်ရင်း သူမ မယုံနိုင်လောက်အောင်ကို ထူးဆန်းနေသလို ခံစားနေရသည်။ ဒီလိုနေရာမျိုး ရှိနေတာကို သူမ မကြားဖူးဘူး။ ၃၆ နှစ်တိုင်း ဒီရေပြန်ကျလာတဲ့ အခါမှာလည်း ဒီနေရာကို မမြင်ကြဘူး။ အဲဒါက ပေကျီဓားရဲ့ သခင်လိုပင်။

လုရွှမ်လည်း အနည်းငယ် ထိတ်လန့်သွားခဲ့သည်။

အဲဒါဘယ်သူ ဖြစ်နိုင်မလဲ။

လုရွှမ် အလိုလိုပင် ရှေးဟောင်းလျှပ်စီးကမ္ဘာက အစိမ်းရောင် လေထုအောက်က လျှို့ဝှက်ဆန်းကြယ်သော နေရာကို သတိရသွားသည်။ ထိုပင်လယ်ဧရိယာတွင် အဆင့်မြင့် သခင်များစွာ အကျဉ်းချခံခဲ့ကြောင်း သူမြင်ဖူးခဲ့ဖူးသည်။

ကျွမ်းကျင်သူများစွာကိုလည်း ဤနေရာတွင် အကျဉ်းချထားတာ ဖြစ်နိုင်မလား။ သူတို့သည် အပြင်မထွက်နိုင်ဘဲ ဤသေးငယ်သော နေရာလေးတွင်သာ ရှင်သန်နိုင်သည်။ တစ်နေ့ပြီးတစ်နေ့ တစ်နှစ်ပြီးတစ်နှစ်လေ။ နောက်ပြီး ဒီနေရာဟာ တစ်ချိန်က မှော်ဆန်တဲ့ နေရာတစ်ခုဖြစ်ပြီး ကောင်းကင်နဲ့မြေကြီးရဲ့ ရတနာတွေနဲ့ ပြည့်နှက်နေပြီး အဆုံးမဲ့ အခင်းအကျင်းတွေလည်း ရှိနေနိုင်သည်။

အချိန်ကြာလာသောအခါ ကောင်းမွန်သော အရာများ ပျောက်ကွယ်သွားပြီး အမှောင်ထုက ကျဆငိးလာသောအခါ ဤနေရာသည် သူတို့အတွက် ထောင်ဖြစ်လာ၏။

မထွက်နိုင်ဘဲ ဒီမှာပိတ်မိနေတာကြောင့် အလွန်အမင်း ရူးသွပ်နေလောက်သည်။ အစောတုန်းက အရာဟာ ရယ်မောခြင်းမျှသာ ဖြစ်သော်လည်း အလွန်ပြင်းထန်သော စွမ်းအားရှိ၍ ထိုလူ ဘယ်လောက် အစွမ်းထက်လိုက်မလဲ တွေးကြည့်နိုင်သည်။

အဲဒီလိုလူတွေ လူတစ်ဦးထက် ပို​ပြီး ရှိနေရင်ရော?

လုရွှမ် တွေးတောင် မတွေးရဲတော့ချေ။

All Chapters