ကျောကုန်းပေါ်ရောက်လာပြီ
Vol. 75 Ch. 4.639
"ဆရာတူမောင်လေး မင်း တစ်ခုခု တွေးမိလို့လား?"
ထျန်းယင်မှ မေးလိုက်သည်။ လုရွှမ်လည်း ရှေးဟောင်းလျှပ်စီးကမ္ဘာမှာ မြင်ခဲ့သမျှကို ပြောပြလိုက်ရာ တခြားလူတွေခမျာ တစ်ယောက်ကို တစ်ယောက် မယုံကြည်နိုင်စွာ ကြည့်နေကြလေသည်။
"ဆရာတူညီလေး... ဒီနေရာတော့ မဟုတ်လောက်ပါဘူးနော် ဒါက တားမြစ်ထားတဲ့ နေရာလေ"
ကျန့်ကျောက်က ခေါင်းခါလိုက်ပြီး "ဆရာတူညီလေး မသိသေးလို့ ဖြစ်မယ်... ဘာလို့ တားမြစ်နယ်မြေလို့ ခေါ်တာလဲ? အန္တရာယ်ရှိလို့... ဘာလို့ အန္တရာယ် ရှိရတာလဲ? ဒီမှာ ရက်စက်ကြမ်းကြုတ်တဲ့ လူဆိုးတွေ အကျဥ်းချခံထားရတဲ့ အနေအထားမျိုး ဖြစ်နိုင်ခြေ များလို့ပဲ"
ထန်တုံးမှာလည်း မယုံချင်သေးဘဲ ခေါင်းယမ်းရင်း
"သူတို့ ဒီမှာ ထောင်ကျနေတာ ဘယ်လောက်ကြာပြီလဲ? အခု အသက်ရှင်နေသေးတာ ဖြစ်နိုင်ပါ့မလား"
"ဟုတ်သားပဲ... ပုံမှန်အခြေအနေ အရဆိုရင် အဲဒီလူတွေက ဟိုးအရင်ကတည်းက သေဆုံးသွားလောက်ပြီ... ကျန်နေသေးရင်တောင် နည်းနည်းပဲ ကျန်ခဲ့နိုင်တယ်"
ထိုစကားဆုံးသော် ထျန်းယင်က မျက်မှောင်ကြုတ်ပြီး ဝင်ပြောလေ၏။
"လူတစ်ယောက်ပဲ ကျန်တော့တယ် ဆိုရင်တောင် အစောကလူ ရယ်ခဲ့တဲ့ အင်အားက ၃၀% ရှိမယ်ဆို ငါတို့က သူတို့နဲ့ မယှဉ်နိုင်ဘူး"
လူတိုင်းလည်း တစ်ခဲနက် သက်ပြင်းချလိုက်ကြသည်။ ဒါဟာ သိသာထင်ရှားပြီး ထိတ်လန့်စရာကောင်းတဲ့ အမှန်တရားတစ်ခုပဲ။
"ဒါပေမဲ့ အခု ငါတို့ ရှေ့ကိုပဲ ဆက်သွားလို့ရတော့မယ် မဟုတ်ရင် အဲဒီလူလို ဒီမှာပဲ ပိတ်မိနေပြီး ဘယ်တော့မှ မထွက်နိုင်တော့ဘူး"
လုရွှမ်ရဲ့ အသံသည် ကျယ်လောင်ခြင်း မရှိသော်လည်း အားလုံး ရှင်းလင်းစွာ ကြားနေရပြီး ဘယ်သူကမှလည်း ငြင်းဆိုခြင်းမရှိပေ။ ဒါက လက်တွေ့ဖြစ်နေရုံ သာမကဘဲ လုရွှမ်အတွက် သူ၏ အခွင့်အာဏာကို ကိုယ်စားပြုသည့် စကားလည်း ဖြစ်သည်။
တစ်ဖက်မှာတော့ ကျင့်ကြံသူတွေဟာ တဖြည်းဖြည်း ပြန်ကောင်းလုနီးပါး ဖြစ်လာပြီ။
နောက်ဆုံးတွင် ဒီလောက် အန္တရာယ်များတဲ့ အခြေအနေကြားတွင် ထိပ်တန်းအဂ္ဂိရတ် ဆရာကြီးနှစ်ဦး ရှိပါသေးသည်။ သူတို့ မသေသေးသရွေ့တော့ ဒဏ်ရာတွေကို ကောင်းကောင်း မကုသနိုင်မှာ စိတ်မပူရတော့ဘူး။ ဒါက ကံဆိုးခြင်းထဲက ကံကောင်းမှုတစ်ခုဟု မှတ်ယူရမည်။
သူတို့ရဲ့ ဆုံးဖြတ်ချက်အကြောင်း လူတိုင်းကို ပြောပြပြီးနောက်မှာတော့ သဘာဝအတိုင်း ဘယ်သူမှ ကန့်ကွက်ခြင်း မရှိခဲ့ဘဲ အုပ်စုလိုက် ဆက်သွားနေခဲ့သည်။
ဒီမှာ အချိန်ကုန်နေရင်တောင် သူတို့အားလုံး ခံစားနေရတဲ့ အရာက နေရာများဟာ အဆက်မပြတ် ပြောင်းလဲနေဆဲ ဖြစ်ပြီး သူတို့က အလယ်မှာဆို အရှေ့နဲ့အနောက်ကိုတောင် အနည်းငယ်သာ မြင်ရသည်။
“ဟေး လတ်ဆက်တဲ့ သွေးနံ့ ရတယ်”
လူတစ်ယောက်က အော်လိုက်သည်။
ယခုက ခရီးရဲ့ ဒုတိယမြောက်နေ့ ဖြစ်လာပြီ။ လမ်းတစ်လျှောက်တွင် နေရာအနှံ့အပြားတွင် နေရာရွှေ့ပြောင်းမှု သုံးကြိမ် ထပ်မံကြုံတွေ့ခဲ့ရပြီး ပြန်လမ်းကိုလည်း ရှာမတွေ့တော့ပေ။ ထွက်ချင်ရင်တော့ ရှေ့ကိုသာ ဆက်လျှောက်လို့ ရတော့မည်။
လုရွှမ် ရှေ့သို့ လျင်မြန်စွာ လှမ်းကြည့်ရင်း
"အဲဒါ ပင်လယ်သားရဲရဲ့ သွေးပဲ ဟုတ်တယ်... ပင်လယ်သားရဲတစ်ကောင် ဝင်လာတာ ဖြစ်မယ်"
"ဟိုမှာကြည့် အပေါက်တစ်ပေါက် ရှိတယ်"
ဂူအ၀င်ဝကို လူတိုင်း လှည့်ကြည့်လိုက်သည်။ ဝင်ပေါက်တွင် အဖြူရောင် အမှုန်အမွှားများ ရှိနေကာ အငွေ့အသက်တွေက ပြောင်းလဲနေ၏။
"တချို့ပင်လယ်သားရဲတွေ အဲ့ဂူဝင်ပေါက်ထဲ ဝင်သွားတာ ဖြစ်လိမ့်မယ်"
"အားလုံး သတိထားကြပါ... ငါအရင် သွားကြည့်လိုက်မယ်"
လုရွှမ်လည်း တိုက်ရိုက် မပျံသန်းသွားဝံ့ဘဲ ဂူပေါက်ဝဆီသို့ ဖြည်းညှင်းစွာ လျှောက်လာခဲ့သည်။ အဲဒီလို လမ်းလျှောက်ခဲ့တာက သူ့အသက်ကို ကယ်တင်နိုင်ခဲ့တယ် ဆိုတာ သူ မသိခဲ့ပါဘူး။ မဟုတ်ရင်တော့ မြေပြင်အထက် သုံးပေလောက်ကို ပျံသန်းပြီးတာနဲ့ ဂူထဲကို သူ့အလိုအလျောက် စုပ်ထုတ်ခံရလိမ့်မယ်။
လှိုဏ်ဂူအဝင်ဝကို ရောက်တော့ လုရွှမ် ဝင်ပေါက်ရှေ့တွင် ကြီးမားသော တွင်းကြီးတစ်ခုကို တွေ့လိုက်ရသည်။ လေအနည်းငယ် မှုတ်ထုတ်ပြီး အမှုန့်တွေက အထက်သို့ လွင့်လာ၏။ လုရွှမ် လက်ဖဝါးဖြင့် နှစ်ခါမျှ ဆုပ်နယ်ပြီး ကြည့်လိုက်တော့ အရိုးမှုန့်များ ဖြစ်နေတာ တွေ့လိုက်ရသည်။
လုရွှမ် ခပ်မြန်မြန် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားခဲ့သည်။ လုရွှမ်ဆီက ထွက်လာသော လေပြင်းသည် ဂူအတွင်းရှိ အမှုန့်များကို လွှင့်ပစ်လိုက်သည်။
ကြီးမားသော အမှုန့်တောင်ကြီးတစ်ခု ပေါက်ကွဲသွားကာ လုရွှမ် သူ့အောက်ခြေတွင် မမြင်နိုင်တဲ့အဆုံးထိ အမှုန့်အလွှာများ ရှိနေသေးတာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရလေ၏။
"ရှောင်ရင်း နင် ဘာလုပ်နေတာလဲ"
နတ်သမီးထျန်းယင်၏ အသံသည် အံ့သြပြီး စိတ်ပူသွားဟန်ဖြင့် ထွက်လာ၏။
လုရွှမ် လှည့်ကြည့်လိုက်တော့ လူတစ်ယောက် ဂူဆီကို ပြေးထွက်လာတာ တွေ့လိုက်ရသည်။ သူမသည် မသိနိုင်သော အားအင်များဖြင့် ပြည့်နှက်နေပြီး အရှိန်လျှော့လိုက်ပါက တစ်စုံတစ်ယောက်မှ သူမရဲ့ကောင်းမှုများကို လုယူသွားမှာကို စိုးရိမ်နေသကဲ့သို့ပင်။
လျင်မြန်သော မျက်လုံးများ၊ လျင်မြန်သော လက်များဖြင့် လုရွှမ် ထိုမိန်းကလေးရဲ့ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားလိုက်သည်။ သူမက ဂူထဲသို့ အလျင်စလို ပြေးဝင်ရန် ပြင်းပြင်းထန်ထန် ရုန်းကန်နေရဆဲ ဖြစ်သည်။
သူမရဲ့ မျက်လုံးတွေဟာ ကမောက်ကမ အငွေ့အသက်တွေ ပြည့်နှက်နေကာ သူမစိတ်က သိသိသာသာ ထိန်းချုပ် ခံထားရလေ၏။
"ဟေ့!"
လုရွှမ် ကျယ်လောင်စွာ အော်ဟစ်လိုက်ရာ အော်သံက သူမ နားထဲမှာ စူးရှသွားသည်။
ကျင့်ကြံသူ မိန်းကလေးရဲ့ ခန္ဓာကိုယ်က တုန်လှုပ်သွားပြီး သူမ လဲကျသွားသည်။ လုရွှမ် သူမကို အမြန်ဆွဲထားလိုက်တာကြောင့် ကံကောင်းစွာနဲ့ လဲကျမသွားခဲ့၏။ မျက်လုံးများ တဖြည်းဖြည်း ကြည်လင်လာတော့မှ လုရွှမ် ရင်ခွင်ထဲမှ မတ်တပ်ထရပ်ကာ
"ဆရာတူမောင်လေး နင်က ဘယ်လိုလုပ် ငါ့ဘေးမှာ ရှိနေတာလဲ"
ခဏကြာတော့မှ တစ်ခုခုမှားနေတာကို သတိပြုမိပြီး
"ဘာလို့ ငါနင့်ဘေးမှာ ရှိနေတာလဲ"
"မင်း သွေးဆောင်ခံလိုက်ရတာ"
လုရွှမ် ဆိုလိုက်ရင်း နောက်တစ်ကြိမ် ထပ်၍ သွေးဆောင်ခံရမည်ကို စိုးရိမ်သဖြင့် သူမကို နောက်သို့ ဆွဲထုတ်လိုက်သည်။ လူတိုင်းထံ ပြန်လာပြီးနောက်တွင် သူမမှလွဲ၍ ဘယ်သူမှ အဲဒီလို မခံစားခဲ့ရပေ။
အားလုံးလည်း အရမ်းအံ့သြနေကြ၏။ ထိုကျင့်ကြံသူ မိန်းကလေးရဲ့ ကျင့်ကြံမှုက အားနည်းနေတာတော့ မဟုတ်ပေ။
“ဆရာတူညီလေး မင်း ဘယ်မှာလဲ”
ရုတ်တရက် လူတစ်ယောက်ကလည်း ပျံတက်လာ၏။ ရုတ်တရက် ကြီးမားသော စွမ်းအားကြီး ကျယ်လောင်စွာ ထွက်ပေါ်လာတာကို ခံစားလိုက်ရပြီး သူ့ခန္ဓာကိုယ်ကို ဆွဲထုတ်သွားသလို ပါးစပ်ဟောင်းလောင်းဖြင့် ပျံသန်းသွားလေသည်။
သူ့ဘေးနားက ကျင့်ကြံသူ တစ်ယောက်က လျင်မြန်တဲ့ မျက်လုံးတွေကြောင့် လက်မြန်မြန်နဲ့ သူ့ကို ဖမ်းမိပေမယ့် ကြီးမားတဲ့ အင်အားက သူ့ကိုပါ ပျံသန်းသွားစေခဲ့၏။
ထို့နောက် လုံးဝ မထိန်းနိုင်တော့ဘဲ တစ်ယောက်ပြီး တစ်ယောက် လွင့်ပျံလာခဲ့သည်။ ထို့နောက်တွင် မုန်တိုင်းကြီး လှိမ့်တက်လာပြီး လူတိုင်းကို လှိုဏ်ဂူထဲသို့ ဆွဲစုပ်သွားတော့သည်။ လိုဏ်ဂူကြီးက မှောင်မိုက်၊ အေးစက်ပြီး ထူးဆန်းတဲ့ အငွေ့အသက်နဲ့ ပြည့်နေသည်။
လုရွှမ် မြေပြင်မှ ရုတ်တရက် ခုန်ထလိုက်လာပြီး သူ့လက်ချောင်းများကို ဖွင့်လိုက်တဲ့အခါ မီးတောက်တစ်ခု ပေါက်ကွဲ ထွက်လာကာ ပတ်ဝန်းကျင်ကို လင်းထိန်သွားစေ၏။
သူတို့လက်ရှိ ကျောက်လမ်းမပေါ်တွင် ရှိနေကြသည်။ လူ၂၇ခုနစ်ယောက်လုံး ကျောက်လမ်းမပေါ်တွင် လဲလျောင်းနေသဖြင့် လုရွှမ် အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့သည်။
သူတို့ဘေးနားက လူတွေကို ညင်သာစွာ တွန်းထုတ်ရင်း တစ်ယောက်ပြီး တစ်ယောက် နိုးလာကြသည်။
"ဒီနေရာက ဘယ်မှာလဲ?"
"ကျောက်ခန်းလား?"
"ဒီကျောက်တုံးက အရမ်းမာတယ် ငါ့ဓားနဲ့ တစ်ချက်တည်းတောင် မကွဲနိုင်ဘူး"
မကြာခင်မှာ လူတိုင်းနိုးလာပြီး လှည့်ပတ်ကြည့်ပေမဲ့ ထူးထူးခြားခြား ဘာမှ ရှာမတွေ့ပေ။
"လူတိုင်း ပျံတက်ဖို့ မကြိုးစားကြပါနဲ... ဒီနေရာက နည်းနည်း ထူးဆန်းနေတယ်လို့ ခံစားရတယ်"
အားလုံးက ခေါင်းညိတ်ကြသည်။ လက်ရှိ ဤအခန်းသည် ကျောက်ခန်း တစ်ခုလိုပင်။ ခေါင်းပေါ်ရှိ ကောင်းကင်တွင် ကြယ်ရောင်အစက်အပျောက်နဲ့ ခြစ်ရာများ ရှိနေသည်။ ဦးခေါင်းထက်တွင် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခု တည်ရှိနေပြီး အလွန်လည်း ထူးဆန်းလှသည်။
"နားထောင်... အသံတစ်သံ ကြားရတယ်"
"အဲဒါ ရေသံလား?"
အားလုံးက ဝမ်းသာအားရနဲ့ လုရွှမ်ရဲ့နောက်ကို အားလုံး အတူတူ လိုက်ကြရင်း ထွက်လာခဲ့ကြ၏။ လှိုဏ်ဂူကြီးက အလွန်ကျယ်ဝန်းပြီး ကျောက်တုံးအခန်း မျိုးစုံဖြင့် ပြည့်နှက်နေကာ လမ်းများကလည်း အလွန်သပ်ရပ်သည်။ ဒါကြီးက အကျဥ်းထောင် တစ်ခုလို ဖြစ်နေလိမ့်မယ်လို့ ဘယ်သူမှ မမျှော်လင့်ထားမိပေ။
လုရွှမ် ကျောက်နံရံကို ကြည့်ရုံသာမက အတိတ်က အတွေ့အကြုံအရ ထိုကျောက်နံရံအတွက် ဖုံးကွယ်ထားသည့် ယန္တရားတချို့ ရှိနေနိုင်တာကြောင့်လည်း သတိထားနေရသည်။
လမ်းမရဲ့ အဆုံးထိ လျှောက်သွားပေမယ့် ဘာမှမတွေ့ရသေးချေ။
ထို့နောက် အလောင်းကို တွေ့လိုက်ရသည်။ သူက မသေသေးပေမယ့် သူ့နှလုံးက ဒဏ်ရာတွေ ရနေတာကြောင့် သေလူနဲ့ မခြားတော့ပေ။ လူအုပ်ရဲ့အသံကို ကြားတော့ သူ့မျက်တောင်တွေ လှုပ်ခတ်သွားပြီး မျက်လုံးများလည်း ရုတ်တရက် တောက်ပလာသည်။
လုရွှမ်ရဲ့ မျက်လုံးများမှာလည်း တောက်ပလာခဲ့သည်။ သူ့ကိုဒီထဲ ခေါ်သွင်းလာခဲ့သော ကောင်းလျှိုနဲ့ ဟွမ်ရီးတို့ထဲက လူတစ်ယောက် ဖြစ်နေသည်။ မမျှော်လင့်ဘဲ သူလည်း ဤနေရာသို့ ဝင်လာခဲ့ပြီး ဒဏ်ရာ ရသွားသည်။
လုရွှမ် တစ်ချက်ကြည့်လိုက်တော့ ကုသပေးလည်း အသုံးမဝင်ဘူးဆိုတာ သိလိုက်ရသည်။ အဲဒီလူတွေ သူ့ကို ဒီမှာပစ်ထားခဲ့တာ အံ့သြစရာ မရှိတော့ပါဘူး။