← Chapters

စွန့်ပစ်ခံပုဂ္ဂိုလ်

Vol. 75 Ch. 4.640

စွန့်ပစ်ခံပုဂ္ဂိုလ်

Vol. 75 Ch. 4.640

လုရွှမ် သူ့ကို ကူညီဖို့ ခြေလှမ်းပြင်လိုက်ပြီး ဆေးလုံးတစ်လုံးကို ထုတ်၍ သူ့ပါးစပ်ထဲ ထည့်ပေးလိုက်ကာ ယွမ်ယန်စွမ်းအင်ကိုလည်း သူ့ခန္ဓာကိုယ်ထဲကို ပို့​​ပေးလိုက်သည်။

နောက်တော့ တစ်ဖက်လူဟာ ချောင်းဆိုးပြီး နောက်ဆုံး စကားပြန်ပြောနိုင်ခဲ့သည်။

"မင်းကို?"

"ဟုတ်တယ် ငါပဲ... ဒါပေမဲ့ မင်းဖြစ်နေမယ်လို့တော့ ငါမမျှော်လင့်ထားဘူး မင်းလည်း ဒီလိုလိုဏ်ဂူထဲကို တွန်းပို့ခံရပြီး ငါတို့ရှေ့မှာ ရှိနေခဲ့တာ ဆိုတော့ ပြောပြပါဦး ဒီနေရာက ဘယ်လို​နေရာလဲ"

ထိုလူက ခဏလောက် ထိတ်လန့်သွားပြီး

“ဒီနေရာက ဘယ်မှာလဲလို့ မေးချင်နေသေးတယ်ပေါ့ ဟုတ်လား? ဟမ့် မင်းငါ့ကို ဆေးတွေ ကျွေးလိုက်တညနဲ့ ပြောပြလိမ့်မယ်လို့ ထင်​နေတာလား? အိပ်မက်လေး မက်​​နေလိုက်စမ်း!!”

လုရွှမ်ခည်း လှောင်ပြောင်ပြီး ထိုသူ့ကို ပေါ့ပေါ့တန်တန် ပစ်ချလိုက်သည်။ ကျေးဇူးဆပ်နည်း မသိရင် သစ္စာဖောက်ခံရမှာ သေချာတယ်လေ။

"သွားစို့!" လုရွှမ် အော်လိုက်သည်။

တခြားသူများမှာ ထိုပင်လယ်သားရဲအပေါ် မုန်းတီးမှုများနှင့် ပြည့်နှက်နေသော်လည်း ဤလူ၏ဘဝသည် တိုတောင်းနေပြီမို့ သူ့ကိုသတ်သည်ဖြစ်စေ မသတ်သည်ဖြစ်စေ ဘာမှ မလိုအပ်တော့ပေ။ လုရွှမ်က စကားမပြော​တော့တဲ့ အတွက် သူတို့စိတ်ဆန္ဒအရ ဘာမှ မလုပ်တော့ချေ။

လုရွှမ်က မေးခွန်း ဆက်မမေးဘဲ ထွက်သွားလိမ့်မယ်လို့ ပင်လယ်သားရဲမှာလည်း မမျှော်လင့်ထားတာကြောင့် ရုတ်တရက် စိတ်ပူလာသည်။

သူသည် မျှော်လင့်ချက်မဲ့နေမှန်း သိနေပါပြီ။ သူသေခါနီးမှာတောင် လူသားတို့ထက် သာလွန်တယ်လို့ သူ့ဘာသာ ထင်နေတုန်းပဲ။ လူသားမျိုးနွယ်က သူတို့နဲ့ တန်းတူ ရပ်တည်ဖို့ ထိုက်တန်လို့လား။

သို့သော် လုရွှမ်ရဲ့ မျက်လုံးများကတော့ သူ့နောက်ဆုံးအသက်ကို ထိုးထွင်းထားသည့် အပ်တစ်ချောင်း ကဲ့သို့ပင်။ နောက်ဆုံးတော့ သူနိုးလာပြီး သူသေခါနီးမှာတောင် သူ့သူငယ်ချင်းတွေရဲ့ သစ္စာဖောက်ခြင်းကို ခံခဲ့ရတယ်လေ။ သူ့နှလုံးသားထဲမှာ ဒေါသနဲ့ နာကြည်းမှုတွေ တိုးလာပြီး ရုတ်တရက် အော်ပြောလိုက်သည်။

“ဒီနေရာက ဘယ်လို နေရာလဲဆိုတာ မင်း မသိချင်ဘူးလား? ငါမင်းကိုပြောပြမယ် မင်းငါ့အတွက် ဒီလူယုတ်မာတွေကို သတ်ပစ်ပေးပါ!"

"ပြောပြ!!"

ဒါက လှည့်ကွက်တွေ ကစားနေတာကြောင့် မဟုတ်ဘဲ အရင်ကတည်းက ဒီလူကို တကယ် စွန့်ပစ်ခဲ့ဖို့ စဥ်းစားထားပြီးသားပါ။ မထင်မှတ်ပဲ တစ်ဖက်လူက သူနဲ့ အပေးအယူ လုပ်ချင်လာသည်။ ထျန်းယင် ကျန့်ကျောက်ကို ခေါင်းညိတ်​ပြပြီး လှည့်ကြည့်လိုက်သည်။

"ဒါက လှောင်အိမ်ပဲ!"

ပင်လယ်သားရဲလည်း အရင်က ကောင်းလျှို ပြော​ပြခဲ့တဲ့ ဒဏ္ဍာရီကို ပြန်ပြောပြလိုက်သည်။

"သူတို့ကိုသတ်ပစ်!"

ပင်လယ်သားရဲက ဟောက်လေ၏။ ထိုအခါ လုရွှမ်ကလည်း ဆိုလာခဲ့သည်မှာ

"သူ့ကိုသတ်လိုက်တော့!"

ပင်လယ်သားရဲ၏ ထိတ်လန့် တုန်လှုပ်နေသော မျက်လုံးများရှေ့မှာပဲ ကျန့်ကျောက်က သူ့ဓားဖြင့် ထိုသားရဲ၏ နှလုံးတည့်တည့်ကို ထိုးချလိုက်​လေသည်။

"ကျေးဇူးတင်ပါတယ်!"

လုရွှမ် နှုတ်ခမ်းပေါ်မှ ခါးသက်သက် အပြုံးက နေရာတွင်ပင် အေးခဲသွားသည်။

ပန်းတိုင်များ ချမှတ်ရာတွင် ကိုယ့်စွမ်းရည်အတွင်း အမြင့်ဆုံးကို ရွေးချယ်ထားရမည်ဖြစ်သည်။ အန္တရာယ်ကို ခန့်မှန်းတဲ့ နေရာမှာလည်း အန္တရာယ်အရှိဆုံး အရာကို ခန့်မှန်းရမည်။

သို့သော်လည်း သူမမျှော်လင့်ထားသော အရာမှာ အမှန်တကယ် မှန်းဆမိတာက မှန်နေခြင်းပင်။ ဤနေရာသည် အမှန်တကယ်ပင် လှောင်အိမ်များစွာ ရှိ​နေပြီး အကျဉ်းချ ခံထားရသူများသည် အနည်းဆုံး နတ်မီးနယ်ပယ်က သခင်များ ဖြစ်ကြသလို နတ်မီးနယ်ပယ်ထက် သာလွန်သော သခင်များလည်းပဲ အကျဥ်းချ ခံထားရသည်။

လုရွှမ် ပထမအကြိမ် နတ်မီးနယ်ပယ် အထက်က နယ်ပယ်သာ မျှော်စင်နယ်ပယ် ဖြစ်ကြောင်း သိလိုက်ရ၏။ ထိုနယ်ပယ်က မင်လိ ဟု ခေါ်သော နယ်ပယ်စွမ်းအင် တစ်ခုနှင့် ခပ်ဆင်ဆင်တူသည်ဟုပင် ပထမဆုံးအကြိမ် ခံစားလိုက်ရသည်။

အထဲမှာ အနည်းဆုံး လူသုံးဆယ် ရှိနေ၏။ အတွင်းမှာ လူအနည်းငယ်သာ ရှင်သန်နိုင်သော်လည်း ၎င်းတို့သည် အလွန်ကြောက်စရာကောင်းသည့် စွမ်းအားတစ်ခုပိုင် ပိုင်ဆိုင်ထားဆဲပင်။

နတ်မီးနယ်ပယ်ကို သာလွန် ကျော်လွှားနိုင်သော သခင်သည်ပင် ဤနေရာတွင် ရူးသွပ်ပြီး ဆာလောင်နေသော အကျဉ်းသားတစ်ဦးလို ရှိနေကြသည်။ နှစ်ပေါင်းများစွာ ပိတ်မိနေမှတော့ ရူးသွပ်မသွားရင် ထူးဆန်းပေလိမ့်မည်။

ဒီနေရာက တားမြစ်နယ်မြေ ဖြစ်လာခဲ့တာ အံ့ဩစရာ​တော့ မဟုတ်ပေ။ အထဲမှာ ပိတ်မိတဲ့လူတွေက ပင်လယ်သားရဲလား လူသား ကျင့်ကြံသူတွေလားတော့မသိ။

စဉ်းစားကြည့်ရရင် ပင်လယ်သားရဲကို ကိုက်စားတဲ့ သားရဲကို ပြန်စားတဲ့ မြင်ကွင်းက တကယ်ကို ဖမ်းစားနိုင်လွန်းပေမယ့် လူသားက လူသားကို ပြန်စားရင်တော့ တကယ်ကို စိတ်ပျက်စရာ ကောင်းသွားပြီ။

လုရွှမ် နောက်ကြောင်း ပြန်လှည့်ကြည့်ဖို့ မလိုအပ်ဘဲ သူ့နောက်က အကြီးတန်း ညီအကို မောင်နှမများရဲ့ ကြောက်ရွံ့မှုကို ခံစားရပါသည်။

ကောင်းကင်ဘုံသခင် ပြီးပြည့်စုံသော ကာလ၌ရှိသော ပင်လယ်သားရဲက သူတို့အတွက် သေစေနိုင်တဲ့ ရန်သူဖြစ်နေပြီ။ နတ်မီးနယ်ပယ်ထက် သာလွန်သော သခင်တစ်ပါး ဆိုရင် ဒီလူတွေကို ချုပ်နှောင်ထားတဲ့ လှောင်အိမ်ထဲက လွတ်လမ်းကို ရှာချင်တယ်ဆိုရင် ​ဖြစ်နိုင်ပါ့မလား။

အဲဒီလူတွေဆီက ဖမ်းမိမလား ဆိုတာတော့ မေးစရာ မလိုအောင် ဖြစ်နေပြီ။ ကောင်းလျှိုတို့တောင်မှ ထွက်ပေါက် ရှာမတွေ့သေးဘူးလေ။

သူတို့အားလုံးလည်း အသက်ရှုမဝ ဖြစ်လာသည်။ အခုချိန်မှာတော့ လူတိုင်းက ယုံကြည်မှု ပျောက်ဆုံးခါနီးနေပြီ ဆိုတာ သိသာပါ၏။

"ဆရာတူညီလေး?"

ကျန့်ကျောက်ပင် အနည်းငယ် စိတ်ပျက်သွားသည်။ လုရွှမ် လှည့်ကြည့်လိုက်ရင်း သူ့မျက်နှာမှာ အပြုံးတစ်ခုနဲ့ ဆိုလိုက်သည်။

"ညီအကိုတို့ မင်းလက်လျှော့လိုက်ချင်ပြီလား?"

ယခုအချိန်တွင် လုရွှမ် ဂုဏ်သိက္ခာကို ခံစားရပြီးပြီမလို့ သူ့ကိုပြက်ရယ်ပြုဖို့ ဘယ်သူမှ မလုပ်နိုင်တော့ပေ။ တချို့လူများသည် စွမ်းအင်မရှိတော့သလို မြေပြင်ပေါ်တွင်ပင် လဲကျနေပြီ။

လူတိုင်းလာပြောမယ့် စကားကို မစောင့်ဘဲ လုရွှမ် သူပဲ တိုက်ရိုက်ပြောလိုက်သည်။ ဒီလူတွေကို တစ်ခုခုပြောရင် ဒါမှမဟုတ် တစ်ယောက်ယောက်က မကောင်းတာ တစ်ခုခုပြောမျရင် ကျန်တဲ့သူတွေပါ စိတ်ပျက်သွားမှာကို ကြောက်ရ၏။

"ငါကတော့ လက်မလျှော့ဘူး ငါထွက်နိုင်မယ် ဆိုတာ ငါသိတယ်... အပြင်မှာ ငါ့ကိုစောင့်နေတဲ့ လူရှိလို့ ငါသေချာပေါက် ထွက်သွားရမယ်...ဒါကြောင့် စိတ်အေးအေးထားပြီး ထွက်သွားဖို့ နည်းလမ်းရှာကြည့်တာ... ငါရှာတွေ့သွားတယ်"

လုရွှမ်ရဲ့ နောက်ဆုံးစကားက လူတိုင်းကို ချက်ချင်း ငြိမ်ကျသွားစေပြီး အားလုံးတစ်ပြိုင်နက် လုရွှမ်ကို မော့ကြည့်လိုက်ကြသည်။

ကျန့်ကျောက် အံ့အားသင့်စွာ ထအော်လိုက်သည်။

"ဆရာတူညီလေး မင်းထွက်လမ်း ရှာ​တွေ့ပြီလား?"

နတ်သမီးထျန်းယင်လည်း သူမ မျက်နှာပေါ်တွင် အံ့သြသွားသည့် အကြည့်များ ရှိနေသည်။ သူမ အသက်ရှင်ချင်သလို ဘယ်သူ့ကိုမှလည်း မသေချင်ဘူး။

"ငါမေးခွန်းတစ်ခုကို စဉ်းစားထားတယ်... ပင်လယ်မျိုးနွယ်က ဘာလို့ နတ်မီးနယ်ပယ် သခင်တွေကို ပင်လယ်နက်ထဲကို ဝင်ခွင့်မပေးတာလဲ? ဆိုတာပဲ"

လုရွှမ် တည်ငြိမ်စွာ မေးလိုက်တဲ့အခိုက် အားလုံးက တခဏတာ ထိတ်လန့်သွားပြီး ရုတ်တရက် သဘောပေါက်သွားပုံဖြင့် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။

"ညီလေး ဒီတားမြစ်နယ်မြေက အဲဒါအတွက် အကြောင်းပြချက် ရှိနေတယ်လို့ ပြောချင်တာလား?"

သူတို့ မထင်မှတ်ထားတဲ့ အရာတွေ အများကြီး ရှိသေးတယ်။ လမ်းတစ်လျှောက်မှာ အဲဒါတွေကို လုရွှမ်ကမှ ဖြေရှင်းပေးခဲ့ကာ အခုလည်း လုရွှမ်က သဘာဝအတိုင်း မြင်နိုင်နေတာ ဖြစ်မယ်။

"အင်း... တကယ်လို့ ဒီတားမြစ်နယ်မြေကြောင့် ဒီလိုကိစ္စက တိုက်ဆိုင်မှုတစ်ခုလို ဖြစ်ခဲ့တာလို့ ပြောမယ်ဆိုရင် အ​ဖြေက နည်းနည်း သိသွားပြီ ဒါပေမဲ့ တိုက်ဆိုင်မှုတွေ ဆက်တိုက် ပေါ်လာရင်တော့ ရှောင်လွှဲလို့ မရနိုင်ဘူး..."

"ဒါကို ဘေးဖယ်ထားလိုက်ဦး နတ်မီးနယ်ပယ်နဲ့ မျှော်စင်နယ်ပယ်က သခင်တွေက ဒီမှာ ထောင်ကျနေတယ် ဒါပေမဲ့ အကျဉ်းချခံထားရတဲ့ ကောင်က ကောင်းကင်ဘုံသခင်ပါလို့ ဘယ်သူ ပြောခဲ့ဖူးလဲ? ဟိုပင်လယ်သားရဲက တစ်ခုခုကို ဖုံးကွယ်ထားမှန်း သိသာပေမယ့် ငါတို့ကတော့ ခန့်မှန်း​ကြည့်လို့​တောင် ရတယ်"

"ငါ့အမြင်အရတော့ ကောင်းကင်ဘုံသခင်နဲ့ အဆင့်အောက်က ကျင့်ကြံသူတေံ ဒီကိုလာပြီး ဘယ်တော့မှ မထွက်ခွာနိုင်ရတဲ့ အကြောင်းရင်းက ဒီလှောင်အိမ်ကြောင့် မဟုတ်ဘဲ အကျဉ်းချခံထားရတဲ့ သခင်တွေကြောင့် ဖြစ်နိုင်တယ်"

လူတိုင်းလည်း ရုတ်တရက် သဘောပေါက်သွားပြီး ထျန်းရှောင်းက ဆိုလာ၏။

"ကျွန်မတို့ကို လေပြင်းတစ်ချက် တိုက်ခတ်သွားပေမယ့် အန္တရာယ်တော့ မရှိခဲ့ဘူး။ ဒီလိုရှည်လျားတဲ့ စင်္ကြံလမ်းကို ဖြတ်လျှောက်လာတာတောင် အန္တရာယ် မရှိသေးဘူး... အကြောင်းပြချက်က အရမ်းရိုးရှင်းပေမယ့် ရှုပ်ထွေးနေသေးသလိုပဲ ဒီလှောင်အိမ်က ကျွန်မတို့ကို အကျဥ်းချထားဖို့ ရည်ရွယ်တာ မဟုတ်ဘူးပေါ့?"

လူတိုင်း တွေးကြည့်လိုက်သည်။ တကယ် ဒီလိုသဘောတရားမျိုးပဲ။ သူတို့တကယ်တမ်း သတိထားဖို့ လိုတညက အကျဉ်းချခံထားရသော သခင်များသာ ဖြစ်သည်။

အန္တရာယ်ရှိနေဆဲ ဖြစ်သော်လည်း ခြိမ်းခြောက်မှု နည်းသော အချက်တစ်ခု ရှိလာသဖြင့် လူတိုင်း စိတ်မလှုပ်ရှားဘဲ မနေနိုင်လိုက်ပေ။ သတိထားပြီး ကံကောင်းနေသရွေ့ သင်သေချာပေါက် မသေနိုင်တော့ဘူးပေါ့။

"ဟုတ်တယ် ဒီလှောင်အိမ်က ငါတို့ကို ရည်ရွယ်တာ မဟုတ်ဘူး ဒါပေမဲ့ ငါတို့ သတိထားရမယ်"

လူတိုင်းသည် ငါးနှစ်ကလေး မဟုတ်သောကြောင့် ဤအမှန်တရားကို သဘာဝကျကျ နားလည်ကြသည်။ လူအုပ်စုသည် အချင်းချင်း ဂရုစိုက်ရင်း လမ်းမပေါ်ပြန်ထွက်လာခဲ့ကြသည်။ အရှိန်က နှေးသွားပေမယ့် အရင်ကထက်တော့ တည်ငြိမ်လာပြီ။

“ဒီမှာ ပန်းချီကား ရှိတယ်”

လူတစ်ယောက်က အော်လိုက်ရာ ခဏအတွင်း လူတိုင်း ပန်းချီကားရှေ့တွင် စုဝေးသွားကြသည်။ ပန်းချီးကားက ရိုးရှင်းသော်လည်း ဓားနဲ့ ကြမ်းကြမ်းတမ်းတမ်းကို ရေးဆွဲထားတာ ဖြစ်လေသည်။

All Chapters