လှောင်အိမ်ပုံစံ အစစ်အမှန်လား?
Vol. 75 Ch. 4.642
အန္တရာယ် ရှိသော်လည်း ဒီလိုအခွင့်အရေးများက ရှားပါးနေပြီ ဖြစ်သည်။
ဓားခုတ်သမားပဲဖြစ်ဖြစ်၊ ဓားရေးသမားပဲဖြစ်ဖြစ် သူတို့မှာ ဒီလိုအခွင့်အရေး ရထားပြီဆိုရင် တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားချင်တာ သဘာဝပါပဲ။ ထျန်းယင် အနည်းငယ် မျက်မှောင်ကြုတ်ထားပေမယ့် သူမ သူ့ကို ဝင်မတားခဲ့ပေ။
နောက်တစ်ခုက ရှေ့ဆက် ဘယ်ကို ဦးတည်နေမယိမှန်း ဘယ်သူမှ မသိသေးပါဘူး။ ဘယ်လိုရုန်းထွက်ရမလဲ ဆိုတာက ပိုလို့တောင် မသဲကွဲသေးဘူး။ အခု လမ်းလျှောက်နေနိုင်ချိန်မှာ ဒီဓားသွားတိုက်ခိုက်မှုတွေက အန္တရာယ် မရှိပေ။ အခု အခွင့်အရေး ရနေပြီကို မလေ့ကျင့်ရမှာလဲ။ အနည်းဆုံးတော့ မိမိကိုယ်ကို ကာကွယ်မှုစွမ်းအားကို မြှင့်တင်ပေးနိုင်တယ်လေ။
ဒီဓားသွား လှုပ်ရှားမှုက ပထမဓားသွားလိုပဲ မခက်ပေ။ မကြာခင်မှာ လူတိုင်းက အဆင်သင့်ဖြစ်ခဲ့ကြပြီး စင်္ကြံလမ်းတစ်လျှောက် ရှေ့ကို ဆက်သွားခဲ့ကြသည်။
များမကြာမီတွင် ယခင်တစ်ဖက်သွား ဓားသိုင်း၏ အဆက်ဖြစ်သော ဒုတိယမြောက် ပန်းချီကားကို ထပ်မံတွေ့ရှိခဲ့သည်။ လူတိုင်း အချိန်တစ်ခုကြာအောင် အသုံးချပြီး သဘောပေါက်တာနဲ့ ရှေ့ဆက်သွားကြသည်။
"ရှေ့မတိုးနဲ့!"
လုရွှမ် လှမ်းအော်လိုက်ပြီး လူတိုင်းကို ရှေ့မတိုးစေရအောင် တားဆီးလိုက်သည်။ သူတို့ရှေ့မှာ နောက်ထပ် ပန်းချီကားတစ်ချပ် ရှိပေမယ့် အလင်းထဲမှာ ရှင်းရှင်းလင်းလင်း မြင်နေရသည်။
"ငါတို့က စင်္ကြံလမ်းတစ်ခုတည်းမှာ လမ်းလျှောက်နေပုံရပေမယ့် တကယ်တော့ ဒါက နောက်လမ်းတစ်ခုအဖြစ် ပြောင်းသွားတာပဲ... မင်းတို့ သတိထားမိလား?"
လုရွှမ်ကဆိုရင်း သူ့ရှေ့က အချိန်ပန်းချီကားကို လက်ညှိုးထိုးပြပြီး
"ဒါက သေချာပေါက် ဓားရှည်သိုင်းနဲ့ တစ်ဖက်သွားဓားကြီးရဲ့ သိုင်းကျမ်း မဟုတ်ဘူးလို့ ငါပြောရဲတယ်.... တခြားထူးခြားတဲ့ စွမ်းရည်ပဲ"
"ဟုတ်လား? ဒါဆို ငါတို့ လမ်းလျှောက်ပြီး ကြည့်လိုက်ရင် သိသွားလိမ့်မယ်လေ "
လူတစ်ယောက်က လှမ်းအော်လိုက်သည်။ ဤကျောက်ထွင်းထု လက်ရာများနှင့် နံရံဆေးရေးပန်းချီများ အကြောင်း လေ့လာပြီးနောက်တွင်သူတို့၏ စွမ်းရည်များအပေါ် ကိုယ့်ကိုကိုယ် ယုံကြည်မှုနှင့် သိနားလည်မှု တိုးများလာခဲ့သည်။ ဒါကြောင့် ထုံးစံအတိုင်း နောက်တစ်ခုကို ပို၍မြင်ချင်နေကြသည်။
လုရွှမ် ဝင်ရပ်လိုက်ပြီး ထိုသူ့ကို နောက်သို့ ပြန်တွန်းလိုက်သည်။
ထို့နောက် သူ့လက်ကောက်ဝတ်ကို လှန်လိုက်သည်နှင့် ဓားစွမ်းအင်တစ်ခု ထွက်လာပြီး ကျောက်နံရံကို ထိမှန်သွား၏။ ၎င်းက လေထုထဲမှာပဲ လွင့်မြောသွားကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
"ဒီမှာ ခြားနားချက်ကို မြင်လား?"
ထျန်းယင်က ရှေ့ကို လှမ်းကြည့်လိုက်ပြီး ကြမ်းပြင်ကို ထပ်ကြည့်ကာ ဆိုလိုက်သည်။
"ဒီမှာ ဖုန်မှုန့်တွေက ဟိုဘက်မှာထက် ပိုရှိနေတယ်ဆိုတာ သိသာတယ်"
"ဒါပဲ... ဒါက ကျောက်နံရံနှစ်ခု ဆိုတော့ တစ်ခုနဲ့တစ်ခု ဘာမှမဆက်နေဘူးလို့ ပြောရမယ်"
လုရွှမ် သူ့လက်ကောက်ဝတ်ကို ပြန်လှန်လိုက်ပြီး ဓားအလင်းတန်း တစ်ခုထွက်လာရာ ကျောက်နံရံက လှုပ်ခါသွားပြီး ဖုန်မှုန့်တွေ ထွက်ပေါ်လာသည်။
ဒီတစ်ခါတော့ လူတိုင်းက ရှင်းရှင်းလင်းလင်း မြင်နေရတဲ့ အမှုန်အမွှားတွေက ရှေ့ကအပုံလောက်တော့ မဟုတ်တော့ပြန်ချေ။ ဤအခိုက်အတန့်တွင် လူတိုင်း အံ့ဩသွားကြသည်။
“ကျောက်နံရံနှစ်ခုထဲက တစ်ခုကို ရွှေ့လိုက်တာပဲ”
ထျန်းလင်က အထိတ်တလန့်ဖြင့် အော်လိုက်သည်။
"ဟုတ်တယ် ဒီကျောက်နံရံတွေက ရွေ့နိုင်တယ်!"
ကျောက်နံရံတွေက ရွေ့နိုင်တယ်?
"ဒီမှာ စောင့်ရအောင် နားမလည်နိုင်တဲ့ အပြောင်းအလဲတွေ ရှိလညနိုင်မယ် ထင်တယ်"
လုရွှမ် ဆိုလိုက်သည်။
အားလုံးက အနည်းငယ် ဝမ်းနည်းနေကြ၏။ သူတို့ရှေ့တွင် နောက်ထပ် ကျောက်ပြားတစ်ချပ်ကို တွေ့ကြရသော်လည်း မစူးစမ်းနိုင်ကြပေ။ ဒါပေမဲ့ ဒီကနေ ထွက်သွားတာနဲ့ နှိုင်းစာရင် ထွက်သွားနိုင်ဖို့က ပိုအရေးကြီးလေသည်။
အချိန်တွေက တဖြည်းဖြည်း ကုန်သွားခဲ့သည်။
လုရွှမ် အချိန်ကို ခန့်မှန်းကြည့်နေရင်း နှစ်နာရီခန့်ကြာပြီးနောက် အားလုံး၏ မျက်လုံးများ ပြူးကျယ်သွားရသည်။ အရင်က ကျောက်နံရံ ရွေ့သွားတာကို မြင်လိုက်ရပေမယ့် အခုမြင်နေရတာက တုန်ခါတဲ့အသံလေးတောင် မထွက်လာဘဲ တိတ်ဆိတ်နေစွာ ရွေ့သွားနေတာပင်။
ကျောက်နံရံကို လှည့်ပြီးနောက် တခြားစင်္ကြံလမ်း အဖြစ်သို့ ပြောင်းလဲသွားလေသည်။ အားလုံးက လုရွှမ်ကို လေးလေးနက်နက်နဲ့ ပြန်ကြည့်လာကြသည်။
ပါရမီရှင်လို့ လူတွေက ဘာကြောင့် ခေါ်ကြတာလဲ။ သူတို့တွေက ဒီလိုမျိုး ခွန်အားတွေ ရှိနေလို့ပဲ။ ဒီနေ့ခေတ်မှာ သူတို့ဟာ တခြားသူတွေထက် အဆပေါင်းများစွာ ခွန်အားတွေရှိပြီး အမြဲတစေ အခွင့်အလမ်းတွေလည်း ရနေတတ်သည်။
ဒါပဲလေ!
"အရင်က ငါတို့ရပ်နေခဲ့တဲ့ အချိန်က တစ်နာရီကျော်ကျော်ပဲ ရှိသေးတယ်... ဒီကျောက်နံရံတွေက တစ်နာရီမှာ တစ်ကြိမ် ပြောင်းသွားလိမ့်မယ် အခုတော့ သွားကြည့်ရအောင်"
ထုံးစံအတိုင်း အားလုံးက သဘောတူကြသည်။ လုရွှမ်ရဲ့ မျက်လုံးများကို ကြည့်ပြီး သူတို့အားလုံး စကားလုံးများဖြင့် ထုတ်ဖော် မပြနိုင်သော ရိုသေလေးစားမှုများနှင့် ပြည့်နှက်လာတော့သည်။
"အမ် ဒါက ဓားရှည်သိုင်းပဲ!"
ကျင့်ကြံသူ မိန်းကလေး တစ်ယောက်က စိတ်လှုပ်ရှားစွာ အော်လိုက်သည်။ ထိုအခါ အားလုံးကလည်းက စိတ်လှုပ်ရှားစွာ ပြေးထွက်လာကြပြီး ကျောက်နံရံပေါ်က ဓားရှည်သိုင်းကို တွေ့လိုက်ရလေတော့သည်။
ယခင်လှုပ်ရှားမှု နှစ်ခုနှင့် နှိုင်းယှဉ်ပါက ပိုမိုခက်ခဲလာသည်။ အားလုံးက လျင်မြန်စွာ သင်ယူလာခဲ့ကြပြီး လုရွှမ်သည်လည်း ထိုဓားကို နားလည်ရန် အာရုံစိုက်ခဲ့ပေမယ့် ခဏကြာတော့ သဲလွန်စ မရလာခဲ့ပေ။
"ဟင့်အင်း ဒါက တတိယဓား မဟုတ်ဘူး!"
တစ်စုံတစ်ယောက်က တုံ့ပြန်ပြီး မြန်မြန် ထအော်လိုက်သည်။
ထိုအခိုက် ပွက်ပွက်ဆူနေသော ဓားစွမ်းအင်တစ်ခုသည် လုရွှမ်လက်မှ ထွက်ပေါ်လာပြီး ကျောက်နံရံကို ပေါက်ကွဲသံနှင့်အတူ ထိမှန်သွားသည်။ အလွန်အစွမ်း ထက်သောကြောင့် လူများကို တစ်ပြိုင်တည်း လှည့်ကြည့်လာစေ၏။
လုရွှမ်လည်း ထိတ်လန့်သွားပေသည်။ ဒီဓားရဲ့ စွမ်းအားက ယွမ်ယန်ဓားကိုးစင်းရဲ့ တတိယဓားလိုပဲ ပြင်းထန်လေသည်။ အရှိန်အဟုန်ကို စုဆောင်းရန်ပင် မလိုအပ်ဘဲ လှုပ်ရှားမှုက အလွန်လျင်မြန်ပြီး အားကောင်းသည်။
လက်တွေ့ကျကျ ပြောရရင် ယွမ်ယန်ဓားကိုးစင်း ထက်တောင် ပိုကောင်းနေသေး၏။
အားလုံးက လုရွှမ်ကို အံ့အားသင့်စွာ ကြည့်နေကြသည်။ ဤဓားသိုင်းသည် ယခင်လှုပ်ရှားမှုများနှင့် မချိတ်ဆက်နိုင်သော်လည်း လုရွှမ်ကတော့ အောင်မြင်စွာ လေ့ကျင့်နိုင်ခဲ့သည်။
အရည်အချင်းက အရမ်းပြင်းလွန်းပေ၏။
"ဒီလှုပ်ရှားမှု အတွက်ဆို ဓားကျွမ်းကျင်မှုနဲ့ လွတ်လပ်တဲ့ ဓားရည်ရွယ်ချက်ကို ခိုင်ခိုင်မာမာ နားလည်ဖို့ လိုအပ်တယ်...အခု အဆင့်တွေကို ဖြတ်ကျော်ခဲ့ပြီးပြီ.... အရင်ဆုံး ဓားမလှုပ်ရှားခင်မှာ ကိုယ့်ကိုကိုယ် နားလည်အောင် လုပ်ထားဖို့ အကြံပေးတယ်... အဲဒါမှ ဒါကိုမြင်ပြီးရင် မင်းတို့ရဲ့ဓားနဲ့ ချိတ်ဆက် လှုပ်ရှားနိုင်မှာ"
လုရွှမ်၏ စကားများသည် လူတိုင်း၏ ယုံကြည်မှုကို ရရှိထားသောကြောင့် သူ့စကားတွေကို သဘာဝအတိုင်း ကန့်ကွက်ခြင်းမရှိပဲ ရှေ့ကိုဆက်သွားခဲ့သည်။
ကျောက်တံတိုင်းကြီး ပြောင်းလဲသွားတဲ့ အချိန်ကို သိလိုက်ရကတည်းက သူတို့ဟာ သဘာဝအတိုင်း အရှိန်တက်လာခဲ့သည်။ ထို့နောက်တွင် နောက်ဆုံးအကြိမ်နှင့် ချိတ်ဆက်ထားသည့် ဓားသိုင်းကို ထပ်မံတွေ့လိုက်ရသည်။
တချို့လူတွေက သူတို့လုံးလုံး မှားနေတာကို ရှာတွေ့အောင် စမ်းသပ် လေ့ကျင့်ချင်ကြသည်။ သို့သော် ဒီဓားရေးနည်းက သူတို့ နားလည်ထားတာနဲ့ လုံးဝကို ကွဲပြားသွားသလိုပဲ နားလည်လေ ရှူပ်ထွေးလာလေ ဖြစ်နေ၏။
လူတိုင်း၏ မျှော်လင့်ချက်နှင့် အံ့သြနေသောမျက်လုံးများကြားတွင် လုရွှမ်သည် အမွှေးတိုင်တစ်ချောင်းကို မီးရှို့ပြီးတဲ့ အခိုက်အတန့်လောက်အထိ စိုက်ကြည့်နေတော့သည်။ ထို့နောက် ကြီးကျယ်ခမ်းနားသော ဓားစွမ်းအင်ကို ပစ်လွှတ်လိုက်ပေ၏။ ကျောက်နံရံက လှုပ်ခါသွားသော်လည်း ကျောက်နံရံကတော့ ဘာနဲ့ လုပ်ထားတယ်မသိ အမှတ်အသားပင် မကျန်ခဲ့ပေ။
ဒီကျောက်တုံးတွေကို ထုလုပ်ထားခဲ့တဲ့ လူတွေဟာ ဘယ်လောက်တောင် ထူးထူးခြားခြား အရည်အချင်းတွေ ရှိလိုက်မလဲ တွေးကြည့်နိုင်သည်။
ထိုအခိုက်အတန့်ကို ဖမ်းဆုပ်ပြီးနောက် အားလုံး ရှေ့သို့ ဆက်ပြေးကြသည်။ လုရွှမ် ဓားစွမ်းအင်ကို ပြန်ဖမ်းယူပြီးနောက် မကြာမီတွင် ကျောက်နံရံက ပြောင်းလဲသွားပြန်သည်။
လက်ရှိနေရာက ဝင်္ကပါလိုပဲ ဖြစ်နေသည်။ သူတို့ဟာ ဝင်္ကပါကို အဆက်မပြတ် ဖြတ်သန်းသွားလာနေကြရ၏။ ကံကောင်းထောက်မစွာ လူတိုင်း ဤနေရာတွင် ရှင်သန်နိုင်ရန် လက်ထဲ၌ ကောင်းကင်နဲ့ မြေကြီး၏ ဝိညာဉ်ရေးပစ္စည်းများ အလုံအလောက် ရှိထားကြသည်။
လုရွှမ်သည် ဓားပညာရပ် ရှစ်ခုကို ကျွမ်းကျင်ခဲ့ပြီး သူ့ရဲ့ အပြင်းထန်ဆုံးမှာ ဖျက်ဆီးခြင်း စွမ်းအားမှာ ယွမ်ယန်ဓားကိုးစင်းရဲ့ ပဉ္စမမြောက်ဓား ဖြစ်သည်။ သူသည် စုစုပေါင်း ဓားသိုင်းကွက် ဆယ့်သုံးမျိုး တွေ့ခဲ့ရသော်လည်း ကံမကောင်းစွာနဲ့ပဲ တခြား ဓားလှုပ်ရှားမှု ငါးခုက ပြင်းထန်လွန်းပြီး နားမလည်နိုင်ခဲ့ပေ။
အကယ်၍ ဤဓားသိုင်းကွက်များကို ချိတ်ဆက်နိုင်လျှင် လုရွှမ်သည် သူပိုမိုနားလည် လာနိုင်မည်ဟု ယုံကြည်သော်လည်း ထိုအခွင့်အရေးမျိုး သူ့တွင် မရှိခဲ့ပေ။
သွားရာလမ်းမှာ ဓားသိုင်း၊ တုတ်သိုင်း၊ လှံနည်းပညာနဲ့ ကျင့်ကြံနည်း တချို့ကိုတောင် ကြုံတွေ့ခဲ့ရပေမယ့် ချိတ်ဆက် မှတ်တမ်းတင်ထားခြင်း မရှိခဲ့ပေ။ တစ်နည်းဆိုရသော် ၎င်းတို့သည် မူလက ထုထည်တစ်ခုတည်းတွင် ရှိခဲ့သော်လည်း ကျောက်နံရံက ပြောင်းလဲနေသောကြောင့် ၎င်းတို့ကို ချိတ်ဆက်ကြည့်၍ မရနေချေ။
လုရွှမ် သူ့နှလုံးသားထဲတွင် တုန်ယင်တုန်လှုပ်သွားသလို ခံစားလိုက်ရသည်။ လမ်းတစ်လျှောက်တွင် သူပို၍ သတိထားလာကာ တခြားသူများ၏ အမူအရာများသည်လည်း တဖြည်းဖြည်း ပိုလေးနက်လာသည်။
ပိုဝင်လေ မြင်ရတဲ့ အရာတွေက များလာလေ ဖြစ်နေကာ သတိကလည်း နည်းလာလေ ဖြစ်နေသည်။ အတွေးတစ်ခု ဝင်လာလေ နောက်အတွေးတစ်ခုက ထွက်လာလေ ဖြစ်နေတာကြောင့် တစ်ယောက်မှ စကားမပြောဘဲ တဖြည်းဖြည်း သတိကပ် စဉ်းစားလာရတော့သည်။
ဒါက တကယ်ပဲ လှောင်အိမ်လား? ဒါပေမဲ့ ဘယ်လို ပိတ်လှောင်ခံထားရတဲ့ လှောင်အိမ်မျိုးလဲ?
လက်ရှိနေရာက လှောင်အိမ် ဖြစ်နေရတဲ့ အကြောင်းရင်းမှာ ဝင်္ကပါဖြစ်နေတာကြောင့် ဖြစ်နိုင်သည်။