ထျန်းရှားရဲ့ အကူအညီတောင်းမှု
Vol. 75 Ch. 4.643
ဝင်္ကဘာက အဆက်မပြတ် ပြောင်းလဲနေပြီး လူတိုင်းကို ထောင်ချောက်ဆင်နေသည်။ ထွက်ချင်ရင် သေချာပေါက် ထွက်လမ်းကိုတော့ တွေ့အောင် ရှာရမည်။
တိုက်ခိုက်မှုကို အစပျိုး၍ အန္တရာယ်များစွာကို ရှောင်လွှဲလို့ မရသော်လည်း အခုလို ပိတ်မိနေခြင်းက အလွန်ရက်စက် ကြမ်းကြုတ်သည့် နှိပ်စက်မှု တစ်ခုလည်း ဖြစ်နိုင်သည်။
"ဘယ်လောက် အစွမ်းထက်လိုက်တဲ့ ရောင်ဝါလဲ?"
မသိလိုက်ပါဘဲ လူတိုင်း ပျောက်နေတာ တစ်လလောက် ရှိသွားလေပြီ။ ထိုအရည်အချင်းများနှင့် လျှို့ဝှက်ချက်များကို သင်ယူရန် ယခင်က စိတ်အားထက်သန်မှုမှာလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။
အခုသူတို့သည် အရှုံးနဲ့ ဒီဝင်္ကဘာထဲမှာ ရုန်းကန်နေရတုန်းပဲလေ။
"အလောင်း!"
ကျောက်နံရံသည် တဖန်ရွေ့လျားသွားကာ အလင်းရောင်က ရုတ်တရက် ပေါ်လာ၏။ ထိုအခိုက် ရုတ်တရက်ဆိုသလို သူတို့ရှေ့မှာ ပေါ်လာတာက အလောင်းတစ်လောင်းဖြစ်ကြောင်း လုရွှမ် တွေ့လိုက်ရသည်။
၎င်းမှည ခေါင်းမကျန်တော့ဘဲ ခန္ဓာကိုယ်က ကျောက်နံရံမှာ ချိတ်ဆွဲခံထားရလေသည်။
သို့သော် လူသေအလောင်းသည် ပြင်းထန်သော ရောင်ဝါကို ဖြန့်ကျက်ထားပြီး ထိုလူသည် အနည်းဆုံးတော့ နတ်မီးနယ်ပယ်က သခင် ဖြစ်လေသည်။ သူသည် မကြာသေးမီကမှ သေဆုံးသွားခဲ့ပုံပေါ်၏။ မဟုတ်ပါက ယခုအချိန်တွင် သူသည် အရိုးစုအဖြစ်သို့ ပြောင်းလဲသွားပေလိမ့်မည်။
အရိုးတွေတောင် မရှိတော့ဘဲ လေတိုက်လို့ လွင့်သွားတဲ့ အမှုန့်တွေ ဖြစ်သွားနိုင်သည်။ လူတိုင်းက မြန်မြန် ကျော်သွားပေမယ့် ထွက်ပြေးချင်စိတ်ကို မနည်းထိန်းထားရသည်။
"ငါတို့သာ ရှေ့ကို ဆက်သွားနိုင်တယ်!"
"အခုဒါတွေကို ငါတို့မြင်ရပြီဆိုတော့ ငါတို့ နီးလာနေပြီလို့ ဆိုလိုတာပဲ"
လုရွှမ်သည် စကားတစ်ခွန်းမှ အပိုမပြောဘဲ နက်နဲသော အသံဖြင့် ပြောလိုက်သည်။ ထွက်ပေါက်နဲ့ နီးကပ်နေပြီ ဖြစ်သော်လည်း အန္တရာယ်ကလည်း အလွန်တိုးလာနိုင်သည်။
ကျန့်ကျောက်က "ဟုတ်တယ် ငါတို့ရှေ့ဆက်နိုင်ရင် မျှော်လင့်ချက်ရှိမှာပဲ"
နတ်သမီးထျန်းယင်ကလည်း ခေါင်းညိတ်ပြီး
"အားလုံး ကျေးဇူးပြုပြီး အစွမ်းကုန် ကြိုးစားကြရအောင်"
သို့နှင့် အားလုံး ရှေ့သို့ ဆက်လျှောက်လာခဲ့သည်။ ရုတ်တရက် ရုပ်ပုံတစ်ခုကို တွေ့လိုက်ရ၏။ ၎င်းက အမျိုးသမီး တစ်ယောက် ဖြစ်ကာ တစ်ချက် ကြည့်လိုက်ရုံနဲ့ သူမရဲ့ အရမ်းအံ့မခန်း စွမ်းအင်တွေကို ခံစားနိုင်သည်။ သူမက ကောင်းကင်ဘုံသခင် အဆင့်၉ ဖြစ်ပြီး သူ့မျက်လုံးကြီးတွေက အရမ်းအသက်ဝင်နေကာ ကြောက်စိတ်ရဲ့ အရိပ်အမြွက်တွေ ဖုံးကွယ်ဖို့ ကြိုးစားနေသယောင်ပင်။
သို့သော် သူမခန္ဓာကိုယ်ရှိ ပင်လယ်သားရဲများ၏ ရောင်ဝါကို ဖုံးကွယ်ထား၍ မရပေ။ သူ့ခါးမှာ အနီရောင်တောက်တောက် အကွက်တွေ ပေါ်လာပြီး သွေးတွေစီးကျလာတာကို မတားဆီးနိုင်ချေ။
အားလုံးက ချက်ချင်း ဖွဲ့စည်းလိုက်ကြပြီး လုရွှမ်၊ ထန်တုံးနဲ့ ဟဲ့ယန်တို့က ရှေ့တွင် ဝိုင်းဖွဲ့ထားလိုက်ကြသည်။
ထျန်းယင်ရဲ့ ကျင့်ကြံမှု အဆင့်က အလွန်မြင့်မားသော်လည်း သူမရဲ့ တိုက်ခိုက်ရေး စွမ်းရည်က ပျမ်းမျှသာဖြစ်သောကြောင့် ထန်တုံးနဲ့ ဟဲ့ယန်တို့လောက် မကောင်းမွန်ချေ။
လုရွှမ် ဘယ်လောက် သန်မာကြောင်း တခြားသူများလည်း သိရှိထားပြီးသား ဖြစ်တာကြောင့် အဖွဲ့ထဲတွင် သူတို့သုံးယောက်က အပြင်းထန်ဆုံးဟု ဆိုနိုင်သည်။
တစ်ဖက်က အမျိုးသမီးကလည်း ထွက်လာပြီး လုရွှမ်ကို မျက်လုံးကြီးများဖြင့် စိုက်ကြည့်လာသည်။
လူအုပ်စုထဲမှာတော့ အရှေ့ဆုံးက မဟာသူတော်စင် ကျင့်ကြံသူတစ်ယောက် ရှိနေတာကြောင့် တစ်ဖက်ရှိ အမျိုးသမီးရဲ့ မျက်လုံးတွေက စပ်စုချင်စိတ်တွေကြောင့် တောက်လောင်လာပြီး လူအုပ်ရှေ့မှာ မနီးမဝေးမှာ ရပ်နေ၏။
“နင်တို့က ကောင်းလျှို လိုက်ဖမ်းနေတဲ့ ကျင့်ကြံသူအုပ်စုလား?”
ထိုအမျိုးသမီးက မေးလာသည်။
လုရွှမ် ထိုအမျိုးသမီးအား စူးရှသော မျက်လုံးများဖြင့် ကြည့်ကာ တိတ်တဆိတ် ထိတ်လန့်သွားသည်။ သူတို့မှာ အင်အား ဘယ်လောက်ပဲရှိရှိ အစွမ်းကုန် ကြိုးစားရင်တောင်မှ သူမကို အနိုင်ရဖို့ အများဆုံး 30% ပဲရှိသည်။
"ဟုတ်တယ် မင်း ဘယ်သူလဲ? ငါမှတ်မိသလောက်ဆို ကောင်းလျှိုရဲ့ အဖွဲ့မှာ မင်းမပါဘူးလားလို့ပါ"
အမျိုးသမီးက "ဟုတ်တယ်... ငါက သူတို့နဲ့ တစ်လမ်းတည်းသွား မဟုတ်ဘူး။ ငါ့နာမည်က ထျန်းရှား... သူတို့ရဲ့ရန်သူပဲ"
ထျန်းရှားရဲ့ မျက်လုံးတွေက အမုန်းတရားတွေနဲ့ ပြည့်နှက်နေကာ လူသတ်ပစ်ချင်စိတ်ကို မထိန်းချုပ်ထားနိုင်တော့သလိုပင်။
သူတို့ဝင်လာပြီးနောက် သူတို့ရဲ့ခရီးက အစပိုင်းမှာတော့ အရမ်းသာယာခဲ့ပေမယ့် ကံဆိုးမှုကြောင့် မထင်မှတ်ပဲ နတ်မီးနယ်ပယ်က သရဲတစ္ဆေဟောင်း တစ်ကောင်ဆီ ပြေးဝင်သွားမိကြသည်။
သူမ သစ္စာဖောက်ခံရပြီး ညီအကိုများ သေဆုံးကာ တခြားလူများနဲ့လည်း ကွဲသွားခဲ့သည်။ သူမဒီမှာ လိုက်ရှာနေခဲ့တာ ကြာပြီ။ ဒါပေမဲ့ ဘယ်သူ့ကိုမှ ရှာမတွေ့ခဲ့ဘူး။
ဒါက ရိုးရိုးရှင်းရှင်းကို ညှဉ်းပန်းမှု တစ်မျိုးပဲ။ သူမ လက်လျှော့ခါနီးမှာ လုရွှမ်နဲ့ သူ့အဖွဲ့ကို တွေ့လိုက်တာကြောင့် ပြေးထွက်လာခဲ့တာ ဖြစ်လေသည်။
"ထျန်းရှား?"
လုရွှမ် တစ်ခါမှ မကြားဖူးတဲ့ ဒီနာမည်ကို မကြားဖူးပေ။ ဒါပေမဲ့ ဒီအမျိုးသမီးက အရင်သခင်တွေရဲ့ တန်းစီနေခဲ့တာတော့ အမှန်ပဲ။
"ငါ့မှာနင်တို့ကို မကောင်းကြံချင်တဲ့ ရည်ရွယ်ချက် မရှိဘူး.... ငါထွက်သွားဖို့ လမ်းရှာချင်ရုံပဲ"
ထျန်းရှားက ကြောက်ရွံ့မှုတွေနဲ့ ပြည့်နေတဲ့ သူ့မျက်လုံးတွေကို ဖော်ပြလာပြီး
"ငါ နင်တို့နဲ့ အတူလိုက်လို့ရမလား?"
ကျန့်ကျောက်က တိုးတိုးလေး လှည့်ပြောလေ၏။
"ညီလေး အရူးလုပ်မခံနဲ့... ဒီမိန်းမက အစွမ်းထက်တယ် သူ့မျက်လုံးထဲက အငွေ့အသက်တွေက ဒီလောက် ကြောက်ဖို့ကောင်းတာ ဘယ်လိုလုပ် ငါတို့နဲ့ လိုက်မှာလဲ? သေချာပေါက် ပျားရည်ထောင်ချောက်ပဲ ဖြစ်မယ်!"
လုရွှမ် ကူကယ်ရာမဲ့ ချောင်းဆိုးလိုက်မိသည်။ ပျားရည်ထောင်ချောက်တဲ့လား။ (မြှူဆွယ်ခြင်း)
အခု ဘယ်အချိန်တောင် ရှိနေပြီလဲ? သေရေးရှင်ရေးနဲ့ ပြိုင်ဆိုင်နေရတာကို မင်းက ဟာသတွေ လုပ်ဖို့ အချိန်ရှိနေသေးတာလား။
ဒါပေမဲ့ ဒီအမျိုးသမီးကို လက်ခံလိုက်ရင် အားသာချက်ရော အားနည်းချက်တွေရော ရှိလာလိမ့်မယ်။
ဤအမျိုးသမီးသည် အလွန်အစွမ်းထက်ပြီး အန္တရာယ်ရှိသော အချိန်များတွင် ပြင်းထန်စွာ ခုခံနိုင်စွမ်း ရှိသည်။ ဒါပေမဲ့လည်း သူမဟာ သန်မာလွန်းတာကြောင့် သူမကို လုံးဝ မထိန်းချုပ်နိုင်လောက်ချေ။
"မင်းစိတ်ရှိရင် ငါတို့နဲ့ လိုက်ခဲ့လို့ရတယ် ဒါပေမဲ့ ငါတို့မင်းကို မယုံဘူး... မင်းကိုငါတို့ သဘာဝအတိုင်း ခေါ်သွားနိုင်အောင် ငါတို့မင်းကိုယုံကြည်အောင် လုပ်ပေးနိုင်တဲ့ အချက်ရှိလား?"
ထျန်းရှား ခဏမျှ အံ့အားသင့်သွားခဲ့သည်။ လုရွှမ်က ဤမျှ ပွင့်ပွင့်လင်းလင်း ပြောလာလိမ့်မည်ဟု မထင်ထားခဲ့ပေ။
သို့သော် သူမ ဤလူအုပ်စုနောက်သို့ လိုက်သွားမှရမည်ကို သူမကိုယ်တိုင် သိသည်။ မဟုတ်ပါက သူမကိုယ်တိုင် ခံနိုင်ရည်မရှိသော နားမလည်နိုင်သော အန္တရာယ်တချို့ ရှိလာရင် ခက်ခဲပေလိမ့်မည်။
တစ်လလောက် တစ်ယောက်တည်း ပတ်ပြေးပြီးတဲ့ နောက်မှာတော့ သူမရဲ့ အဖော်တွေနဲ့ အတူရှိနေဖို့ မျှော်လင့်ပြီး ပထမဆုံးအကြိမ် အထီးကျန်ဆန်လာမိလေ၏။
"ဒါဆို နင့်ရဲ့ယုံကြည်မှုရဖို့ ငါ့ကို ဘာလုပ်စေချင်လဲ"
ထျန်းရှားက မေးလိုက်သည်။
သူမ ဒဏ်ရာ ရထားပြီ။ သူမခါးပေါ်ရှိ အသက်ဆုံးပါးနိုင်သည့် နေရာကို ကောင်းလျှိုက ခိုးဝင် တိုက်ခိုက်သွားခဲ့သည်။ ဝမ်းနည်းစရာမှာ သိုလှောင်လက်စွပ်ကိုလည်း ခိုးယူသွားခဲ့သည်။ ယခု သူမမှာ စွမ်းအင် ဖြည့်တင်းရန်နှင့် ဒဏ်ရာများကို ကုစားရန် အဂ္ဂိရတ်ဆေးတစ်လုံးပင် မရှိတော့ပေ။
ကောင်းလျှို၏ ခိုးဝင်တိုက်ခိုက်မှုက ပြင်းထန်လွန်းပြီး သူမ၏ အရေးကြီးသော အစိတ်အပိုင်းကို ထိမှန်သွားခဲ့တာကြောင့် သူမ၏ကြံ့ခိုင်သော ခန္ဓာကိုယ်ဖြင့်ပင် အောင်မြင်စွာ မပြုပြင်နိုင်ခဲ့ချေ။
ဒဏ်ရာကို အချိန်အတိုင်းအတာ တစ်ခုအထိ မျိုသိပ်ထားနိုင်သော်လည်း အချိန်ပိုကြာသွားလျှင် ပါရမီရှင်မျိုးဆက် ဖြစ်သည့် သူမသည် ရယ်စရာကောင်းသော မတော်တဆမှု တစ်ခုတွင် သွေးလွန်ပြီး သေဆုံးသွားလိမ့်မည်။
"မင်း ငါတို့ကို မတိုက်ခိုက်ရဘူး ဒါမှမဟုတ် ငါတို့ကို ထိခိုက်အောင်လုပ်ဖို့ ရည်ရွယ်ချက်မရှိဘူးလို့ စိတ်နှလုံး ဝိညာဥ်နဲ့ ကတိသစ္စာပြုရမယ်... မင်းရဲ့ဒဏ်ရာတွေကို ငါတို့က ကုသပေးပြီးရင် ငါတို့နဲ့ အတူ အန္တရာယ်ကို တွန်းလှန်ပေးရမယ်!"
ကျန့်ကျောက် ဦးစွာအော်လိုက်မိ၏။ လုရွှမ် အလှတရား ထောင်ချောက်ထဲသို့ တကယ်ကျသွားမှာကို ကြောက်သောကြောင့် ဆွဲထားချင်ခါသည်။ ထိုအမျိုးသမီးကို လွယ်လွယ်ကူကူ ယုံလိုက်တာကြီးက မဟုတ်သေးဘူး။ သူ့အမြင်မှာတော့ ဒီအမျိုးသမီးက အန္တရာယ်များလွန်းတယ်။
ထျန်းရှားသည် ဒဏ်ရာကို ငုံ့ကြည့်ကာ အချိန်အတော်ကြာ ဆုံးဖြတ်ချက် မချနိုင်ခဲ့ပေ။
နှလုံးသားနှင့် စိတ်ဝိညာဉ်ကနေ ပေးထားသည့် သစ္စာကို ချိုးဖျက်လို့ မရချေ။ သူသာ သူတို့ကို မသတ်နိုင်ခဲ့ရင် လုရွှမ်က အဲဒီသွေးတစ်စက်ကို လွယ်လွယ်နဲ့ လွှဲပေးမှာလား? သို့မဟုတ် သူသည် နာခံမှုရှိရှိ ချည်နှောင်ခံပြီး ပင်လယ်မျိုးနွယ်ထံ လွှဲပြောင်းပေးမှာတဲ့လား။
သို့သော် ကုသမှု မခံယူပါက ဒဏ်ရာပြဿနာက ပို၍ကြီးမားလာမှာ ဖြစ်သည်။ ကောင်းလျှို အစောကတည်းက တွက်ချက်ထားမှန်း သူမ အမှန်တကယ် သိခဲ့၏။ ထိုသိုင်းကွက် ရွေ့လျားမှုသည် မြန်ဆန်တိကျပြီး သူမ၏ အရေးပါသော နေရာများကို ရည်ရွယ်ထားလေသည်။
အရင်းအမြစ် ဖြည့်တင်းမှုမရှိဘဲ သူမသည် မျှော်စင်နယ်ပယ်က သခင်တစ်ဦး မဟုတ်တာကြောင့် အတွင်းထဲတွင် ပိတ်မိနေပြီး အနှစ်သာရကို မစုပ်ယူနိုင်လျှင် သူမ ငတ်သေလိမ့်မည်။
လုရွှမ်က ပြုံးပြီး "အလှလေး စမ်းသပ်မှု တစ်ခုပြီးရင်တော့ မင်း ငါတို့ကို စိတ်ဝင်စားနိုင်တယ် ဆိုတာ ငါတို့သိပါတယ် ဟား ဟား လုပ်လိုက်ပါ... ဒီမှာက အရမ်းအန္တရာယ် များတယ် ငါတို့ မင်းနဲ့ သေတဲ့အထိ မတိုက်ချင်ဘူး ဒါပေမဲ့ တစ်ခုတော့ရှိတယ် တကယ်ဖြစ်လာရင် မင်းနဲ့အတူသေရတဲ့ ရလဒ်ကဆိုးမှာ မဟုတ်ဘူးလို့ ငါတို့သေချာပေါက် ပြောနိုင်တယ်"
"ဒါပေါ့ ငါတို့ ကောင်းကင်ဘုံသခင်နဲ့ တိုက်ခိုက်ပြီး ပြီးပြည့်စုံစွာ အတူသေနိုင်ရင် ငါလည်း ငြိမ်းချမ်းစွာ သေနိုင်တာပေါ့"
"ဒီလိုလှပတဲ့ မိန်းမတစ်ယောက်နဲ့ မြှုပ်နှံခံရတာလည်း ထိုက်တန်ပါတယ်"
လုရွှမ်ရဲ့ စကားတွေက ပဲ့တင်ထပ်နေသလိုပဲ လူတိုင်းရဲ့ နားထဲ ရှင်းရှင်းလင်းလင်း ရောက်ရှိသွားသည်။ တခြား ကျင့်ကြံသူတွေကတော့ တစ်ယောက်ပြီး တစ်ယောက် အော်ဟစ်နေပါတော့၏။