← Chapters

ကျိန်ဆိုခြင်း

Vol. 75 Ch. 4.644

ကျိန်ဆိုခြင်း

Vol. 75 Ch. 4.644

ထျန်းရှား၏ မျက်နှာသည် ကြည်ကြည်လင်လင် ဖြစ်လာပြီး သူ့နှလုံးသားထဲကပါ အလွန်ဒေါသထွက်နေ၏။

နဂါးတစ်ကောင်သည် ရေတိမ်ပိုင်းတွင် ကူးခတ်ပြီး ပုစွန်တစ်ကောင်၏ လှည့်စားခြင်းကို ခံရကာ ကျားသည် လွင်ပြင်ပေါ်တွင် လဲကျကာ ခွေး၏ အနိုင်ကျင့်ခြင်းကို ခံနေရသလိုပင်။ သာမာန်အားဖြင့် သူမသည် ထိုလူများကို နှိမ့်ချ ရှုတ်ချလေ့ရှိသော်လည်း ယခုအခါ သူမကို လူရှေ့သူရှေ့တွင် လှောင်ပြောင်ဝံ့ကြ​ပြီ။

လုရွှမ်သည် ထျန်းရှားကို အပြုံးဖြင့် ကြည့်နေသည်။ ဤအမျိုးသမီးသည် ကောင်းလျှိုကို ထိပ်တိုက် ရင်ဆိုင်ရဲတဲ့အထိ လွန်စွာ အစွမ်းထက်သည်။ ထိုလူကို ကောင်းစွာ အသုံးချနိုင်ခြင်း ရှိမရှိက လက်ရှိအခွင့်အရေးအပေါ် မူတည်​ပေသည်။

ကောင်းကောင်းသုံးနိုင်ရင် အနာဂတ်မှာ ဒီလမ်းက ပိုလုံခြုံလာလိမ့်မယ်။ ဒါပေမဲ့ ကောင်းကောင်း မသုံးရင် ကိုယ့်အတွက် ဒုက္ခရောက်လာလိမ့်မယ်။

သို့သော်လည်း လုရွှမ် ဤအမျိုးသမီး၏ မျက်လုံးများတွင် ထိတ်လန့်မှု ခြေရာများသည် အတုမဟုတ်ကြောင်း လွန်စွာ ယုံကြည်ထားခဲ့သည်။

လွန်ခဲ့သည့် လတွင် သူသည် ကောင်းကင်အောင်ခြင်းဂိုဏ်းထဲက လူတိုင်း၏ ဆုံးရှုံးမှုနှင့် ကြောက်ရွံ့မှုတို့ကို မြင်တွေ့ခဲ့ရ​ပြီး​ပြီ။ ဘယ်သူ့ကိုမှ ရှာမတွေ့ဘဲ တစ်လကြာတဲ့အထိ ဤလျှို့ဝှက် ဆန်းကြယ်သော နေရာတွင် နေနေသည့် အမျိုးသမီးတစ်ဦးကို မြင်ယောင်ကြည့်ရလျှင်။

လက်ရှိမှာ ကောင်းကင်ဘုံသို့ သွားရာလမ်းမရှိ၊ မြေကြီးသို့ သွားရာလမ်းလည်း မရှိပေ။ ဘယ်အချိန်၌မဆို သူတို့သည် နတ်မီးနယ်ပယ်က အရှင်သခင်၏ ခြိမ်းခြောက်မှု သို့မဟုတ် မျှော်စင်နယ်ပယ်က အရူးသခင်များကိုပင် ကြုံတွေ့နေရပေမည်။

ထို့ကြောင့် ဤမိန်းမသည် သူတို့ကို အရှုံးပေးမည်မှာ သေချာ​လေသည်။

သူမသည် အမှန်တကယ်ပင် သန်မာပြီး အလွန်မာနကြီးလွန်း သော်လည်း နတ်မီးနယ်ပယ်နှင့် မျှော်စင်နယ်ပယ်က သခင်များရှေ့တွင် ဘဝင်မြင့်ခြင်း သို့မဟုတ် ကိုယ့်ကိုယ်ကိုယ် လေးစားမှုဟူသည် ဘာမျှအဓိပ္ပာယ် မရှိကြောင်း သူမက ပိုသိလိမ့်မည်။

"အချိန်နီးနေပြီ အခု မဆုံးဖြတ်ရင် အရမ်းနောက်ကျသွားလိမ့်မယ်"

လုရွှမ် လှမ်းအော်လိုက်သည်။ ခန့်မှန်းခြေ အချိန်အရ ကျောက်နံရံဟာ ပြောင်းလဲသွားသည်။ ထျန်းရှား ခဏလောက် ထိတ်လန့်သွားသော်လည်း နောက်အခိုက်အတန့်တွင် သူမသည် ကျောက်နံရံ ရွေ့သွားတာကို ထိတ်လန့်စွာ ကြည့်နေလေသည်။

ယခုမှသာ သူမသည် မည်သူတစ်ဦး တစ်ယောက်ကိုမှ မတွေ့ရသည့် အကြောင်းအရင်းကို အမှန်တကယ် နားလည်သဘော ပေါက်သွားခဲ့သည်။

"ကောင်းပြီ ငါသဘောတူတယ်"

ထျန်းရှားသည် လုရွှမ်နဲ့ သူ့အဖွဲ့ကို မြင့်မြင့်မော့ကြည့်ရန် မသိစိတ်ဖြင့် အော်ပြောလိုက်သည်။

အနည်းဆုံးတော့ ကျောက်နံရံ ပြောင်းလဲသွားတဲ့ အချိန်ကို တွေ့ခဲ့ကြပေမယ့် ဒါကိုသူမ လုံးဝ မသိခဲ့ဘူးလေ။ ဤအရာကြောင့်နဲ့တော့ သူမသည် သူမကိုယ်သူမ ယုတ်ညံ့သည်ဟု လုံးဝ မထင်ခဲ့ပေ။ ထိုအစား ဤလူများသည် သူမနှင့် ပူးပေါင်းဆောင်ရွက်ရန် အရည်အချင်း မရှိဘူးဟုသာ သူမ ခံစားမိသည်။

လုရွှမ်ကတော့ ဒီအမျိုးသမီး တွေးနေတာတွေကို သဘာဝကျကျ စဥ်းစားမိ၏။ လူနဲ့ သားရဲတွေကြားက အတွေးအမြင်တွေဟာ တကယ်ကို ကွဲပြားသွားလိမ့်မယ် ဆိုတာ သေချာလေသည်။

"ဒါဆို သစ္စာဆို"

လုရွှမ်က ပြုံးပြီး "သတိထားပါ... မင်းရဲ့အဖော်တွေနဲ့ နောက်မှာ ထပ်တွေ့ရင် သူတို့ ငါတို့ကို မတိုက်ခိုက်နိုင်အောင် မင်း သူတို့ကို ထိန်းထားရမယ် မဟုတ်ရင် မင်းရဲ့ သစ္စာကို ဖောက်ဖျက်တယ်လို့ မှတ်ယူရလိမ့်မယ်"

ထျန်းရှားရဲ့ အမူအရာက ပြောင်းလဲသွားသည်။ သူမသည် ဤအကြောင်းကို အရင်က တွေးခဲ့ဖူးပြီး ထိုလူများထံမှ ဤအချက်ကို ဖုံးကွယ်ထားနိုင်မယ်လို့ သူမ ထင်ထားသော်လည်း လုရွှမ်က စဉ်းစားမိလိမ့်မယ်လို့ သူမ မမျှော်လင့်ခဲ့ပေ။

လုရွှမ် ကျန့်ကျောက်ဘက်ကို လှည့်ပြုံးလိုက်ပြီး

"ဆရာတူအစ်ကို.. ဒီညီလေးက ပျားရည်ထောင်ချောက်ထဲ မကျသွားပါဘူးနော်?"

ထျန်းရှား လုရွှမ်ကို စူးစူးရဲရဲ စိုက်ကြည့်ကာ တိတ်တဆိတ် ကျိန်ဆဲလိုက်သည်။ ထို့နောက် သူမခန္ဓာကိုယ်မှ သွေးစွန်းနေသော စွမ်းအင်လှိုင်းများ ထွက်​ပေါ်လာပြီး ကောင်းကင်တွင် စုစည်းကာ သွေးပုတီးစေ့အဖြစ် ပြောင်းလဲကာ လုရွှမ်လက်ထဲသို့ ကျရောက်သွား​လေသည်။

လုရွှမ် သွေးပုတီးစေ့ကို သိမ်းလိုက်ပြီး

"ဒီလိုလုပ်လိုက်တော့ အဆင်မပြေသွားဘူးလား? ငါတို့အားလုံးက သူငယ်ချင်းတွေ ဖြစ်သွားပြီ"

ထိုသို့ပြောပြီးနောက် ဒဏ်ရာများကို ကုသရန်နှင့် စွမ်းအင်ပြန်လည် ဖြည့်တင်းရန် ဆေးလုံးနှစ်လုံးကို ပစ်​ပေးလိုက်သည်။

ထျန်းရှား ဆေးလုံးတွေကို တစ်ကျိုက်တည်း မျိုချလိုက်ပြီး ဤအခိုက်အတန့်တွင် လူသားတွေ သူမကို ဆန့်ကျင်လာမည့် အကြံအစည်များကို မကြောက်ခဲ့ပေ။ သူ့ပါးစပ်ထဲသို့ အဂ္ဂိရတ်ဆေးအား သွင်းလိုက်သည်နှင့် တပြိုင်နက် သူ့ယမခါးက ဒဏ်ရာသည် သာမန်မျက်စိဖြင့် မြင်နိုင်သော အရှိန်အဟုန်ဖြင့် ပြန်လည် ကောင်းမွန်လာတာကို ခံစားလိုက်ရပြီး ခန္ဓာကိုယ်တွင်းရှိ စွမ်းအင်များလည်း လျင်မြန်စွာ ပြန်လည် ကောင်းမွန်လာကာ မကြာမီမှာပင် သူမရဲ့ ကြံ့ခိုင်မှုတွေ ပြန်လည်ရရှိလာခဲ့သည်။

"ဒါက ဘယ်လိုဆေးမျိုးလဲ?"

ထျန်းရှား မထိန်းနိုင်ဘဲ မေးလိုက်သည်။

လုရွှမ်က ပြုံးလျက်

"ဒါက ပေါ့ပေါ့ပါးပါး လုပ်ထားရုံပဲ"

ထျန်းရှား၏ မျက်လုံးများ ပြူးကျယ်သွားသည်။ ဒီလို အဂ္ဂိရတ်ဆေးမျိုးကိုတောင် ပေါ့ပေါ့ပါးပါး သန့်စင်ပေးခဲ့တယ်တဲ့လား။ သူမသည် တခြားလူများကို ငုံ့ကြည့်လိုက်သော်လည်း သူတို့အားလုံး အံ့သြသွားပုံ မပေါ်ကြောင်း သူမ မြင်လိုက်ရသည်။ တစ်နည်းအားဖြင့် လုရွှမ် ပြောတဲ့စကားက အမှန်ပင် ဖြစ်ကြောင်း သက်သေပြနေသယောင်။

ဘယ်လို အဂ္ဂိတ်ပညာရှင်မျိုးက ဒီလိုမှော်ဆေးလုံးကို သန့်စင်ပေးနိုင်တာလဲ?

လုရွှမ်၏ မျက်လုံးများသည် လုရွှမ်ကို အာရုံစိုက်ပြီး ဤလူကို ပထမဆုံး အကြိမ်အဖြစ် အလေးအနက်ထား ကြည့်မိသည်။

"ကောင်းပြီ ဒီကျင့်ကြံသူက အရမ်းချောတာ သိပါတယ်... ဒါပေမဲ့ လူကိုပဲ ကြိုက်တယ် နတ်ဆိုးတွေကို မဟုတ်ဘူး... မဟုတ်ရင် မွေးလာမယ့် ကလေးက လူ့ဘီလူးဆိုရင်တော့ တော်တော် ကြည့်ရဆိုးသွားလိမ့်မယ်"

ထျန်းရှား၏ မျက်နှာသည် ဒေါသကြောင့် နီရဲသွားကာ လုရွှမ်ကို ပါးရိုက်ပစ်ချင်တာကို မထိန်းနိုင်တော့ပေ။ သူမသည် မျိုးဆက်သစ် လူငယ်များ၏ ရှေ့တန်းတွင် ကြာရှည်စွာ ရပ်တည်နေခဲ့ပြီး တခြားသူများ၏ ချော့မော့ခြင်းကိုသာ ခံရလေ့ရှိသည်။

ဒါပေမဲ့ ဒီအကြောင်းကို ပြန်တွေးပြီးတာနဲ့ စိတ်ထဲမှာ နာကျင်မှုကို ရုတ်တရက် ခံစားလိုက်ရ၏။

"သွားကြရအောင်"

လုရွှမ်က ပြုံးပြုံးရွှင်ရွှင်နဲ့ ပြောပြီး အဖွဲ့ထဲက လူအားလုံးကလည်း သူ့နောက်ကို လိုက်သွားကြသည်။

"နောက်ထပ် ဓားသိုင်းပဲ!"

လူအချို့က အံ့အားသင့်စွာ အော်ပြောကြသည်။ ဒါက သူတို့၏ တစ်ခုတည်းသော အပျော်ဖြစ်ပြီး အနည်းဆုံး တစ်ခုခုကို ရှာဖွေတွေ့ရှိနိုင်ပါက တစ်ခုခုကို ရယူနိုင်သည်။

"ဟေး ဒါ တတိယဓားပုံပဲ"

တစ်စုံတစ်ယောက်က အံ့သြစွာ ထပ်အော်လိုက်လေ၏။ ဤဓား အသွားအလာများကို ထွင်းထုရန်မှာ မခဲယဉ်းပေ။ ကျောက်နံရံပေါ်ရှိ ထွင်းထုချက်များသည် အလွန်နက်နဲနေတာ မဟုတ်ကြောင်း တွေ့နိုင်​လေသည်။

ယခင်ဓားသိုင်း လှုပ်ရှားမှုများနှင့် ချိတ်ဆက်ထားပြီး ၎င်းသည် တတိယမြောက် ဓားသိုင်း ရွှေ့လျားမှု ဖြစ်ပေ၏။ လူတိုင်းက အလျင်အမြန် လေ့ကျင့်နေကြပေမယ့် ဘယ်သူကမှ သတိမမူမိကြပါဘူး။

ထျန်းရှား ရောက်ရှိလာတာကို မြင်တော့မှ ဒီစင်္ကြံမှာ ပင်လယ်သားရဲတွေ ရှိနေသေးနိုင်ကြောင်း သူတို့အချင်းချင်း သွယ်ဝိုက်ပြီး သတိပေးလိုက်ကြသည်။ ကိုယ်ပိုင်ခွန်အားကို မြှင့်တင်ရင် အလွယ်တကူ ရှင်သန်နိုင်မယ့် အခွင့်အရေးကို ရရှိနိုင်သည်။

သူတို့ရဲ့ ခွန်အားနဲ့ဆို အဲဒီပင်လယ်သားရဲတွေနဲ့ လုံးဝ မယှဉ်နိုင်ဘူး ဆိုတာကိုလည်း သူတို့အ​နေနဲ့ သိကြပါ၏။ သို့သော်ငြားလည်း အနည်းဆုံး အကြိမ်အနည်းငယ် ခံနိုင်ရည် ရှိနိုင်သေးတယ်လေ။ ဒဏ်ရာအနည်းငယ်သာ ရကာ မိမိအသက်ကို ကာကွယ်ကာ တပည့်ဖော်များ၏ ကယ်တင်မှုကို စောင့်မျှော်နေနိုင်သည်။

ထျန်းရှား ကျောက်လက်ရာ ထွင်းထုထားတဲ့နေရာကို လှမ်းကြည့်လိုက်ရင်း ကျောက်နံရံပေါ်ကို ဓားနဲ့ ထိုးလိုက်သည်။ သူမက မေးစေ့ကို မြှောက်ရင်း လုရွှမ်ကို အထင်အမြင်သေးသည့် အကြည့်ဖြင့် ကြည့်သည်။

ဒီပင်လယ်သားရဲဟာ အရင်က ဒဏ်ရာရတုန်းကတည်းက တကယ် မာနကြီးနေ၏။ သူမသည် အနည်းငယ် နူးညံ့သိမ်မွေ့ပြီး သူရဲဘောကြောင်သည့်ပုံ ပေါက်နေသေးသဖြင့် လူအများအတွက်တော့ သနားစရာ ဖြစ်လာသည်။

လုရွှမ်လည်း သူမကို အထင်အမြင်သေးခြင်း မရှိပေ။ ဒါက ပင်လယ်သားရဲတွေရဲ့ နေထိုင်မှုအလေ့အထ ဖြစ်ပြီး သားရဲလမ်းစဉ် ဖြစ်သည်။ သူ့လက်ကို ရွှေ့လိုက်သည်နှင့် ဓားစွမ်းအင်သည် ဆူးပင်အဖြစ်သို့ ပြောင်းလဲသွားပြီး ကျောက်နံရံကို ထိမှန်သွားသည်။

စွမ်းအင် ထွက်လာတဲ့အခိုက် ရောင်ဝါက ထျန်းရှား၏ အထက်တွင်သာ။

ထျန်းရှား အံ့အားသင့်သွားပြီး

"မဖြစ်နိုင်ဘူး.... ငါဒီသိုင်းကွက်ကို အစကတည်းက နားလည်ထားပြီးသား နင်ကငါ့ထက်တောင် အစွမ်းထက်နိုင်ပါ့မလား?"

သူမသည် ကောင်းကင်ဘုံသခင် ပြီးပြည့်စုံသောကာလက ကျင့်ကြံသူ ဖြစ်ပြီး သူမ၏ ကိုယ်ကိုကိုယ် ယုံကြည်မှု၊ အသိပညာနှင့် နားလည်မှုက လုရွှမ်ထက် သာလွန်နေရမည်လေ။

ယခင် လှုပ်ရှားမှုသည် ဓားစွမ်းအင်ကို ပြသခြင်း ဖြစ်သည်။ သဘာဝအားဖြင့် ၎င်းသည် ဘာကျင့်ကြံမှုမှ မပါဝင်သော်လည်း သာမာန်လူများ သူမထက် သာလွန်နိုင်သော အရာမဟုတ်တာတော့ သေချာပါ၏။

သို့သော် လုရွှမ်၏ ဓားစွမ်းအင်သည် သူ့ထက်ပိုမိုအားကောင်းလိမ့်မည်ဟု သူမ မမျှော်လင့်ထားပေ။ သူသာ ဓားရှည်ကို အသုံးပြု၍ တိုက်ခိုက်ပါက စွမ်းအားသည် ပို၍ပင် အားကောင်းလာလိမ့်မည်။

"ဟေး ကောင်မလေး မင်းရဲ့အရည်အချင်းတွေကို ငါတို့ရဲ့ အရည်အချင်းရှိတဲ့ ဆရာတူညီလေးနဲ့ လာမနှိုင်းယှဉ်နဲ့... သူနဲ့ ယှဥ်နိုင်ဖို့ ဝေးနေသေးတယ်"

ကျန့်ကျောက်က ပြုံးပြီး အော်ပြောလိုက်သည်။ သူ့စိတ်တွေက မဖြူစင်တော့ပေ။ လုရွှမ်ဆီက လှည့်စားခံခဲ့ရတဲ့ ရယ်စရာကောင်းတဲ့ အတွေးတစ်ခုက သူ့စိတ်ထဲမှာ ပေါ်လာခဲ့သည်။ ညီလေးလုသာ ဒီအလှလေးကို သိမ်းပိုက်နိုင်ခဲ့ရင် ဒဏ္ဍာရီကို ကျော်လွန်သွားတော့မှာ မဟုတ်ပါလား။

All Chapters