ရေစီးသံ
Vol. 75 Ch. 4.645
လုရွှမ်သည် ကျန့်ကျောက် ဘာတွေ တွေးနေလဲ သဘာဝကျကျ မသိသောကြောင့် ကျန့်ကျောက်နှငံ လက်သီးချင်း တိုက်ကာ ဤဓားလှုပ်ရှားမှု၏ အနှစ်သာရနှင့် သူ၏ ထိုးထွင်းသိမြင်မှုကို တခြားညီအကိုမောင်နှမများထံ ဆက်လက် သင်ကြားပေးနေခဲ့သည်။
သူ၏ လမ်းညွှန်မှုအောက်တွင် တခြားသော ညီအစ်ကို မောင်နှမများသည် မကြာမီတွင် ဤဓားသိုင်းကို ကျွမ်းကျင်လာကြပြီး အလွန်အမင်း စိတ်လှုပ်ရှားလာကြသည်။
ထျန်းရှားမှာ မယုံနိုင်လောက်အောင်ပင် အံ့သြနေ၏။ သူမက အဝေးတွင် ရပ်နေသော်လည်း လုရွှမ်ရဲ့ ရှင်းပြချက်များကို နားထောင်နေခဲ့ခြင်း ဖြစ်သည်။
လုရွှမ်၏ ရှင်းလင်းချက်သည် လူတိုင်းအတွက် ရည်ရွယ်ထားသောကြောင့် သဘာဝအတိုင်း လွယ်လွယ်ကူကူ ကြားရလေသည်။
လုရွှမ် ပြောခဲ့တာတွေထဲမှာ သူမလှုပ်ရှားလိုက်တဲ့ သိုင်းကွက်နဲ့ မတူဘူးလို့ ခံစားမိတဲ့ နေရာမရှိပေ။ သူမ ထုတ်လွှတ်လိုက်တဲ့ ဓားစွမ်းအင်ကကျ ဘာကြောင့် လုရွှမ်လောက် မပြင်းထန်ရတာလဲ။ ဒီလူက နယ်ကယ်ပြီး သူ့အထက်က ညီအကိုမောင်နှမတွေဆီ မသင်ပြနိုင်တာ ထင်ရှားပါရဲ့နဲ့။
ဟမ့် ဒါအမှန်ပဲ။ ဒီလူတွေ အားလုံးက ငတုံးတွေပဲ။ သူတို့က ရိုးရိုးရှင်းရှင်း တစ်ခုခုကို ခဏခဏရှင်းပြပြီးတာတောင် နားမလည်ကြဘူး။ ဒါတောင် အားလုံးက သင်ယူဖို့ တောင်းဆိုနေကြတုန်းပဲ။ သူတို့က တခြားသူတွေထက် ပိုတက်ကြွနေတာ ဘာဆေးတွေ သုံးထားလို့လဲ!
လုရွှမ်ကတော့ နောက်ဆုံးလူကို သင်ပေးပြီးနောက် လမ်းမပေါ် ပြန်ထွက်လာခဲ့သည်။ ထျန်းရှားမှာ အချိန်အတော်ကြာအောင် စောင့်နေခဲ့ရတာကြေညင့် ယခုတော့ သူမက လှောင်ပြောင်စွာဖြင့် ပြောလိုက်သည်။
"ကျန်းထျန်းချိုင်... နင်အရင်က သင်ပေးခဲ့တဲ့ ဓားစွမ်းအင်က ဒီအတိုင်းပဲမလား? နင် လုပ်နိုင်တဲ့ စွမ်းအားက အများကြီး နောက်ကျသွားပြီ။ ကိုယ့်ကိုကိုယ် သတိမထားပါနဲ့ နင့်တပည့်တွေကို တကယ်ကောင်းတဲ့ အရာတွေကို မသင်ပေးချင်ဘူးလား?"
ထိုစကားများ ထွက်လာသည်နှင့် တပြိုင်နက် ကျန့်ကျောက်ရဲ့ အမူအရာက ပြောင်းလဲသွားတော့သည်။ သို့သော် လုရွှမ်က အသာပြုံးကာ ပြော၏။
"မင်းထုတ်တဲ့ ဓားစွမ်းအင်က ငါ့လောက် မပြင်းထန်ဘူးလို့ရော မပြောတော့ဘူးလား? ငါ့ဓားစွမ်းအင်က ဘာလို့ တူညီတဲ့ လှုပ်ရှားမှုနဲ့တောင် ပိုအားကောင်းနေတာလဲ ဆိုရင် ဒါက ငါ့ကိုယ်ပိုင် ပင်ကိုယ်စွမ်းရည်နှင့် ဓားလမ်းစဥ်အပေါ် နားလည်မှုကြောင့်ပဲ"
"ဒါပေါ့ မင်းက ဓားသိုင်းပညာကို လုံလောက်အောင် နားမလည်လို့ သူ့ရဲ့ အဓိပ္ပာယ် အစစ်အမှန်ကို နားမလည်ဘူးဆိုတာ ငါတို့အားလုံး နားလည်ပေးနိုင်ပါတယ်။ နောက်ဆုံးတော့ ငါတို့လူသားတွေက သတ္တဝါ အားလုံးရဲ့ ဝိညာဉ်တွေထဲက တစ်ခုဆိုပေမယ့် မင်းကတော့ ပင်လယ်သားရဲ တစ်ကောင်ပဲလေ"
ထိုအခါ ဒေါသတကြီး ပြန်အော်လိုက်လေ၏။
"ပင်လယ်သားရဲ တစ်ကောင်က ဘာဖြစ်လဲ? ငါတို့မျိုးနွယ်က ဒီကမ္ဘာကြီးရဲ့ 90% နေရာကို သိမ်းပိုက်ထားပြီးသား နင်တို့လူသားတွေက 10% ပဲရှိတယ်။ နင်တို့ရဲ့ခွန်အားကလည်း ငါတို့လောက်မပြင်းထန်ဘူး အရည်အချင်းက ငါတို့လောက် မသန်မာဘူး... သတ္တဝါအားလုံးရဲ့ စိတ်ဓာတ်ကို ကြွားလုံးထုတ်နိုင်တယ်လို့ နင်ကထင်နေတာလား? ငါ့အမြင်အရတော့ အဲဒါက ဟာသပဲ!"
လုရွှမ်က ပေါ့ပေါ့ပါးပါး ပြုံးပြပြီး သူမကို လျစ်လျူရှုကာ ဆက်လျှောက်သွားခဲ့သည်။
"ဘာလို့ ထွက်သွားတာလဲ? ရှင်းရှင်းလင်းလင်း ရှင်းပြစမ်းပါ... ဟေး နင်တို့ကရော သူပြောတာကို ယုံကြတာပဲလား"
ဘယ်သူကမှ သူမကို ဂရုမစိုက်ဘဲ အရူးတစ်ယောက်လိုတောင် ကြည့်နေခဲ့သေးသည်။ ဒါက သူမကို အရမ်းကို ဒေါသထွက်စေခဲ့၏။
လူတိုင်းက သူမကို အာရုံစိုက်ပြီး နောက်ထပ် ဓားသွားကို သင်ယူဖို့ အခိုက်အတန့်ကို စောင့်ဖို့ ဘယ်လိုစိတ်မျိုး ထားရမလဲတောင် မသိတော့ချေ။
သိပ်မကြာခင်မှာပဲ ကျောက်တုံးကြီး တစ်ခုကို ထပ်တွေ့ပြန်၏။ ဒါက စတုတ္ထဓားသိုင်းပဲ။
ထျန်းရှားသည် စိတ်မကြည်မသာ ဖြစ်စွာနဲ့ ရှေ့နားတွင် ဂရုမစိုက်ဘဲ ရပ်ကြည့်ကာ ခဏကြာတော့ ထွက်လာခဲ့သည်။ လုရွှမ်ရှေ့သို့ ရောက်သောအခါ ဓားဖြင့် ခုတ်ထစ်ပြလိုက်သည်။
၎င်းသည် ကျောက်နံရံပေါ်ရှိ စတုတ္ထဓား ဖြစ်သည်။ ဤတစ်ကြိမ်တွင် သူမသည် ကောင်းကင်ဘုံသခင် ပြီးပြည့်စုံသောကာလက ကျင့်ကြံမှုကို အသုံးပြုခဲ့သည်။ ဓားသိုင်းက အလွန်အစွမ်းထက်ပြီး ကျောက်နံရံပေါ်ရှိ ဖုန်မှုန့်များကိုပါ တဆက်ဆက် တုန်ခါသွားစေသည်။
လုရွှမ် ထျန်းရှားကို ကြည့်ရင်း ရယ်စရာကောင်းတယ်လို့ ရုတ်တရက် ခံစားလိုက်ရ၏။
လုရွှမ် ကျောက်နံရံကို ငုံ့ကြည့်ပြီးနောက် သူ့လက်ချောင်းကို လှန်လိုက်ပြီး နောက်ထပ် ဓားစွမ်းအင်ကို ထုတ်ပစ်လိုက်သည်။ ကျယ်လောင်သော ပေါက်ကွဲသံကြီးက ကျောက်နံရံကို ထိမှန်ကာ ဖုန်မှုန့်များ လွင့်စင်သွားသည်။
တန်ခိုးက ထျန်းရှားလောက် အစွမ်းထက်ပုံမပေါ်ပေမယ့် သူမ အမူအရာကတော့ ပြောင်းလဲသွားခဲ့သည်။
တခြားသူကို လှည့်စားနိုင်သော်လည်း ကိုယ့်ကိုကိုယ်တော့ မလှည့်စားနိုင်ပေ။ သူမသည် ဤဓားသိုင်း၏ နားလည်မှုကို သဘာဝကျကျ မြင်ခဲ့တာကြောင့် သူမ နားမလည်သော အရာကို လုရွှမ်မှ တိုက်ရိုက်မီးမောင်း ထိုးပြခဲ့လေသည်။
ဘာမှ မတတ်နိုင်တော့ဘဲ သက်ပြင်းတစ်ချက်သာ ချနိုင်တော့သည်။ ဤဓားသိုင်းကွက်သည် အလွန်နက်နဲပြီး ယခင်ဓားသိုင်းထက် များစွာသာလွန်သည်။ အရင်ဓားသိုင်း နှစ်ကွက်မှာ သူမမှာ အခြေအမြစ် မရှိဘူး။ တစ်ချက်တစ်ချက် နားလည်ချင်ရင် လုရွှမ်တောင် လိုက်မမှီလောက်ဘူး။
ယခုဓားသိုင်းကတော့ အလွန်ခဲယဉ်းလှပေ၏။ ဒီလိုနေ့မျိုး ရောက်လာမယ် ဆိုတာကို သိထားခဲ့ရင် အရင်ကထက် ကြိုးကြိုးစားစား လေ့ကျင့်ခဲ့မှာပင်။
ကျင့်ကြံမှု မြင့်မားလေလေ အရည်အချင်းတွေ ပိုတက်ချင်လာလေပါပဲ။
လုရွှမ် လူတိုင်းကို အကြိမ်ပေါင်းများစွာ ပြောပြပြီးနောက် လူရှစ်ဦးသည် ခေါင်းယမ်းကာ လက်လျှော့လိုက်ကြသည်။
"ဆူညံနေတယ်!"
"ရေသံပဲ!"
လုရွှမ် အော်လိုက်သည်။ ကျောက်ခန်းထဲတွင် ပထမဆုံးအချိန်က ပေါ်လာခဲ့သော ရေစီးသံကို သူ ကြားလိုက်ရသေးသည်။ သို့သော် ထိုအချိန်က ကျောက်နံရံက ဓားသိုင်းလှုပ်ရှားမှု၏ လျှို့ဝှက်ဆန်းကြယ်မှုကို မသိရသေးသောကြောင့် လွဲချော်သွားခဲ့သည်။
မမျှော်လင့်ဘဲ အချိန်အတော် ကြာပြီးနောက် နောက်ဆုံးတွင် ရေစီးသံကို ထပ်မံ ကြားလိုက်ရပြန်သည်။
"လူတိုင်း သတိထားပြီး ရေစီးသံနောက်ကို လိုက်ကြရအောင်"
လုရွှမ် ပြောလိုက်ချိန် လူတိုင်းလည်း ထိတ်လန့်သွားကြသည်။ ဤကျောက်နံရံများသည် ပြောင်းလဲနိုင်သော်လည်း စီးဆင်းနေသော ရေကတော့ မပြောင်းလဲနိုင်ပေ။ ရေစီးသံသည် နေရာအမျိုးမျိုးကြောင့် ကွဲပြားနေပေလိမ့်မည်။ သို့သော် ကျင့်ကြံသူများ အတွက်မူ ခွဲခြားရန် အလွန်လွယ်ကူပေ၏။
ထျန်းရှား ဒေါသတကြီးဖြင့် သူတို့နောက်ကို လိုက်ခဲ့ပေမယ့် သူမရင်ထဲက မျှော်လင့်ချက် နည်းနည်းပါးပါး ထိန်းမထားနိုင်ခဲ့ပေ။ သူတို့တကယ် ထွက်လမ်းရှာနိုင်ရင် အရမ်းကောင်းတာပေါ့။
ဒဏ္ဍာရီလာ သားရဲရဲ့သွေးကို စွန့်လွှတ်ရရင်တောင် ဒီနေရာက ကြောက်စရာကောင်းလွန်းတယ်လေ။ ထွက်သွားနိုင်တာ အကောင်းဆုံးပဲ။
ကျောက်နံရံတစ်ခုရှေ့ ရောက်လာတော့ လုရွှမ် သူ့လက်ကို ဝှေ့ယမ်းပြီး အားလုံး ရပ်သွားကြသည်။ လုရွှမ် တစ်ဖက်သို့ ဂရုတစိုက် လျှောက်သွားပြီး တိတ်တိတ်လေး စောင့်နေလိုက်သည်။
မကြာမီ ကျောက်နံရံကြီး တုန်ခါလာပြီး နှစ်ဖက်စလုံးမှ အသံများကို ခံစားလိုက်ရချိန်တွင် လုရွှမ် ခပ်မြန်မြန် အော်လိုက်သည်။
"အားလုံး ဒီကိုလာခဲ့"
လူအုပ်စုသည်လည်း လျင်မြန်စွာ ဖြတ်ကျော်သွားကြ၏။ အချိန်မီ မဖြတ်နိုင်ဘဲ ကျောက်နံရံမှ ဖမ်းမိသွားရင် ဘယ်လို လုပ်ကြတော့မလဲ။ အစောတုန်းက နတ်မီးနယ်ပယ်ရဲ့ ခေါင်းပြတ်က သက်သေပဲ မဟုတ်လား။
လူအားလုံး ဖြတ်ကျော်သွားသောအခါတွင် ကျောက်နံရံ အနောက်တွင် လုံးဝ အထီးကျန်စွာ တိတ်ဆိတ်နေခဲ့သလိုမျိုး ရေသံပိုကျယ်လာတာကို ကြားလိုက်ရသည်။
ကျောက်နံရံတစ်ခုသာ ခြားထားသော်လည်း ၎င်းတို့သည် ခြားနားသော ကမ္ဘာတစ်ခု ဖြစ်နေသယောင်ပင်။ ဤကျောက်နံရံများသည် ဘယ်လောက် ပြင်းထန်ပြီး အစွမ်းထက်ကြောင်း လူတိုင်း ကောင်းစွာသိကြသည်။ အရင်က ဓားသိုင်းပညာကို စမ်းသပ်ပြီးတိုင်း ကျောက်နံရံပေါ်မှာ စမ်းကြည့်ကြလေ၏။
ထို့နောက် ကျောက်နံရံတွင် အမာရွတ်ပင် လုံးဝ မရှိခဲ့တော့တာကို တွေ့ခဲ့ရသည်။
"သွားရအောင်!"
လုရွှမ် အော်လိုက်တာနဲ့ လူအုပ်စုသည် စိတ်လှုပ်ရှားလာပြီး အလျင်အမြန်နောက်ကို လိုက်သွားကြသည်။
ချွင်း!
အားလုံး တစ်ပြိုင်တည်း ရပ်လိုက်ကြသည်။ သူတို့ရှေ့မှာ တစ်ယောက်ယောက် ရှိနေတယ် ဆိုတာ သိသာပါသည်။
ထျန်းရှား မျက်လုံးများ တောက်ပလာကာ ကျယ်လောင်စွာ အော်ဟစ် ပစ်ချင်သော်လည်း မထိန်းနိုင်ဘဲ ရုတ်တရက် သူမ နှလုံးသားထဲက နာကျင်မှုကို ခံစားလိုက်ရသည်။ လုရွှမ်သည် သူမ သွေးပုတီးစေ့ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားတာကို မြင်လိုက်ရသည်။
လုရွှမ် ပါးစပ်ပိတ်ဆိုတဲ့ အမူအရာမျိုး ပြလိုက်သည်။ ထျန်းရှား ဘာလုပ်မယ် ဆိုတာကို သူခန့်မှန်းထားပြီးသားပင်။ ဒီကလေးမလေးက ဘာမှအဓိပ္ပာယ်မှ မရှိသလိုနဲ့ လုံးဝကို မရိုးသားချေ။
တစ်နည်းဆိုရသော် ဦးနှောက်ကို မသုံးဘဲ တစ်ခုခုလုပ်ချင်ရင် စိတ်ထဲပေါ်လာတဲ့ အရာကိုပဲ လုပ်ချင်နေလေသည်။ သူမရဲ့ ကြီးကျယ်ခမ်းနားတဲ့ ခွန်အားကြောင့်သာ မဟုတ်ရင် အခုအချိန်အထိ သူမ ဘယ်လို ရှင်သန်နေမယ် ဆိုတာတောင် လုရွှမ် မသိတော့ချေ။
လုရွှမ် လူတိုင်းကို သတိထားဖို့ အချက်ပြပြီး တိတ်တိတ်လေး လှမ်းတက်လိုက်သည်။
ဤနေရာတွင် ပေါ်လာနိုင်သူတိုင်းဟာ သူငယ်ချင်း မဟုတ်နိုင်ပေ။ ပင်လယ်သားရဲဘေးက လူမဟုတ်ရင် အတွင်းထဲတွင် ပိတ်မိနေသော ကျွမ်းကျင်သူ ဖြစ်နေမှာ သေချာလေသည်။ ဒီနေရာမှာ တွေ့နေရသူတိုင်း ပြင်းထန်သော တိုက်ပွဲဖြစ်လိမ့်မည်။
ထောင့်နားက လှမ်းကြည့် လိုက်သောအခါမှ လုရွှမ် သက်ပြင်းတစ်ချက် ချလိုက်ရ၏။ ပင်လယ်သားရဲ နှစ်ကောင် ရန်ဖြစ်နေတာပဲ။