မျက်နှာလိုက်ခြင်း
Vol. 83 Ch. 1149
“အရှင် ကျုပ်တို့ဘာလုပ်ကြမလဲ” ပညာသင်သားက မေးလိုက်သည်။ အခြေအနေအ အဆိုးဝါးဆုံးရလဒ် ရောက်ရှိလာလေရာ သူတို့၏ ရွေးချယ်မှုက ကပ်ဘေး ဖြစ်သွားနိုင်သည်။
“မင်းရော ဘယ်လိုထင်လဲ” ဧကရီက မေးလိုက်သည်။
ပညာသင်သားက ခေတ္တမျှ ရပ်တန့်သွား၏။
“ဆန်းကြယ်မှု မဖြစ်လာသ၍ ကျုပ်တို့ရဲ့ တစ်ခုတည်းသော ရွေးချယ်စရာက အညံ့ခံဖို့ပဲ ဖြစ်လောက်တယ်”
သူ့နဂိုအစီအစဉ်က ဝမ်ဝေ့အား သူတော်ကောင်း ဟူသော ဂုဏ်ပုဒ်ကို သုံးကာ အလယ်ပိုင်းနယ်မြေနှင့် ဆက်ဆံရေးကို ပူးပေါင်းဖို့ရာအတွက် ကြိုးကိုင်ရန် ဖြစ်သည်။
အကယ်၍ သူ ငြင်းဆန်ခဲ့ပါက သူ့နာမည်ကို ပျက်ပြားစေမည်ဖြစ်ကာ လူထုအမြင်ကို ထိပ်တိုက်ရင်ဆိုင်နိုင်လိမ့်မည်။ နှမြောစရာကောင်းလှစွာဖြင့် ထိုအစီအစဉ်သည် မစခင်ကတည်းက အဆုံးသတ်သွားခဲ့၏။
“မင်းက ဒီထက်ပိုပြီး ကောင်းအောင် လုပ်နိုင်မှန်း သိပါတယ်”
ပညာသင်သားက ခေါင်းငုံ့ထားလျှက် ခန္ဓာကိုယ်က တောင့်တင်းသွားသည်။ သူက မျက်လုံးထောင့်မှ ဟွားလုံကို ကြည့်ကာ စကားပြောဖို့ အချက်ပြလိုက်သည်။
“ကျွန်မတို့အတွက် စစ်ပွဲနဲ့ အညံ့ခံတာအပြင် နောက်ထပ်ရွေးချယ်စရာက ပထမကောင်းကင်ဧကရာဇ်ရဲ့ သူ့ဇနီးအပေါ် ချစ်မြတ်နိုးမှုကို သုံးပြီးတော့ ငြိမ်းအေးတဲ့ ချဉ်းကပ်မှုကို အသုံးပြုဖို့ပဲ။ ဒါပေမဲ့ အဲဒီနည်းဗျူဟာက သူက တကယ့်ကို ချစ်မြတ်နိုးပြီး သူမအတွက် ဘာမဆိုလုပ်ပေးနိုင်မယ်ဆိုတဲ့ အချက်ပေါ် မူတည်နေတာ” ဟွားလုံက တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။
“အဲဒီနည်းဗျူဟာက အလုပ်ဖြစ်မယ်လို့ ထင်လား” ဧကရီက မေးလိုက်သည်။
“မဖြစ်ဘူး”
“အဲဆိုရင် သူက မြင်ရသလောက် သစ္စာမရှိဘူးလို့ ထင်တာလား”
“အဲလို မဟုတ်ပါဘူး”
“အဲဆိုရင် ဘာကြောင့်လဲ”
ဟွားလုံက ပြောလိုက်သည်။
“အဲဒီအမျိုးသားက သူ့ရည်မှန်းချက်ကို တားဖို့ ဘယ်အရာကိုမှ ခွင့်ပြုမယ်လို့ မထင်တာပါ”
“သူ့ဇနီးရဲ့ တပည့်ကိုတောင်လား”
“အရှင် ကျွန်မ အရိုးသားဆုံးပြောမယ်ဆိုရင် သူ့အမြင်မှာ အရှင်က သူမရဲ့ တပည့်အဖြစ် သတ်မှတ်မခံရလောက်ဘူး။ အမွေဆက်ခံသူပဲ နေမယ်”
“ဟွားလုံ မင်း လွန်လွန်းသွားပြီ” ပညာသင်သားက ဝင်ပြောလိုက်သည်။
“ငါက အရှင့်ကို သတင်းအချက်အလက် အကုန်ပေးပြီးတော့ မှန်ကန်တဲ့ ရွေးချယ်မှု ရအောင် လုပ်ပေးရုံပါ”
“အဲလိုလား။ ဘယ်သူရဲ့ စံနှုန်းနဲ့လဲ”
“ငါက မှားပြောမိတာ။ အဲဆိုတော့ သူမက အကောင်းဆုံးလို့ ထင်ရတဲ့ ရွေးချယ်စရာကို လုပ်နိုင်တာပေါ့”
“မင်း…”
“ကောင်းပြီ တော်တော့။ ဒီလိုအခြေအနေမျိုးမှာ ငြင်းခုံနေတာက အကျိုးမရှိဘူး။ အဖွဲ့အစည်းက ငါ့ကို ဒီလိုအရေးကြီးတဲ့ ဆုံးဖြတ်ချက်မျိုးကို တစ်ယောက်တည်း ချခွင့်ပေးမှာ မဟုတ်ဘူး” နယ်ရှင်စည်းတံဆိပ် ဧကရီက ဝင်ပြောလိုက်သည်။
“ဒါပေမဲ့ သူတို့က အရှင့်ရဲ့ အမြင်ကို ထည့်ပြီး စဉ်းစားမှာပါ” ပညာသင်သားက ထွက်ပြောလိုက်သည်။
“ဟုတ်ပါတယ်။ ဟွားလုံ ငါ ဘာလုပ်သင့်တယ်လို့ ထင်လဲ” ဧကရီက ခေါင်းညိတ်ကာ မေးလိုက်သည်။
“ဧကရာဇ်နဲ့ တွေ့ပြီးတော့ သူက ဘယ်လိုလူစားမျိုးလဲဆိုတာကို နားလည်အောင် လုပ်ပြီးမှ ဆုံးဖြတ်ချက်ချတာ ကောင်းလိမ့်မယ် ထင်ပါတယ်”
“အရှင်က အလယ်ပိုင်းနယ်မြေကနေ ထွက်မသွားနိုင်ဘူးဆိုတာ သိရဲ့သားနဲ့ ဘာလို့အဲလို အကြံပြုနေရတာလဲ” ပညာသင်သားက အလျှင်စလို ဝင်ပြောလိုက်သည်။ သူတို့က ဤနေရာတွင် ကြာကြာတောင့်ခံနိုင်သည်မှာ ဧကရီက ထူးကဲသည့် အစီအရင်ကို ဖန်တီးထား၍ ဖြစ်သည်။ ထိုအရာက ကမ္ဘာ့အသိုက်အဝန်း၅၀၀ ကျော်လုံးကို သူမနှင့် ဆက်နွယ်ထားသည်။ သို့သော် ဆိုးကျိုးကမူ သူမသည် အလယ်ပိုင်းနယ်မြေမှ ထွက်မသွားနိုင်ပေ။
“အိမ်မက်လောကထဲ ယာယီဝင်ခွင့် ရထားတယ်။ အရှင်က အဲဒီမှာ တွေ့ဆုံနိုင်ပါတယ်”
“အိမ်မက်လောကက သူ့ပိုင်နက်လေ။ သူမက အန္တရာယ်မရှိဘူးဆိုတာ သေချာရဲ့လား”
ဟွားလုံက သူ့ကို ကြည့်လိုက်သည်။
“ငါတို့တွေ သူ့ကို မှီခိုတာက သူ့ရဲ့ စွမ်းအားကြောင့်ပဲ။ အဲဒါက ရွှေရောင်နတ်ဘုရားထက်တောင် ပိုပြီး မြင့်မားသေးတယ်။ အဲလိုလူမျိုးက တစ်စုံတစ်ယောက်ကို သတ်ချင်ရင် ငါတို့တားနိုင်မယ်လို့ ထင်လား”
ပညာသင်သားက ပြန်လည်မချေပနိုင်တော့ပေ။ သို့သော်လည်းသူက အင်မတန် အန္တရာယ်ကြီးလွန်းကြောင်း ခံစားမိ၍ ထပ်မံ ငြင်းခုံဖို့ ဆုံးဖြတ်လိုက်သည်။ သို့သော် ဘာပဲဖြစ်ဖြစ် သူက အရှင် ဘေးကင်းဖို့သာ လိုချင်သည် မဟုတ်ပါလော။
“ကောင်းပြီ အစည်းအဝေး ရက်ချိန်းလိုက်”
“အရှင်”
“မင်းမှာ ငြင်းခုံစရာ မရှိဘူးဆိုတာလည်း သိပါတယ်”
ဧကရီက ပြောလိုက်သည်။ ပညာသင်သားက မျက်နှာပူသွားလေ၏။ ဟွားလုံက အဆောင်တစ်ခုကို ထုတ်ကာ အသက်သွင်းလိုက်သည်။ သိပ်မကြာခင် ဧကရီက အသင်္ချေအင်ပါယာကမ္ဘာ၏ ခုံရုံးရှိ အိမ်မက်လောကအတွင်း ရောက်ရှိသွားသည်ကို တွေ့ရှိလိုက်ရသည်။ သို့သော်လည်း သူတို့က ပလ္လင်အခန်းအတွင်း မဟုတ်ဘဲ ဥယျာဉ်အတွင်း ဖြစ်၏။
“မင်းကို ဘယ်လိုခေါ်ရမလဲ” ဝမ်ဝေ့ကမေးလိုက်သည်။
“ရှင့်ကိုရှင် အရင်မိတ်ဆက်သင့်တယ် မထင်ဘူးလား”
ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်သည်။
“ငါ့ကို ဝမ်ဝေ့လို့ ခေါ်လို့ရတယ်”
“နာမည်က ဟုန်မိန်လင်းပါ”
“ဟုန်လား”
“သူမက ကျွန်မတို့ကမ္ဘာဆီလာတုန်းက ဟုန်ဝူလို့ နာမည်ပြောင်းခဲ့တာ။ ကျွန်မက မိဘမဲ့ဆိုတော့ မျိုးရိုးနာမည် မရှိဘူးလေ။ အဲဒါကြောင့် သူမနာမည်အတိုင်း လိုက်ယူခဲ့တာ”
ဟုန်မိန်လင်းက ရှင်းပြလိုက်သည်။ ယခု သူမဆရာ၏ မျိုးရိုးက ဝူဖြစ်ကြောင်း သိလိုက်ရပြီဖြစ်ကာ သူမ၏ ဘဘောတူညီချက်ကို ရရှိပြီးသည်နှင့် ထိုအရာကို ပြောင်းလဲဖို့ ပြင်ဆင်နေသည်။
ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။
“မင်းရဲ့ တာအိုက သူမရဲ့ပုံတူပွားမှုလို့ ထင်နေတာ”
“အဲလိုလုပ်တယ်ဆိုရင် ကျွန်မက သူ့မရဲ့စမ်းသပ်ချက်ကို ဘယ်တော့မှ အောင်မြင်နိုင်မှာ မဟုတ်ဘူး” ဟုန်မိန်လင်းက ပြန်လည်ချေပလိုက်သည်။ စမ်းသပ်ချက်က သူမအား စည်းပိတ်ရေး တာအိုကို ပေါ်တည်၍ ကိုယ်ပိုင်တာအိုကို ဖန်တီးဖို့ ပြောထားလေသည်။ ထို့ကြောင့်သူမက ထိန်းချုပ်ရေးတာအိုကို နယ်ရှင်တာအိုဖြင့် အစားထိုးခဲ့ပြီး ဖျက်ဆီးခြင်းတာအိုကို ပေါင်းစည်းကာ သူမဆရာ၏ အသိအမှတ်ပြုမှုကို ရယူခဲ့သည်။
ဝမ်ဝေ့က မျက်မှောင်အသာကြုတ်လိုက်သည်။
“မင်းက ဘာလို့ ငါ့ကို ရန်လိုနေရတာတုန်း။ ဒီနေ့ ငါ ဆုံးဖြတ်လိုက်တဲ့ ဆုံးဖြတ်ချက်ကြောင့်တော့ မဖြစ်နိုင်ဘူး”
ဟုန်မိန်လင်း၏ ခန္ဓာကိုယ်က တောင့်တင်းသွားလေသည်။
ဟွားလုံ၏ အကြံပြုချက်အပြီးတွင် သူမက မျက်နှာမလိုက်ဘဲ စိတ်ကို ပွင့်လင်းစွာ ထားဖို့ ပြောခဲ့သည်။ သို့သော်သူမက ထိုသူကို မြင်တွေ့ပြီးသည့်နောက်တွင် မတတ်နိုင်ပေ။
“ဒီကိစ္စကို ရောက်လာပြီဆိုမှတော့ ကျွန်မ တဲ့တိုးပဲ ပြောပါ့မယ်။ ကျွန်မရဲ့ ဆရာအပြင် ရှင့်ဆီမှာ တခြားမိန်းမ ရှိသေးလား”
ဝမ်ဝေ့က ရှုံ့မဲ့သွားလေ၏။ သူ့စိတ်ထဲ ထိုမေးခွန်းတစ်ခုတည်းဖြင့် အရာများစွာ ပေါ်ထွက်လာသည်။
“အဲဒါက မင်းကိစ္စ မဟုတ်ဘူး။ ဒါပေမဲ့ ငါ့မှာ မရှိဘူး။ သူအက ငါ့အတွက် တစ်ဦးတည်းသော အမျိုးသမီးပဲ။ ငါအဲဒါကိုလည်း အကြိမ်များစွာပြောပြီးသွားပြီ”
“အဲဆို ရှင်နဲ့ အချိန်လေဟာနယ်ဧကရီရဲ့ ကောလဟာလတွေကရော”
“သူတို့က ကောလဟာလပဲ”
“ကောလဟာလတွေဆိုတာက ဘာမှမဟုတ်ဘဲ ထွက်လာတာ မဟုတ်ဘူးလေ” ဟုန်မိန်လင်းက ပြန်လည်ပြောလိုက်သည်။
“အရှင့်မှာ ရှိထားတဲ့ စွမ်းအားနဲ့ လူတွေကို ရှင့်ဘက်ပါအောင် ဆွဲခေါ်လို့ရတာပဲ။ ရှင်က အမျိုးသမီးတစ်ယောက်တည်းအပေါ် သစ္စာရှိပါ့မလားဆိုတာ သံသယ ဖြစ်မိတယ်”
“ငါ ပြောတဲ့အတိုင်း သူတို့က ကောလဟာလပဲ”
“အဲဆိုရင် ဘာလို့ သူတို့ကို မရှင်းလင်းရတာလဲ။ အများကြေညာချက် ဒါမှမဟုတ်ဘူးဆိုလည်း ခုံရုံးအတွင်း မှတ်ချက်တချို့ ပေးသင့်တာပေါ့” ဟုန်မိန်းလင်းက ပြောလိုက်သည်။ သူမက သူမဆရာသည် ထိုလူလိမ်ကြောင့် လှည့်စားခံရခြင်းမှ ကာကွယ်ပေးနေသည်ဟု အတွေးဖြင့် စိတ်အားထက်သန်နေခြင်း ဖြစ်၏။
“အဲဒါက လွတ်လပ်မှု ပုံရိပ်ယောင်ပဲ” ဝမ်ဝေ့က ပြန်ပြောလိုက်သည်။
“သူတို့တွေက သူတို့အုပ်ချုပ်သူတွေရဲ့ ချစ်ခြင်းမေတ္တာကိစ္စတွေမှာ ပွင့်လင်းမြင်သာ ဆွေးနွေးနိုင်တယ်ဆိုတဲ့အခါ သူတို့က သူတို့ထင်ထားတာထက် ပိုမိုစွမ်းအားကြီးတယ်လို့ ထင်နေကြမှာပဲ။ အဲဒါကြောင့် သူတို့ကို ခွင့်ပြုပေးထားတာ”
“အဲလို ဈေးပေါပေါ အကြောင်းပြချက်မျိုးတော့ မယုံနိုင်ဘူး”
ဝမ်ဝေ့က ထိုအမျိုးသမီးသည် အကြောင်းပြချက် ပျောက်ဆုံးနေကြောင်း သဘောပေါက်သွားခဲ့သည်။ သူမအနေဖြင့် သူ့ဇနီးအပေါ် ကိုးကွယ်ယုံကြည်မှုက သူမ၏ ဉာဏ်ရည်ကို တစ်ဝက်မျှ လျော့ကျသွားစေသည်။
“မင်းက ဒီအစည်းအဝေးကို တက်လာတာက ငါ့ထက် မင်းရဲ့အကြောင်းကို ပြောဖို့ပဲ” ဟုန်မိန်လင်း၏ ခန္ဓာကိုယ်က တောင်တင့်သွားလေသည်။ ယခုအခါ သူမက စိတ်လှုပ်ရှားမှုများနှင့် ပျော်ရွှင်မှုအားလုံးက ပူဖောင်းသဖွယ် ပျောက်ကွယ်သွားလေသည်။ ထို့နောက်သူမ၏ ခန္ဓာကိုယ်က တုန်တုန်ယင်ယင် ဖြစ်လာသည်။
“မင်းနဲ့ သူမနဲ့ ဆက်နွယ်မှုကြောင့်သာ မဟုတ်ရင် မင်းကို သမိုင်းကြောင်းကနေ ဖျောက်ဖျက်ပြီးလောက်ပြီ” ဝမ်ဝေ့က တည်ငြိမ်စွာ ပြောလိုက်သည်။
“ကျွန်မ…”
“ဒီအစည်းအဝေးကို တရားဝင် အဆုံးသတ်ပြီ။ မင်း လာရာကို ပြန်တော့။ အညံ့ခံမလား သေမလားဆိုတာ ဆုံးဖြတ်ချက်ချလိုက်” ဝမ်ဝေ့က လက်ဝှေ့လိုက်ပြီး ပလ္လင်ခန်းအတွင်း မျက်လုံးပြ န်ဖွင့်လိုက်သည်။ သူက မိနစ်ပိုင်းကြာ အတွေးနက်နေပြီး ရေရွတ်လိုက်သည်။
“အရိပ်”
သူ့ရှေ့တွင် အရိပ်မှ ခေါင်းဆောင်းပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။
“သခင်”
“မင်းတို့တွေ ငါနဲ့ ရှုရှစ်အကြောင်း ကောလဟာလတွေကို ချေမှုန်းဖို့ လိုတယ်။ ငါက ငါ့ဇနီးကို ဘယ်လောက်ချစ်ပြီးတော့ ဘယ်လောက် သစ္စာရှိတယ်ဆိုတဲ့ အကြောင်းကို ဖြန့်ဝေရမယ်။ အခုကစပြီး လူတွေက ကောလဟာလပြောတဲ့သူတွေကို အရူးလို့ မြင်စေချင်တယ်”
“ဟုတ်ကဲ့ပါ”
အရိပ်က ခေါင်းဆောင်းပုံရိပ်ကို ဝါးမျိုသွားခဲ့သည်။
ကြောက်စရာကောင်းသည့် ကံကြမ္မာအရိပ်တပ်ဖွဲ့ဝင်များက စတင်လှုပ်ရှားကြပြီ ဖြစ်၏။ အရှင်မင်းကြီးနှင့် ပျောက်ဆုံးသွားသော မိဖုရားခေါင်ကြီးတို့ကြားမှ ကောလဟာလများ၊ ဇာတ်ကြောင်းများ၊ ကဗျာနှင့် တေးဂီတအကြောင်းက အသင်္ချေအင်ပါယာကမ္ဘာ အနှံ့ ပျံ့နှံ့သွားခဲ့သည်။
“ဒါက စကား၊ဒဏ္ဍာရီနဲ့ ဇာတ်ကြောင်းတွေရဲ့ စွမ်းအားပဲ” ဝမ်ဝေ့က ဖြစ်စဉ်ကို ကြည့်ရင်း ရေရွတ်လိုက်သည်။
“အဲလိုက ပိုကောင်းတယ်”
…………………
ကောင်းကင်တောင်ကမ္ဘာ
“အရှင် ဘယ်လိုအခြေအနေ ရှိလဲ” ပညာသင်သားက မေးလိုက်သည်။
ဟုန်မိန်လင်းက သက်ပြင်းချလိုက်၏။
“လုံအာ ငါ စိတ်မကောင်းပါဘူး”
“ကျွန်မစကားကို နားမထောင်ခဲ့ဘူးမလား” ဟွားလုံက မေးလိုက်သည်။
“ကံဆိုးတာပဲ…”
“အနည်းဆုံးတော့ သူ့ကို ရန်မစခဲ့ဘူးမလား”
“တကယ်လို့ အလိမ်အညာ ကြားချင်တယ်ဆိုရင် ပြောပြနိုင်ပါတယ်”
ဟွားလုံက ညည်းတွားပြီးသည့်နောက်တွင် ပညာသင်သားက အနည်းငယ် ကပျာကယာ ဖြစ်သွားလေသည်။
“သူက ကျုပ်တို့ကို တိုက်လိုက်မှာတော့ မဟုတ်ဘူးမလား”
“အခြေအနေက အဲဒီအနေအထားထိတော့ မရောက်သေးဘူး” ဟုန်မိန်လင်းက သက်ပြင်းချကာ ပြောလိုက်သည်။
“ဒါပေမဲ့ ငါတို့တွေ အခြေအနေကို ဖြေရှင်းရမယ်”
“ဘယ်လိုလုပ်ဖို့ စိတ်ကူးထားလဲ”
“အဲဒီအဆောင်ကို ထပ်ပြီး သုံးလို့ရသေးလား” ဟွားလုံက အဆောင်ကို ဒုတိယအကြိမ် အသက်သွင်းသော်လည်း အသုံးမဝင်ပေ။
“အဲဆိုရင် ငါတို့တွေ တောင်းပန်ဖို့ နောက်ထပ် သံတမန်စေလွှတ်ရမယ်။ ငါ့ရဲ့ပိုင်ဆိုင်မှုထဲက အရှားပါးဆုံးနဲ့ တန်ဖိုးအကြီးဆုံး ပစ္စည်း ၃ခုကို ယူပြီး တောင်းပန်တဲ့အနေနဲ့ ပေးလိုက်”
ဟုန်မိန်လင်းက ထိုအမျိုးသားသည် သူမ၏ ချမ်းသာကြွယ်ဝမှုကို ဂရုမစိုက်ကြောင်း သိထားသော်လည်း တကယ့်အရေးပါသည်က သူမ၏ စိတ်သဘောထားသာ ဖြစ်၏။
“အဲဒီနောက်ရော … ” ဟွားလုံက မေးလိုက်သည်။
“ငါအဖွဲ့အစည်းနဲ့ တွေ့ဆုံလိုက်မယ်”
“ဆုံးဖြတ်ချက် ချပြီးသွားပြီလား”
ဟုန်မိန်လင်းက ခေါင်းညိတ်လိုက်သည်။
“ဒီတွေ့ဆုံမှုကနေ အတည်ပြုလိုက်နိုင်တာက အဲဒီအမျိုးသားက ရွှေရောင်နတ်ဘုရားထက် ပိုပြီး အားကောင်းတယ်ဆိုတာပဲ”
သူမက ရွှေရောင်နတ်ဘုရားနှင့် တိုက်ခိုက်ဖူးသည့်အတွက် သူ့စွမ်းအားနှင့် အငွေ့အသက်ကို သိနေသည်။ ထို့ကြောင့် ထိုသူသည် ထိုမကောင်းဆိုးဝါးနှင့် ယှဉ်လိုက်ပါက မှေးမိန်နေသေးကြောင်း ပြောနိုင်လေ၏။