ပျောက်ဆုံးနေသည့် ဆက်နွယ်မှု
Vol. 83 Ch. 1150
ဝမ်ဝေ့က အတွေးနက်နေပြီး သူ့စိတ်ထဲ ဖျက်ခနဲ ပေါ်လာသည့် အစီအစဉ်ကို စဉ်းစားနေသည်။ သူက ထိုအစီအစဉ်သည် ပြဿနာမရှိဘဲ အလုပ်လုပ်ဖို့ရာအတွက် သေချာ သုံးသပ်ထား၏။
သူက အလောင်းရောင်းဝယ်ရေးဂိုဏ်း၏ ကံကောင်းမှုပါဝင်သည့် သလင်းကျောက်ကို သူ့လည်ပင်းမှ ဖယ်ရှားလိုက်သည်။ သူက ထိုအရာကို ဝတ်ဆင်ထားသည်မှာ ကွမ်တန်စိတ်ဆန္ဒက ထိုအရာပေါ် ချန်ထားခဲ့သည့် နည်းလမ်းများကို ဖယ်ရှားဖို့ရာအတွက် ဖြစ်သည်။ သူက တစ်စုံတစ်ခု မှားယွင်းသွားနိုင်သည့် အခြေအနေမျိုးအတွက် အသုံးမပြုခဲ့ခြင်းဖြစ်ကာ ယခင်အခြေအနေအရ အဆင်ပြေနေဟန်ပေါ်သည်။
ဝမ်ဝေ့က သလင်းကျောက်မှ ကံကောင်းမှုအမြောက်အမြားကို ဖယ်ရှားပြီး သူ့အဖေနှင့် အမေ၏ ကောင်းကင်ကံကောင်းမှုကို ကောင်းချီးပေးလိုက်သည်။ သူတို့ကို သီးသန့် ကြမ္မာ ပေးအပ်လိုက်ခြင်း မဟုတ်ဘဲ ယေဘုယျ ကြမ္မာကို ကောင်းချီးပေးလိုက်ခြင်း ဖြစ်၏။
အဖေကတော့ မှန်တယ်။ သူ့ရဲ့ ပါရမီက ကောင်းပေမဲ့ ကံကောင်းမှုကဏ္ဍမှာ လိုအပ်နေတယ်...
သူက သူ့ဖခင်ဖြစ်သူ၏ မူလကောင်းကင် ကံကောင်းမှုသည် သူ့အမေထက် ဆိုးဝါးကြောင်း သိလိုက်ရသည်။
တာအိုအခွင့်အလမ်းဂိုဏ်းမှ ပေးအပ်ထားသည့် မြေကမ္ဘာကံကောင်းမှုဖြင့် ဝမ်ထျန်း၏ အမြင့်ဆုံးအောင်မြင်မှုက သူတော်စင်အဆင့်သာ ဖြစ်၏။ သူ့ကောင်းကင်ကံကောင်းမှုက မည်မျှပင် ကြီးမားကြောင်း မြင်နိုင်သည်။ သို့သော်လည်း ယခုအခါ သူက အကြွင်းမဲ့ဓားရေးလမ်းစဉ်အပါအဝင် ကြမ္မာအမြောက်အမြားကို ပိုင်ဆိုင်ထားခဲ့သည်။ ဝမ်ဝေ့က သူ့အား ကံကောင်းမှုကင်းမဲ့သူ အဖြစ်မှ ကံကြမ္မာကို လွတ်မြောက်စေခဲ့သည်။
ဝမ်ဝေ့က သူ့အဖေကို ကြည့်လိုက်သည်။ သူ့အဖေကလည်း တစ်စုံတစ်ခုပြောင်းလဲသွားသည်ကို ခံစားမိဟန်ပေါ်သည်။ သူက လွတ်လပ်မှုကို ခံစားမိသည့်အခါ ရေရွတ်လိုက်သည်။
"သား ကျေးဇူးပဲ"
"ကိစ္စမရှိပါဘူး"
ဝမ်ဝေ့က ပြုံးလိုက်သည်မှာ ယခုအခါ သူ့ဖခင်က သူ မရှိလျှင် သို့မဟုတ် သူ့ထံ တစ်စုံတစ်ခု ဖြစ်သွားလျှင်ပင် ထူးချွန်ပြောင်မြောက်သည့် ကျင့်ကြံရေး အနာဂတ် ရှိနေပြီဖြစ်ကြောင်း အာမခံချက် ရှိသွားလေပြီ။ တခြားနည်းဖြင့် ပြောရလျှင် ဝမ်ထျန်းက ကြမ္မာအပေါ် မှီခိုစရာ မလိုအပ်တော့ပေ။
"အခု နောက်အဆင့်အတွက် အချိန်ပဲ" ဝမ်ဝေ့က ရေရွတ်လိုက်သည်။ သူက အချိန်မြစ်ကြောင်းအတွင်း ဝင်ရောက်လိုက်သည်။ ဤသည်က အသင်္ချေအင်ပါယာကမ္ဘာတွင် စီးဆင်းနေသည့် အချိန်မြစ်ကြောင်း မဟုတ်ဘဲ ဒိုင်မေးရှင်းအနိမ့်တစ်ခုလုံးတွင် စီးဆင်းနေသည့် အချိန်မြစ်ကြောင်း ဖြစ်၏။
သူက အဆုံးမဲ့လေဟာနယ်၏ အတိတ်ကို အနည်းငယ် ပြောင်းလဲပစ်ခဲ့သည်။ သူ့အတွက် ကြီးကြီးမားမား မဟုတ်သည့်အတွက် တန်ပြန်သက်ရောက်မှု မရှိပေ။ ဝမ်ဝေ့က သူ့လက်ရှိအင်အားဖြင့် တန်ပြန်သက်ရောက်မှု အမြောက်အမြားကိုပင် တောင့်ခံနိုင်ကြောင်း ယုံကြည့်ထားသည်။ သို့သော် သူ့အစီအစဉ်အတွက် ထိုအရာ မလိုအပ်ပေ။
သူ ပြုလုပ်လိုက်သည့် အပြောင်းအလဲက တကယ့်ကိစ္စကြီးနှင့် ယှဉ်လိုက်လျှင် အသေးအဖွဲမျှသာ ဖြစ်၏။ သူက ကြိုးပမ်းမှု၊ လက်မလျှော့လိုမှု၊ စိတ်ဆန္ဒခိုင်မာမှုနှင့် ကန့်သတ်ချက်တို့ကို ချိုးဖောက်နိုင်စွမ်းကြောင့် နာမည်ကျော်ကြားသည့် လူတစ်ယောက်အကြောင်း ဒဏ္ဍာရီတစ်ခုကို ဖန်တီးခဲ့သည်။ ထို့နောက် ထိုသူက နတ်ဘုရားဖြစ်လာကာ ထိုဂုဏ်သတ္တိအားလုံးကို သူနှင့်အတူ ပိုင်ဆိုင်ထားခဲ့သည်။ တကယ်တော့ ထိုအမျိုးသားက ကန့်သတ်ချက် ချိုးဖောက်ရေး၊ ကြိုးပမ်းရေး နတ်ဘုရား ဖြစ်လာခဲ့သည်။ ထိုအကြောင်းက အဆုံးမဲ့လေဟာနယ်ထဲ၌ ပျံ့နှံ့သွားသည်။ ဇာတ်ကြောင်းက အချိန်နဲ့အမျှ ပြောင်းလဲသွားပြီး ကွဲပြားသည့် ယဉ်ကျေးမှု သို့မဟုတ် အချိန်အလိုက် ပါဝင်အကြောင်းအရာများက ကွဲပြားသွားသည်။
သို့သော်လည်း မည်သို့ပင်ဆိုစေကာမူ ဇာတ်ကြောင်း၏ အဓိကသဘောတရားက ကြိုးပမ်းမှုနှင့် ကန့်သတ်ချက် ချိုးဖောက်သွားသည့် ဖြစ်စဉ်အကြောင်းက မပြောင်းလဲပေ။
"ကောင်းပြီ" ဝမ်ဝေ့က ရေရွတ်လိုက်သည်။ ထိုဇာတ်ကြောင်းက သေမျိုးယဉ်ကျေးမှုကဏ္ဍ၌ အခြေခံဖြစ်လာကြောင်း သဘောပေါက်သွားသည်။
အခု ငါ လုပ်ဖို့လိုတာက ဒီအမျိုးသားကို နတ်ဘုရားအဖြစ် တရားဝင်သတ်မှတ်ပြီးတော့ ယုံကြည်မှုစွမ်းအားကို အသုံးပြုပြီး နတ်စိတ်ဝိညာဉ်သဏ္ဍာန်ကို ဖွဲ့စည်းဖို့ပဲ။
ကန့်သတ်ချက်ချိုးဖောက်ရေး နတ်ဘုရားတစ်ပါးအဖြစ် ထိုသူက ကန့်သတ်ချက် ချိုးဖောက်သည့် စွမ်းရည် ရှိသင့်သည်။ သူ့အဖေက ထိုအရာကို စုပ်ယူပြီး သူ့ဧကရာဇ်ဝိညာဉ်နှင့် ကောင်းကင်ဘုံအဆင့် စိတ်စွမ်းအားတို့နှင့် ပေါင်းစည်းလိုက်လျှင် ကန့်သတ်ချက်ကို ချိုးဖောက်ပြီး သေမျိုးဧကရာဇ် ဖြစ်လာနိုင်သည်။
ဝမ်ဝေ့က ဒိုင်မေးရှင်းအနိမ့်တစ်ခုလုံးမှ ယုံကြည်မှုစွမ်းအားများဖြင့် ဖွဲ့စည်းထားပြီဖြစ်ကာ ထိုနတ်ဘုရားသည် မည်မျှအားကောင်းကြောင်း တွေးကြည့်၍ ရ၏။ ထိုအရာက ဒိုင်မေးရှင်းအနိမ့်တစ်လျှောက် ဇာတ်ကြောင်းနှင့် ဒဏ္ဍာရီများထဲ ကိန်းအောင်းနေသည့် စွမ်းအားအကြောင်း ထည့်မပြောရသေးပေ။ ထို့ကြောင့် ထိုသူ၏ စွမ်းရည်သည် ကန့်သတ်ချက်ချိုးဖောက်ရာ၌ အကူအညီဖြစ်စေဖို့ စိတ်ပူစရာ မလိုအပ်ပေ။
ပြဿနာက အဖေ့ရဲ့ ဧကရာဇ်ဝိညာဉ်ပဲ။ ထာဝရကောင်းကင်ဘုံအဆင့် ဖြစ်လာပြီးတဲ့နောက်မှာ သူ့ကို ကူညီသန့်စင်ဖို့အတွက်က သိပ်လွယ်ကူမှာ မဟုတ်ဘူး။
သူ့ဆီမှာ အစီအစဉ်များစွာရှိထားပြီး ဝိညာဉ်နည်းလမ်းဖြင့် သူ့ဖခင်၏ ဝိညာဉ်ကို လေ့ကျင့်ပေးဖို့ ဖြစ်သည်။
ငါကဘာလို့ အဲ့လောက် ခက်ခက်ခဲခဲစဉ်းစားနေတာတုံး။ ငါက ကောင်းကင်ဘုံအဆင့်ဖြစ်လာတာနဲ့ ငါ့ရဲ့ချီစွမ်းရည်နဲ့ အဆင့်၁၁ ချီကို ရှာနိုင်ပြီလေ။ အဲ့လိုဆိုရင် အဖေ့ဝိညာဉ်အတွက်လည်း တစ်ခုရှာပေးရုံပဲ...
သူက ရုတ်ချည်းဆိုသလို စိတ်အေးသွားမိသည်။ ယခု သူ စိုးရိမ်စရာက အစစ်အမှန်ကောင်းကင်တာအိုနှင့် ဆက်ဆံရေးအကြောင်းသာ ဖြစ်၏။ သူက ဒိုင်မေးရှင့်အနိမ့်တွင် ကောင်းကင်ဘုံအဆင့်ဖြစ်လာပြီးသည့်နောက် ထိုသူက မည်မျှလွှတ်ပေးထားဦးမလဲ မသိပေ။
"ဟမ် ဒါကဘာလဲ" ဝမ်ဝေ့က ရုတ်တရက် အချိန်မြစ်ကြောင်းကို သတိထားမိကာ ရုတ်တရက် ရပ်တန့်လိုက်သည်။ သူက အသင်္ချေအင်ပါယာကမ္ဘာမှ ဖြာထွက်နေသည့် အချိန်မြစ်လက်တက်များကို ကြည့်လိုက်သည်။ တစ်စုံတစ်ခုက မှားယွင်းနေကြောင်း ခံစားမိလိုက်၏။ သူက သေသေချာချာ လေ့လာကြည့်သော်လည်း ဘာမှမတွေ့ရပေ။
ထို့နောက် သူက သူ့မွေးရပ်မြေ၏ သမိုင်းကြောင်းသည် ဆက်တိုက်ရှိနေဟန်ထင်ရသည့် ထိုကြိုးမျှင်ပေါ်၌ သေးငယ်သည့် ဖျက်ရာတစ်ခုကို သတိထားမိလိုက်သည်။
"ဒီအချိန်စက်ဝန်းမှာ ဒီဖျက်ရာက မိစ္ဆာခေတ်ကာလပြီးတဲ့နောက်ပဲ ဖြစ်လောက်တယ်။ တစ်ခုခု ဖြစ်ခဲ့တာလား"
ဝမ်ဝေ့က ချဉ်းကပ်ကာ ထိုအရာကို လေ့လာကြည့်လိုက်သည်။
"မိစ္ဆာခေတ်ကာလပြီးတဲ့နောက်မှာ နောက်ထပ် ခေတ်ကာလတစ်ခု ရှိခဲ့တာပဲ။ အဲ့ဒါက သမိုင်းကြောင်းကနေ ဖျောက်ဖျက်ခံလိုက်ရတယ်။ ကိစ္စတွေ အများကြီးက အခုတော့ အဓိပ္ပာယ်ရှိလာပြီ"
ဧကရာဇ်ခုံက မိစ္ဆာခေတ်ကာလအပြီးတွင် တက်လှမ်းသွားခဲ့သော်လည်း ဝူဟုန်ကမူ စွမ်းအား၊ အောင်မြင်မှုများအရ များစွာ သာလွန်နေသည်။ ထိုအရာက အဓိပ္ပာယ် မရှိပေ။ ဝမ်ဝေ့က ထိုခေတ်ကာလနှစ်ခုကြောင့် ကမ္ဘာသည် အားအနည်းဆုံးအနေအထားတွင် ရှိနေပြီး ဒိုင်မေးရှင်းအမြင့်တွင် သူမ တက်လှမ်းပြီးသည့်နောက် အချိန်စီးဆင်းမှု မြန်ဆန်သွားခြင်း ဖြစ်ရမည်ဟု တွေးခဲ့မိသည်။ သို့သော် ပြဿနာတစ်ခုလုံး ကွဲပြားနေဟန်ပေါ်သည်။
သူ့ဟုန်အာက ဖွံ့ဖြိုးပြီး အောင်မြင်မှုတွေရဖို့ အချိန်အကြာကြီး ရှိခဲ့တာပဲ...
ဆိုလိုသည်မှာ ဒုတိယမူလစစ်ပွဲက ထိုခေတ်ကာလအတွင်း ဖြစ်ပျက်ခဲ့ခြင်းသာ ဖြစ်ရမယ်။ ဆိုလိုသည်မှာ တခြားနှင့် ယှဉ်လိုက်လျှင် ရှည်ကြာလွန်းခြင်း သို့မဟုတ် ဒိုင်မေးရှင်းအမြင့်၏ အချိန်စီးဆင်းမှုက အလွန်မြန်ဆန်နေခြင်းသာ ဖြစ်ရမည်။
ဝမ်ဝေ့က သုံးသပ်လိုက်သည်။ သို့သော်လည်း သိပ်မကြာခင် သူက အရေးပါသည့် သတင်းအချက်အလက်တချို့ကို တွေးမိသွားသည်။
ခေတ်ကာလတစ်ခုလုံးကို ပျက်စီးသွားစေတာ ဘာကိစ္စများလဲ။ အချိန်စားသုံးသူရဲ့ လက်ချက်ကြောင့်လား။ သူက ကပ်ပါးတွေ ဒိုင်မေးရှင်းအမြင့်ရဲ့ သမိုင်းကြောင်းကို ရှင်းထုတ်ခဲ့စဉ်အခါက ခေတ်ကာလတစ်ခုကို စားသုံးခဲ့တာလား။ အဲ့လိုလည်း မဖြစ်နိုင်ဘူး...
ဝမ်ဝေ့က ဘေးပတ်လည်ကို ကြည့်ကာ ဘာဖြစ်ခဲ့လဲဟု စဉ်းစားနေသည်။ သိပ်မကြာခင် သူက ထိုအချိန်စက်ဝန်းတွင် ကိစ္စများက ချောမွေ့စွာ စီးဆင်းမနေသည့် မူမမှန်မှုတစ်ခုကို သတိထားမိသွားသည်။
"ငါ့ဘိုးဘေးတိုက်ပွဲရူး တာအိုကို သက်သေပြခဲ့တဲ့ အချိန်ပဲ။"
သူက ရုတ်တရက် တွေးမိသွားသည်။
"တိုက်ပွဲရူးက တာအိုကို သက်သေ မပြနိုင်ခဲ့တာက အစစ်အမှန်ကောင်းကင်တာအိုရဲ့ မျှခြေညီစက်ယန္တရားကြောင့် မဟုတ်ဘဲ အချိန်နဲ့ သက်ဆိုင်တဲ့ ဖြစ်ရပ်ကြောင့်များလား"
ဝမ်ဝေ့က သေချာကြည့်လိုက်သော်လည်း သူ့ဂမ္ဘီရကလည်း ကျရှုံးသွားခဲ့သည်။ ထို့ကြောင့် သူက အတွေးနက်သွားမိခဲ့၏။
တိုက်ပွဲရူးဧကရာဇ်က ထာဝရဧကရာဇ် ဖြစ်လာတာ ဆိုပေမဲ့ အချိန်မြစ်ကြောင်းကို တစ်စုံတစ်ခုက အတင်းအကြပ် ပြောင်းလဲလိုက်ပြီးတော့ အတုအယောင် ထာဝရဧကရာဇ် ဖြစ်သွားစေတာပဲ...
ဤသည်က အဓိပ္ပာယ်ရှိပေသည်။ ချီယွမ်အနေဖြင့် ထိုသူအား နဝမအဆုံးစွန်အုတ်မြစ်ကို တည်ဆောက်ပေးရာ၌ ကူညီဖို့ရာ မဖြစ်နိုင်ခြင်း မဟုတ်ပေ။ သူက ခန္ဓာကိုယ်လေ့ကျင့်ရာလည်း ပြဿနာမရှိပေ။
အဲ့ဒါဆိုတော့ ဒီလိုမျိုးအုတ်မြစ်ရှိတဲ့သူက အတုအယောင် ထာဝရဧကရာဇ်ပဲ ဖြစ်လာတာ အဓိပ္ပာယ်ရှိလို့လား။ ဒါက မဖြစ်နိုင်တာတော့ မဟုတ်ပေမဲ့ မူမမှန်မှုတစ်ခုလို့ မှတ်ယူလို့ ရတုန်းပဲ...
ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်သည်။
ငါ မှန်တယ်ပဲထား။ အသင်္ချေအင်ပါယာကမ္ဘာရဲ့ အချိန်စက်ဝန်းကို ဘယ်အရာက ပြောင်းလဲစေခဲ့တာလဲ...
သူက ထိုမေးခွန်းမေးလိုက်သည့်အခါ ဝမ်ဝေ့က အဖြေကို သိလိုက်သည်။
"မူလစစ်ပွဲ"
သူက လျှာဖျား၌ အမှန်တရားကို ခံစားမိလိုက်သည်။
ဘိုးဘေးတွေက သူက အရိပ်အုပ်ချုပ်သူနဲ့ သက်တန့်ဧကရာဇ်တို့ကို အနာဂတ်ကနေ အတိတ်ကို ဆင့်ခေါ်ပြီးတော့ ဒုတိယ မူလစစ်ပွဲထဲ ပါဝင်ဆင်နွှဲခိုင်းတယ်လို့ ပြောခဲ့တယ်။ ဝူဟုန်ကလည်း တိုက်ပွဲရူးဧကရာဇ်က ပထမမူလစစ်ပွဲမှာ တိုက်တယ်လို့ ပြောခဲ့ဖူးတယ်။ တခြားနည်းနဲ့ ပြောရမယ်ဆိုရင် တိုက်ပွဲရူးက အတိတ်ကို ဆင့်ခေါ်ခံရတဲ့သူ ပထမဆုံးပဲ....
သူက ခေါင်းကို ရိုက်လိုက်ပြီး ထိုသို့သိသာလှသည့် အပြောင်းအလဲကို အဘယ်ကြောင့် သတိမထားမိတာလဲဟု စဉ်းစားနေမိသည်။
ဘိုးဘေးက ဘယ်လိုနည်းလမ်းနဲ့ပဲ သုံးသုံး စွန့်စားမှုတချို့တော့ ရှိလိမ့်မယ်။ ဒါမှမဟုတ်ဘူးဆိုရင် ကမ္ဘာရဲ့ အချိန်စက်ဝန်းကို အခြေခံသက်ရောက်မှု ရှိစေတဲ့ စစ်ပွဲအတွင်းမှာ တစ်ခုခု ဖြစ်ပျက်ခဲ့တာပဲ ဖြစ်ရမယ်...
တိုက်ပွဲရူးက ထိုအရာကြောင့် ထာဝရလမ်းစဉ်ကို မရှာဖွေနိုင်ခဲ့ခြင်း ဖြစ်နေနိုင်သည်။
ချီယွမ်က သူ့ညီအစ်ကိုအား ထာဝရလမ်းစဉ် လျှောက်လှမ်းနိုင်စေရန် ပြန်လည်ဝင်စားပြီး ကျင့်ကြံဖို့ အကြံမပြုဘဲ နေလိမ့်မည်ဟု မယုံပေ။ တိုက်ပွဲရူးက သူ့စွမ်းအားကို ပိုမိုကောင်းမွန်သည့် အနာဂတ်အတွက် စွန့်မပစ်နိုင်သည့် လူသားမျိုးမဟုတ်ပေ။
ဝမ်ဝေ့က သူသည် ဤသို့ မလုပ်ခဲ့သည်မှာ သူ့ယခင်ကျရှုံးမှု ရှိနေသော်လည်း တခြားသူများလောက် ကောင်းမွန်သေးကြောင်း၊ သာလွန်နေသေးကြောင်း သက်သေပြလို၍ ဖြစ်လိမ့်မည်ဟု သုံးသပ်မိသည်။ သို့သော် ယခုအခါ ကိစ္စများက ပိုမို ရှုပ်ထွေးလာ၏။
ဘိုးဘေးက အတိတ်ကို သွားတဲ့ နည်းလမ်းက ငါ ရှာနေတဲ့အဖြေ ဖြစ်နိုင်တယ်။ ဒါပေမဲ့ တန်ပြန်သက်ရောက်မှုက ပြင်းထန်လွန်းတယ်ဆိုတော့ ထိုက်တန်ပါ့မလား...
ဝမ်ဝေ့က အချိန်မြစ်ကြောင်းမှ ထွက်လာလိုက်ပြီး သူ ရရှိထားသည့် သတင်းအချက်အလက်များကို သုံးသပ်နေသည်။