← Chapters

စည်းတံဆိပ် ၃၈၀၀

Vol. 83 Ch. 1151

စည်းတံဆိပ် ၃၈၀၀

Vol. 83 Ch. 1151

သူက ထွက်သွားတော့မည်ဆဲဆဲတွင် သူ့ခန္ဓာကိုယ်ပေါ် ကျရောက်လာသည့် အရှိန်အဝါတစ်ခုကို အာရုံခံစားမိလိုက်သည်။ သူက သတိကြီးကြီးဖြင့် ဘေးပတ်လည်ကို ကြည့်လိုက်၏။ အဝေးတစ်နေရာတွင် သူ့ကိုစိုက်ကြည့်နေသည့် ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။ ထိုအရာက အဖြူရောင်ဝတ်ရုံ ဝတ်ဆင်ထားသော်လည်း တကယ့်အဝတ်အစား မဟုတ်ဘဲ သူ့ခန္ဓာကိုယ် အစိတ်အပိုင်း ဖြစ်နေသည်။ ထိုအရာ၏ မျက်နှာအထက် နှာတံအရှည်ကြီးရှိသည့် ရုပ်ဆိုးဆိုး အနီရောင်မျက်နှာဖုံးကို ဝတ်ဆင်ထားသည်။

ဝမ်ဝေ့က ထိုသက်ရှိဆီမှ အကြည့်နှင့် ကြောက်မက်ဖွယ်အရှိန်အဝါကြောင့် ရုတ်တရက်တုန်လှုပ်သွားမိသည်။ သူက သတိကြီးကြီးထားထားပြီး အမည်မသိရန်သူဖြင့် ရင်ဆိုင်လာရသည့်အခါ ထုတ်သုံးဖို့ အရေးပေါ်နည်းလမ်းများကို အဆင်သင့်ပြင်ထားလိုက်သည်။ သို့သော်လည်း ထိုသက်ရှိက သူ့ကို ကြည့်ရုံသာကြည့်ပြီး ပျောက်ကွယ်သွားသည်။

ဒါက သတိပေးမှုလား…

ဝမ်ဝေ့က တွေးလိုကိမိသည်။

ဒီသက်ရှိက ချန်းထုံပြောတဲ့ အချိန်တစ္ဆေပဲ နေမယ်။ အဲဆိုတော့ ကာလံဒေသံကို ဝင်ရောက်စွက်ဖက်လို့ ငါ့ကိုသတိပေးတာလား…

“ကောင်းပြီလေ” ဝမ်ဝေ့က ရေရွတ်ပြီးသည့်နောက်တွင် ထွက်လာလိုက်သည်။

သူက တူညီသည့် နည်းဗျူဟာကို တခြားအရာများတွင် မသုံးနိုင်သည်မှာ နှမြောဖို့ကောင်းလှသည်။ သို့သော်သူက ဤအရာကို ထင်မှတ်ထားပြီးသား ဖြစ်၏။ မည်သို့ပင်ဆိုစေကာမူ တစ်ကြိမ်တစ်ခါ အောင်မြင်သည်ကို ကျေနပ်နေလေပြီ။ သူက ရောက်ရှိလာမည့် စစ်ပွဲနှင့် ဝမ်ချီ ပြန်ရောက်လာမှုကို စောင့်ဆိုင်းနေရင်း ကိစ္စများက ပိုမို တိတ်ဆိတ်လာခဲ့သည်။

…

အဆုံးမဲ့ တက်လှမ်းရေးကမ္ဘာ

“စိတ်မကောင်းပါဘူး။ တစ်ယောက်က ယင်ယန်အချစ်ပန်းကို ဝယ်သွားခဲ့ပြီ။ ‌နောက်ထပ် ထပ်ပြီး မကျန်တော့ဘူး”

“အဲလိုလား။ အဲဆိုရင် ဘယ်မှာများ ဝယ်လို့ရမလဲ” ဝမ်ချီက မေးလိုက်သည်။

“ခဏနေဦး။ လှမ်းပြီး မေးကြည့်လိုက်မယ်”

ဝမ်ချီက ခေါင်းညိတ်လိုက်၏။

လောင်မာက သူတို့၏ အပေးအယူကိစ္စများကို ဆောင်ရွက်ပေးသူဖြစ်သော်လည်း တစ်စုံတစ်ခု ဖြစ်ပျက်ခဲ့သောကြောင့် သူက အလုပ်ရှုပ်နေသေးသည်။ ယခု သူက အသစ်တစ်ယောက်နှင့် ဖြေရှင်းနေရသည်။ ထိုသူက သူ့အလုပ်ကို သေသေချာချာ လုပ်သည့်သူတစ်ယောက်ဖြစ်ပြီး အသေးစိတ် တင်ပြလေ့ရှိကာ စည်းမျဉ်းဥပဒေအတိုင်း လုပ်တတ်သူ ဖြစ်သည်။

၁၀မိနစ် ကြာမြင့်ပြီးသည့်နောက်တွင်  ရိုးရိုးရှင်းရှင်း အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားသည့် လူလတ်အရွယ် အမျိုးသားတစ်ဦးက ပြန်ရောက်ရှိလာသည်။

“ဒီနေရာနဲ့ မနီးမဝေးမှာ လေလွှင့်ကျင့်ကြံသူ မှောင်ခိုဈေးကွက်ရှိတယ်။ အဲဒီမှာတော့ ယင်ယန်အချစ် ပန်းပွင့်ကို ရှာနိုင်လောက်တယ်။ ဒါပေမဲ့ ကျုပ်တို့ဘက်က ခင်ဗျားကို ကာကွယ်မှုပေးနိုင်မှာ မဟုတ်ဘူးဆိုတော့ သတိကြီးကြီးထားသင့်တယ်။ ဒီမှာက ဝင်ခွင့်အမှတ်အသားပြားပါ”

ဝမ်ချီက ဝင်ခွင့်အမှတ်အသားပြားကို လက်ခံယူလိုက်သည်။ ထိုအရာက သူ့ကို ထိုမှောင်ခိုဈေးကွက်ဆီ ဘယ်လိုသွားရမလဲဆိုသည့် အချက်အလက်များ ပါဝင်နေ၏။ သူက အချိန်မဖြုန်းဘဲ ဦးတည်ရာသို့ ထွက်လာလိုက်သည်။

ဝမ်ချီက ဂိုဏ်းချုပ်၏ အရင်းအမြစ်များသည် သူ့လက်ထဲတွင် ရှိနေသည့်အတွက်  တစ်စုံတစ်ခုဖြစ်ကာ ဆုံးရှုံးသွားမည်ကို စိုးရိမ်နေမိသည်။

သူ့ဦးတည်ရာက အဖြူရောင်မျဉ်းမြို့ဟု ခေါ်ဆိုသည့် နေရာတစ်ခု ဖြစ်၏။

ဝမ်ချီ ရောက်ရှိလာသည်နှင့် တစ်စုံတစ်ခု ဖြစ်ပျက်နေလေသည်။ သူက ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါ၃ခုကို ခံစားမိလိုက်၍ စစ်ဆေးကြည့်လိုက်သည်။ လူသုံးယောက်က တစ်ယောက်နှင့် တစ်ယောက် တိုက်ခိုက်နေပြီး သူတို့၏ အရှိန်အဝါအရ မဟာဧကရာဇ်သုံးဦးနှင့် ထာဝရဦးသျှောင်တစ်ယောက်တို့ ဖြစ်ဟန်ပေါ်သည်။

သူတို့ရဲ့ အရှိန်အဝါအရဆိုရင် ဧကရာဇ်ရဲ့ ကျင့်ကြံဆင့်က ၅၇ရာခိုင်နှုန်း၊ ၅၄ရာခိုင်နှုန်း နှင့် ၅၂ရာခိုင်နှုန်းတို့ပဲ။ အားအကောင်းဆုံးက အတုအယောင် ထာဝရဧကရာဇ်နဲ့ တူတယ်။ အဲဒီထာဝရဦးသျှောင်က အခွင့်အရေး မရလောက်တော့ဘူး…

ဝမ်ချီက သုံးသပ်ပြီးသည့်နောက်တွင် ဘာဆက်လုပ်ရမလဲ ဆုံးဖြတ်လိုက်သည်။ သို့သော်လည်း သူက အံ့အားသင့်သွားမိ၏။

ထာဝရဦးသျှောင်က မဟာဧကရာဇ်နှစ်ယောက်ကို တိုက်ကွက်တစ်ကွက်တည်းဖြင့် သတ်ပစ်လိုက်သည်။ အတုအယောင် ထာဝရဧကရာဇ်ကမူ သူ့ခေါင်းအထက် အားကောင်းသည့် မျှော်နန်းဆောင်တစ်ခု ပေါ်ထွက်လာသည့်အတွက် အသက်ရှင်ခဲ့ခြင်း ဖြစ်၏။

ဝမ်ချီက ထိုမျှော်နန်းဆောင်မှ မဟာတာအိုအရင်းအမြစ်ကို ခံစားမိနေသော်လည်း ထိုအရှိန်အဝါသည် အိပ်စက်နေသည့် ဘိုးဘေးများကြား လှုံ့ဆော်မှုကို ဖြစ်စေသည့် အသုံးအဆောင်ပစ္စည်းနှင့် တူညီလေသည်။

တိုက်ပွဲက စတင်ခါစဖြစ်သော်လည်း မဟာဧကရာဇ်က ထိုအသုံးအဆောင်ပစ္စည်းကြောင့် တောင့်ခံနိုင်မှန်း သိသာလှသည်။ ပို၍အရေးကြီးသည်က သူ့ခန္ဓာကိုယ်သည် စတက်အက်ကွဲလာပြီး ထိုပစ္စည်း၏ စွမ်းအားကို တောင်မခံနိုင်တော့ဟန်ပေါ်သည်။

ငါ ဒီမှာ ကြာကြာနေလို့မဖြစ်ဘူး…

ဝမ်ချီက ဤတိုက်ပွဲမှ တုန်ခါလှိုင်းသည် သူ့ကို ဒဏ်ရာ‌ပေးနိုင်ကြောင်း သိသည့်အတွက် ဝမ်ဝေ့ ပေးထားခဲ့သည့် အဆောင်ကို အသက်သွင်းကာ အဝေးတစ်နေရာသို့ ထွက်လာခဲ့လိုက်သည်။

နောက်ဆုံးတော့ အဲဒီထာဝရဦးသျှောင်တွေက အမြဲတမ်း ညည်းတွားနေရတာကို နားလည်သွားပြီ။ ဒိုင်မေးရှင်းအနိမ့်က သူတို့အပေါ် ချုပ်ထိန်းထားတာက အတော်လေးကို ပြင်းထန်တာပဲ…

ဝမ်ချီက သွေးတစ်ပွက်အန်ရင်း တွေးလိုက်မိလိုက်သည်။ သူက ဆေးလုံးတစ်လုံးကို သောက်သုံးပြီး အသက်ရှူနှုန်းကို ပြန်လည်ထိန်းညှိလိုက်၏။

ဒီမှာက အရမ်းကို အန္တရာယ်များတယ်။ ငါ့အတွက် တတ်နိုင်သမျှ မြန်မြန်ထွက်သွားတာ အကောင်းဆုံးပဲ…

ဂိုဏ်းချုပ်က သူ့အား နောက်ဆုံးရွေးချယ်စရာ မရှိတော့ပါက ဂိုဏ်းနှင့် ဆက်သွယ်ဖို့ မှာကြားခဲ့ဖူးသည်။ ဝမ်ချီက ယခုအခါ ထိုအချိန်အခါ ကျလာပြီဟု ဆုံးဖြတ်လိုက်၏။ သူက တောင်ထဲတွင် လှိုဏ်ဂူတစ်ခု ဖော်ရင်း အခြေခံအစီအရင်များကို ချထားလိုက်သည်။ နောက်ဆုံးတွင်သူက နောက်ထပ် အဆောင်တစ်ခုကို အသက်သွင်းလိုက်၏။ ၅ မိနစ်အတွင်း  ပုံရိပ်ယောင်တစ်ခု ပေါ်ထွက်လာခဲ့သည်။ ထိုအရာက မျက်နှာမပြဘဲ အသံသာကြားရ၏။

“ဝမ်ချီ မင်းက ငါတို့ကို ဆက်သွယ်တယ်ဆိုတော့ အံ့ဩသွားတယ်”

“အကြီးအကဲ ဝမ်ရီ” သူက ရိုရိုကျိုးကျိုး ဦးညွှတ်လိုက်သည်။

“တစ်ခုခုများ ဖြစ်လို့လား”

“ဂိုဏ်းချုပ်က ယင်ယန်အချစ်ပန်းပွင့်ကို လိုချင်နေလို့ပါ”

“တကယ်လား” ဝမ်ရီက သူ့အံ့အားသင့်မှုကို ဖုံးကွယ်ထားခြင်း မရှိပေ။ ဝမ်ဝေ့က ဂို‌ဏ်းကို ဆက်သွယ်ရုံမှအပ တခြားဘာမှ မတောင်းဆိုခဲ့သည့်အတွက် ထိုအချက်က လူတချို့ကို စိတ်ပူပန်လာစေသည်။

“ဟုတ်ပါတယ်”

“ကိစ္စမရှိဘူး။ ငါတို့ဆီမှာ ထူးကဲအဆင့် ယင်ယန်အချစ်ပန်းပွင့် ရှိတယ်။ မင်းအတွက် ပေးမယ်”

“အဲဒါက ဘာများကွာခြားလို့လဲ” ဝမ်ချီက သိချင်စွာမေးလိုက်သည်။

“အရူးအမူးစွဲလမ်းပန်းကို ပေါက်နိုင်ဖို့ သေသွားတဲ့သူက သူတို့စွဲလမ်းရတဲ့သူက သူတို့ကို ပြန်ပြီးချစ်နေတယ်ဆိုတာ မသိတဲ့အခါမျိုးပေါ့။ အဲဒီအခါမှာ အဲဒီလူကလည်း သူတို့ချစ်ရတဲ့သူက သေသွားတယ်ဆိုတာကို သိပြီးတော့ အဲဒီပန်းပွင့်အတွက် သူတို့ကိုယ်သူတို့ စတေးသွားကြပြီးတော့ အရူးအမူးစွဲလမ်းမှုကို ထပ်ပြီး ထည့်လိုက်တာပဲ”

“ဒီလို ရက်စက်လိုက်တာ”

“အဲဒါကြောင့် ‌ဒီဟာကပိုပြီးတော့ ရှားပါးတာပဲ”

ဝမ်ချီရှေ့တွင် အာကာပြင်မုခ်ဝတစ်ခု ပေါ်ထွက်လာပြီး အဖြူရောင်နဲ့ အနက်ရောင် မျိုးစေ့တစ်ခု ပေါ်ထွက်လာသည်။ ထိုအရာ၏ ဝန်းကျင်တွင် ပန်းရောင်မျဉ်းကြောင်းလေးများ ရှိနေ၏။

“အကြီးအကဲ ဝမ်ရီ ကျေးဇူးပါ”

“ကိစ္စမရှိဘူး။ တစ်ခုခုလိုရင် ငါ့တို့ကိုဆက်သွယ်လိုက်။ အခု အဲဒီလူတွေက မရှိတော့ဘူးဆိုတော့ ငါတို့တွေက‌ အခုယေဘုယျ အခြေအနေတချို့ကို ဝင်ရောက်စွက်ဖက်လို့ ရပြီ”

“ဂိုဏ်းချုပ်ကို ပြန်ပြီးပြောလိုက်ပါ့မယ်”

ဝမ်ချီက တုံ့ဆိုင်းမနေဘဲ ဧကရီဝူကိုပါ ဆက်သွယ်လိုက်သည်။ ယခင်ကဲ့သို့ သူက သူ မသိလိုက်ဘဲ တစ်နေရာသို့ ကူးပြောင်းသွားခဲ့သည်။

“ဘာဖြစ်လို့လဲ”

“ဂိုဏ်းချုပ်က နောက်ထပ် လက်ဆောင်တစ်ခု ပေးလိုက်လို့ပါ”

“တကယ်လား။ သူ ဘာမှ ပေးစရာမလိုပါဘူး” ဝူဟုန်က သက်ပြင်းချပြီးသည့်နောက်တွင် လက်ကိုဝှေ့ယမ်းလိုက်သည့်အခါ ဧကရာဇ်ကျား၏ စာအုပ်က သူမလက်ထဲ ရောက်ရှိလာသည်။

“ဟမ် ဒီအနှောင့်အယှက်သင်္ကေတက စိတ်ဝင်စားစရာပဲ…

သူမက အနှောင့်အယှက် သင်္ကေတကို ဖန်တီးခဲ့ဖူးသော်လည်း ယခုသင်္ကေတက သူမ၏ အတွေးအခေါ်နှင့် ကွဲပြား‌နေသည်။ သူမ၏ သင်္ကေတက တာအိုတိုင်း၏ ဟာကွက်ကို ပစ်မှတ်ထားစဉ် ဤတစ်ခုကမူ မိုးမြေစနစ်၏ ဟာကွက်ကို ရှာဖို့အာရုံစိုက်ထားကာ ထိုဟာကွက်ကို သုံးပြီး နှောင့်ယှက်ခြင်း ဖြစ်၏။

ဒါက ငါ့ရဲ့သင်္ကေတနဲ့ ကိုက်ညီလောက်တယ်…

သူမက တွေးပြီးသည့်နောကိတွင် ထိုလက်ဆောင်ကို လက်ခံလိုက်သည်။

“သူ့ကို ကျေးဇူးတင်ကြောင်း ပြန်ပြောလိုက်ပါဦး။ သူ တက်လှမ်းလာတဲ့အခါ လက်ဆောင်ပြင်ပေးထားမယ်လို့ပါ ပြောလိုက်”

“ဟုတ်ကဲ့”

“ဒါနဲ့လေ …”

“ဘာများလဲ”

ဝမ်ချီက တုံ့ဆိုင်းသွား၏။

“ဂိုဏ်းချုပ်အတွက် စာတိုလေးတစ်ဆောင်များ ရေးပေးလို့ရမလား”

“ဘာလို့လဲ”

“အခု တစ်စုံတစ်ခု ဖြစ်ပျက်ခဲ့ပြီး သူက စိတ်အခြေအနေ ဆိုးနေလို့ပါ။ နောက်ဆုံးတစ်ခေါက် စာရတဲ့အချိန်တုန်းက တော်တော်လေးကို ပျော်ရွှင်သွားပြီးတော့ အမြင်ရုပ်လွှာတွေတောင် ပြောင်းလဲသွားသေးတယ်”

ဝူဟုန်က မျက်မှောင်ကြုတ်လိုက်၏။

“သူက ဘာဖြစ်လို့လဲ”

“အနည်းဆုံးတော့ ကျုပ် မသိဘူး။ သိတာဆိုလို့ ကောင်းကင်အထက်မှာ တိမ်မဲတွေ ရှိနေပြီးတော့ သူက ထိန်းချုပ်မှု ကင်းလွတ်သွားတယ် ထင်တယ်”

“အဲဒါက ဆိုးတာပဲ”

ဝူဟုန်က ခေါင်းညိတ်လိုက်သည်။ သူမက မှတ်ဉာဏ်များမှ သူသည် မည်သို့လူစားမျိုးဖြစ်ကြောင်း ကောင်းကောင်းသိထားလေ၏။ ထို့ကြောင့် သူ့အနေအထားဖြင့် ဤအနေအထားအထိ ကင်းလွတ်သွားအောင် တစ်စုံတစ်ခု ဖြစ်ပျက်ခဲ့ခြင်းသာ ဖြစ်ရမည်။ ထို့ကြောင့်သူမက စာတစ်စောင် ထုတ်ရေးပေးလိုက်သည်။

“အခု သူ လိုချင်နေတဲ့ အရာသိလား”

“စိတ်ထဲမှာတော့ ဘာမှတော့ မတွေးမိဘူး။ အာ ခဏ သူ့အဘိုးက လက်ရည်စမ်းပွဲအတွက် တက်လှမ်းလာပြီးတော့ ပြန်လည်ဝင်စားခြင်း ဝင်မယ်လို့တော့ ကြားတယ်။ ဂိုဏ်းချုပ်က အဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ အတော်လေးကို စိုးရိမ်နေတာ။

“အဲလိုလား။ သူ ပြန်လည်ဝင်စားခြင်း မဝင်သွားခင်အထိ သူ့မိသားစုရဲ့ အသက်ကို အာမခံပေးနိုင်တယ်လို့ ပြောလိုက်”

“ ကျေးဇူးပါ။ ဂိုဏ်းချုပ်ကလည်း ဒီအကြောင်းကိုသိရင် ပျော်ရွှင်သွားမှာပါ” ဝမ်ချီက ၉၀ဒီဂရီ ဦးညွှတ်ကာပြောလိုက်သည်။ သူက စာကိုယူပြီးသည့်နောက်တွင် ထွက်ခွာသွား၏။

ဝူဟုန်က သူ ထွက်ခွာသွားသည်ကိုကြည့်ရင်း မိနစ်ပိုင်းကြာ အတွေးနက်နေမိသည်။

ထို့နောက် သူမက အသက်ရှူနှုန်းကို ထိန်းညှိကာ အသိစိတ် ပြန်လည်ဝင်ရောက်ခဲ့သည်။ သူမက အလွှာများစွာနှင့် အတားအဆီးများဖြင့် ကာကွယ်ထားသည့် စိတ်၏ အနက်ပိုင်းအတွင်း ဝင်ရောက်လာသည်။ သူမ၏ ဦးတည်ချက်က ရှုပ်ထွေးလှသည့် သင်္ကေတများ ဖွဲ့စည်းထားသည့် စည်းတံဆိပ် ၃၈၀၀ ဆီ ဖြစ်၏။ ထိုနေရာက ထူးကဲသည့် စွမ်းအားများ ထုတ်လွှတ်နေသည်။ သူမက အနှောင့်အယှက်သင်္ကေတကို သူတို့ထဲ ပေါင်းစည်းလိုက်သည်။

ထိုသင်္ကေတက သူမဘဝ၏ လက်ရာအမြောက်ဆုံး ဖြစ်၏။ ဟွင်သွမ်းစကြ၀ဠာတစ်ခုလုံးရှိ ရှေးဦးစံပြများကိုပင် အနိုင်ယူနိုင်လိမ့်မည်ဟု ယုံကြည်ချက်ရှိသည်။ နှမြောစရာကောင်းလှစွာဖြင့် သူမ၏ ဝိညာဉ် သို့မဟုတ် ခန္ဓာကိုယ် မပြိုလဲသွားသရွေ့ ထိုအရာကို ထုတ်သုံးနိုင်မည် မဟုတ်ပေ။ သူမက သူတို့စွမ်းအား၏ တစ်စိတ်တစ်ပိုင်းကိုပင် ထုတ်မသုံးနိုင်ပေ။

ဒါက တန်ကြေးဆိုတာသိပေမဲ့ စိတ်တိုဖို့ကောင်းနေတုန်းပဲ…

ဝူဟုန်က အကြွင်းမဲ့တားမြစ်ချက်အတွင်း ဤလမ်းစဉ်ကို ရွေးချယ်ခဲ့မိသည်ကို နောင်တမရပေ။ သို့သော် သူမက ညည်းတွားချင်မိသည်။

ဘယ်လိုပဲဖြစ်ဖြစ် ငါ လိုအပ်နေတာကို ကာမိသရွေ့ ရှေ့ဆက်ရမဲ့လမ်းစဉ်က တောက်ပပြီးတော့ ဖြောင့်ဖြူးနေမှာပဲ…

သူမက အသိစိတ်ပင်လယ်ထဲမှ ထွက်ခွာပြီးသည့်နောက်တွင် သီးသန့်ကျင့်ကြံရေးနေရာမှ ပျောက်ကွယ်သွားခဲ့သည်။

All Chapters