← Chapters

နောက်ဆုံးသော သင်ခန်းစာ

Vol. 83 Ch. 1152

နောက်ဆုံးသော သင်ခန်းစာ

Vol. 83 Ch. 1152

"ဂိုဏ်းချုပ် ကျုပ် ပြန်ရောက်ပါပြီ။"

"မြန်လှချည်လား။"ဝမ်ဝေ့က သူ့ကို ပေးထားသည့်တာဝန်အရ အချိန်ကြာမြင့်မည်ဟု ထင်ထားခဲ့သည်။

"ကိစ္စတွေက ထင်ထားတာထက် ပိုပြီး ချောမွေ့နေခဲ့လို့ပါ" ဝမ်ချီက အရင်းအမြစ်များ ပါသည့် သိုလှောင်လက်စွပ်ကို ပေးရင်း ရှင်းပြလိုက်သည်။ ထိုအရာက ထင်ထားသည်ထက် အနည်းငယ် ပိုကောင်းနေ၏။

"နောက်ထပ် ပြောစရာရှိသေးလား" ဝမ်ဝေ့က မေးလိုက်သည်။

"လင်းဖန်နဲ့ ယင်ကန်းတို့ထက် သာလွန်တဲ့ ပါရမီရှင်ထွက်လာတဲ့ပုံပဲ"

"အို"

"ဟုတ်တယ်။ သူက တစ်နေရာကနေ ပေါ်ထွက်လာပြီးတော့ သူ့ရဲ့ အောင်မြင်မှုကလည်း  တခြားသူတွေထက်တောင် ကျော်သွားခဲ့တယ်"

"တခြားသတင်းအချက်အလက်ရော သိရသေးလား"

"သူ့ကို အငြိုးကြီးဧကရာဇ်လို့ ခေါ်တာကလွဲရင် တော်လှန်ရေးဘက်က ပါးစပ်တင်းတင်း ပိတ်ထားတော့ ဘာမှမသိခဲ့ရဘူး။"

"အဲလိုကိုး"

ဝမ်ဝေ့က ရေရွတ်လိုက်ပြီး ထိုသူက ဘယ်သူလဲဟု စဉ်းစားနေသည်။ ထို့နောက် သူက တခြားတစ်ခုကို အာရုံစိုက်လိုက်၏။

"ယင်ယန်အချစ်ပန်းက ဘာလို့ ကွဲပြားနေတာတုံး"

"ဒါက ဒီလိုဖြစ်ခဲ့တာပါ..."

"သန္ဓေပြောင်းသွားတာလား။ သတင်းကောင်းပဲ။" သူ့အမေ၏ အောင်မြင်နိုင်ချေက သိသိသာသာ တိုးမြှင့်လာခဲ့သည်။ သူ့နှုတ်ခမ်းဖျားထက် အပြုံးတစ်ပွင့် ပေါ်ထွက်လာ၏။

"ဒါနဲ့ ဂိုဏ်းဘက်က ဂိုဏ်းချုပ် တက်လှမ်းလာပြီးရင် ဆက်သွယ်ဖို့ ပြောလိုက်ပါတယ်။ သူတို့က အခု လှုပ်ရှားဖို့ နည်းနည်း အခွင့်အရေးရလာပြီတဲ့"

ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။ သို့သော် ရောက်ရှိလာမည့် တိုက်ပွဲထဲ ဒိုင်မေးရှင်းအမြင့်၏ ဂိုဏ်းကို မပါဝင်ခိုင်းဖို့ စီစဉ်ထားသည်။ လှုပ်ရှားမှုတစ်ခု မှားယွင်းသွားခြင်းက အန္တိမသဟဇာတသည် သူ့အပြုအမူအတွက် ဂိုဏ်းအပေါ် အငြိုးတရား ထားလာနိုင်ကြောင်း သိထားသည်။ သူတို့က မေတ္တယျ၏ ကာကွယ်မှု ရှိထားသော်လည်း သူမက အမြဲတမ်း ကာကွယ်ပေးလိမ့်မည်ဟု အာမခံချက် မရှိပေ။ အထူးသဖြင့် အန္တိမသဟဇာတက ဝမ်ဝေ့ကို ဒဏ်ရာရအောင် ဘာမဆိုလုပ်ဖို့ ဆုံးဖြတ်ချက်ချလိုက်သည့်အခါတွင် ဖြစ်၏။

"သူမက လက်ဆောင်ကို သဘောကျရဲ့လား" ဝမ်ဝေ့က မေးလိုက်သည်။

"သူမရဲ့ တုံ့ပြန်ပုံအရတော့ ကျုပ်လည်း မပြောတတ်ဘူး။ ဒါပေမဲ့ ဂိုဏ်းချုပ်က အခုလောလောဆယ် အခြေအနေမကောင်းလို့ သူမကို စာရေးပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ကျွန်တော်ဘက်က အဆင့် မကျော်ဖို့တော့ မျှော်လင့်ပါတယ်။"

"သူမက ရေးပေးခဲ့လား"

ဝမ်ချီက စာကို ပေးလိုက်သည့်အချိန် ဝမ်ဝေ့က စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ဖတ်ကြည့်လိုက်သည်။ သူ့မျက်နှာအထက် အပြုံးတစ်ပွင့်ပေါ်ထွက်လာ၏။

" ကံကောင်းလိုက်တဲ့ ဝမ်ချီ။ ဒီအပြုအမူက မင်းအနာဂတ်အတွက် ဘယ်လောက်တောင် အကျိုးဖြစ်စေမလဲဆိုတာကို မသိလောက်ဘူး။"

ဝမ်ဝေ့က ဂိုဏ်းအတွက် ထာဝရဆန့်ကျင် ကျင့်ကြံသူနှစ်မျိုး ပြင်ဆင်ပေးထားခဲ့သည်။ ပထမတစ်မျိုးက အားအနည်းဆုံး ထာဝရဧကရာဇ်နှင့် ယှဉ်နိုင်ပြီး(မဟာတာအိုအရင်းအမြစ် နှစ်ဆယ်ရာခိုင်နှုန်းနှင့် တစ်ဆတိုက်ခိုက်ရေးအဆင့်) သာ ရှိထားလေသည်။

သူက ထိုအရာကို သူ့တာအိုကာကွယ်သူဖြစ်ခဲ့ဖူးပြီး ပါရမီကန့်သတ်ချက်ရှိနေသည့် ယန်းချန်လိုလူမျိုးကိုသာ ပေးလိမ့်မည်။ ဤသည်က ဝမ်ချီကို ပေးမည့်နေရာမျိုး ဖြစ်၏။ သို့သော် ယခုတွင် ဤအပြုအမူလေးကြောင့် သူက ဒုတိယနေရာကို ပေးဖို့ ဆုံးဖြတ်လိုက်သည်။ ဒုတိယနေရာက အကောင်းဆုံးထာဝရဧကရာဇ်နှင့် ယှဉ်နိုင်သည့် ထာဝရကျင့်ကြံသူတစ်ယောက် ဖြစ်၏။ ထိုနေရာများက ဓားအရှင်၊ မူလအရှင်၊ ဖျက်ဆီးခြင်းအရှင်နှင့် သူသဘောအကျရဆုံး ဘိုးဘေးဝမ်ဝူချန်တို့အတွက် သိမ်းထားခြင်း ဖြစ်သည်။ ဝမ်ချီ၏ ပါရမီက ထိုအဆင့်ထိ မရောက်ဘဲ လေ့ကျင့်ဖို့ရာ အရင်းအမြစ်များစွာ လိုအပ်နေသော်လည်း ဝမ်ဝေ့က ပြုစုပျိုးထောင်ဖို့ တတ်နိုင်လေသည်။

"ဂိုဏ်းချုပ်ကို ကျေးဇူးတင်ပါတယ်" ဝမ်ချီက ပြောလိုက်သည်။

"ဒါနဲ့ ဧကရီဝူက မစိုးရိမ်ဖို့ ပြောလိုက်ပါတယ်။ သူမက  ဂိုဏ်းချုပ်ရဲ့ အဘိုးကို ကာကွယ်ပေးမယ်တဲ့"

"မင်းက သူ့မကို အဲ့ဒီအကြောင်းကို ပြောခဲ့တာလား"

"ဟုတ်ပါတယ်။ ဂိုဏ်းချုပ်မှာ တစ်ခုခု လိုလားလို့ မေးတာနဲ့ အဲ့ဒီ‌အကြောင်းကို ပြောပြဖြစ်သွားတာပါ"

"ဒီနေ့ကလွဲရင် ဒီကိစ္စအတွက် ပြီးပြည့်စုံတဲ့သူကို ရွေးချယ်တယ်လို့ မခံစားခဲ့ဖူးဘူး" ဝမ်ဝေ့က ရယ်မောလိုက်သည်။

"အသေးစိတ်ပြောပြပါအုံး"

ဝမ်ချီက တွေ့ဆုံမှုအကြောင်း အသေးစိတ် ပြန်လည်ပြောပြလိုက်သည်။

ဝမ်ဝေ့က သူမသည် သူ တက်လှမ်းလာပြီးသည့်နောက်တွင် လက်ဆောင်ပြင်ဆင်ထားမည်ဟု ကတိပေးထားသည့်အတွက် ထိုသင်္ကေတကို အတော်လေး သဘောကျကြောင်း ပြောနိုင်လေသည်။ သူက ဝမ်ချီကို ပြန်လွှတ်လိုက်၏။

အရာအားလုံးကတော့ အဆင်ပြေချောမွေ့သွားပြီ။ ဆိုလိုတာက အစစ်အမှန်ကောင်းကင်တာအိုဘက်ကနေ အပြောင်းအလဲတော့ မရှိဘူး။ ဒါပေမဲ့ ဆက်ပြီးတော့ စောင့်ကြည့်ဖို့တော့ လိုတယ်...

ဝမ်ဝေ့က တွေးလိုက်သည်။

ယခု သူ့အဘိုး၏ ကိစ္စနှင့် ပတ်သက်ပြီး စိုးရိမ်စရာ မလိုတော့သည့်အတွက် သူ့မိသားစုကို ထပ်မံတွေ့ဆုံနိုင်ပြီ ဖြစ်၏။ ထို့ကြောင့် သူက ရှုရှစ်ထံ သူ့ခင်ပွန်း၏ ဂုဏ်သတင်းအသစ်အကြောင်း ပြောပြခဲ့ပြီးသည့်နောက်တွင် အိမ်သို့ ပြန်လာခဲ့လိုက်သည်။ အားလုံးက စုဝေးနေပြီး သူ့အမေပင် အိမ်ပြန်ရောက်နေသည်။

အထူးသဖြင့် လူအိုကြီးက  ဝမ်ဝေ့သည် သူ ထွက်မသွားခင် သူ့ကို တွေ့ဆုံဖို့ ငြင်းဆန်နေသည့်အတွက် စိတ်တိုနေဆဲ ဖြစ်သည်။

"မသိတတ်တဲ့ မြေး။ ငါက သူ့ကို နာမည်ပေး ပြုစုပျိုးထောင်ပြီး အန္တာရယ်များတဲ့ ကျင့်ကြံရေးလောကအကြောင်း လမ်းညွှန်ပေးခဲ့တာ။ ဒါက ငါ့ကို ပြန်လည်ပေးဆပ်လိုက်တာလား။ မသိတတ်လိုက်တာ"ဝမ်ချန်က အော်ဟစ်နေသည်။

“အဖေကလည်း သူ့ဘက်ကို နားလည်ပေးသင့်ပါတယ်။ သူလည်း စိုးရိမ်ရတဲ့ အကြောင်းအရင်းတွေ ရှိနေလို့လေ" ဝမ်ထျန်းက ဖျောင်းဖျဖို့ ကြိုးစားလိုက်သည်။

"ဒါပေါ့ သူက စိုးရိမ်ရတဲ့ အကြောင်းအရင်းတွေ ရှိတာပေါ့။ ဒါပေမဲ့ ငါ့ကို တားဆီးပြီးတော့ ချုပ်နှောင်ထားပိုင်ခွင့် မရှိဘူး။"

ဝမ်ချန်၏ အသံက ကျယ်လောင်နေသည်။ အကယ်၍ တခြားသော အသံပိတ်ဆို့ထားမှုကြောင့်သာ မဟုတ်လျှင် အားလုံးက သူ့အသံကို ကြားရလိမ့်မည်။

“ကျင့်ကြံရေးလောကက မသေချာမှုတွေနဲ့ ပြည့်နက်နေတာလေ။ အဲ့ဒါကို အခု သူ နားလည်သင့်ပြီ။"

ဝမ်ဝေ့က သူ့ပေါ်ထွက်လာမှုကို ချောင်းဟန့်ကာ ဖော်ပြလိုက်သည်။

ဝမ်ချန်က လှည့်ကြည့်လိုက်၏။

"မင်း မသိတတ်တဲ့မြေး … လာ ဒူးထောက်လှည့်" သူက အော်ဟစ်ကာ ထောင့်တစ်နေရာကို လက်ညိုးထိုးပြလိုက်သည်။

"အဘိုး"

"မကြားဘူးလား။ ဒူးထောက်ချေ"

"ကျွန်တော့် စကား နားထောင်လို့မရဘူးလား"

"အခုတော့ ဒီလိုလား။ မင်းက အရွယ်ရောက်ပြီး အာဏာနဲ့ ဩဇာရှိပြီဆိုတော့ မင်းကို ဘယ်သူမှ ဘာမှ မလုပ်နိုင်တော့ဘူးလား။ အခု အဲ့လိုဖြစ်နေပြီလား"

ဝမ်‌ဝေ့က သက်ပြင်းချလိုက်ပြီး ထောင့်တစ်နေရာ သွားကာ ဒူးထောက်လိုက်သည်။ သူက သူ့အမေနှင့် အဖေကို အကူညီတောင်းခံဖို့ ကြည့်လိုက်သော်လည်း သူတို့က ဘာမှမပြောကြပေ။ ထိုစဉ် ဝမ်ချန်က သူ့ဘေးနားတွင် ပတ်လည်လျှောက်နေလေ၏။ သူ့ရင်ဘတ်က နိမ့်ချည်မြင့်မည်ဖြင့် ပုံမှန်ပြန်ဖြစ်အောင် ကြိုးစားနေလေသည်။ သူက နောင်တွင် နောင်တရမည့်အရာကို မပြောဖို့ရာ ထိန်းချုပ်နေဟန်ပေါ်၏။ သူက တစ်မိနစ်ကြာ စိတ်ထိန်းပြီးသည့်နောက်တွင် ပြောလိုက်တော့သည်။

"ငါက ဒီနေ့ရက်ကို ဘယ်လောက်တောင်ကြာကြာ စောင့်နေရလဲဆိုတာကို မသိတော့ဘူး။ ငါက အားနည်းသလို ဆက်တိုက်ခံစားနေရတဲ့ ဒီခံစားချက်ကြီးကို ရှင်းထုတ်ချင်နေခဲ့တာ။ အခု ငါက နောက်ဆုံးကိစ္စဖြစ်နေတုံး မင်းက ငါ့ကို ရုတ်တရက် တားဆီးပြီး ချုပ်နှောင်ထားတာက ဘာသဘောတုံး"

ဝမ်ဝေ့က ဘာမှမပြောပေ။

"မင်းက ငါ့အကြောင်း စိုးရိမ်တာကို နားလည်တယ်။ ဒါပေမဲ့ ငါ့ကို စကားပြောပြီးတော့ ရှင်းပြသင့်တယ်လေ။ မင်းရဲ့ စိတ်ပိုင်းဆိုင်ရာ ကြိုးကိုင်လှုံ့ဆော်မှုတွေနဲ့ ငါ့ကို ထွက်မသွားအောင် မတားဆီးသင့်ဘူး။ ဒီနေ့ သင်ခန်းစာကို သိပြီလား။

မင်းက အရာအားလုံးကို မထိန်းချုပ်နိုင်ဘူး။ ထိန်းချုပ်နိုင်တယ်ဆိုရင်တောင် တစ်ခါတရံမှာ မထိန်းချုပ်သင့်ဘူး။ ဒါက မင်းရဲ့ လွတ်လပ်မှု လမ်းစဉ်ကို လိုက်တဲ့ အကြောင်းတရားပဲ မဟုတ်ဘူးလား။ အရာအားလုံးကို လုပ်ဆောင်ဖို့ ရွေးချယ်စရာနဲ့ စွမ်းရည် ရှိဖို့။ ဒါပေမဲ့ အဲ့လို မလုပ်နိုင်တဲ့အခါမှာ သိသွားတဲ့အခါရော"

ဝမ်ချန်က သူ့ကို စိုက်ကြည့်လိုက်သည်။ သို့သော် ဝမ်ဝေ့က ဘာမှမပြောပေ။ သူ့တုံ့ပြန်မှုက အမှန်တကယ် မှားယွင်းခဲ့သော်လည်း သူက များများစားစား မတွေးခဲ့မိပေ။ သို့သော်လည်း ထိန်းချုပ်မှုနှင့် ကြိုးကိုင်လှုံ့ဆော်မှုတို့က သူ့စရိုက် ဖြစ်လာဟန်ပေါ်သည်။ ထိုအရာက ပြဿနာ မဟုတ်သော်လည်း ထိုအပြုအမူက သူ့စိတ်ထဲ အတော်လေး ကိန်းအောင်းနေပြီဖြစ်ကာ သူ့မိသားစုကိုပင် ဤသို့ ဆက်ဆံခဲ့မိသည်။

"ငါ မင်းကို အချိန်အကြာကြီး မဆုံးမခဲ့ရဘူးဆိုတော့ ဒီနေ့ရဲ့ သင်ခန်းစာကို ငါ့ရဲ့ နောက်ဆုံးသင်ခန်းစာအဖြစ် မှတ်ထားလိုက်။ အခု ဒီမှာ နာရီပိုင်းကြာ နေနေ။"

ဝမ်ချန်က သူ့သေရည်အိုးကို ထုတ်ပြီး စံအိမ်ထဲမှ ထွက်သွားတော့သည်။ ဝမ်ထျန်းကလည်း သူ့သားဆီ လျှောက်လှမ်းလာပြီး ပခုံးကို ပုတ်ပြီးနောက် ထွက်သွားလေ၏။

"မစိုးရိမ်ပါနဲ့။ နာရီပိုင်းကြာရင် စိတ်ပြေသွားမှာပါ။"  ယုယန်က ဖျောင်းဖျပြီးသည့်နောက်တွင် အားလုံးအတွက် ချက်ပြုတ်ဖို့ ထွက်သွားလေသည်။ ထိုစဉ် ဝမ်ဝေ့က တစ်ယောက်ထဲ ကျန်ရှိလေ၏။ သူက သူ့အဘိုးဒေါသထွက်ဖူးသည်ကို တစ်ခါသာ မြင်ဖူးသည်။  ထိုအရာက သူခြောက်နှစ်၊ ခုနစ်နှစ်အရွယ်က ဖြစ်၏။

သူ့အဖွားက လာရောက်လည်ပတ်စဉ် သူမက ကြာကြာမနေနိုင်သည့်အတွက် ဝမ်ဝေ့က မပျော်ရွှင်ခဲ့ပေ။ ထို့ကြောင့် သူသည် သူ့တခြားအဘိုး ယုယုန်က ဤသို့ဒဏ်ရာမျိုးရှိနေသည်မှာ အားနည်းသူဖြစ်ကြောင်း ရေရွတ်ခဲ့မိသည်။ သူက တခြားသူများကြားအောင် ရေရွတ်လိုက်ခြင်း မဟုတ်သော်လည်း သူ့အဘိုးကမူ ကြားသွားပြီး ကြီးကြီးမားမား အပြစ်ပေးလာခဲ့သည်။

ဝမ်ဝေ့က ထိုနေ့က အဘိုးဘက်က လွန်သည်ဟု ထင်ခဲ့မိသော်လည်း နောက်ပိုင်းခါမှ ထိုသူ့အား အားနည်းသည်ဟု ခေါ်ဆိုခဲ့ပင်က သူ့အတွက်  အရှိုက်ထိခဲ့ကြောင်း နားလည်သွားသည်။ တာအိုနှလုံးသား ပျက်စီးသွားရခြင်းထက် အားနည်းသည့် အရာမရှိပေ။

ကိုယ့်ဘာသာကိုယ် တင်းတိမ်ရောင့်ရဲနေတာပဲ...

ဝမ်ဝေ့က တွေးလိုက်မိသည်။

ငါက ကံကြမ္မာတာအိုရဲ့ ကြိုးကိုင်လှုံ့ဆော်မှုဖြစ်တဲ့ အနှစ်သာရအပေါ် အတော်လေးကို အသားကျနေခဲ့တာ။ ပြဿနာက သေးငယ်ရပေမဲ့ မစစ်ဆေးခဲ့မိဘဲ ဒီအတိုင်းထားလိုက်ရင် ငါ့တာအိုရဲ့ လွှမ်းမိုးသက်ရောက်မှုခံလိုက်ရပြီး ကံကြမ္မာရဲ့ ရုပ်သေးရုပ် ဖြစ်သွားနိုင်တယ်။

တကယ်လို့ ငါသာ နက်နက်နဲနဲ စဉ်းစားလိုက်မယ်ဆိုရင် ပြဿနာက ပိုပြီးတော့တောင် ပြင်းထန်သွားနိုင်တယ်။ ဒါက  ငါ့ရဲ့ စရိုက်နဲ့ ရည်မှန်းချက်က ကံကြမ္မာတာအိုနဲ့ ပြီးပြည့်စုံစွာ သင့်တော်မှုရှိနေရုံကြောင့် မကဘူး။ ကံကြမ္မာ မျိုးစေ့ဆိုတဲ့ အဆင့်အတန်းကြောင့်လည်း ဖြစ်နိုင်တယ် ...

ငါက အကြွင်းမဲ့ ရုပ်သေးဆရာ ဖြစ်တဲ့ ကံကြမ္မာရဲ့ လက်ထဲမှာ စိတ်လွတ်သွားပြီး ကြိုးကိုင်ခံရတဲ့ ရုပ်သေးရုပ်လိုမျိုး ဖြစ်လာနိုင်တယ်...

All Chapters