နှုတ်ဆက်ခြင်း
Vol. 83 Ch. 1153
ဝမ်ဝေ့က သူ့ခန္ဓာကိုယ်၏ အလိုအတိုင်း အတိုင်းအတာမဲ့ ဧကရာဇ်စွမ်းရည်ဖြင့် မဟာတာအိုထံ ကံကြမ္မာမျိုးစေ့အမှတ်အသားနဲ့ ပတ်သက်ပြီး မမေးမိဖို့ရာ တောင့်ခံထားရသည်။ သို့သော်လည်း သူက မဟာတာအိုသည် တရားမျှတမည်လား မသိသည့်အတွက် ရပ်တန့်လိုက်ရသည်။ သဘောတရားအရ ထိုအရာသည် မဟာတာအိုအနေဖြင့် ဒေါသတကြီးပြုမူသည့် ပုံစံက မူမမှန်မှုတစ်ခုသာ ဖြစ်၏။ သို့သော် သူ့အနေဖြင့် သေသေချာချာမသိပေ။
ဝမ်ဝေ့က အသက်ပြင်းပြင်းရှုကာ စိတ်ငြိမ်အောင် ထိန်းလိုက်သည်။ သူက အသိစိတ်ပင်လယ်အတွင်း ဝင်ရောက်လိုက်ပြီး စိတ်ဖတ်သူများက စောင့်ကြည့်ခြင်းမှ ကာကွယ်ဖို့အတွက် လုံခြုံရေးနည်းလမ်းများစွာကို ဖြတ်သန်းလာပြီးသည့်နောက်တွင် သူ့စိတ်ဝိညာဉ်ကိုယ်အဖြစ် ဖွဲ့စည်းလိုက်သည်။
"မင်းနဲ့ ငါက တစ်ယောက်ထဲပဲမလား"
"ဒါပေါ့" စိတ်ဝိညာဉ်ကိုယ်က ခေါင်းညိတ်လိုက်သည်။
"မင်းက ငါ့ကို အကောင်းဆုံး သိမှာပေါ့"
"သေချာတာပေါ့"
"ဒီလိုဆိုရင် အခု မင်းအလုပ်က ငါ့ရဲ့အပြုအမူတိုင်းကို စောင့်ကြည့်ပြီးတော့ ငါ ဘာတွေလွဲချော်နေလဲဆိုတာကို သုံးသပ်ပေးရမယ်။" ဝမ်ဝေ့က အမိန့်ပေးလိုက်သည်။
"ကိစ္စမရှိဘူး။ ဒါနဲ့ငါက စက်ယန္တာရားလိုမျိုး အချက်အလက်စံနှုန်းကနေ လေ့လာစောင့်ကြည့်ဖို့ စိတ်ခံစားချက်တွေအားလုံးကို ဖယ်ရှားလိုက်တာ ပိုပြီးကောင်းလိမ့်မယ်"
"အင်း မဆိုးဘူး။ ပြီးတော့ မင်းနဲ့ စကားပြောတဲ့ မှတ်ဉာဏ်တွေ အကုန်လုံးကိုလည်း ရှင်းထုတ်ရင် အကောင်းဆုံးပဲ။" ဝမ်ဝေ့က သဘောတူလိုက်သည်။
"မင်းရဲ့ စရိုက်အရဆိုရင်တော့ မင်းက တစ်စုံတစ်ယောက်က မင်းကို စောင့်ကြည့်နေမှန်း သိရင် အချက်အလက်တွေကို ကြိုးကိုင်လှုံ့ဆော်ဖို့ ကြိုးစားလိမ့်မယ်။" စိတ်ဝိညာဉ်ကိုယ်က သဘောတူလိုက်သည်။
"ဒီလိုဆိုရင်ရော ငါတို့တွေ ငါ့အပြုအမူတွေကြောင့် အချက်အလက်တွေ နှိုင်းယှဉ်ကြည့်ဖို့ ပုံမှန်အစည်းအဝေး လုပ်မယ်။ အဲ့ဒီအစည်းအဝေးအတွင်းမှာ မင်းက ငါ့ရဲ့မှတ်ဉာဏ်ကို ယာယီ ပြန်ပေးပြီးတော့ အဲ့ဒါပြီးတာနဲ့ ပြန်ပြီးတော့ သိမ်းလိုက်ပေါ့။" ဝမ်ဝေ့က အကြံပြုလိုက်သည်။
"ကိစ္စမရှိဘူး။ တွေ့ဆုံမှုတစ်ခုချင်းဆီက ဘယ်လောက်ကြာမလဲ။ နှစ်တစ်သန်းချင်းဆီလား။ ယွမ်ခေတ်ကာလလား။"
"မင်း ဆုံးဖြတ်လေ။ ဒါပေမဲ့ ငါက သီးသန့်ကျင့်ကြံရေး ဝင်ရောက်နေတဲ့အခါတွေကိုတော့ ထည့်တွက်ပေးရမယ်။" ဝမ်ဝေ့က ပြန်ပြောလိုက်သည်။
"ဒါပေမဲ့ အရေးပေါ် ကိစ္စရှိရင်ရော။ အချက်အလက်က အကျင့်စရိုက်နဲ့ အပြုအမူ သိသိသာသာပြောင်းလဲသွားတယ်လို့ ပြသလာရင်ရော။"
"ဒီလိုဆိုရင် ငါ့ဘေးနားက လူတွေကို ဆက်သွယ်ဖို့ ခွင့်ပြုပေးမယ်။ သူတို့ကို အမှန်အတိုင်း ပြောလိုက်ပေါ့။ ဒါပေမဲ့ သူတို့ဘက်က ခုခံမှုကိုတော့ မျှော်လင့်ထားလိုက်"
"ကောင်းပြီ။" ဝမ်ဝေ့က လက်ကို မြှောက်ကာ ကောင်းကင်ဘုံကံကြမ္မာ နည်းစနစ်တစ်ခုကို ထုတ်သုံးကာ စိတ်ဝိညာဉ်ကိုယ်အား ကောင်းကင်ဘုံတာအို စွမ်းအားတချို့ကို ကောင်းချီးပေးခဲ့သည်။
ထို့နောက် ထိုသူ၏ အကြည့်က အေးစက်လာ၏။ ဝမ်ဝေ့၏ ဝိညာဉ်ရှိ အစိမ်းရောင် သတ္တုလုံးတစ်ခု ပေါ်ထွက်လာကာ ထိုအပိုင်းကို အသိစိတ်ပင်လယ်ထဲ ချန်ထားခဲ့သည်။
သူ့စိတ်ထဲတွင် သူက အမှတ်အသားနှင့် ပတ်သက်ပြီး အသိစိတ်ပင်လယ်ထဲ လက္ခဏာအရိပ်အယောင် ရှာဖွေခဲ့ရုံမျှသာ ဖြစ်၏။
တကယ်လို့ ငါ့ရဲ့ တည်ရှိမှုပုံကြမ်းထဲ ထပ်ပြီးတော့ ဝင်ရောက်နိုင်တယ်ဆိုရင် တစ်စုံတစ်ခုတော့ တွေ့သွားနိုင်တယ်...
သူက ပြီးပြည့်စုံသည့် အုတ်မြစ်ဖြင့် အကြိမ်ရေ အနည်းငယ် ကြိုးစားပြီးသည့်နောက်တွင် မအောင်မြင်ခဲ့ပေ။ ဝမ်ဝေ့က ထိုနည်းစနစ်ကို ရေရှည်စီမံကိန်းအဖြစ် သတ်မှတ်လိုက်၏။
ယုယန်က တစ်နာရီကျော်လေးအတွင်း အစားအစာအားလုံး ချက်ပြုတ်ပြီးသွားသည်။ သို့သော်လည်း ဝမ်ချန်က ပြန်ရောက်မလာသေးပေ။ ထို့ကြောင့် သူမက အဆောင်တစ်ခုကို ဖွဲ့စည်းကာ အပူချိန်နှင့် လတ်ဆတ်မှုတို့ကို ထိန်းသိမ်းထားလိုက်သည်။ သူမက သူမ သားကို ကြည့်ရင်း အနည်းငယ် စိတ်ဓာတ်ကျလာမိသည်။ သူက မနာကျင်နေမှန်း သိသော်လည်း မျက်နှာပျက်မှုက ရှောင်လွှဲလို့ မရနိုင်ပေ။
သို့သော် သူမက ယောက္ခမဘက်က အနေအထားအရ သဘောတူလေသည်။ ထို့အပြင် သားဖြစ်သူကို ကူညီပေးခြင်းဖြင့် သူ့အာဏာကို မလေးစားရာ ကျလိမ့်မည်။ ထို့ကြောင့် ဝမ်ထျန်းက ဘာမှဝင်မပြောခြင်း ဖြစ်၏။
အစားအစာ ပြင်ဆင်ပြီး လေးနာရီကြာမြင့်ပြီးသည့်နောက်တွင် ဝမ်ချန်က ပြန်ရောက်လာသည်။
"အဲဒါဆိုတော့" သူက တိုက်ရိုက် မေးလိုက်သည်။
"ကျွန်တော် တောင်းပန်ပါတယ်"
"အဲဒါဆိုတော့ မင်းက အပြည့်အဝ ပျောက်ဆုံးသွားတာတော့ မဟုတ်သေးဘူးပဲ။"
"အဲဒါက မမျှတဘူး။ ကျွန်တော်က အမှားလုပ်တိုင်း အမြဲတမ်း ဝန်ခံပြီးတော့ အပြုအမူအတွက် တာဝန်ယူတယ်လေ။"
"အမှန်ပဲ" ဝမ်ချန်က ခေါင်းညိတ်လိုက်သည်။ သူနှင့် သူ့သား ပြုစုပျိုးထောင်ထားသည့် သူအကြောင်း ကောင်းကောင်း သိလေသည်။ ထို့ကြောင့် သူသည် ပြောလိုက်၏။
"မင်းက ကိုယ့်ဘာသာ ရှင်းပြမှာလား"
ဝမ်ဝေ့က သက်ပြင်းချလိုက်သည်။
"ကျွန်တော်က ဘာများ ပြောနိုင်အုံးမှာလဲ။ မဟာတာအိုနဲ့ တိုက်ခိုက်ပြီးတော့ အဘိုးရဲ့ ပြန်လည်ဝင်စားမှုကို သက်ရောက်မှု ဖြစ်စေလာမှုကို စိုးရိမ်နေလို့လေ။ ကျွန်တော့်ရဲ့ အပြုအမူက အချိန်တစ်ခုလောက် လမ်းချော်သွားခဲ့တဲ့ပုံပဲ။"
သူက တာအိုသက်သေပြပြီးကတည်းက သူ့လှုပ်ရှားမှု အားလုံးနီးပါးသည် ကြိုးကိုင်လှုံ့ဆော်သူ အဖြစ် ပါဝင်နေကြောင်း သဘောပေါက်သွားခဲ့သည်။ ဤကမ္ဘာရှိ ဧကရာဇ်များမှ မဟာမိတ်အဖွဲ့ဝင်များအထိ …. မျောက်ဘုရင်၊ ချန်းထုံနှင့် ရှုရှစ်နှင့် ဆက်ဆံရေးတို့ပင် သူ့အနေဖြင့် လွှမ်းမိုးကြိုးကိုင်လိုသည့် မသန့်စင်သော ရည်ရွယ်ချက်တို့ ကိန်းအောင်းနေသည်။
သူ့မိသားစုနှင့် ဂိုဏ်းကလွဲ၍ ဝမ်ဝေ့က တာအိုသက်သေပြကတည်းက စစ်မှန်သည့် အဆက်အသွယ် သို့မဟုတ် စကားဝိုင်း ရှိခဲ့သည်ဟု မထင်ပေ။ ကြောက်စရာအကောင်းဆုံး အပိုင်းက သူသည် ထိုကဏ္ဍကို လစ်လျူရှုခဲ့ပြီး သတိမထားမိခဲ့ခြင်း ဖြစ်သည်။ ကိစ္စများက ပိုမိုလွန်ကဲလာပြီး မိသားစုဝင်တစ်ယောက်အထိပါ ကြိုးကိုင်ဖို့အထိ လုပ်လာခဲ့မိသည်။
"ထင်ထားတဲ့အတိုင်း ကိစ္စတွေက မင်းဆီ ရောက်လာတဲ့အခါမှာ ပိုပြီး ရှုပ်ထွေးသွားတာပဲ။" ဝမ်ချန်က ပြောလိုက်သည်။
"ဟုတ်တယ်။ အဘိုးကို ကျေးဇူးတင်ရမှာပဲ။ ကျွန်တော့်ကို ဒီလိုဆိုးဆိုးဝါးဝါး ကံကြမ္မာကနေ ကယ်တင်ပေးလိုက်တာ။" ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။
" သား တစ်ခုခုဖြစ်လို့လား"
"ကျွန်တော် အဲ့အကြောင်းကို ပြောမပြချင်ဘူး။"
"မင်း ပြောပြဖို့ မလိုပါဘူး။ ဒါပေမဲ့ မှတ်ထား။ ငါတို့ရဲ့ လုပ်နိုင်စွမ်းထဲ ရှိနေသရွေ့ ငါတို့က ကူညီပေးမှာ။ အခု ထတော့။" ဝမ်ချန်က သူ့ကို ဆွဲထူရင်း စားပွဲဆီ ခေါ်သွားလိုက်သည်။
"အခု မင်းက ဘယ်လိုလုပ် ဒီရောက်လာတာလဲ။ စိတ်ပြောင်းသွားပြီး ဘာလို့ ငါ့ကို လာတွေ့တာလဲ" ။
"အဘိုးရဲ့ မြေးချွေးမက အဘိုးကို ကာကွယ်ဖို့ ကတိပေးထားတယ်လေ။ အဲ့ဒါကြောင့် သတင်းကောင်း လာပြောတာ။"
“အာမခံချက်ရှိတာတော့ ကောင်းတာပဲ။ သတင်းကောင်းက သူမက မင်းကို ဂရုစိုက်သေးတဲ့ပုံပဲ။ အခုတော့ ငါတို့ သွေးမျိုးဆက် ရပ်တန့်သွားမှာကို စိုးရိမ်စရာ မလိုတော့ဘူးပဲ။" ဝမ်ချန်က ခေါင်းညိတ်ကာ ပြောလိုက်သည်။
"အဘိုး စိုးရိမ်နေတဲ့ အချက်က ကျွန်တော့်ကို စော်ကားရာကျတယ်နော်။" ဝမ်ဝေ့က မျက်လုံးမှေးကာ ပြောလိုက်၏။
"မင်းက ငါ့ကို ဘာလုပ်ချင်တာတုံး။ မင်းက သူနဲ့မှ မဟုတ်ရင် တစ်ယောက်မှ မလိုချင်ဘူးလို့ ပြောနေတာကိုး"
"အဘိုးက ငယ်ပါသေးတယ်။ ပြန်လည်ဝင်စားပြီးသွားရင်နောက်ထပ် အကြိမ်ရေနည်းနည်း ထပ်ပြီး လုပ်နိုင်ပါသေးတယ်။"
"ကဲ ငါ့ကို လှောင်မနေနဲ့တော့" ဝမ်ချန်ကပြောလိုက်သည်။ ထို့ကြောင့် ဝမ်ဝေ့က အဆင့်ကိုးနတ်ဆိုး ဖြစ်သည့် ဝက်သနီချက်ကိုသာ ပါးစပ်ထဲ ကောက်သွတ်လိုက်တော့သည်။
မိသားစုထဲရှိ သူ့အဆင့်အတန်းက ဤမျှ မနိမ့်ကျခဲ့ဖူးပေ။ သူ့အဘိုးက ပထမဦးဆုံး ဒေါသထွက်သည့်အခါက သူ့အမေက သူ့ကို ချစ်မြတ်နိုးပြီး သူ့ကို တိတ်တဆိတ် ကူညီပေးခဲ့၏။
ဝမ်ဝေ့က မျက်လုံးထောင့်မှ သူ့အဖေ၏ လှောင်ပြုံးကို မြင်သည့်အခါ ရှုံ့မဲ့သွား၏။ သူက အံကြိတ်လိုက်ပြီး ထိုလူအိုကြီးကို ခံစားရအောင်လုပ်ဖို့ ဆုံးဖြတ်လိုက်သည်။
"ကျွန်မတို့သားကို ရန်လုပ်မနေနဲ့တော့" ယုယန်က ဝမ်ထျန်းကို ရိုက်ကာ ပြောလိုက်သည်။
"ကိုယ်ဘာမှမပြောရသေးပါဘူး"
"ရှင် ဘာမှပြောနေဖို့ မလိုဘူး။"
ဝမ်ထျန်းက သူသည် ဘာမှမလုပ်ခြင်းအတွက် ပြဿနာကြား ကြရောက်လိမ့်မည်ဟု ထင်မှတ်မထားပေ။ ထိုကောင်လေး ရောက်ရှိလာကတည်းက သူက သူ့ဇနီး၏ ဒုတိယမြောက်လူ ဖြစ်သွားခဲ့ရသည်။ သူက ထိုအချက်ကို ဘယ်တော့မှ ခွင့်လွှတ်မည် မဟုတ်ပေ။
"ဒါက အမေ့အတွက်" ဝမ်ဝေ့က သူ့အမေထံ ထူးကဲအဆင့် ယင်ယန်အချစ်ပန်းပွင့်ကို ပေးပြီး ထူးကဲမှုအကြောင်း ရှင်းပြလိုက်သည်။
"ဒိုင်မေးရှင်းအမြင့်က တကယ်ကို တစ်ခုခုပဲ" ယုယန်က ပြောလိုက်သည်။ ကျယ်ပြောလှသည့် ကမ္ဘာအတွင်း ဘာမဆို ဖြစ်သွားနိုင်သည်။ စားသောက်ပွဲကို ဆက်လက်ကျင်းပပြီး အားလုံးက ဤသည်က နှုတ်ဆက်ပွဲ ဖြစ်ကြောင်း ခန့်မှန်းမိကြ၏။
ပွင့်တစ်ဝက်တွင် ယန်းလီလင်း၏ ပုံရိပ်က နှုတ်ဆက်စကား ပြောဖို့ ပေါ်ထွက်လာသည်။ လီကျွင်းက ရောက်လာခြင်း မရှိသလို ပုံရိပ်ယောင်လည်း မစေလွှတ်နိုင်ခဲ့ပေ။ ထို့ကြောင့် သူက နှုတ်ဆက်စကား ပြောထားသည်ကို မှတ်တမ်းတင်ထားသည့် အဆောင်တစ်ခုကို ပို့ဆောင်ပေးခဲ့သည်။
"အခု အချိန်ကျပြီ။" ဝမ်ချန်က လမင်းကို မော့ကြည့်ရင်း ပြောလိုက်သည်။ သူက သူ့မြေးကို ကြည့်ရင်း ပြောလိုက်၏။
"အရာအားလုံး အဆင့်သင့်ဖြစ်ပြီလား။"
"ဟုတ်ကဲ့။ အဘိုး ဝမ်မျိုးနွယ်မှာပဲ ပြန်လည်ဝင်စားအောင် လုပ်ပေးထားတယ်။ အဘိုးရဲ့ ခန္ဓာကိုယ်နဲ့ သွေးမျိုးဆက် ကျင့်ကြံဆင့်ကိုလည်း မျိုးစေ့အဖြစ် ဖွဲ့စည်းပြီးတော့ နောက်ဘဝမှာ ပြန်လည်စုပ်ယူနိုင်အောင် လုပ်ပေးထားတယ်"
"အချိန်ကရော"
"အဲ့ဒါတော့ ကျွန်တော့ရဲ့ ထိန်းချုပ်မှုအတွင်းမှာ မရှိဘူး။ တတ်နိုင်သမျှ မြန်မြန်တော့ လုပ်ပေးထားတယ်။ ဒါပေမဲ့ မသေချာဘူး။"
"ကောင်းပြီ။ မင်း အဘွားကရော"
"သူမရဲ့ ပြန်လည်ဝင်စားမှုကို ရှာမတွေ့သေးဘူး"
ဒါက ကံကြမ္မာပဲ နေမှာပါ" ဝမ်ချန်က သက်ပြင်းချလိုက်သည်။ သူက သူ့ချွေးမဆီ သွားကာ ဖက်ပြီး တီးတိုးပြောလိုက်သည်။
"အရာအားလုံး လုပ်ပေးခဲ့တာတွေအတွက် ကျေးဇူးပဲ။ မင်းက ငါတို့ရဲ့ မိသားစုဝင်ဖြစ်လို့ ဘယ်လောက်တောင် ပျော်ရွှင်ရတယ်ဆိုတာကို စကားနဲ့ ဖော်ပြလို့ ရမှာ မဟုတ်ဘူး။"
သူက ယန်ယီလင်းကို ဖက်ကာ တီးတိုးပြောလိုက်သည်။
"ငါက မင်းအရွယ်ရောက်လာတာကို စောင့်ကြည့်ခဲ့ပြီးတော့ မင်းက ဘယ်လောက်တောင် ကောင်းမွန်တဲ့ လူလဲဆိုတာ သိတယ်။ ဒီလမ်းစဉ်အတိုင်း ဆက်ပြီး လျှောက်ထား။ ကျွင်းအာကိုလည်း သေချာစောင့်ကြည့်ထားအုံး"
"ဟုတ်ကဲ့ပါ"
"မြေး"
"အဘိုး"
"ငါတို့ရဲ့ နောက်ဆုံး အခိုက်အတန့်က ဒီလို ဖြစ်သွားလိမ့်မယ်လို့ ထင်မထားဘူး" ဝမ်ချန်က ဝမ်ဝေ့ကို တင်းတင်းကြပ်ကြပ် ဖက်ထားရင်း ပြောလိုက်သည်။
"ကျွန်တော် နားလည်ပါတယ်"
"မင်းရဲ့ အောင်မြင်မှုတွေနဲ့ ဂုဏ်ကျက်သရေတွေ အားလုံးက ငါ့ရဲ့ အိပ်မက်ထဲမှာတောင် တွေးမကြည့်တဲ့ အရာတွေပဲ။ ဒါပေမဲ့ မင်းရဲ့ အစစ်အမှန်ကိုယ်ကို ပျောက်ကွယ်သွားရင် ဒါတွေအားလုံးက အရေးမပါတော့ဘူး။ ဒီစကားတွေအားလုံးကို သေချာမှတ်ထား"
"ဟုတ်ကဲ့ပါ"
"သား"
"အဖေ"
ဝမ်ထျန်းက သူ့လူအိုကြီးဆီ မျက်ရည်စက်လက်ဖြင့် ပြေးဝင်လာကာ ဖက်ထားလိုက်သည်။ ဝမ်ချန်၏ မျက်ဝန်းများပင် စိုစွတ်နေ၏။ သူက သူ့ကို ရိုက်ကာပြောလိုက်သည်။
"သားလို လူမျိုး ပြုစုပျိုးထောင်နိုင်ခဲ့တာက အဖေ့ဘဝမှာ အကြီးမားဆုံး အောင်မြင်မှုပဲ။ အဖေ ဘယ်လောက်တောင် ဂုဏ်ယူတယ်ဆိုတာကို စကားတွေနဲ့တောင် ဖော်ပြလို့ရမှာ မဟုတ်ဘူး။"
"အဖေ"
ဝမ်ထျန်းက ဝမ်းနည်းမှုက ကြီးစိုးလာသည့်အတွက် မည်သို့ပြန်ပြောရမှန်းပင် စကားလုံးကို ရှာမတွေ့တော့ပေ။
"မင်းအမေကလည်း ဂုဏ်ယူနေမှာပါ။ ငါ သူမနဲ့ ပြန်တွေ့ဖို့ အခွင့်အရေး ရတယ်ဆိုရင် ငါ သူမရှေ့မှာ မားမားမတ်မတ် ရပ်နိုင်မှာပါ။
"သူတို့က အချင်းအချင်း နှစ်မိနစ်ကြာ ဖက်ထားခဲ့ကြသည်။ ဝမ်ချန်က နောက်ဆုံးအနေဖြင့် သူ့မိသားစုများကို ကြည့်ကာ ပြုံးပြီး သက်တံ့အသွင်ပြောင်းကာ ကောင်းကင်အထက် ပျောက်ကွယ်သွားလေ၏။ မိုးမြေ၏ စည်းမျဉ်းများအရ ခွန်အားအစစ်အမှန် တာအိုနယ်ပယ်အဆင့် ကျင့်ကြံသူများက တတိယတန်းစား ဧကရာဇ်အစစ်နှင့် ယှဉ်နိုင်သည့် စွမ်းအားကို ရရှိပြီးသည့်နောက်တွင် တတ်လှမ်းနိုင်ပြီ ဖြစ်၏။