← Chapters

အဖေနှင့်သား

Vol. 83 Ch. 1154

အဖေနှင့်သား

Vol. 83 Ch. 1154

ဝမ်ချန်က ဘေးပတ်လည်ကို ကြည့်လိုက်သော်လည်း မြက်ခင်းပြင်ကလွဲ၍ ဘာမှမမြင်ရပေ။ သူ့စိတ်ထဲ ပထမဦးဆုံး ပေါ်ထွက်လာသည့်အရာက ဤနေရာသည် အတော်လေး ကျယ်ပြောကြောင်း ဖြစ်၏။ သူ့အံ့ဖွယ်အသိစိတ်ကို ဖြန့်ကျက်ပြီးသည့်နောက်တွင်ပင် မြက်ခင်းပြင်ကိုသာ မြင်နေရသည်။ ထိုအခိုက်အတန့်တွင် သူက သေးနှုတ်မှုကို ခံစားမိလိုက်၏။ သူ့ဘဝက အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာဟု သိသည့် ဤနယ်မြေ၏ ကြီးမားကျယ်ပြောမှုနှင့် ယှဉ်လိုက်ပါက အရေးမပါကာ သေးနှုတ်နေသည်။

ဒီလေထုက ချိုမြိန်လိုက်တာ…

ဝမ်ချန်က ပတ်ဝန်းကျင်မှ ထူးကဲသည့်လေထုကို သတိထားမိကာ တွေးလိုက်သည်။

စွမ်းအားက ငါ့ရဲ့ ဝိညာဥ်နဲ့ ခန္ဓာကိုယ်ကို အားဖြည့်ပေးတယ်။ ဒါက ပင်ကိုချီထက်တောင် ပိုပြီးကောင်းနေသေးတယ်…

ဝမ်ချန်က တိုက်ပွဲမတိုင်ခင် ဤစွမ်းအားဖြင့် အရင်ဦးဆုံး နေသားကျအောင် လုပ်ဖို့  ဆုံးဖြတ်လိုက်သည်။

သူက မနီးမဝေးရှိ တောင်တစ်လုံးကို အာရုံခံမိ၍ ထိုနေရာဆီ ဦးတည်လိုက်သည်။ သူက လေဟာနယ်ကို ဆုတ်ဖြဲလိုက်သည့်အချိန် ခုခံမှုအမြောက်အများ ကြုံတွေ့ခဲ့သည်။

အာကာပြင်ကလည်း ကျစ်လစ်ခိုင်မာတယ်။ မသေမျိုးတွေနဲ့ မသေမျိုး စွမ်းအားရှိထားတဲ့သူတွေကပဲ ဒီနေရာမှာ တည်နေရာပြောင်းရွေ့သွားလာနိုင်လိမ့်မယ်…

ဝမ်ချန်က သူ့ဦးတည်ရာဆီ ရောက်လာပြီးသည့်နောက်တွင် ကျူးကျော်သူများကို ကာကွယ်ဖို့ သို့မဟုတ် သတိပေးဖို့ရာအတွက် ကာကွယ်ရေးအစီအရင်နှင့် အာရုံခံရေး အစီအရင်တချို့ကို ခင်းကျင်းခဲ့သည်။ နောက်၃ရက်တာအထိ သူက ဘာမှမလုပ်ဘဲ မိုးမြေကြားရှိ ချီကို စုပ်ယူကာ သူ့ခန္ဓာကိုယ်ကို သန့်စင်ပေးနေသည်။

ငါ့ရဲ့ စွမ်းအားက မွေးကင်းစ မကောင်းဆိုးဝါးနတ်ဘုရား၂ပါးခွန်အားကို ရောက်ရှိသွားပြီ။ ငါ့ရဲ့ ဝိညာဉ်ကလည်း ယခင်ကထက် ၄ဆပိုပြီး သန့်စင်သွားပြီ…

သူက အပြောင်းအလဲကြောင့် အံ့အားသင့်သွားလေ၏။ သူက ဤတိုက်ပွဲမတိုင်ခင် နေသားကျအောင် လုပ်ဖို့  ဆုံးဖြတ်လိုက်သည်။ သူက လူများစွာသည် ဒိုင်မေးရှင်းအမြင့်ကို အဘယ်ကြောင့် တပ်မက်ကြမှန်း နားလည်သွားခဲ့၏။ ကျင့်ကြံဆင့်မြင့်မားအောင် ကျင့်ကြံဖို့ ခက်ခဲသော်လည်း ဤသို့သောပ တ်ဝန်းကျင်မျိုးတွင် လွယ်ကူလှသည်။

“အခု ငါက နေသားကျသွားပြီဆိုတော့ အရင်မျိုးဆက်ရဲ့ ရန်ကြွေးကို အဆုံးသတ်ရမဲ့အချိန်ပဲ…

ဝမ်ချန်က ဝမ်ဝေ့ ပေးထာသည့်အဆောင်တစ်ခုကို အသက်သွင်းကာ စောင့်နေလိုက်သည်။

……………….

ယန်ကောဝေက သူ့စံအိမ်ထဲ ဝင်လာသည်။ သူကတာဝန်တစ်ခုကို ပြီးမြောက်ခါစ ဖြစ်၏။ သို့သော် သူ့စိတ်ထဲ ဂနာမငြိမ်‌ဖြစ်နေ‌သောကြောင့် သူက အရင်းအမြစ်အတွက် အမှတ်များဖြင့်ပင် မလဲနိုင်ပဲ အိမ်သို့ တိုက်ရိုက်ပြန်လာခဲ့သည်။ သူက ချိုမြိန်သည့်အသံဖြင့် သူ့ကို ခေါ်ဆိုနေသည့် အစေခံလှလှလေးကိုပင် လျစ်လျူရှုကာ သီးသန့်ကျင့်ကြံရေး ဝင်ရောက်သွားခဲ့သည်။ တစ်ယောက်တည်းဖြစ်သည်နှင့် သူက လျှို့ဝှက်နည်းစနစ်တစ်ခုကို အသက်သွင်းကာ လျှို့ဝှက်ကာ စည်းပိတ်ထားသည့် ဒိုင်မေးရှင်းတစ်ခုသို့ တည်နေရာပြောင်းရွှေ့ခဲ့သည်။

သူက သံကြိုးများဖြင့် ချည်နှောင်ထားခံရသည့် အမျိုးသားတစ်ဦးကို ကြည့်လိုက်သည်။ ထိုအမျိုးသားက မျက်လုံးဖွင့်လာပြီး ဉာဏ်များသည့် အကြည့်မျိုး  ပြသလာသည်။

“မသိတတ်တဲ့ သား။ နောက်ဆုံးတော့ ငါ့ကို သတ်ဖို့ ရောက်လာပြီလား။ မင်းရဲ့ အပြစ်ကြွေးကို ထပ်ပြီးတော့ ပိတုဃာကတကံ ထပ်ပြီး ပေါင်းဦးမလို့လား”

(မှတ်ချက် - အဖေကို သတ်တဲ့ ကံ )

“ကျုပ် လာတာက ခင်ဗျားကို နောက်ဆုံးအခွင့်အရေး ပေးဖို့ပဲ။ အဲဒီကပ်ပါးတွေဘက် မနေဘဲ ကျုပ်တို့ဘက်ကို ဝင်လိုက်။ ခင်ဗျားရဲ့အသက်ကို ကယ်နိုင်လောက်တယ်” ယန်ကောဝေက ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။

“မင်းက အဲဒီတည်ရှိမှုတွေအကြောင်းပြောရင် သတိထားလို့ ဘယ်နှစ်ကြိမ်တောင် သတိပေးနေရဦးမှာလဲ”

“ခင်ဗျားက သူတို့ကိုကြောက်ပေမဲ့ ကျုပ်က မကြောက်ဘူး”

“အဲဒါက မင်းက အရူးမလို့လေ။ မင်းရဲ့ ငယ်ရွယ်မှုနဲ့ အတွေ့အကြုံ မရှိသေးလို့ပဲ” နေမင်းကိုးစင်းက ခေါင်းယမ်းကာ စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။

“မင်းအမေ စကားကို နားထောင်ပြီးတော့ ဒိုင်မေးရှင်းအနိမ့်မှာ မင်းနဲ့ နေခိုင်းခဲ့သင့်တာ”

“ကျုပ်အ‌မေအကြောင်း ထည့်မပြောနဲ့။ ကျုပ်က ခင်ဗျားလိုမျိုး ကျင့်ဝတ် မရှိတဲ့သူအဖြစ် ပြောင်းလဲမသွားတာက သူမကြောင့်ပဲ” ယန်ကောဝေက ဝင်ပြောလိုက်သည်။

နေမင်းကိုးစင်းက မျက်မှောင်ကြုတ်လိုက်၏။

“သူမက အားနည်းတဲ့ အမျိုးသမီးပဲ။ သူမက မင်းကို အားနည်းပြီး အသုံးမဝင်တဲ့သူအဖြစ် ပြောင်းလဲပစ်လိုက်တာ”

“အားနည်းတဲ့ အမျိုးသမီးတဲ့လား။ အဲဆို ခင်ဗျားကဘာလို့ အားနည်းတဲ့ အမျိုးသမီးကို ကြောက်နေရတာလဲ”

“ငါက ဘယ်သူ့မှ မကြောက်ဘူး”

“အဲလိုဆိုရင် ကျုပ်ကို မွေးတုန်းက သူမရဲ့ အုတ်မြစ်ကို ဘာလို့ တမင် ဖျက်ဆီးပစ်ခဲ့ရတာလဲ။ သူမရဲ့ ပါရမီနဲ့ အလားအလာကို ဘာလို့ ဖျက်ဆီးပစ်ခဲ့ရတာလဲ” ယန်ကောဝေ၏ မျက်ဝန်းက နီရဲလာသည်။ သေမျိုးများက မသေမျိုး ကလေးငယ်များကို အလွယ်တကူ မမွေးဖွားနိုင်ကြပေ။ အထူးသဖြင့် မိဘတစ်ယောက်က မဟာဧကရာဇ်ဖြစ်နေသည့်  အခါတွင် ဖြစ်သည်။ ထို့ကြောင့် သေမျိုးမိခင်အနေဖြင့် ထိုအခြေအနေမျိုးတွင် ပြဿနာမရှိဘဲ မွေးဖွားနိုင်ဖို့ရာ အာဟာရအမြောက်အများ လိုအပ်၏။

“မင်းက ဘာတွေ အဓိပ္ပါယ်မရှိဘဲ ပြောနေတာတုန်း”

“ကျုပ်က မသိသေးဘူးလို့များ ထင်နေလား။ ခင်ဗျားက သူမကို တွေ့ပြီးတော့ စစ်သူကြီးတစ်ယောက်အဖြစ် ပြုစုပျိုးထောင်ပေးချင်ခဲ့တာလေ။ အဲဒီနောက် သူမက ခင်ဗျားရဲ့ ကောင်းကင်အလိုဆန္ဒတိုက်ပွဲမှာ အနိုင်ရဖို့ ပြောင်မြောက်တဲ့ နည်းဗျူဟာကို ထုတ်ပေးခဲ့တယ်လေ။ အဲဒီအချိန်မှာ သူမရဲ့  ပါရမီ သတိထားမိသွားတာပဲ”

ယန်ကောဝေ၏ မျက်ဝန်းက နီရဲကာ အမုန်းတရားများဖြင့် ပြည့်နှက်နေသည်။

“အဲဒီအစီအစဉ်ကို ကြားတာနဲ့ ခင်ဗျားက သူ့မကိုသတ်ဖို့ တွေးခဲ့မိမှာပေါ့။ ဒါပေမဲ့ ခင်ဗျားက စိတ်ပြောင်းပြီးတော့ သူမကို အကောင်းဆုံးအသုံးချပြီး ခင်ဗျားမိန်းမအဖြစ် ပြောင်းလိုက်တယ်လေ။ ဒါပေမဲ့ သူမရဲ့ ပါရမီက ခင်ဗျားကို ထိတ်လန့်စေပြီးတော့ ဖျက်ဆီးပစ်ဖို့ အခွင့်အရေး ရှာခဲ့တာပဲ”

“ပါးစပ်ပိတ်ထားလိုက်။ မင် မသိသေးတဲ့ ကိစ္စတွေကို လျှောက်ပြောမနေနဲ့” နေမင်းကိုးစင်းက သတ်ဖြတ်ငွေ့တို့ကို ထုတ်လွှတ်လာကာ ပြောလိုက်သည်။

“ခင်ဗျားကို ကျုပ် ဘယ်လောက် ရွံ့ရှာတယ်ဆိုတာကို ခင်ဗျား သိမှာမဟုတ်ဘူး”

နေမင်းကိုးစင်းက သူ့သား၏ မျက်ဝန်းကို မြင်သည့်အခါ တုန်ယင်သွားသည်။ သူတို့က ရွံ့ရှာမှုဖြင့် ပြည့်နှက်နေ၏။ 

“ဝမ်းနည်စရာကောင်းတဲ့ အပိုင်းက ခင်ဗျားကိုယ်တိုင်က သူမက ခင်ဗျားရဲ့ အပြု‌အမူတွေကို ဖောက်မြင်ပေမဲ့ ခင်ဗျားကို ချစ်နေတုန်းဆိုတာကို သတိမထားခဲ့တာပဲ” ယန်ကောဝေက အံကြိတ်ကာ ပြောလိုက်သည်။ သူက အသက်ပြင်းပြင်းရှူကာ ပြန်ထုတ်လိုက်၏။

“အဲဒီအရာတွေအပြင် သူမက ကျုပ်ကိုပါ ခင်ဗျားကို မမုန်းဖို့ ကတိစကား တောင်းခံခဲ့သေးတယ်။ သူမရဲ့ ကတိကိုတည်ဖို့ နောက်ဆုံးအကြိမ်အနေနဲ့ ကယ်ဖို့ ကြိုးစားပေးတာပဲ။ ခင်ဗျား ဘက်ပြောင်းမှာလား မပြောင်းဘူးလား”

နေမင်းကိုးစင်းက စက္ကန့်ပိုင်းကြာ တိတ်ဆိတ်သွားလေ၏။

“အချိန်ဖြုန်းမနေနဲ့”

ယန်ကောဝေက ထိန်းချုပ်မှုကင်းလွတ်နီးပါးဖြစ်သွားကာ ဒေါသတကြီး ဖြစ်လာသည်။

“ကျုပ် မသိသေးဘူး။ ခင်ဗျားလို ဉာဏ်များတဲ့သူက ဒီကပ်ပါးတွေဘက်က မြုပ်နေတဲ့ လှေတစ်စင်းဆိုတာကို မမြင်နိုင်ဘူးလား။ သူတို့က ဒီကမ္ဘာရဲ့ စွမ်းအားတွေကို လုယူကတည်းက အဌားဘဝမှာ နေနေခဲ့တာလေ။ အဲ့ကြမ္မာက သူတို့ဘက်မှာ မရှိဘူးဆိုတာကို ပြသနေခဲ့တာပဲ။ ခင်ဗျားက ဘာလို့အဲလောက် ခေါင်းမာနေရတာလဲ”

“မင်းက အများကြီးပြောနေတာပဲ။ ငါ့ကိုသတ်မယ်ဆိုလည်း သတ်လိုက်။ ဘာပဲဖြစ်ဖြစ် မင်းနဲ့ဆက်ပြီး အချိန်မဖြုန်းချင်ဘူး” နေမင်းကိုးစင်းက ထပ်ပြောလိုက်သည်။

“ခင်ဗျား” ယန်ကောဝေက သူ့ကို ရိုက်ဖို့ရည်ရွယ်ချက်ဖြင့် ရှေ့တစ်လှမ်း တိုးလာခဲ့သည်။ သို့သော် သူက ရုတ်ချည်းရပ်တန့်လိုက်၏။

“ခဏ ကျုပ်အမေရဲ့ ဉာဏ်ပညာနဲ့ဆိုရင် ဒီလိုသိသာတဲ့ အမှန်တရားမျိုးကို မမြင်ဘူးဆိုတာ မဖြစ်နိုင်ဘူး။ သူမက ခင်ဗျားရဲ့ ဆုံးဖြတ်ချက်အတိုင်း လိုက်နာဆိုရင်တောင် အခုတော့ သတိပေးခဲ့မှာပဲ” ယန်ကောဝေ၏ မျက်နှာအထက် သဘောပေါက်သွားသည့် အမူအရာ ပေါ်ထွက်လာသည်။

“ခင်ဗျား ဘာလုပ်ခဲ့တာလဲ။ ကျုပ်အမေက ဘယ်မှာလဲ”

“ဟား ဟား ဟား မင်း သိချင်တယ်လား။ ငါ့ကိုလွှတ်ပေး ပြောပြမယ်” နေမင်းကိုးစင်းက အရူးတစ်ယောက်လို ရယ်မောလိုက်သည်။

“ခွေးကောင်” ယန်ကောဝေက သူ့ဆီ ပြေးသွားကာ ရိုက်နှက်တော့သည်။ နေမင်းကိုးစင်း၏ စွမ်းအားနှင့် ရုပ်ပိုင်းဆိုင်ရာခွန်အားကို စည်းပိတ်ထားသောကြောင့် ရှိုက်နှက်မှုက သူ့ကို သွေးသံရဲရဲဖြစ်သွားစေသည်။ သို့သော် ဤသည်က အစမျှသာရှိသေး၏။ ယန်ကောဝေက သူ့အ‌ရောင်စွမ်းရည်ကို အသုံးပြုကာ သူ့စွမ်းရည်အားလုံးကို တိုးမြင့်ပြီး သူ့အဖေကို ဆက်တိုက် ရိုက်နှက်နေသည်။

“အမေက ဘယ်မှာလဲ” သူက သူ့လက်သီးမျှပင် သွေးသံရဲရဲဖြစ်လာစေကာမူ ဂရုမစိုက်ပေ။ သူက သူ့အမေ၏ တည်နေရာအကြောင်း မေးမြန်းရင်း အော်ဟစ်နေလေ၏။ ထိုရိုက်နှက်မှုက သတင်းအချက်အလက်အတွက်ဖြစ်စေ သို့မဟုတ် ယန်ကောဝေက ချုပ်တည်းထားသည့် စိတ်ခံစားများကို ထုတ်လွှတ်နေခြင်းဖြစ်စေ အရေးမကြီးပေ။

“ဟား ဟား ဟား မသိတတ်တဲ့ သား။ ဒီလိုလုပ်နေတာက ဘာမှမပြောင်းလဲဘူး” နေမင်းကိုးစင်းက အခြေအနေဆိုးဝါးနေသော်လည်း ရယ်မောကာ ပြောလိုက်သည်။

“င့ါကို လွှတ်ပေးမှပဲ အမှန်တရားကိုသိလိမ့်မယ်”

မိနစ်၃၀ခန့် ကြာမြင့်ပြီးသည့်နောက်တွင် ယန်ကောဝေ၏ အနီရောင်မျက်ဝန်းများက ပြန်လည်ကြည်လင်သွား၏။ သူက သူ့အဖေ၏ ဆိုးဆိုးဝါးဝါးအခြေအနေကို မြင်တွေ့လိုက်ရသည်။ သို့သော်လည်း သူက သိပ်ဂရုမစိုက်ပေ။ ဤသို့ရိုးရှင်းလှသည့် ဒဏ်ရာမျိုးက မသေမျိုးတစ်ယောက်ကို မသတ်နိုင်ပေ။

ဝိညာဉ်အရောင်

လမင်းအရောင်

ယင်အရောင်

ယန်ကောဝေ့ဝန်းကျင်တွင် ပုံစံအမျိုးမျိုးဖြင့် အပြာရောင်အလင်းလုံး ၃လုံး ထွက်ပေါ်လာကာ သူ့ခန္ဓာကိုယ်အတွင်း ဝင်ရောက်သွား၏။ ထို့နောက်  တုံ့ဆိုင်းခြင်းမရှိ သူက အံ့ဖွယ်အသိစိတ်ကို အသုံးပြုကာ သူ့အဖေ၏ အသိစိတ်ပင်လယ်အတွင်း ကျုးကျော်ခဲ့သည်။ ထိုသူက ပြောဆိုဖို့ ငြင်းဆန်နေသည့်အတွက် သူက ဝိညာဉ်ကို အတင်းအကျပ် ရှာဖွေခြင်းဖြင့် သတင်းအချက်အလက်ကို ရယူမည်ဖြစ်သည်။

ဝုန်း

အားကောင်းသည့် စွမ်းအားတစ်ခုက ယန်ကောဝေအား လွင့်စင်ထွက်သွားစေသည်။ သူက သွေးတစ်ဗွက်အန်လိုက်ရ၏။ သူက သူ့အဖေ၏ အသိစိတ်ပင်လယ် အတွင်းမှ ထွက်လာသည့် အနက်ရောင်ဇာမဏီပုံရိပ်ကို ကြည့်နေမိသည်။

“စည်းတံဆိပ်လား”

“ထာဝရဇာမဏီဗိမာန်က ငါ့စိတ်ကို မကာကွယ်ဘဲ ထားမယ်များ ထင်နေလား။ တုံးအလိုက်တာ” နေမင်းကိုးစင်းက လှောင်ပြောင်လိုက်သည်။

“ငါ ပြောတဲ့အတိုင်း ငါ့ကို လွတ်ပေးမှပဲ မင်း လိုချင်တဲ့ သတင်းအချက်အလက် ရလိမ့်မယ်”

ယန်ကောဝေက ဖြည်းဖြည်းချင်း ထရပ်ပြီး ကုသရေး နည်းစနစ်များကို ထုတ်သုံးလိုက်သည်။ သူက တစ်စုံတစ်ခု ကြိုးစားတေ့ာမည်ဆဲဆဲတွင် အဆောင်မှ အသိပေးချက်ကို လက်ခံရရှိလိုက်၍ စစ်ဆေးကြည့်ပြီးသည့်နောက် မျက်မှောင်ကြုတ်မိသွားသည်။ သူက သူ့အဖေကို ကုသပေးပြီး အထွတ်အထိပ်‌ အခြေအနေသို့ ပြန်ပေးလိုက်ရမလားဟု စဉ်းစားနေမိ၏။

“ဘာလဲ။ နောက်ထပ် ထပ်ပြီး ရိုက်ချင်သေးတာလား။ ကောင်းပြီလေ ငါ့ပါးစပ်ကနေ သတင်းအချက်အလက် ထွက်လာဖို့တော့ မျှော်လင့်မနေနဲ့”

“ခင်ဗျားရဲ့ ကံကြမ္မာက ကျုပ် ဆုံးဖြတ်ပေးရမှာ မဟုတ်တော့ဘူး”

“အဲဒါက ဘာပြောချင်တာလဲ”

“ခင်ဗျားရဲ့ မိတ်ဆွေဟောင်းက ခင်ဗျား နဲ့တွေ့ချင်နေတယ်” ယန်ကောဝေက တည်ငြိမ်စွာ ပြောလိုက်သည်။

“တကယ်လို့ ခင်ဗျားရဲ့စိတ်ထဲက သတင်းအချက်အလက် ရနိုင်မဲ့သူ ရှိတယ်ဆိုရင် သူပဲ ဖြစ်လိမ့်မယ်”

သူက တုံ့ဆိုင်းမနေဘဲ ဝမ်ဝေ့ ပေးထားသည့် အဆောင်ကို အသက်သွင်းလိုက်သည်။ ထို့နောက် သူ့ရှေ့တွင် အာကာပြင်မုဒ်ဝတစ်ခု ပေါ်ထွက်လာကာ ဝမ်ချန်က လျှောက်လှမ်းထွက်လာ၏။

All Chapters