ယခင်မျိုးဆက်ဟောင်း ရန်ကြွေး
Vol. 83 Ch. 1155
“ဝမ်ချန် … မင်း ဘယ်လိုလုပ် ဒီရောက်နေတာလဲ”
“ဟား ဟား ဟား မင်း မထင်ထားဘူးမလား” ဝမ်ချန်က ရယ်မောကာ လှောင်ပြောင်ပြောလိုက်သည်။
“ကံကြမ္မာဆိုတာက တကယ့်ကို စိတ်ဝင်စားဖို့ကောင်းတယ်မလား”
နေမင်းကိုးစင်းက မျက်မှောင်ကြုတ်လိုက်သည်။
“မင်းက ဘာလိုချင်တာလဲ”
သူက ရုတ်တရက် တစ်စုံတစ်ခုကို သထိထားမိသွား၏။
“မင်းကငါ့ရဲ့ မသိတတ်တဲ့ သားနဲ့ ပူးပေါင်းထားတာလား”
“အဲလိုပြောလို့လည်း ရပါတယ်”
“အဲလိုဆိုတော့ မင်းက လက်စားချေဖို့ ရောက်လာတာလား” သူက နှာခေါင်းရှုံ့ကာ ပြောလိုက်၏။
“တာအိုအခွင့်အလမ်းဂိုဏ်းက သူတို့ရဲ့ မသေမျိုးဘိုးဘေးတစ်ယောက်ကို စွန့်လွတ်ပေးပြီး မင်းလိုမျိုး အရှုံးသမားတစ်ယောက်အပေါ် အတော်လေး တန်ဖိုးထားလိမ့်မယ်လို့ မထင်ဘူး”
ဝမ်ချန် ဤနေရာသို့ ရောက်လာနိုင်သည့် တစ်ခုတည်းသော နည်းလမ်းက သူ့ကို ခေါ်ဆောင်လာဖို့ နောက်ထပ် မသေမျိုးတစ်ယောက်က တက်လှမ်းလာရင်း သူ့ကို ဆွဲခေါ်လာခြင်းကြောင့်သာ ဖြစ်နိုင်သည်။ ပြောရလျှင် ဧကရာဇ်တစ်ပိုင်းအဆင့်အတွက် ထာဝရအရှင်တစ်ယောက်ကို စတေးလိုသည့် ဂိုဏ်းဟူ၍ မရှိပေ။ အထူးသဖြင့် ယခင် ကောင်းကင်အလိုဆန္ဒတိုက်ပွဲ ဆုံးရှုံးထားသည့်သူ ဖြစ်၏။
ဝမ်ချန်က သူ့ကို လျစ်လျှူရှုထားပြီး ယန်ကောဝေကို ကြည့်လိုက်သည်။
“သူ့ကို လွှတ်လိုက်။ မင်း ဒီနေရာမှာ မနေတာတော့ အကောင်းဆုံးပဲ”
သူ့မြေးက ယန်ကောကို သစ္စာဖောက်နိုင်ချေ နည်းပါးကြောင်း ပြောထားသော်လည်း ဝမ်ချန်က မစွန့်စားလိုပေ။ အခြေအနေက မည်သို့ပင်ဖြစ်စေကာမူ သူ ယန်ကောဝေ၏ ဖခင်ဖြစ်သူကို သတ်ရမည် ဖြစ်၏။
“လူကြီးမင်း ကျွန်တော့်ကို တစ်ခုလောက် လုပ်ပေးလို့ရမလား”
ဝမ်ချန်က မျက်မှောင်ကြုတ်လိုက်သည်။
“ပြော”
“သူ့ရဲ့ ဝိညာဉ်ကို ချန်ထားပေးလို့ ရမလား”
“မင်းက သူ့ကို ကယ်ချင်နေတာလား”
“အဲလို မဟုတ်ပါဘူး” ယန်ကောဝေက ပြောလိုက်သည်။
“သူက ကျွန်တော်အမေကို တစ်ခုခုလုပ်ခဲ့တယ်။ အဲဒီသတင်းအချက်က သူ့ဝိညာဉ်ထဲမှာ ကာကွယ်ပေးထားတာဆိုတော့ အကောင်းတိုင်း ယူပြီးတော့ အရှင့်ဆီမှာ သတင်းအချက်အလက် သိရအောင် အကူအညီ တောင်းချင်လို့ပါ”
“အဲလိုလား … ငါ အကောင်းဆုံးကြိုးစားပေးမယ်။ ဒါပေမဲ့ အာမတော့ မခံနိုင်ဘူး” ဝမ်ချန်က ဤတိုက်ပွဲသည် မည်သို့ပြောင်းလဲသွားနိုင်ကြောင်း မသိထားသည့်အတွက် ရန်သူ၏ ဝိညာဉ်ကို ကာကွယ်ပေးဖို့ ကတိစကား မဆိုရဲပေ။ သတ်ပစ်ဖို့ ရည်ရွယ်ချက် မရှိဘဲ တိုက်ခိုက်ခြင်းသည် တိုက်ပွဲထဲ ယို့ယွင်းမှု ဖြစ်စေသည်။ ထိုကြောင့် သူက အခြေအနေအလိုက် လှုပ်ရှားရမည်ဖြစ်၏။
“ကျွန်တော်က အဲဒါပဲ တောင်းဆိုတာပါ” ယန်ကောဝေက ဦးညွှတ်ကာ ပျောက်ကွယ်သွား၏။ ဤနေရာလေးက ကြီးမာကာကျယ်ပြောပြီး တိမ်တိုက်များ၊ တောက်ပနေသည့် နေမင်း၊ တောင်တန်း၊ တောအုပ်နှင့် ပင်လယ်များရှိသည့် ကမ္ဘာတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။ စည်းတံဆိပ်က ကျန်ရှိနေသေးသော်လည်း ယခုအခါ ဤနေရာက လူတချို့ကို ထွက်ပြေးဖို့ တားဆီးထားပြီး အင်မတန်ခိုင်မာသည့် အာကာပြင်ရှိထားသည့် ကမ္ဘာငယ်တစ်ခုသာ ဖြစ်၏။
နေမင်းကိုးစင်း၏ သံကြိုးများက ပျောက်ကွယ်သွားကာ သူက သူ့စွမ်းအား ပြန်လည်ရရှိလာသည်ကို ခံစားမိလိုက်သည်။ သူ့အရှိန်အဝါက သိသိသာသာ တိုးတက်လာပြီးသည့်နောက် သူ့ခန္ဓာကိုယ်မှ ပြင်းထန်သည့် အပူငွေ့ ထွက်ပေါ်လာသည်။
“မင်းကငါ့ သားနဲ့ ဘာဆက်ဆံရေး ရှိတာလဲ”
နေမင်းကိုးစင်း… မဟုတ်သေးဘူး… ယန်ချန်းက ဖြည်းဖြည်းချင်း ထရပ်ကာ မေးလိုက်သည်။ သူက သူ့သားသည် ဝမ်ချန်နှင့် ပြောဆိုစဉ်အခါက မည်သို့ သုံးနှုန်းခဲ့ကြောင်း သတိထားမိခဲ့၏။ သူက ထိုသူကို အရှင်ဟုခေါ်ဆိုခဲ့ရုံသာမကဘဲ ယန်ချန်းအနေဖြင့် သူ့သား၏ အသံမှ အကြောက်တရားနှင့် လေးစားမှုတို့ကို ခံစားမိလေသည်။
“မင်းက ဘယ်လိုထင်လဲ”
ယန်ချန်းက မျက်မှောင်ကြုတ်လိုက်သည်။ သူကသူ့သားကို အားကောင်းသည့် ဧကရာဇ်အဖြစ် ပြောင်းလဲပြီး သူတို့က ဧကရာဇ်မျိုးနွယ်အဖြစ် အစပြုဖို့ စီစဥ်ထားခဲ့သည်။ သို့သော်လည်း သူ့ဇနီး၏ ဝင်ရောက်စွက်ဖက်မှုက ထိုကောင်လေးကို နူးညံ့သွားစေခဲ့သည်။ သို့သော် သူ့စိတ်ထဲမှ ရက်စက်မှုကို ထုတ်ယူနိုင်သရွေ့ သူ့အတွက် အားကောင်သည့် လက်နက်တစ်ခုအသွင် ပြောင်းလဲနိုင်လိမ့်မည်ဟု ယုံကြည်ထားလေသည်။ သူက ယန်ကောဝေ့၏ သူ့အမေအပေါ် အချစ်ကို အသုံးချနိုင်သရွေ့ သူ့အစီအစဉ် အောင်မြင်ဖို့ရာ အနှေးနှင့်အမြန်သာ ကွာလိမ့်မည်။
သို့သော် ယခုတွင် ဝမ်ချန်နှင့် တခြားတစ်ယောက်က ဝင်ရောင်စွက်ဖက်ခဲ့၍ အခြေအနေက ပိုမို ရှုပ်ထွေးသွားရသည်။ သူက ဤအရာကို မကြိုက်ပေ။
“အခု ငါ ခံစားမိနေတာ ဒေါသလား။ မင်းနဲ့ မတူလိုက်တာ”
“မင်းက ငါ့အကြောင်း ဘာမှမသိပါဘူး” ယန်ချန်းက နှာခေါင်းရှုံ့လိုက်သည်။ သူက သူ့မျိုးဆက်အတွင်း အင်မတန် သိုသိုသိပ်သိပ်နေခဲ့ပြီး ပျောက်ကွယ်လုနီးပါးအထိ ဖြစ်ခဲ့ရသည်။ ထို့ကြောင့် သူသည် နောက်ဆုံးသော အခိုက်အတန့်မှ တောက်ပလာခြင်း ဖြစ်၏။ သူသည် အသက်ပြင်းပြင်းရှူကာ စိတ်ငြိမ်အောင် ထိန်းလိုက်ပြီး တစ်ဖက်လူကို အကဲခတ်လိုက်သည်။
အဆီအနှစ် ဧကရာဇ်လား။ သူ့ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကျင့်ကြံဆင့်က ငါနဲ့ ယှဥ်နိုင်နေတာလား…
ယန်ချန်းက စိတ်ထဲတွင် ဒေါသထွက်နေသော်လည်း အပြင်ဘက်တွင် တည်ငြိမ်နေလေသည်။ သူ တာအို သက်သေပြစဉ်အခါက သူ့စွမ်းအားသည် မဟာတာအို အရင်းအမြစ် ၁၈ရာခိုင်နှုန်းသာ ရှိခဲ့ပြီး ပထမတန်းစားအဆင့်သာ ဖြစ်ခဲ့၏။ ထို့နောက် သူသည် တက်လှမ်းလာပြီးသည့်နောက် နှစ်ပေါင်း ၇.၄ဘီလီယံနှစ် ကုန်ဆုံးပြီး ထာဝရဇာမဏီဗိမာန်မှ ဆုလာဘ်ကို ရရှိပြီးသည့်နောက်တွင် သူ့ကျင့်ကြံဆင့်က မဟာတာအို အရင်းအမြစ် ၂၄ ရာခိုင်နှုန်းသို့ ရောက်ရှိလာခဲ့သည်။
“တာအိုအခွင့်အလမ်းဂိုဏ်းက မင်းကို ကောင်းကောင်းဆက်ဆံတာပဲ။ သူတို့တွေက မင်းကို ဒီလိုအဆင့်ရောက်အောင် အရင်းအမြစ်တွေ ဘယ်လောက်သုံးရမလဲဆိုတာကို တွေးမကြည့်နိုင်လောက်အောင်ပဲ”
“ဟား ဟား ဟား” ဝမ်ချန်က အားပါတရ ရယ်မောလိုက်သည်။
“မင်းက ဘာကို ပြောချင်တယ်ဆိုတာကို သိတယ်။ ဒါပေမဲ့ ကိစ္စမရှိဘူး။ သိပ်မကြာခင် ငါ ဒီလိုစွမ်းအားကို ရထားလားဆိုတာကို မင်း သိရလိမ့်မယ်”
သူက အပေါ်ပိုင်းဝတ်ရုံကို ဖယ်ရှားလိုက်ပြီး သူ့ကြွက်သားများကို ပြသလာခဲ့သည်။ ဝမ်ချန်၏ ကြွက်သားပြိုင်းပြိုင်း ခန္ဓာကိုယ်မှ ရွှေရောင်အငွေ့အသက်တစ်ခု ထွက်ပေါ်နေသည်။
ဒီအငွေ့အသက်က ငါ့ကို မကောင်းဆိုးဝါးနတ်ဘုရားရဲ့ မှတ်တမ်းကို သတိရသွားစေတယ်။ သူက မကောင်းဆိုးဝါးနတ်ဘုရား ခန္ဓာသန့်စင်ရေး နည်းစနစ်ကို လေ့ကျင့်ခဲ့တာလား…
သူ့အမူအရာက လေးနက်လာပြီး ရောက်ရှိလာမည့် တိုက်ပွဲအတွက် ပြင်ဆင်ထားလိုက်သည်။ သူက သက်ဝင်နိုးထခြင်းကို အသက်သွင်းခဲ့ပြီး သူ့အနောက်ဘက်တွင် စက်ဝိုင်းပြတ်သဏ္ဍာန်နှင့် နေမင်းကိုးစင်း ထွက်ပေါ်လာသည်။ ယန်ချန်းက နေနတ်ဘုရားသဖွယ် ဖြစ်နေ၏။
ဝမ်ချန်က ဒေါသထွက်နေသည့် နွားသိုးတစ်ကောင်လိုမျိုး ပြေးဝင်လာသည်။ နေမင်းတစ်စင်းစီမှ အနီရောင်အလင်းတန်းက သူ့ဆီ ဝင်ရောက်လာသည်။ အနီရောင်အလင်းတန်းက အင်မတန် မြန်ဆန်လွန်းလှ၏။ အပူချိန်ကလည်း ရူပဗေဒစည်းမျဉ်းများကိုပင် ပြက်ရယ်ပြုသွားစေနိုင်သည်။ သို့သော် ဝမ်ချန်က လက်ဝါးတစ်ချက်တည်းဖြင့် တားဆီးခဲ့၏။ သူက မရပ်တန့်ခဲ့ပေ။
ယန်ချန်းက နောက်ဆုတ်လိုက်ပြီး ကျန်ရှိနေသည့် နေမင်းရှစ်စင်းကို သူ့ကိုယ်ပိုင်အလင်းတန်းအဖြစ် ပစ်ခတ်လိုက်သည်။ ဝမ်ချန်က တိုက်ကွက်ကို လက်နှစ်ဖက်ဖြင့် တားဆီးလိုက်သော်လည်း သူရှေ့ဆက်တိုးလိုသည့်ဆန္ဒကို ဘယ်အရာကမှ မတားဆီးနိုင်ပေ။
ယန်ချန်းက ကမ္ဘာ့နေမင်း နည်းစနစ်ကို ထုတ်သုံးလိုက်ပြီး ကောင်းကင်အလိုဆန္ဒလောက် ကြီးမားသည့် စကြဝဠာထဲရှိ ဒြပ်ထုနှင့် စွမ်းအားအားလုံးကို မီးတောက်အဖြစ် ပြောင်းလဲပစ်ခဲ့သည်။
ဝမ်ချန်က တည်တည်ငြိမ်ငြိမ်ဖြင့် နေမင်းက သူ့လမ်းကြောင်းအတိုင်း ပေါ်ထွက်လာသည်ကို ကြည့်နေလိုက်သည်။ သူက ထိုအရာ ပေါက်ကွဲထွက်သွားသည့်အခါ မျက်တောင်ပင် မခတ်ပေ။ သူက ကြောက်မက်ဖွယ် အပူချိန်အတွင်း အသက်ရှင်သန်ခဲ့ပြီး ခန္ဓာကိုယ်အထက် လောင်ကျွမ်းရာ အနည်းငယ်သာ ရှိလေသည်။
ထိုအရာများက အလျင်အမြန် ပျောက်ကွယ်သွားလေ၏။
ယန်ချန်းက သူ့ဘေးရှိ အာကာပြင်ကို မီးရှို့ကာ အဝေးကို တည်နေရာပြောင်းရွေ့ဖို့ ကြိုးစားလိုက်သည်။
သို့သော်လည်း ဝမ်ချန်က ခြေတစ်လှမ်းဖြင့် အာကာပြင်အထက် လျှောက်လှမ်းလာသည်။ သူက တည်နေရာပြောင်းရွေ့လာသလိုမျိုး တစ်ဖက်လူရှေ့ ချက်ချင်း ပေါ်ထွက်လာသည်။
ဘန်း
ယန်ချန်းက လက်နှစ်ဖက်ယှက်လျှက် တားဆီးလိုက်သည်။ သူက သူ့လက်ဝန်းကျင်၌ မီးတောက်ချပ်ဝတ်ကို ဖန်တီးခဲ့သော်လည်း ဘာမှပြောင်းလဲမှု များများစားစား မရှိပေ။
ထိုလက်သီးချက်၏ နောက်ကွယ်မှခွန်အားက သူ့အား လွှင့်စင်ထွက်သွားစေကာ တောင်များဖြင့် ဝင်တိုက်သွားစေသည်။ ဝမ်ချန်က ထိုအရာကို အခွင့်ကောင်းယူသင့်သော်လည်း သူက ရပ်တန့်လိုက်၏။
သူက သူ့လက်သီးကို ကြည့်လိုက်ပြီး ပြုံးလိုက်မိသည်။ သူက ဤအရာအတွက် အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့ရသည်။ အတိအကျပြောရလျှင် သူသည် နှစ်သန်းပေါင်းများစွာတိုင် စောင့်ဆိုင်းနေခဲ့ရသည်။ ဝမ်ချန်က သူ့တိုက်ပွဲကို အမှတ်ရနေဆဲ ဖြစ်၏။ ထိခိုက်နာကျင်ပြီးသည့်နောက်တွင် ယန်ချန်း၏ ပုံရိပ်ယောင်မှ ထိနှက်ချက်က သူ့တာအိုနှလုံးသားကို ကျိုးပျက်စေခဲ့ပြီး သူ၏ အားနည်းမှုကို ခံစားမိစေခဲ့သည်။
ဤဆိုးဝါးလှသည့် တာအိုနှလုံးသားဖြင့် သူက စွမ်းအား၏ ၁ရာခိုင်နှုန်းကိုပင် ထုတ်သုံးဖို့ မဖြစ်နိုင်ပေ။ ထို့နောက် သူသည် ယန်ချန်းက တခြားသောသူများကို သတ်ဖြတ်သည်ကိုသာ ကြည့်နေမိ၏။ ဝမ်ချန်က သူရဲဘောကြောင်သည့် ဆုံးဖြတ်ချက်မျိုးကို ချကာ ထွက်ပြေးပြီး တိုက်ပွဲကို စွန့်ပစ်ခဲ့သည်။ ဤသည်က အကျိုးအကြောင်းသင့် လုပ်ဆောင်မှုတစ်ခုဖြစ်သော်လည်း သူ့အနေဖြင့် နောင်တရနေခဲ့ရသည်။
ထို့ကြောင့် သူသည် ယန်ချန်းကို ပြန်လည်ပေးဆပ်စေဖို့ အခွင့်အရေးကို ရချင်မိသည်။
ဝမ်ချန်က အရူးတစ်ယောက်လို ရယ်မောလိုက်သည်။ သူ့အသံက စည်းပိတ်ထားသည့် ကမ္ဘာအတွင်း ပဲ့တင်ထွက်သွားလေသည်။ ဝမ်ချန်က ခံစားချက် အတော်လေးကောင်းနေ၏။ သူက တာအိုလမ်းစဉ်ကို စွန့်ပစ်ခဲ့ပြီး သူ့မြေးက ဖန်တီးပေးထားသည့် အတွင်းကမ္ဘာကို အသုံးပြုကာ သွေးမျိုးဆက်ကို အားဖြည့်ပြီး ယန်ချန်းကို သူ့လက်ချည်းသပ်သပ်ဖြင့် အနိုင်ပိုင်းဖို့ ပြင်ဆင်ထားသည်။
ဤအချိန်တိုအတွင်း ယန်ချန်းက သူ့အရိုးမှ အက်ကြောင်းကို ပြန်လည်ကုသပြီးသွားပြီ ဖြစ်၏။ သို့သော်လည်း သူ့ဒေါသက ပိုမိုကြီးမားလာကာ မျက်ဝန်းများပင် နီရဲလာသည်။ တစ်ချိန်တစ်ခါက ရှုံးနိမ့်ဖူးသည့်သူက ယခုအခါ သူနှင့် ယှဉ်နိုင်ပြီဖြစ်ကာ ထိုကိစ္စက သူ့ကို စကားဖြင့် ဖော်မပြနိုင်လောက်အောင် ဒေါသထွက်စေသည်။ သူက အနိုင်ရရှိသူဖြစ်ပြီး ဝမ်ချန်က ရှုံးနိမ့်ခဲ့သူ ဖြစ်၏။ သို့သော် သူသာ ဘာမှမလုပ်ပါက အခြေအနေ ပြောင်းပြန် ဖြစ်သွားလိမ့်မည်။
“မင်းက အစောကြီး ပျော်ရွှင်နေမိတာမဟုတ်ဘူးလား” ယန်ချန်းက ဝမ်ချန်ကို ကြည့်ကာ ပြောလိုက်သည်။
“မင်းက နားမလည်သေးပါဘူး” ဝမ်ချန်က ပြန်ဖြေလိုက်၏။ သူ့တာအိုနှလုံးသားရှိ ကျန်ရှိနေသော အက်ကြောင်းငယ်လေးက အဖျားပိုင်းလေး ကုစားနိုင်ပြီဖြစ်ကြောင်း ခံစားမိလိုက်သည်။
ထင်ထားတဲ့အတိုင်းပဲ။ ငါ ဒီတိုက်ပွဲကို ရှုံးနိမ့်ရင်တောင် အပြည့်အဝ ပြန်လည်ကောင်းမွန်သွားလိမ့်မယ်။ ငါ့ရဲ့စွဲလမ်းမှုက အနိုင်ရရှိမှု မဟုတ်ဘဲနဲ့ ဒီတိုက်ပွဲအတွက် နောင်တကို ပြန်လည်ကာမိအောင် လုပ်ဖို့ပဲ။ ဒါပေမဲ့ အပြည့်အဝ ပြန်လည်ကောင်းမွန်ဖို့အတွက်တော့ အနိုင်ရဖို့ လိုတယ် …
ဝမ်ချန်က သူ့စွမ်းအားနှင့် စွမ်းဆောင်ရည်အားလုံးကို အသက်သွင်းလိုက်ပြီး သူ့ခန္ဓာကိုယ်က ထူးဆန်းသည့် စွမ်းအား သို့မဟုတ် အငွေ့အသက်ကို ထုတ်လွှင့်နိုင်ခဲ့သည်။
“ကမ္ဘာဦး စည်းမျဉ်းလား” ယန်ချန်းက အံ့အားသင့်သွားလေသည်။ သူ ပြောသည်က မှန်ကန်နေခဲ့၏။ ဝမ်ချန်က သူ့သွေးမျိုးဆက်မှ ဗလာစည်းမျဉ်းကို အသုံးပြုကာ သူ့နဂိုတာအိုဖြင့် ကိုက်ညီသည့် အာဏာရှင် စည်းမျဉ်းကို ဖွဲ့စည်းခဲ့သည်။ ယနေ့ သူက ဤတိုက်ပွဲအတွင်း ထုတ်ပြလာခြင်း ဖြစ်၏။
“လာလေ ငါတို့ကြားက အကြွေးကို အဆုံးသတ်လိုက်ရအောင်”