← Chapters

စောင့်ဆိုင်းနေခဲ့ရသော လက်ရည်စမ်းပွဲ

Vol. 83 Ch. 1156

စောင့်ဆိုင်းနေခဲ့ရသော လက်ရည်စမ်းပွဲ

Vol. 83 Ch. 1156

"မင်းဆီမှာ ကမ္ဘာဦးစည်းမျဉ်းရှိတော့ရော ဘာဖြစ်လဲ။ ကမ္ဘာဦးဟွင်သွမ်းမှ မဟုတ်တာ" ယန်ချန်းက ထိုသူသည် ခန္ဓာကိုယ်လေ့ကျင့်ရေး နည်းစနစ်ဖြင့် ကမ္ဘာဦးစည်းမျဉ်းကဲ့သို့ အရာမျိုးကို ရယူထားနိုင်ခဲ့သည်ကို အံ့အားသင့်နေခဲ့သော်လည်း ထိုအရာက ဘာမှမပြောင်းလဲပေ။ ကမ္ဘာဦးဟွင်သွမ်း၏ အားဖြည့်မှုမပါရှိဘဲ ကမ္ဘာဦးစည်းမျဉ်းများသည် မဟာတာအို အရင်းအမြစ် နှင့် ကောင်းကင်စည်းမျဉ်းများထက် ပိုမိုအားနည်း၏။ ထိုအရာက ပင်ကိုယ်စည်းမျဉ်းထက် အနည်းငယ် ပိုကောင်းမွန်ရုံမျှသာ ဖြစ်သည်။

ဒီအရူးက ဘာမှမသိဘူးပဲ။ ဒီလိုပတ်ဝန်းကျင်မျိုးမှာ ငါက မဟာတာအို အရင်းအမြစ်ကို သုံးပြီး ကမ္ဘာဦးစည်းမျဉ်းရဲ့ စွမ်းအားကို ကန့်သတ်နိုင်တယ်...

ယန်ချန်းက ဤအစီအစဉ်ကို ချက်ချင်းဆိုသလို အကောင်အထည်ဖော်လိုက်သည်။ သင်္ကေတများနှင့် ပြည့်နှက်နေသည့် သံကြိုးမြစ်ကြောင်းတစ်စင်း ပေါ်ထွက်လာသည်။

မဟာတာအို အရင်းအမြစ် ထွက်ပေါ်လာပြီး ထိုအရာ၏ အရှိန်အဝါက သူ့ကို ပစ်မှတ်ထားသည်နှင့် ဝမ်ချန်က သူ့စည်းမျဉ်းသည် နှေးကွေးလာကြောင်း ခံစားမိလိုက်သည်။ သို့သော်လည်း သူက ပြာယာခတ်မသွားဘဲ နှာခေါင်းရှုံ့လိုက်၏။ သူ့မျက်ဝန်းထဲ အနက်ရောင် လျှပ်စီးငယ်တစ်ခု ထွက်ပေါ်လာကာ စိတ်ဆန္ဒသဏ္ဍာန်ပြခြင်းကို အသက်သွင်းပြီး ကမ္ဘာဦးစည်းမျဉ်းဖြင့် ပေါင်းစည်းလိုက်သည်။ ထိုအရာက ကမ္ဘာဦးဟွမ်သွမ်းအစား လိုအပ်နေသည့် အားဖြည့်မှုကို ပေးအပ်လိုက်ခြင်း ဖြစ်၏။

ကျစ် သူက ဒါကိုတောင် လုပ်နိုင်တယ်လား...

ယန်ချန်းက ဗိမာန်၏ မှတ်တမ်းတချို့ကို ဖတ်ရှုခဲ့ဖူးပြီး ကမ္ဘာဦးစည်းမျဉ်းရှိသည့် ခန္ဓာကိုယ်လေ့ကျင့်သူများသည် ထိုနည်းစနစ်ကို သိထားကြောင်း မှတ်မိလိုက်သည်။ ထိုအရာက ကမ္ဘာဦးဟွမ်သွမ်း၏ အားဖြည့်မှုနှင့် မယှဉ်နိုင်သော်လည်း ဘာမှမရှိသည်ထက် စာလျှင် ပို၍ ကောင်းပေသည်။ ပို၍ အရေးကြီးသည်က ပြင်ပစွမ်းအား မဟုတ်သည့်အတွက် အသုံးပြုဖို့ရာ ပိုမို လွယ်ကူ၏။

အာဏာရှင်၏ လုပ်ပိုင်ခွင့် - အသံ

ဝမ်ချန်က လက်ခုပ်တီးကာ အားကောင်းသည့် အသံလှိုင်းကို ထုတ်လွှင့်လာသည်။ တာအို သို့မဟုတ် အသံသဘောတရားအပေါ် လွှမ်းမိုးထားသည့် ဝမ်ချန်၏ တိုက်ကွက်က အသံနှုန်း၊ အလင်းနှုန်းကို ကျော်လွန်သွားလေ၏။

ယန်ချန်း၏ မျက်နှာအမူအရာက ပြောင်းလဲသွားခဲ့ပြီး သူ့ခန္ဓာကိုယ်ကို ဓာတ်ငါးပါးအဖြစ် ပြောင်းလဲလိုက်ကာ လက်ခုပ်သံမှ တုန်ခါမှုက သူ့ကို အထိအခိုက်မရှိ ကျော်ဖြတ်သွားစေသည်။

ဝမ်ချန်က ပါးစပ်ကို ဟကာ အော်ဟစ်လိုက်၏။

မကောင်းဆိုးဝါးနတ်ဘုရား အော်သံ

သူ့လည်ချောင်းမှ တုန်ခါနှုန်းက စွမ်းအားအပြည့်ပါဝင်နေပြီး လမ်းတွင်ရှိသမျှ အရာအားလုံးကို ဖျက်ဆီးပစ်လိုစိတ် ကိန်းအောင်းနေသည်။ ယန်ချန်းက ထိုတိုက်ကွက်သည် သူ့ဝိညာဉ်ကို ပစ်မှတ်ထားရင်း မီးတောက်ခန္ဓာကိုယ်ကို ပျက်ယွင်းသွားစေနိုင်ကြောင်း သိထားသည်။ ထို့ကြောင့် သူကလည်း ကိုယ်ပိုင် အသံနည်းစနစ်ဖြင့် တုံ့ပြန်လိုက်သည်။

မီးတောက် အသံ

မီးတောက်အသံက ခွန်အား၊ ဒေါသ၊ အမျက်ဒေါသ၊ သောင်းကျန်းမှုနှင့် ဖျက်ဆီးခြင်းတို့၏ စွမ်းအားတစ်ခု ဖြစ်၏။ ခြိမ်းခြောက်နိုင်ဖွယ် တုန်ခါလှိုင်းနှစ်ခု တွေ့ဆုံသည့်အခါ တောင်များကိုပင် စာရွက်သဖွယ် လွင့်စင်ထွက်သွားစေသည်။ အကယ်၍ စည်းတံဆိပ်၏ အားဖြည့်မှုကြောင့်သာ မဟုတ်လျှင် အာကာပြင်တစ်ခုလုံး အက်ကွဲသွားနိုင်သည်။

နှစ်ဦးသားက ထိုထိပ်တိုက်ရင်ဆိုင်မှုအပြီးတွင် နောက်ဆုတ်လိုက်ရသည်။ သို့သော် ယန်ချန်း၏ မျက်နှာအမူအရာက အနည်းငယ် ဖြူဖျော့နေ၏။

သူ့ကျင့်စဉ်က ငါ့ထက်ပိုပြီး ကောင်းနေတာပဲ...

 သူက ဝန်မခံလိုသော်လည်း ထိုထိပ်တိုက်ရင်ဆိုင်မှုက သက်သေပြခဲ့သည်။

အာဏာရှင်၏ လုပ်ပိုင်ခွင့် - မီးတောက်

ခရမ်းရင့် မီးတောက်တစ်ခုက ဝမ်ချန်၏ အပေါ်ပိုင်း ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားခဲ့သည်။ ထိုမီးတောက်က သူ့အရှိန်အဝါနဲ့ ပြီးပြည့်စုံစွာ သင့်တော်နေဟန်ပေါ်၏။

"မင်းက ငါ့ကို အရှက်ခွဲဖို့ ကြိုးစားနေတာလား။" ယန်ချန်းက အံကြိတ်ကာ မေးလိုက်သည်။

"ဘယ်လိုထင်လဲ" ဝမ်ချန်ကာ နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။

"ဒီမကောင်းဆိုးဝါး နတ်ဘုရား မီးတောက်က မင်းအတွက် သီးသန့်ပြင်ပေးထားတာ။"

သူက တစ်ဖက်လူဆီ ပြေးဝင်သွားကာ တစ်ဖက်လူ၏ ကိုယ်ပိုင်တာအိုကို အသုံးပြု၍ တစ်ခါ ဒဏ်ရာရအောင်လုပ်ဖို့ ဆုံးဖြတ်ထားဟန်ပေါ်သည်။

"ကျစ် ဝမ်ချန်" ယန်ချန်းက အတားအဆီးအားလုံးကို လျစ်လျုရှုထားနိုင်ပြီး ဝိညာဉ်ကို တိုက်ရိုက်တိုက်ခိုက်နိုင်သည့် ထူးကဲသော စိတ်ဝိညာဉ် မီးတောက်ဖြင့် တိုက်ခိုက်လိုက်သည်။

ဝမ်ချန်က သူ့ခရမ်းရောင်မီးတောက်သည် တစ်ဖက်လူ၏ ခန္ဓာကိုယ်က ကိုယ်ထည့်မဲ့အခြေအနေ ပြောင်းသွားစဉ် ထိုးဖောက်ဝင်ရောက်သွားသည်ကို  မြင်တွေ့လိုက်ရသည်။

သူက တကယ့်အစစ်အမှန်နဲ့ ပုံရိပ်ယောင်တာအိုကို မီးတောက်ထဲ ထည့်ပြီးတော့ ရောနှောခဲ့တာပဲ...

ဝမ်ချန်က သုံးသပ်လိုက်သည်။

ထို့ကြောင့် သူက မကောင်းဆိုးဝါးနတ်ဘုရား မီးတောက် (လွှမ်းမိုးမှု) ဂုဏ်သတ္တိကို အသက်သွင်းလိုက်သည်။

ယန်ချန်းက သူ့မီးတောက်အပေါ် ထိန်းချုပ်မှု ဆုံးရှုံးသွားသည်ကို ခံစားမိလိုက်၏။ ထိုအရာက ကျင့်ကြံသူအတွက် အကြီးမားဆုံး စော်ကားမှု ဖြစ်ပေသည်။

သူတို့ ကျွမ်းကျင်ရာ နယ်ပယ်ကဏ္ဍ၌ မည်သူကများ ရှုံးနိမ့်လိုမည်နည်း။

ယန်ချန်းက မီးတောက်တာအို ထိန်းချုပ်မှုကို အဆုံးစွန်ထိ တွန်းပို့လိုက်သော်လည်း ထိုအရာက မလုံလောက်ခဲ့ပေ။ ထို့ကြောင့် သူက ပုံရိပ်ယောင်တာအို အနည်းငယ်ကို ထည့်သွင်းကာ လွှမ်းမိုးမှု၏ သက်ရောက်မှု လျော့ချဖို့ လုပ်ဆောင်ခဲ့သည်။

သူ ပြီးမြောက်သွားသည့်အခါ ဝမ်ချန်က သူ့ရှေ့သို့ ရောက်ရှိနေပြီဖြစ်ပြီး ခရမ်းရောင် မီးတောက်လက်သီးဖြင့် ထိုးချလိုက်သည်။

ယန်ချန်းက ခေါင်းကို ရွေ့လျားကာ ရှောင်ရှားလိုက်တော့မည့်ဆဲဆဲတွင် သူ့ခန္ဓာကိုယ်ပေါ် ကျရောက်လာသည့် မြေဆွဲအား ခံစားမိလိုက်ပြီး သူ့ကို မလှုပ်မယှက် ဖြစ်စေသည်။

ဝမ်ချန်၏ လက်သီးက သူ့မျက်နှာတစ်ဝက်ကျော်ကို လောင်ကျွမ်းသွားပြီး ဦးခေါင်းခွံကပင် ချိုင့်ဝင်သွားစေခဲ့သည်။ ယန်ချန်း၏ ဝမ်းဗိုက်မှ အားကောင်းသည့် အလင်းတန်းတစ်ခု ရုတ်ချည်းထွက်ပေါ်လာကာ ဝမ်ချန်အား ကီလိုမီတာ ဒါဇင်ချီ လွှင့်စင်ထွက်သွားစေသည်။

သူ့တိုက်ခိုက်ရေးအတွေ့အကြုံက ငါ ထင်ထားတာလောက် မဆိုးဘူးပဲ...

ယန်ချန်းက တိုက်ခိုက်ရေး အတွေ့အကြုံ နည်းသူတစ်ဦး မဟုတ်ပေ။ သူက အရိပ်ထဲတွင် ပုန်းအောင်းရင်း နောက်ကွယ်မှ လှုပ်ရှားတတ်သူ ဖြစ်၏။ ထိုစဉ် ဝမ်ချန်ကမူ အိပ်မက်လောကအတွက် လေ့ကျင့်ဖို့ အချိန်များစွာ ကုန်ဆုံးခဲ့ရသည်။ သို့သော်လည်း ယန်ချန်းက သူ တက်လှမ်းလာပြီးကတည်းက သူ့အမှားအယွင်းကို ကာမိအောင် လုပ်နိုင်ခဲ့ဟန် ပေါ်၏။

ယန်ချန်း၏ ရှေ့တွင် ထောင့်ငါးသွယ် ကြယ်တစ်လုံးရှိသည့် မှော်စက်ဝန်းတစ်ခု ပေါ်ထွက်လာသည်။ ထောင့်တစ်ခုချင်းဆီက ဓာတ်ငါးပါး၏ အရောင်တစ်ခုချင်းစီကို ကိုယ်စားပြုနေ၏။ အစိမ်းရောင် သစ်သားက တောက်ပလာကာ အလားအလာကောင်းသည့် အသက်ဓာတ်စွမ်းအားကို ထုတ်လွှင့်လာပြီး သူ့ဒဏ်ရာများကို ကုစားပေးနေသည်။

တိုက်ပွဲက စတင်ခါစပဲ ရှိသေးတယ်။ ငါက အရင်းအမြစ် နည်းစနစ်တစ်ခုကိုတောင် သုံးလိုက်ရပြီ...

ဓာတ်ငါးပါး အရင်းအမြစ်နည်းစနစ်က အကြီးဆုံးဝှက်ဖဲသုံးခုထဲမှ တစ်ခု ဖြစ်၏။ သူက ထိုအရာကို ရရှိဖို့ များစွာ စိုက်ထုတ်ထားခဲ့ရပြီး လတ်တလောလေးမှ အောင်မြင်ထားခြင်း ဖြစ်သည်။ နှမြောစရာကောင်းလှစွာဖြင့် သူသည် ထိုအရာကို မကျွမ်းကျင်ခင် သူ့မသိတတ်သည့်သားက သူ့ကို ဆက်သွယ်လာပြီး ဖမ်းဆီးထားခဲ့သည်။

ယန်ချန်း၏ မျက်နှာက ပြန်လည်ကောင်းမွန်လာသော်လည်း သူက ဒဏ်ရာများ ရှိခဲ့သည့် နေရာတွင် လောင်ကျွမ်းမှုကို ခံစားမိနေဆဲ ဖြစ်၏။ ပို၍ အရေးကြီးသည်က သူ့မာနသည် ထိုလက်သီးချက်ဖြင့် ဖျက်ဆီးခံလိုက်ရသည်။

ငါ စိတ်ငြိမ်ငြိမ်ထားပြီးတော့ ဒီလူကို သတ်ရမယ်။ အဲဒါဆိုရင် ဘယ်သူကမှ ငါ့ရဲ့ အရှက်ကွဲမှုကို သိမှာ မဟုတ်တော့ဘူး...

ယန်ချန်းက တွေးလိုက်သည်။

အဲဒီနောက် ငါ လုပ်ဖို့ လိုတာက အဲဒီမသိတတ်တဲ့ သားကို ရှင်းထုတ်ပစ်ဖို့ပဲ...

သူက ထိုကောင်စုတ်လေးကို အကြွင်းမဲ့လက်နက်အဖြစ် ပြောင်းလဲဖို့ ကြံစည်ထားသည့်အတွက် သတ်ပစ်ဖို့ရန် နှမြောဖို့ ကောင်းသည်ဟု ထင်မိသော်လည်း ထပ်မံ ကြိုးစားနိုင်သေးသည်။

သူက အရင်းအမြစ်နည်းစနစ်ကို အသက်သွင်းကာ တခြားသောတာအိုလေးခုကို မီးတောက်တာအိုအဖြစ် ပြောင်းလဲခဲ့သည်။ ပထမတစ်ခုက မြေနှင့် သတ္တုတာအိုကို ပေါင်းစည်းပြီး သူ့ကိုယ်သူ ကာကွယ်ဖို့ ချပ်ဝတ်အဖြစ် ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။ ယန်ချန်းက တစ်ဖက်လူနှင့် ခန္ဓာကိုယ် ကွာဟချက်ကို သဘောပေါက်သွားခဲ့သည်။

ယန်ချန်းက အဖြူနှင့် အဝါရောင် ချပ်တ်ကို ကြည့်ရင်း ပိုမိုစိတ်လုံခြုံမှု ရှိလာသည်။ နောက်တစ်ဆင့်က သတိကြီးကြီးထားကာ ထိုသူကို ထောင်ချောက်အတွင်း မျှားခေါ်ဖို့ ဖြစ်၏။

ဘန်း

ယန်ချန်းက မတုံ့ပြန်နိုင်ခင် ကြောက်မက်ဖွယ် စွမ်းအားတစ်ခုက သူ့ချပ်ဝတ်အပေါ် ကျရောက်လာကာ အက်ကြောင်းများ ပေါ်ထွက်လာစေသည့်အတွက် သူ့ခန္ဓာကိုယ်က ပင်လယ်ထဲ နစ်မြုပ်သွားလေသည်။

သူက ပိုပြီး မြန်လာတာလား။ ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...

ထိုစဉ် ဝမ်ချန်က ရှုရှစ်၏ စွဲလမ်းမှုအရင်းအမြစ် နည်းစနစ်ပုံစံကို အသုံးပြုထားပြီး ထိုပင်လယ်အတွင်း ပေါ်ထွက်လာကာ တစ်ဖက်လူကို ချုပ်နှောင်ဖို့ ရေကို လွှမ်းမိုးခဲ့သည်။

ယန်ချန်းက ပင်လယ်တစ်ခုလုံးကို လောင်ကျွမ်းမပစ်ခင် ပထမတိုက်ကွက်ကို တားဆီးဖို့ ရေထဲတာအိုကို အလျင်အမြန် အသုံးပြုခဲ့၏။ သို့သော်လည်း ယန်ချန်းကို စောင့်ဆိုင်းနေသည်က ဝမ်ချန်၏ ရေအုပ်စိုးသူလက်သီး ဖြစ်၏။ ထိုလက်သီးချက်ထဲတွင် အုပ်ချုပ်သူတစ်ယောက်၏ စွမ်းအားနှင့် သူ့ရေဓာတ်  တန်ပြန်မှုတို့ပါဝင်နေ၏။

ယန်ချန်းက မြေဓာတ်လွတ်မြောက်ရေး နည်းစနစ်ဖြင့် လွတ်မြောက်သွားကာ အနီးအနား ပတ်ဝန်းကျင်တွင် ခန္ဓာကိုယ်ကို ပြန်လည်ဖွဲ့စည်းလိုက်သည်။

ကျစ် သူ့တိုက်ခိုက်ရေးအတွေ့အကြုံက အတော်လေးကို များနေတာပဲ။ သူက ဒီလောက်တောင် ပါရမီ ရှိခဲ့တာလား...

ဝမ်ချန်က သူ့လှုပ်ရှားမှုများကို စာအုပ်တစ်အုပ်အလား သိနေပြီး ကြိုတင်ခန့်မှန်းနိုင်ခဲ့သည်။

ငါက  ဗိမာန်ရဲ့ အပိုင်းအစကနေ တိုက်ခိုက်ရေး အတွေ့အကြုံကို လေ့ကျင့်ခဲ့တာ။ သူကလည်း တာအိုအခွင့်အလမ်းဂိုဏ်းမှာ အဲ့လိုလုပ်ခဲ့တာလား...

သူက နှစ်တစ်သိန်း အသုံးပြုဖို့သာ လဲလှယ်နိုင်စဉ် ဝမ်ချန်က ထိုအရာကို သူ့စိတ်ကျေနပ်အောင် အသုံးပြုနိုင်လောက်သည်ဖြစ်၍ အားကျလာမိသည်။

ဒီတိုက်ပွဲနှုန်းနဲ့ဆိုရင် ငါက  အနိုင်ရရှိတဲ့သူဖြစ်လာမှာ မဟုတ်ဘူး...

သူတို့၏ စွမ်းမားက မတိုးသာ မဆုတ်သာ ဖြစ်နေသော်လည်း တစ်ဖက်လူ၏ ကြောက်မက်ဖွယ်ကောင်းသည့် အတွေ့အကြုံနှင့် ဉာဏ်ရည်တို့က သူတို့ လှုပ်ရှားမှုများကို ကန့်သတ်ထားသလို ဖြစ်နေ၏။

ယန်ချန်းက တစ်ဖက်လူသည် ဆာလောင်နေသည့် ခွေးတစ်ကောင်လိုမျိုး ပြေးလာနေသည်ကို ကြည့်နေရင်း သူ့ကိုယ်သူ မြေဓာတ်နှင့် သတ္တုဓာတ်တို့ဖြင့် လွှမ်းခြုံလိုက်သည်။ ထိုခုခံကာကွယ်ရေး နည်းလမ်းများသည် သူ့ကို စက္ကန့်ပိုင်းမျှသာ အချိန်ဆွဲပေးနိုင်ကြောင်း သိလေ၏။ သို့သော် သူက ထိုအချိန်မျှသာ လိုအပ်လေသည်။

ငါ စိတ်ငြိမ်ငြိမ်ထားပြီးတော့ အကျိုးအကြောင်းသင့်သင့် တွေးရမယ်။ ဒီလို အခြေအနေမျိုးမှာဆိုရင် သူမက ဘာလုပ်မှာလဲ...

ယန်ချန်းက တွေးလိုက်သည်။ သူ့စိတ်ထဲတစ်စုံတစ်ခုပေါ်ထွက်လာ၏။

တကယ်လို့ တစ်ဖက်လူရဲ့ လှုပ်ရှားမှုက ခန့်မှန်းနိုင်မယ်ဆိုရင် သူက အဆင်သင့်ဖြစ်တယ်ဆိုတာကို သိအောင် လုပ်ဖို့ပဲ။ အဲ့ဒီမှာ လှည့်ကွက်တချို့ ထားပြီးတော့ သက်ရောက်မှုရှိတဲ့ နည်းဗျူဟာကို ထုတ်ဖော်ရမယ်။

ဝုန်း

ဝမ်ချန်၏ လက်သီးချက်က မြေဓာတ်အလွှာကို ထိုးဖောက်လာသော်လည်း ယန်ချန်းက ရေလွတ်မြောက်ရေးနည်းစနစ်ကို အသုံးပြုကာ ကီလိုမီတာ အနည်းငယ်ကွာဝေးသည့် မြစ်တစ်စင်းအတွင်း  ပြန်လည်ပေါ်ထွက်လာသည်။ သူက ချက်ချင်းဆိုသလို အကြွင်းမဲ့တိုက်ကွက်ကို အသုံးပြုလိုက်၏။

ဓာတ်ငါးပါး အကြွင်းမဲ့မီးတောက်

ထောင့်ငါးသွယ် ကြယ်စင်က သူ့ရှေ့တွင် ပေါ်ထွက်လာပြီး ပတ်ဝန်းကျင်ရှိ ဓာတ်သဘာဝလေးခုလုံးကို စုဝေးကာ မီးတောက် ဓာတ်သဘာဝကို အားဖြည့်ပေးနေသည်။ ထို့နောက် ဝမ်ချန်ဆီ အနီရောင် အလင်းတန်း ပြေးဝင်သွားပြီး လမ်းကြောင်း၌ အာကာပြင် အက်ကြောင်းငယ်များသာ ချန်ထားခဲ့သည်။

ယန်ချန်းက  သေချာစောင့်ကြည့်နေပြီး အလင်းများက တောက်ပသွားလေ၏။

အခု ငါ့အခွင့်အရေး ရောက်ပြီ...

All Chapters