← Chapters

အရေးပေါ်

Vol. 83 Ch. 1158

အရေးပေါ်

Vol. 83 Ch. 1158

“မင်း ထွက်လာခဲ့တော့”

ယန်ကောဝေက စည်းပိတ်ထားသည့် ဒိုင်မေးရှင်းအတွင်း ရောက်ရှိလာသည်။

“ဒါက မင်း တောင်းထားတဲ့အရာ” ဝမ်ချန်က နောက်တွင်ရှိသည့် ဝိညာဉ်သလင်းကျောက်ကို ပြကာ ပြောလိုက်သည်။

“ကျေးဇူးပါ။ ကျွန်တော် ကျေးဇူးကြွေးတင်သွားရပြီ”

“ငါ့အပေါ် ကျေးဇူးကြွေးတင်စရာ မလိုဘူး။ ငါ့မြေးကိုသာ ကောင်းကောင်းဆက်ဆံ” ဝမ်ချန်က တည်ငြိမ်စွာ ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ”

ဝမ်ချန်က သူ့ကို စိုက်ကြည့်ကာ ပြောလိုက်သည်။

“မင်းတို့ရဲ့ ဆက်ဆံရေးက သိပ်မကောင်းတာ သိတယ်။ ဒါပေမဲ့ သူ့ကို အနည်းဆုံးတော့ မြှုပ်နှံပေးလိုက်ပါ”

ယန်ချန်က သူ၏ အကြီးမားဆုံးပြိုင်ဘက် မဟုတ်သော်လည်း သူ့ဘဝအပေါ် အကြီးမားဆုံးသက်ရောက်မှု ရှိစေခဲ့သူ ဖြစ်၏။ ထို့ကြောင့် ဝမ်ချန်အနေနှင့် ထိုသူက မထိုက်တန်လျှင်ပင် သူ့အနေဖြင့် လေးစားမှုတချို့ကို ပြလိုဆဲ ဖြစ်သည်။

“ဟုတ်ကဲ့ပါ” ယန်ကောဝေက ခေါင်းညိတ်လိုက်သည်။ သူက သူ လိုချင်သည့် သတင်းအချက်အလက်ကို ရသည်နှင့် သူ့အဖေ၏ တာအိုအမှတ်အသားကို ဖယ်ရှားကာ သူ သေဆုံးသွားတာ သေချာအောင် လုပ်ဆောင်ရမည်။ သူ့အမေက ထိုသူ လုပ်ခဲ့သည့်အရာများကို သိနေသော်လည်း ကယ်တင်ဖို့ ကြိုးစားမည်ဖြစ်ကြောင်း သိလေသည်။ ယန်ကောဝေက သူ့အမေနှင့် မတွေ့ခင် သူ့အဖေ သေဆုံးသွားအောင် လုပ်ဖို့ ဆုံးဖြတ်သွားသည်။

“အခု အရာအားလုံး ဖြေရှင်းပြီးသွားပြီဆိုတော့ ငါ တစ်ယောက်ထဲ နေချင်တယ်”

“ဟုတ်ကဲ့ပါ” ယန်ကောဝေက ဦးညွှတ်ပြီးသည့်နောက်တွင် ထွက်ခွာသွားသည်။

ဝမ်ချန်၏ နောက်ခရီးလမ်းက ပြန်လည်ဝင်စားဖို့ ဖြစ်၏။ သူက ပြန်လည်ဝင်စားဖို့ရာ မလိုအပ်ပေ။ သူ့ လူသားမကောင်းဆိုးဝါးနတ်ဘုရား သွေးမျိုးဆက်၊ ပြီးပြည့်စုံသည့် တာအိုနှလုံးသားနှင့် သူ့မြေးတို့၏ နည်းလမ်းတို့ဖြင့် သူက ပြိုင်ဘက်ကင်းဧကရာဇ်တစ်ယောက် ဖြစ်လာနိုင်သည်က သံသယ မရှိပေ။

သို့သော်လည်း သူက ထိုလမ်းစဉ်ကို အကြောင်းအရင်း နှစ်ခုကြောင့် ရွေးချယ်ခဲ့သည်။

ပထမဦးစွာ သူက သူ့ကိုယ်ပိုင်ကံကြမ္မာ၊ အောင်မြင်မှုနှင့် ဂုဏ်ကျက်သရေအတွက် အသစ်ကနေ ပြန်လည်စတင်လိုသည့် အခွင့်အရေးကို လိုချင်သည်။ ဒုတိယအနေဖြင့် တချို့တစ်စိတ်တစ်ပိုင်းက ပြန်လည်ဝင်စားပြီးသည့်နောက်တွင် အလေးအနက်တွေ့ဆုံဖို့ရာ မျှော်လင့်နေဆဲ ဖြစ်၏။

ဝမ်ချန်က အဝေးတစ်နေရာကို လှမ်းကြည့်လိုက်သည်။

“ငါ့ရဲ့ တစ်ခုတည်းသော နောင်တက ဒိုင်မေးရှင်းအမြင့်ရဲ့ ဂိုဏ်းက ဘယ်လိုဖြစ်မလာမလဲဆိုတာ မမြင်ရတာပဲ။ ဒါပေမဲ့ နောက်ဘဝမှာ ကြည့်လို့ရပါတယ်…

ဝမ်ချန်၏ ခန္ဓာကိုယ်က အလျင်အမြန် ပြိုကွဲသွားကာ သွေးနီရောင်မျိုးစေ့အဖြစ် ပြောင်းသွားပြီး သူ့ဝိညာဉ်ဖြင့် ပေါင်းစည်းသွားခဲ့သည်။ သူက နောက်ဆုံးအနေဖြင့် ကမ္ဘာကို ကြည့်ပြီးသည့်နောက်တွင် ပြန်လည်ဝင်စားခြင်း စက်ဝန်းထဲ ဝင်ရောက်လိုက်သည်။ ဝမ်ချန်က ပြန်လည်ဝင်စားရေးဖြစ်စဉ်သည် သူ ထင်ထားသည်နှင့် မတူသည့်အတွက် မျက်မှောင်ကြုတ်လိုက်၏။ သူက သူ့ကိုယ်သူ ကြီးမားကာ ကြက်သီးထပြီး အလယ်တွင် ပလ္လင်ရှိနေသည့် ခန်းမကျယ်တစ်ခုအတွင်း ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။

ပြန်လည်ဝင်စားခြင်းက ဒိုင်မေးရှင်းအမြင့်မှာ ကွဲပြားနေတာပဲ…

ဝမ်ချန်က တွေးလိုက်သည်။ ထို့နောက် အခန်းအတွင်း ဧရာမမျက်နှာကြီးတစ်ခု ပေါ်ထွက်လာသည်။ သူက ထိုသူ၏ တည်ရှိမှုကိုပင် သတိမထားမိခဲ့ပေ။

“မင်း”

“ဝမ်ချန် ငါ မင်းကို စောင့်နေတာ”

………………

အံ့ဖွယ်စည်းတံဆိပ်ကုန်းမြေ

“ကြည့်ရတာ ငါ ဝင်ပါဖို့ မလိုတဲ့ပုံပဲ” ဝူဟုန်က ရေရွတ်လိုက်သည်။ ယခု ထိုသူက သံသရာထဲ ဝင်ရောက်သွားသည့်အတွက် အရာအားလုံး အဆင်ပြေလိမ့်မည်။ ထို့ကြောင့် သူမက တခြားနေရာကို ကြည့်လိုက်၏။ ဝူဟုန်က အန္တိမသဟဇာတသည် ဝင်ရောက်စွက်ဖက်လိမ့်မည်ဟု ထင်ထားခဲ့သော်လည်း ဘာမှဖြစ်ပျက်မလာခဲ့ပေ။

ဖြစ်ချင်တော့ သူက လှုပ်ရှားချင်ပေမဲ့ ရပ်တန့်ခံလိုက်ရတာ ထင်တယ်။ ဒါပေမဲ့ ငါ သေချာမပြောနိုင်ဘူး…

သူမက သက်ပြင်းချကာ ခေါင်းအသာယမ်းလိုက်သည်။ စံပြအဆင့်နှင့် ထူးကဲသာလွန်မှုတစ်ပိုင်းအဆင့်ကြားက ကွာဟချက်သည် မိုးမြေလို ကျယ်ပြောလှသည်။

………….

ဒိုင်မေးရှင်းအနိမ့်၊ အသင်္ချေအင်ပါယာကမ္ဘာ

ဝမ်ဝေ့က ပလ္လင်ပေါ်မှ မျက်လုံးဖွင့်ကာ အသက်ပြင်းပြင်းရှူလိုက်သည်။

“ဘာမှမဖြစ်ခဲ့ဘူး တော်သေးတာပေါ့”

ကံဆိုးစွာဖြင့် သူက သူ့အဘိုးသည် ပြန်လည်ဝင်စားမှုစက်ဝန်းအတွင်း ဝင်ရောက်လိုက်သည်ကို မြင်လိုက်သော်လည်း ထိုနောက်ပိုင်း ဘာမှမခံစားမိတော့ပေ။

ငါ သူ့ကို စစ်ဆေးကြည့်သင့်လား။ ဒါမှမဟုတ် ငါ သံသယလွန်ကဲနေတာလား…

ခေတ္တမျှ စဉ်းစားကြည့်ပြီးသည့်နောက်တွင် သူက စမ်းသပ်ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။ သူက သံသရာခုံရုံး၏ ကံကောင်းမှု အသုံးအဆောင်ပစ္စည်းကို အသုံးပြုကာ မဲမှောင်နေသည့် နေရာလွတ်အတွင်း ဝင်ရောက်သွားသည်။

“လူကြီးမင်း ကျောက်တုံးယမမင်း ကျုပ် တွေ့ခွင့်များရမလား” ဝမ်ဝေ့က စက္ကန့်ပိုင်းကြာ စဉ်းစားနေသော်လည်း တုံ့ပြန်မှုမရှိပေ။ ထိုအဆင့်ပုဂ္ဂိုလ်မျိုးသည် တစ်စုံတစ်ယောက်က သူတို့၏ နာမည်ကို ရွတ်ဆိုလိုက်သည်နှင့် သတိထားမိလိမ့်မည်။ သူက မိနစ်ပိုင်းကြာ စောင့်ဆိုင်းနေပြီးသည့်နောက်တွင် ထပ်ပြောလိုက်သည်။

“လူကြီးမင်း ကျုပ်မိသားစုဝင်က အောင်အောင်မြင်မြင် ပြန်လည်ဝင်စားသွားလားဆိုတာကိုပဲ စစ်ဆေးကြည့်ချင်လို့ပါ။”

အဖြေပြန်မရလာခဲ့ပေ။

“ကျွန်တော် လိုတာက ဟုတ်တယ်၊ မဟုတ်ဘူးဆိုတဲ့ အဖြေတစ်ခုပါပဲ” ဝမ်ဝေ့က ထပ်ပြောလိုက်သည်။ သူက ရိုကျိုးမှုဖြင့် ဦးညွှတ်လိုက်၏။ နှမြောစရာကောင်းလှသည်က မည်သူကမှ သူ့ကို ပြန်မဖြေပေ။ ထို့ကြောင့် သူက သက်ပြင်းချကာ ထွက်ခွာသွားခဲ့သည်။ သူက လီကျွင်း၏ ခုံရုံးထံ ပုံရိပ်ယောင်တစ်ခုကို စေလွှတ်လိုက်၏။

“အစ်ကိုကြီး တစ်ခုခုများ ဖြစ်လို့လား”

“ဘာမှ စိုးရိမ်မနေနဲ့။ အဘိုးက ပြန်လည်ဝင်စားခြင်းစက်ဝန်းဆီ ဝင်ရောက်သွားပြီ။ ငါက စိတ်အေးရအောင် သေချာစစ်ဆေးကြည့်ချင်လို့ပါ။ မင်း စစ်ဆေးကြည့်လို့ရနိုင်မဲ့ နည်းလမ်းများ ရှိမလား” ဝမ်ဝေ့က ရှင်းပြကာ မေးလိုက်သည်။

“မရှိလောက်ဘူး” လီကျွင်းက ခေါင်းယမ်းလိုက်သည်။

“သူက ဒိုင်မေးရှင်းအမြင့်မှာ ပြန်လည်ဝင်စားသွားတာဆိုတော့ အဲဒါက အဓိကပင်မအခွဲလေ။ ကျွန်တော်က အခုမှအသစ်ဆိုတော့ ကျွန်တော်နာမည်နောက်မှာ အောင်မြင်မှုတွေလည်း မရှိသေးတော့ အထက်ကို စစ်ဆေးကြည့်ဖို့ ခက်ခဲတယ်”

“ငါ သိပြီ”

“သံသရာထဲ ဝင်ရောက်တာ တစ်ခုခုများ ခံစားမိလို့လား”

“အင်း”

“အဲ့လိုဆိုရင်တော့ စိုးရိမ်ဖို့ မလိုလောက်ပါဘူး။ သံသရာထဲကို အဲဒီနှစ်ယောက်တောင် အလွယ်တကူ ဝင်ရောက်စွက်ဖက်နိုင်မှာ မဟုတ်လောက်ဘူး။”

“မင်း ပြောတာ မှန်မှာပါလေ”

သူတို့က မိနစ်ပိုင်းကြာ ပြောပြီးသည့်နောက်တွင် ပုံရိပ်ယောင်က ပျောက်ကွယ်သွားသည်။

“လီကျွင်းပြောတာ မှန်တယ်။ ငါ အများကြီး စိုးရိမ်မနေသင့်ဘူး”

ဝမ်ဝေ့က သူ့မိသားစုဆီ သတင်းကို ပြန်လည်ပို့ဆောင်ပြီးသည့်နောက်တွင် သီးသန့်ကျင့်ကြံဖို့ ဝင်ရောက်သွားခဲ့သည်။ သို့သော်လည်း တစ်စုံတစ်ခုကို ခံစားမိခဲ့၏။ ပြောရလျှင် ဟွားလုံ၏ ရောက်ရှိလာမှု ဖြစ်သည်။ သူက သီးသန့်ကျင့်ကြံရေး ဆက်လက်မလုပ်ဆောင်ခင် ဖြေရှင်းဖို့ တစ်စုံတစ်ယောက်ကို စေလွှတ်ခဲ့သည်။

………………………………

ဟုန်မိန်လင်းက ပလ္လင်ပေါ်တွင် ပျင်းတိပျင်းရွဲ့ လဲလျောင်းနေသည်။ သူမက ယခင်လွှမ်းမိုးတတ်သည့် အငွေ့အသက်မျိုး မရှိတော့ဘဲ ပင်ပန်းနွမ်းလျနေပြီ ဖြစ်၏။ ယခင်သုံးရက်အတွင်း အဖွဲ့အစည်းက မဆုံးဖြတ်နိုင်ခဲ့ပေ။

နှမြောစရာကောင်းလှစွာဖြင့် သူမ၏ ယခင်လွှမ်းမိုးနိုင်သည့် စွမ်းအားက ခုံရုံးအတွင်း အသုံးမဝင်ကြောင်း သက်သေပြခဲ့သည်။ ထိုသူများက သူတို့၏ လက်ရှိအနေအထားနှင့် အာဏာကို ထိန်းသိမ်းဖို့သာ ဂရုစိုက်ကြသည်။ အကြောင်းများစွာကြောင့် သူတို့၏ အကြီးမားဆုံးအိပ်မက်က ပထမဆုံးကောင်းကင် ဧကရာဇ်နှင့် ရွှေရောင်နတ်ဘုရားတို့ အတူတကွပျောက်ကွယ်သွားဖို့ ဖြစ်သည်။

“အရှင် အရှင်”

“ရောက်လာပြီပဲ”

“ကျွန်တော် ခေါ်နေတာ ၅မိနစ်လောက် ရှိပြီ။ အဆင်ပြေရဲ့လား” ပညာသင်သားက မေးလိုက်သည်။

“အဆင်ပြေပါတယ်။ ငြင်းခုန်နေရတာ နည်းနည်းပင်ပန်းနေရုံပါပဲ”

“အဲဒီခုံရုံးအဖွဲ့သားတွေကတော့… သူတို့က စွမ်းအား လိုတဲ့အခါမှာ ထောက်ပံ့ပေးကြပြီးတော့ သူတို့ရဲ့ အကျိုးအမြတ်ကို ထိတာနဲ့ တိတ်ဆိတ်သွားကြတာပဲ”

“ကမ္ဘာကြီးက အမြဲတမ်း အဲ့လိုပဲလေ” ဟုန်မိန်လင်းက သက်ပြင်းချလိုက်သည်။

“အဲဒီအကြောင်း မပြောနဲ့တော့။ ဟွားလုံက ပြန်ရောက်လာပြီလား။ အာ ပြောတုန်းဆိုတုန်း ရောက်လာပြီပဲ …”

ဟွားလုံက အခန်းအတွင်းဝင်ရောက်လာကာ ဟုန်မိန်လင်းက မျက်မှောင်ကြုတ်လိုက်သည်။

“မင်းရဲ့ အပြုအမူအရဆိုရင် သတင်းဆိုးလား”

“အနည်းနဲ့အများပါပဲ”

“သတင်းကောင်းလည်း ရှိတယ်လား”

“ဟုတ်ပါတယ်။ သူတို့က တောင်းပန်မှုကို လက်ခံလိုက်တယ်”

“ကောင်းတာပေါ့။ သတင်းဆိုးကရော” သူမက မေးလိုက်သည်။

“ဝမ်ဝေ့က ကျွန်မကို မတွေ့ခဲ့ဘူး။ သူတို့ရဲ့ နယ်ခြားရေးရာငှာနက လူကိုပဲလွှတ်ပေးခဲ့တာ”

ဟုန်မိန်လင်းက ညည်းတွားလိုက်သည်။ ခဏအကြာတွင် ပညာသင်သားက သူ့ကိုယ်သူ ဘုရင်မအပေါ် မလေးစားသည့်သူတွေကို မကောင်းမပြောမိစေဖို့ ထိန်းချုပ်လိုက်ရသည်။

“သူတို့အဖြေက အတူတူပဲ။ အညံ့ခံမလား၊ သေမလား”

အခန်းက တိတ်ဆိတ်သွားခဲ့သည်။

အခြေအနေက အတော်လေး စိတ်တိုဖို့ ကောင်းလှ၏။

ဟုန်မိန်လင်းက တွေးလိုက်သည်။ သူက ထိုလူများလောက် မဟာမိတ်အပေါ် တွယ်တာမှုမရှိပေ။ သူ့အပေါ် အဓိကဦးစားပေးက တက်လှမ်းပြီး သူမ၏ ဆရာနှင့်တွေ့ကာ တကယ့်အစစ်အမှန်တပည့်ဖြစ်လာဖို့ ဖြစ်၏။ သို့သော်လည်း သူမက မတက်လှမ်းခင် ကိစ္စတချို့ ပြီးမြောက်သည်။

ပထမဦးစွာ သူမဆရာ၏ သဘောတူညီချက်ကို ရဖို့ တတ်နိုင်သမျှ အားကောင်းဖို့ရာ ဖြစ်သည်။ ဒုတိယအနေဖြင့် သူမက ထာဝရဧကရာဇ်တစ်ယောက်အနေဖြင့် သူမ၏ အသက်ရှင်မှုကို တိုးမြင့်နိုင်ရုံသာမကဘဲ သူမဆရာ၏ ခြေလှမ်းအတိုင်း လိုက်လုပ်နိုင်ဖို့ ကြီးကြီးမားမား ကိစ္စတချို့ကို လုပ်ဆောင်လိုသည်။ ပြောရလျှင် ထိုအရာက ဒိုင်မေးရှင်းအနိမ့်တစ်ခုလုံးအပေါ် သက်ရောက်မှုရှိလျှင် အကောင်းဆုံး ဖြစ်သည်။

“အဲဒါဆိုရင် ကျွန်မတို့ရဲ့ နောက်အဆင့်ကရော” ဟွားလုံက မေးလိုက်သော်လည်း မည်သူကမှ ပြန်မဖြေပေ။

ဟုန်မိန်လင်းက သက်ပြင်းချကာ ပြောလိုက်၏။

“မင်းရော ဘယ်လိုထင်လဲ”

“ကျွန်တော်တို့တွေ ကွဲပြားတဲ့ အဖွဲ့သားတွေကို ညှိနှိုင်းရမယ်” ပညာသင်သားက အကြံပြုလိုက်သည်။

“ဒါပေမဲ့ ဒီနည်းလမ်းက နှေးကွေးပြီးတော့ အောင်မြင်နိုင်မဲ့ အခွင့်အရေးက စကားအပြောအဆိုအပေါ်မှာ မူတည်နေတယ်”

“ဒါမှမဟုတ်ဘူးဆိုလည်း ငါတို့တွေ တပ်ဖွဲ့ရဲ့ စွမ်းအားကို သုံးပြီး ခုံရုံးကို ထိန်းချုပ်ပြီးတော့ အသင်္ချေအင်ပါယာကမ္ဘာဆီ အညံ့ခံတာပေါ့” ဟွားလုံက အကြံပြုလိုက်သည်။

“ဒီလိုသစ္စာဖောက်မဲ့ကိစ္စကို ဘာလို့ အလွယ်တကူ ပြောနိုင်ရတာလဲ”

ဟွားလုံက သူ့ကို လျစ်လျူရှုထား၏။

“ငါတို့ သူ့ကို ပေးနိုင်တာက အလယ်ပိုင်းနယ်မြေပဲ။ ပထမကောင်းကင်ဧကရာဇ်က ငါတို့ကို ကောင်းကောင်းဆုချမှာ။ သူ့ရဲ့သမိုင်းကြောင်းက သူ့ရဲ့ စီးပွားရေး လုပ်ပုံနဲ့ ရက်ရောမှုကို ပြသသွားပြီ”

“အင်း” ဟုန်မိန်လင်းက အတွေးနက်နေသည်။ ထိုအကြံပြုမှုက သိပ်မဆိုးလှပေ။ သို့သော်လည်း ပြင်းထန်လွန်းနေသည်ဟု ခံစားမိနေသည်။

“အရှင် အခု တုံ့ဆိုင်းနေရမဲ့အချိန် မဟုတ်ဘူး။ ဆုံးဖြတ်ချက်ချရမဲ့အချိန် ရောက်ပြီ။ အဖွဲ့အစည်းတွေက အာဏာ လိုချင်ပြီးတော့ သူတို့တွေက အဆင့်အတန်းကို ကာကွယ်ထားနိုင်လိမ့်မယ်လို့ ယုံကြည်ထားတာ။ ဒါပေမဲ့ ဦးနှောက် ပါတဲ့သူတိုင်းက ကျွန်မတို့ဘက်က အားနည်းနေတာကို သိကြတာပဲ။”

“ဒီနေရာက မြုပ်နေတဲ့ သင်္ဘောတစ်စင်းလို ဖြစ်နေပြီ။ ဘာမှမလုပ်ဘူးဆိုရင် သူတို့နဲ့အတူတူ မြုပ်သွားလိမ့်မယ်”

“မင်း ပြောတာ ဟုတ်တယ်”

“ဒါက ပြင်းထန်လွန်းတယ်လို့တော့ ခံစားမိနေတုန်းပဲ” ပညာသင်သားက ထပ်ပြောလိုက်သည်။

“သံတမန်ရေးရာ ကြိုးစားကြည့်ရင်ရော ဘယ်လိုလဲ”

“စစ်ပွဲမစခင် ဘယ်လောက်အချိန်ရမလဲဆိုတာ မသိဘူး။ ဒါပေမဲ့ သိပ်ကြာမှာတော့ မဟုတ်ဘူး” ဟွားလုံက ပြောလိုက်သည်။

“နှစ်ယောက်လုံး ပြောတာ ဟုတ်တယ်။ ဒါပေမဲ့ ငါ ဟွားလုံဘက်ကို ပိုပြီးတော့ ယိမ်းမိတယ်။ ဒါပေမဲ့ သူတို့တွေက ငါ့ကို ထောက်ပံ့ပေးပြီး အချိန်အတော်ကြာ တွဲလုပ်ခဲ့တဲ့နောက်မှာ သူတို့အပေါ် အားသုံးခဲ့ရတာကိုတော့ သိပ်မကြိုက်ဘူး။ ဒီလိုဆိုရင်ရော…”

ဟုန်မိန်လင်း ရုတ်တရက် ရပ်တန့်ကာ အံ့ဖွယ်အသိစိတ်ဖြင့် စစ်ဆေးကြည့်လိုက်သည်။

“အရှင် ဘာဖြစ်လို့လဲ”

“တစ်ခုခုဖြစ်နေပြီ။ ဆိုးဆိုးရွားရွားပဲ။ ဒါပေမဲ့ ငါ ဘာမှန်းမသိဘူး” သူမက အံ့ဖွယ်အသိစိတ်ဖြင့် စစ်ဆေးကြည့်လိုက်သော်လည်း ရလဒ် မရပေ။ သို့သော်လည်း အန္တရာယ်အရိပ်အယောင်က သူ့မစိတ်ထဲ ဝင်ရောက်လာခဲ့သည်။

…………………………………..

အသင်္ချေအင်ပါယာကမ္ဘာ

ဝမ်ဝေ့က မျက်လုံးဖွင့်ကြည့်လိုက်သည်။

ကျစ် မထင်မှတ်ထားတဲ့ အရာတစ်ခုခုတော့ ဖြစ်လာခဲ့ပြီ…

All Chapters