၇ကြိမ်မြောက် ခုံရုံးအစည်းအဝေး
Vol. 83 Ch. 1159
ဝမ်ဝေ့က အဝေးတစ်နေရာကို ကြည့်ရင်း သူ့အမူအရာက အတော်လေး လေးနက်နေသည်။ သူက ဉာဏ်များသည့် မျက်ဝန်းကို ပိုင်ဆိုင်ထားသည့် ရွှေရောင်ချပ်ဝတ်နှင့် အမျိုးသားကို ကြည့်လိုက်သည်။ သူ့ခန္ဓာကိုယ်တွင် မဲမှောင်သည့် စွမ်းအားမျိုး ကိန်းအောင်းနေ၏။ ထိုအမျိုးသားက သူ့ကို ကြည့်ကာ ယုတ်မာစွာ ပြုံးလိုက်သည်။
“မင်းက ငါ့ကို ဘယ်တုန်းကမှ အလေးအနက် မထားခဲ့ဘူး။ အခုတော့ နောင်တရနေပြီမလား” ရွှေရောင်နတ်ဘုရား မဟုတ်သေးဘူး… ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်က ပြောလိုက်သည်။
ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်ပြီး သူ့ပထမဦးဆုံးအသိစိတ်က ထိုသူ့ဆီ ချက်ချင်းပြေးသွားကာ သုတ်သင်ပစ်ဖို့ ဖြစ်၏။ သို့သော် သူ့ကိုယ်သူ တားဆီးလိုက်သည်။ ထင်မှတ်မထားသည့် အခြေအနေမျိုးက သူ့ကို တည်ငြိမ်ပြီး သူ့ကို အကျိုးအကြောင်း သိသိ ဆင်ခြင်တွေးတောစေနိုင်သည့် ပြီးပြည့်စုံသည့် အခွင့်ကောင်းအခါကောင်း ဖြစ်၏။
“မင်းက စွန့်ပယ်ခံရတဲ့ နယ်ရုပ်တစ်ခုကလွဲပြီး ဘာမှမဟုတ်တာကို ဘာလို့ ဒီလောက် မာန်တက်နေရတာလဲ” သူက သူ့အသံ၌ လှောင်ပြောင်ထားခြင်း မရှိပေ။ သူက ကောင်းကင်ဝါးမျိုခြင်းဧကရာဇ်သည် အသိစိတ်တိုက်ပွဲအတွင်း နောက်ဆုံးအနိုင်ရရှိသူ ဖြစ်မည်မှန်း မှန်းဆထားခဲ့သော်လည်း ထိုသူက အသူရာချောက်နက်၏ စွမ်းအားကို အသုံးပြုလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။
ငါ သူ့ကို သေသေချာချာလေး စောင့်ကြည့်ခဲ့တာ။ သူက ချောက်နက်နဲ့ ငါ မသိဘဲ ဆက်သွယ်လို့ရမှာ မဟုတ်ဘူး။ သူတို့ကပဲ သူ့ကို ဆက်သွယ်တာ ဖြစ်နိုင်တယ်။ ကြည့်ရတာ ငါ အလင်းမဲ့အမှန်တရားထဲ ရောက်နေတုန်းဖြစ်လောက်တယ်…
ဝမ်ဝေ့က သုံးသပ်လိုက်သည်။
ကောင်းကင်ဘုံအဆင့် စွမ်းအားကြီးပုဂ္ဂိုလ်ရှိနေတယ်ဆိုရင် သူတို့က ငါ့ရဲ့စော င့်ကြည့်နေတဲ့ အမြင်ကို ဖုံးကွယ်နိုင်တာ အဓိပ္ပာယ်တော့ ရှိပါတယ်…
ဝမ်ဝေ့က အခြေအနေကို သုံးသပ်လိုက်သော်လည်း သူ့အကြည့်အောက်တွင် မထင်မှတ်ထားသည့်အရာ ဖြစ်ပျက်ခဲ့သည်ကို မကြိုက်ပေ။
“နယ်ရုပ်တဲ့လား။ ကစားပွဲမပြီးခင်အထိ ဘယ်သူက နောက်ဆုံးအနိုင်ရရှိတဲ့သူ ဖြစ်မလဲဆိုတာကို မသိရဘူးလေ” ကောင်းကင်ဝါးမျိုခြင်းဧကရာဇ်က သူ့စွမ်းအားဖြင့် ယုံကြည်ချက် ရှိနေသည်။ အထူးသဖြင့် ထိုအရာက သူ တစ်ယောက်တည်းအပိုင် ဖြစ်သွားပြီး တခြားတစ်ယောက်၏ ရုပ်သေးရုပ် မဟုတ်တော့သည့်အခါတွင် ဖြစ်၏။
“နောက်ဆုံးအထိ အသက်ရှင်မှပဲ ဆက်ပြောကြတာပေါ့” ဝမ်ဝေ့က တုံ့ဆိုင်းမနေဘဲ တိုက်ခိုက်လိုက်သည်။ ဧရာမလက်ဝါးကြီးက ရွှေရောင်ကမ္ဘာအပေါ် ကျရောက်လာသည်။ ထိုသို့ကျရောက်လာသည်နှင့် တစ်ကမ္ဘာလုံးက ရှင်းထုတ်ခံလိုက်ရလိမ့်မည်။ ပြောရလျှင် ကမ္ဘာ့အသိုက်အဝန်းတစ်ခုလုံးက ဗလာနတ္ထိ ဖြစ်သွားလိမ့်မည်။
ထိုစဉ် ကောင်းကင်ဝါးမျိုခြင်းဧကရာဇ်က ဟက်ဟက်ပက်ပက် ရယ်မောပြီး ထိုတိုက်ကွက်ကို သူ့ရွှေရောင်လက်ဝါးဖြင့် တားဆီးလိုက်သည်။ သူက ထိုလက်ဝါးကို တားဆီးခဲ့ရုံသာမက တိုက်ကွက်၏ နောက်ကွယ်မှ စွမ်းအားကိုလည်း သူ့ကမ္ဘာဆီ မကျရောက်အောင် သုတ်သင်ဖျက်ဆီးပစ်လိုက်သည်။
သူ့စွမ်းအားက ဆယ်ဆတိုက်ခိုက်ရေးအဆင့်ကို ရောက်နေပြီ။ ဒါပေမဲ့ တားမြစ်တိုက်ခိုက်ရေးအဆင့်ကိုတော့ မရောက်သေးဘူး…
ဝမ်ဝေ့က သုံးသပ်လိုက်သည်။ ထိုသူက သူက များများစားစား ခြိမ်းခြောက်မှု ရှိမည်မဟုတ်သော်လည်း ကိစ္စများက ဤမျှရိုးရှင်းမည် မဟုတ်ပေ။
သူက ကောင်းကင်ဘုံအဆင့် ယာယီရနိုင်တဲ့ နည်းလမ်းရှိတာ ဖြစ်လောက်တယ်။ ချောက်နက်ရဲ့ စွမ်းအားကို အသုံးပြုထားတာ ဖြစ်လောက်တယ်…
ဝမ်ဝေ့က ဒုတိယအကြိမ် မတိုက်ခိုက်ဘဲ အကြည့်လွှဲလိုက်သည်။ သူက ပလ္လင်ပေါ်တွင် ထိုင်ကာ အတွေးနက်နေမိသည်။
သတင်းကောင်းက ဒီကပ်ဘေးက တရားဝင်အစစ်အမှန်ပဲ…
ကောင်းကင်ဝါးမျိုခြင်းဧကရာဇ်နှင့် အသူရာချောက်နက်ကြားမှ ပူးပေါင်းမှုသည် တရားဝင် ဒိုင်မေးရှင်းအနိမ့်တစ်ခုလုံးကို အရေးပေါ်အခြေအနေအဖြစ် ပြောင်းလဲပစ်ခဲ့သည်။
ဒါပေမဲ့ ကိစ္စတွေက နည်းနည်းတော့ မသင်္ကာစရာပဲ…
ဝမ်ဝေ့က တွေးလိုက်သည်။
တကယ်လို့ ငါသာ သူ့နေရာမှာ ရှိနေတယ်ဆိုရင် ဘာလုပ်မှာလဲ…
သူက မျက်မှောင်ကြုတ်ပြီးသည့်နောက်တွင် စိတ်ထဲမှ အတွေးများကို ဖယ်ရှားလိုက်သည်။
ဒါက ဒီလိုကိုး…
ဝမ်ဝေ့က အမှန်တရားကို ကောက်ချက်မချနိုင်ဘဲ အနာဂတ်ကို ကြည့်လိုက်သည့်အခါ သတင်းအချက်အလက်အမှား သို့မဟုတ် မပြီးပြည့်စုံသည့် အချက်အလက်များဖြင့် ရှိနေသည့် အချိန်စက်ဝန်းများစွာကို မြင်တွေ့လိုက်ရသည်။ သို့သော်လည်း သူက ပြန့်ကျဲနေသည့် သတင်းအချက်အလက်များမှတဆင့် သတင်းအချက်အလက်ကို ကောက်ချက်ချနိုင်လေ၏။
အတွေးတစ်ချက်ဖြင့် အသင်္ချေအင်ပါယာကမ္ဘာတွင် အားကောင်းသည့် ခေါင်းလောင်းသံ ထွက်ပေါ်လာပြီး လူအားလုံးက အံ့အားသင့်သွားကြသည်။
အရေးပေါ် ခေါင်းလောင်းလား…
ရှုရှစ်က တွေးပြီးသည့်နောက်တွင် အစည်းအဝေးအခန်းသို့ အပြေးရောက်လာသည်။ အစစ်အမှန် ထာဝရအဆင့် ကျင့်ကြံသူများကလွဲ၍ ခုံရုံးတွင်နေထိုင်ကြသည့် အင်အားကြီးပုဂ္ဂိုလ်များက အကျိုးအမြတ်ကို အခွင့်ကောင်းယူဖို့ ရောက်နေကြခြင်း ဖြစ်သည်။ ထို့ကြောင့် ရှုရှစ်က ပထမဦးဆုံး ရောက်ရှိလာသော်လည်း ပထမဦးဆုံးထဲမှ တစ်ယောက်သာ ဖြစ်၏။ အခန်းအတွင်း လူပြည့်သွားဖို့ သိပ်မကြာလိုက်ပေ။
ဝမ်ဝေ့က အစည်းအဝေးကို စတင်ခဲ့၏။
“ရွှေရောင်နတ်ဘုရားက အမည်မသိ စွမ်းအားကြီး သက်ရှိကြောင့် တိုက်စားခံလိုက်ရတာ”
သူ့ပထမစကားက အားလုံးကို အံ့အားသင့်သွားစေသည်။ တိုက်ပွဲစဖြစ်လာကတည်းက လူများစွာသည် တစ်ဖက်လူ၏ သတင်းအချက်အလက်များကို စုစည်းဖို့ ပြင်ဆင်ထားခဲ့သည်။ ထို့ကြောင့် သူတို့အနေနှင့် ရွှေရောင်နတ်ဘုရားသည် အားကောင်းသည့် ရန်သူဖြစ်ကြောင်း သိထားကြ၏။ သူက အဆုံးမဲ့လေဟာနယ်တစ်လျှောက် အရှင်ကလွဲ၍ အားအကြီးဆုံးလူဟု ဆိုရပေမည်။
သို့သော် ယခုတွင် တစ်စုံတစ်ယောက် သို့မဟုတ် တစ်စုံတစ်ခုက သူ့ကို တိုက်စားထားကြောင်း သိလိုက်ရသည်။ ထိုအတွေးက အရဲရင့်ဆုံးသူများပင် ထိတ်လန့်သွားစေသည်။
“ဘယ်သူက ဒါမှမဟုတ် ဘယ်အရာက အဲ့လို ကိစ္စကို လုပ်နိုင်တာလဲ” အမတ်တစ်ယောက်က မေးလိုက်သည်။
“သိသာနေတယ်မဟုတ်ဘူးလား။ အဆုံးမဲ့ လေဟာနယ်မှာ တားမြစ်ထားတဲ့ နေရာတစ်ခုပဲ ရှိတယ် …”
“အသူရာချောက်နက်ပဲ” အခန်းက ချက်ချင်းဆိုသလို တိတ်ဆိတ်သွားခဲ့သည်။
“မင်းတို့ ပြောတာ မှန်တယ်” ဝမ်ဝေ့က အသိအမှတ်ပြုလိုက်သည်။
“မမြင်နိုင်တဲ့ အပြောင်းအလဲတွေကြောင့် ငါတို့တွေ အရှိန်မြှင့်တင်လိုပြီ”
“ကျုပ်တို့တွေ အခု တိုက်ကြတော့မှာလား”
“ဟုတ်တယ်” ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။
“မင်းတို့တွေ တတ်နိုင်သမျှ မြန်မြန် အလယ်ပိုင်းနယ်မြေ မဟာမိတ်ရဲ့ ပိုင်နက်ကို အုပ်စိုးပြီးတော့ ရွှေရောင်နတ်ဘုရားရဲ့ ပိုင်နက်ဆီ ရောက်ဖို့ လိုတယ်။ မင်းတို့တွေက သူ့ထိန်းချုပ်မှုအောက်မှာရှိတဲ့ ကမ္ဘာတွေကို ကျူးကျော်ရမယ်”
ရွှေရောင်နတ်ဘုရားက ယုံကြည်မှုစွမ်းအားအမြောက်အများ ရရှိထားသည့်အတွက် ဝမ်ဝေ့အနေဖြင့် ဝါးမျိုခြင်းဧကရာဇ်သည် ထိုအရာကို အခွင့်ကောင်းအနေဖြင့် အသုံးပြုမည်ကို စိုးရိမ်မိသည်။
နမူနာအနေဖြင့် သူ့ဝိညာဉ်တိုက်စားခံရမှုကို လျော့ချခြင်း သို့မဟုတ် ဆိုးကျိုးကို လျော့ချခြင်းတို့ လုပ်ဆောင်နိုင်သည်။ သူက တစ်ဖက်လူ၏ လက်ထဲမှ ကမ္ဘာများကို လုယူခြင်းဖြင့် ထိုဖြစ်နိုင်ချေကို ရှင်းထုတ်နိုင်လိမ့်မည်။
“ အဲဒီလူတွေရဲ့ ဝိညာဉ်ထဲက ယုံကြည်မှု ကပ်ပါးကို ဖယ်ရှားနိုင်မဲ့ နည်းလမ်းတစ်ခုကို ဖန်တီးထားတယ်။ ဒါပေမဲ့ ငါ့စံနှုန်းတော့ မပြည့်မီသေးဘူး။ အဲဒါကြောင့် အိပ်မက်လောကထဲမှာ သတင်းအချက်အလက်နဲ့ မှတ်စုတွေကို ထားထားတယ်။ မင်းတို့တွေက ဒီစစ်ပွဲအတွင်းမှာ တိုးတက်အောင် လုပ်ရမယ်။”
“ရွှေရောင်နတ်ဘုရားက အခု အရှင် စိုးရိမ်နေရလောက်အောင် အားကောင်းသွားတာလား” ဝမ်ဝေ့ စကားပြောပုံအရ လူတချို့က စိုးရိမ်လာကာ မေးလိုက်သည်။
“ငါက သူနဲ့ ရင်ဆိုင်မှာ မဟုတ်ဘူး” ဝမ်ဝေ့က ပြန်ပြောလိုက်၏။
“ငါ့မှာ ပိုပြီးကြီးမားတဲ့ ပြဿနာ ရှိတယ်။ မင်းတို့တွေက သူ့ကို ဖြေရှင်းရမယ်။ ဒါမှမဟုတ်ဘူးဆိုလည်း ငါ ပြန်လာတဲ့အထိ အချိန်ဆွဲထားရမယ်”
“ကျုပ်တို့က ဘယ်လိုလုပ် အဲ့လို လုပ်နိုင်မှာလဲ” အောင်းရှန်က မေးလိုက်သည်။ သူက အိပ်မက်လောကတွင် ထိုသူနှင့် တိုက်ခိုက်ဖို့ ကြိုးစားခဲ့ဖူးသည်။ ဝမ်ဝေ့က လက်ကိုဝှေ့လိုက်ပြီး သင်္ကေတလေးသွယ်ကြေးမုံကို ထုတ်ယူလိုက်၏။ သူက ပထမဦးစွာ ကြောက်မက်ဖို့ ကောင်းသည့် ကောင်းကင်ဘုံအဆင့်စွမ်းအားကို ကြေးမုံအတွင်း ထည့်သွင်းပြီးသည့်နောက် လူအုပ်ကြီးထံ ပြောလိုက်သည်။
“ဒါက မြန်မြန်ဆန်ဆန်နဲ့ အပြီးသတ်ရမဲ့ တိုက်ပွဲပဲ။ မင်းတို့အားလုံးက ဒီကြေးမုံရဲ့ စွမ်းအားကို ငှားပြီးတော့ ကိုယ်ပိုင်ခွန်အားကို တိုးတက်အောင် လုပ်နိုင်တယ်။ ကမ္ဘာတွေကို တတ်နိုင်သမျှ မြန်မြန် အုပ်စိုးမယ်။ ဒါပေမဲ့ ဒီပစ္စည်းက မင်းတို့ရဲ့ တာအိုကို တိုက်စားနိုင်တယ်ဆိုတော့ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ သတိထားကြ”
ထိုအသုံးအဆောင်ပစ္စည်းက မည်မျှပင် အားနည်းစေကာမူ မဟာတာအိုအရင်းအမြစ် ၇၀ ရာခိုင်နှုန်းဖြင့် ယှဉ်နိုင်သည့် တာအို ပါဝင်နေသည်။ အကယ်၍ ထိုသူများသာ အသုံးပြုရင်း သတိမထားပါက သူတို့၏ တာအို တိုက်စားခံလိုက်ရနိုင်သည်။ ထိုအခါ သူတို့အနာဂတ်၏ ကျင့်ကြံရေးလမ်းစဉ် ပြတ်တောက်သွားနိုင်သည်။
“ဖုန်းဟွမ်”
“ဒီကိုယ်တော်က ဒီမှာ ရှိပါတယ်”
“မင်းက ရွှေရောင်နတ်ဘုရားကို တားဆီးပြီး ရပ်တန့်ရမဲ့သူပဲ” ဝမ်ဝေ့က အမိန့်ပေးလိုက်သည်။
“မင်းတို့ ဗုဒ္ဓရဲ့ သန့်စင်ရေးစွမ်းအားက အသူရာချောက်နက်ရဲ့ စွမ်းအားအပေါ်မှာ သက်ရောက်မှုရှိတယ်။ မင်းရဲ့ တိုက်ခိုက်ရေးနည်းဗျူဟာက သူ့ကို အသူရာချောက်နက်က စွမ်းအား အသုံးပြုတာကို တားဆီးဖို့ပဲ။ တကယ်လို့ အဲ့လိုလုပ်နိုင်တယ်ဆိုရင် သူ့လက်ရှိစွမ်းအားကို ဖြေရှင်းဖို့ ပြဿနာရှိမှာ မဟုတ်ဘူး”
“ဒီကိုယ်တော် နားလည်ပါပြီ”
“အလေးအနက် မှတ်ထား။ ဒီကြေးမုံနဲ့ ရွှေရောင်နတ်ဘုရားရဲ့ တိုက်စားမှု သေချာစောင့်ကြည့်။ ပြောရမယ်ဆိုရင် နောက်ဆုံးအနေနဲ့ မင်းကို ရန်သူအဖြစ် ပြောင်းသွားတာ မလိုချင်ဘူးပဲ”
ဖုန်းဟွမ်က လက်နှစ်ဖက်ယှက်ကာ သူ့ဆုံးဖြတ်ချက်ပြတ်သားမှုကို ပြသလိုက်သည်။
“သူ့ဆီက ဘယ်လိုတိုက်စားမှုမျိုးကို မြင်ရမြင်ရ ဟို့ဖုန်းဟွမ်နဲ့ နေရာချင်းလဲလိုက်။ သူမရဲ့ အထွတ်အထိပ် သွေးမျိုးဆက်က ကျိန်စာတို့၊ တိုက်စားမှုတို့နဲ့ ပတ်သက်တဲ့အခါမှာ ခံနိုင်ရည် မြင့်မားတယ်။ တကယ်လို့ ဒီကြေးမုံက ပြဿနာဖြစ်လာတယ်ဆိုရင် မင်းနဲ့ တခြားသူနဲ့ လူစားလဲနိုင်တယ်။ ဒါပေမဲ့ သူတို့ကို သန့်စင်ရေးစွမ်းအားနဲ့ ကောင်းချီးပေးဖို့တော့ မမေ့နဲ့”
“အော်မိသောဖော”
ဝမ်ဝေ့၏ ထိန်းချုပ်မှုအောက်တွင် ကြေးမုံက ပုံရိပ်ယောင် ကြေးမုံများအဖြစ် ကွဲထွက်သွားပြီး အခန်းထဲရှိလူတိုင်းက တစ်ခုစီ ရရှိလိုက်သည်။
ထို့နောက် ဝမ်ဝေ့က ဖုန်းဟွမ်အား အစစ်အမှန်ကြေးမုံကို ပေးလိုက်သည်။
သူက မဟာမိတ်များဆီ ဆက်သွယ်ကာ ယနေ့အစည်းအဝေး၏ အကြောင်းအရာနှင့်ပတ်သက်ပြီး ရှင်းပြခဲ့သည်။
ထို့နောက် သူက ယုံကြည်မှုပိုးကောင် တန်ပြန်တိုက်စစ်ဆင်ရေးနည်းလမ်းကို အဆင့်မြှင့်တင်ဖို့ သုံ့လီဖန်းဆီ တာဝန်ပေးခဲ့သည်။ သူက ထိုအရာကို ပြီးမြောက်ဖို့ အချိန်များစွာ မရှိသည့်အတွက် လုပ်နိုင်စွမ်းရှိသည့်သူများကို လိုအပ်နေသည်။
“ဝမ်ကျူ” သူက ခေါ်လိုက်သည့်အခါ သူ့အနီးမှ အရိပ်တစ်ခု ပေါ်ထွက်လာသည်။
“ဂိုဏ်းချုပ်”
“မင်းရဲ့တာဝန်က အရေးကြီးဆုံးနဲ့ အန္တရာယ်အများဆုံးပဲ”
“ကျွန်မကို အသူရာချောက်နက်ရဲ့ အဝင်ဝကို ကာကွယ်စေချင်တာလား”
“ဟုတ်တယ်။ မင်းရဲ့ စွမ်းအားကုန်သုံးပြီးတော့ ဘာမှမဖြစ်အောင် သေချာစောင့်ကြည့်ထား။ တကယ်လို့ လိုအပ်လာတယ်ဆိုရင် မင်းကိုယ်မင်းစတေးဖို့ တုံ့ဆိုင်းမနေနဲ့” ဝမ်ဝေ့က ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ”
ဝမ်ဝေ့က ပလ္လင်ပေါ်တွင် တစ်ယောက်ထဲ စက္ကန့်ပိုင်းကြာ ထိုင်နေလိုက်သည်။
ဒီထိပ်တိုက်ရင်ဆိုင်မှုမှာ ငါက ရွှေရောင်နတ်ဘုရားရဲ့ ယုံကြည်မှုအစွဲအလမ်းကို တိတ်တဆိတ် အသက်သွင်းခဲ့တယ်။ ကောင်းကင်ဝါးမျိုခြင်းဧကရာဇ်က ဒါကို သတိထားမိဦးမှာ မဟုတ်ဘူး။ အဲဒါဆိုတော့ သူ့ရဲ့ အပြုအမူက ဒီစွဲလမ်းမှုကြောင့် ရူးသွပ်သွားတဲ့အခါမှာ အတားအဆီး ဖြစ်လာမှာပဲ…
ဝမ်ဝေ့က ကောင်းကင်ဝါးမျိုခြင်းဧကရာဇ်သည် သူ့ဦးစားပေးက သူ့ ယုံကြည်သက်ဝင်သူများရှိသည့် နတ်ဘုရားတိုင်းပြည်ကို ထိန်းသိမ်းဖို့ ဖြစ်ကြောင်း သိသည့်အတွက် သူ့ကိုယ်သူ အာရုံမစိုက်နိုင်ကြောင်း ကောက်ချက်ချမိသည်။ တခြားနည်းဖြင့် ပြောရလျှင် ထိုသူက စစ်ပွဲကို အာရုံစိုက်ထာပြီး တတ်နိုင်သမျှ နယ်မြေများကို ထိန်းသိမ်းဖို့ လုပ်ဆောင်လိမ့်မည်။
ဝမ်ဝေ့က မတ်တတ်ရပ်ပြီးသည့်နောက်တွင် သူ့ ဦးတည်ရာဖြစ်သည့် ငရဲကမ္ဘာသို့ တည်နေရာပြောင်းရွှေ့သွားလိုက်သည်။