← Chapters

အစစ်အမှန် ကောင်းကင်ဘုံအဆင့် စွမ်းအား

Vol. 83 Ch. 1160

အစစ်အမှန် ကောင်းကင်ဘုံအဆင့် စွမ်းအား

Vol. 83 Ch. 1160

ဝမ်ဝေ့က ချက်ချင်းမဝင်ရောက်သေးဘဲ တားမြစ်ဇုန်တစ်ခုလုံးကို လေဟာနယ်တိုက်ပွဲကွင်းပြင်အတွင်း ယူဆောင်ခဲ့သည်။ သူက တိုက်ပွဲကွင်းပြင်ကို အဆင့်မြှင့်တင်ဖို့ အခွင့်အရေး မရခဲ့ကြောင်း သဘောပေါက်သွားသည့်အခါ မျက်မှောင်ကြုတ်လိုက်၏။ ထိုအရာက ကောင်းကင်ဘုံအဆင့် နှစ်ယောက်၏ တိုက်ခိုက်စွမ်းရည်ကို တောင့်ခံနိုင်မည် မဟုတ်ပေ။ ဝမ်ဝေ့က ရွေးချယ်စရာမရှိဘဲ ဤနေရာမှ သူတို့၏ စွမ်းအားစိမ့်ထွက်မှုကို တားဆီးဖို့ ယာယီ အစီအရင်တချို့ ခင်းကျင်းခဲ့သည်။ မဟုတ်ပါက သူတို့ထဲက တစ်ယောက်က ဒိုင်မေးရှင်းအနိမ့်တစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်လိမ့်မည်။

အရာအားလုံး ပြင်ဆင်ပြီးသည်နှင့် သူက ငရဲကမ္ဘာမှ စည်းတံဆိပ်များကို ဖယ်ရှားလိုက်သည်။ လူအိုကြီးငရဲက ဖြည်းဖြည်းချင်း လျှောက်လှမ်းလာစဉ် ဝမ်ဝေ့က မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။

သူ့အရှိန်အဝါက ကွဲပြားသွားပြီ။ ပိုပြီး ခက်ထန်ပြီး စစ်သည်တော်နဲ့ တူလာတယ်…

ယခင် လူအိုကြီးငရဲက သားရဲရိုင်းတစ်ကောင်လိုမျိုး ဖြစ်ကာ ထိုသူက အစွယ်ဆုံးရှုံးထားကြောင်း ပြောနိုင်သည်။ သို့သော် ယခုကား တခြားတစ်ခုလို ဖြစ်နေပြီး ထိုသူက အစစ်အမှန် အမဲလိုက်သူသဖွယ် ဖြစ်နေသည်။

“ဒါက ခင်ဗျား လက်ချက်လား” ဝမ်ဝေ့က မေးလိုက်သည်။

“ဒီမဟာမိတ်ကိစ္စ …  ဒါက ခင်ဗျားရဲ့ အစီအစဉ်လား ဒါမှမဟုတ် ကျုပ်က ခင်ဗျားကို ချီးကျူးမိနေတာလား။ ခင်ဗျားက ဒီလိုအတွေးအခေါ်မျိုး ရှိနေတာလား  ဒီလိုမဟုတ်ဘူးဆိုရင် ခင်ဗျားက အသူရာချောက်နက်နဲ့ အချိန်အတော်ကြာ လက်တွဲလုပ်နေခဲ့တာလား”

“မင်းက ဒီမှာရှိသင့်တယ်ဆိုတာ သေချာရဲ့လား” လူအိုကြီးငရဲက တည်ငြိမ်စွာ မေးလိုက်သည်။

“စိတ်ပူမနေနဲ့။ ကျုပ်က ခင်ဗျားရဲ့ မိတ်ဆွေလေးအတွက် ပြင်ဆင်ထားပြီးသား။ ခင်ဗျားကို မြန်မြန်ဆန်ဆန် သတ်နိုင်သရွေ့ အရာအားလုံး အဆင်ပြေသွားလိမ့်မယ်”

“ကြည့်ရတာ မင်းက မင်းလူတွေအပေါ်မှာ ယုံကြည်ချက်ရှိတဲ့ပုံပဲ။ ငါက အစီအစဉ်ကို ပုံမှန်အတိုင်းဖြစ်ပြီး ငါတို့တွေလွတ်မြောက်ဖို့ မင်းကို အာရုံများအောင်လုပ်ပြီး အချိန်ဆွဲထားရတာကို သဘောကျတယ်။ ဒါပေမဲ့ မင်းကို ဒီနေရာ မျှားခေါ်ထားရတာလည်း မဆိုးပါဘူး”

ငရဲကမ္ဘာအနေအထား

သူ့ခန္ဓာကိုယ်အထက် အနက်ရောင်အရိုးချပ်ဝတ်တစ်ခု ထွက်ပေါ်လာကာ အားအကောင်းဆုံးအနေအထားသို့ ဝင်ရောက်သွားခဲ့သည်။ သူ့ ဆံပင်နှင့် မုတ်ဆိတ်များက မီးတောက်များအသွင်ပြောင်းလဲသွားသော်လည်း ယခင်ကဲ့သို့ ခရမ်းရောင် မဟုတ်တော့ဘဲ အနီရင့်ရင့် ဖြစ်နေသည်။ သူ့မျက်ဆံများက သွေးနီရောင် မဟုတ်တော့ဘဲ အနက်ရောင် ဖြစ်နေ၏။

အရှိန်အဝါနှင့် အသွင်ပြောင်းပုံက ကွဲပြားသွားပြီ။ ဒါပေမဲ့ ငါ တိုက်စားမှု ဒါမှမဟုတ် အသူရာချောက်နက်ဆီက စွမ်းအားကိုတော့ မခံစားမိဘူး…

ဝမ်ဝေ့က သုံးသပ်လိုက်သည်။ သူကလည်း နိုးထအသက်ဝင်ခြင်း အားလုံးကို လှုံ့ဆော်ပြီး တားမြစ်တိုက်ခိုက်ရေးအဆင့်သို့ ဝင်ရောက်ခဲ့သည်။ သူက ယခင်က တိုက်ပွဲတုန်းကလို တူညီအောင်  အရှိန်အဝါကို လှုံ့ဆော်ထားပြီး တားမြစ်တိုက်ခိုက်ရေးအဆင့် ရောက်ရှိသွားသည့်အချက်ကို ဖုံးကွယ်ထားခဲ့သည်။

တာအိုသက်သေပြပစ္စည်းက ငွေရောင်ဓားအသွင် ပြောင်းလဲသွားခဲ့သော်လည်း သူ့ကို အံ့အားသင့်သွားစေသည်က တစ်ဖက်လူသည် ယခင်ပုဆိန်အစား ပုဆိန်လှံရှည်ကို ဆင့်ခေါ်လိုက်ခြင်း ဖြစ်၏။ ဝမ်ဝေ့က မျက်မှောင်ကြုတ်ပြီးသည့်နောက်တွင် လူအိုကြီးငရဲဆီ ပြေးဝင်သွားလိုက်သည်။

သူတို့၏ တိုက်ကွက်က ဗလာနတ္ထိစွမ်းအားဖြင့် ဖွဲ့စည်းထားသည့် လေဟာနယ်ကိုပင် တွန့်လိမ်သွားစေသည်။ ကံကောင်းစွာဖြင့် ထိုအရာက တွန့်လိမ်နေခြင်းသာဖြစ်ပြီး ပျက်စီးသွားခြင်းမျိုး မရှိပေ။ နှစ်ဦးသားက အရိပ်ရာချီဖြင့် အချင်းချင်းတိုက်ခိုက်နေကြသည်။ သို့သော် သူတို့၏ လက်နက်များက အရှိန်အရ မရိုးရှင်းလှပေ။ အရိပ်တစ်ခုချင်းစီက သူတို့သည် အက်တမ်စက္ကန့်အတွင်း အကြိမ်သန်းပေါင်းများစွာ လှုပ်ရှားနေကြောင်း ပြသနေသည်။

ပထမဦးစွာ နှစ်ဦးသားက လက်ရည် တူနေခဲ့သည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ လူအိုကြီးငရဲက စတင်နောက်ဆုတ်လာရသည်။

ဝမ်ဝေ့၏ တိုက်ကွက် သို့မဟုတ် ဓားရေးသည်  တည့်တိုးဆန်ရုံသာမက ကြောက်ဖို့ကောင်းနေသည်။ ဓားချက်တစ်ခုချင်းစီက ရှေးခေတ်အချိန်ကတည်းက ယခုအချိန်အထိ ဓားသမားများစွာ၏ စွမ်းအားဖြင့် အားဖြည့်ပေးခံထားရဟန်ပေါ်သည်။ သူက ထိုလူများ၏ ဘဝကို ကံကြမ္မာမြစ်ကြောင်းမှ တဆင့်ရယူပြီး သူတို့၏ ကံကြမ္မာကို ထိန်းချုပ်ခြင်းဖြင့် တိုက်ခိုက်စွမ်းရည်ကို ရယူခဲ့သည်။

တကယ်တမ်းတော့ ဤကံကြမ္မာစုစည်းရေး ဓားနည်းစနစ်က သိပ်ကြောက်ဖို့ မကောင်းခဲ့ပေ။ အကြောင်းအရင်းက သူသည် သူ့ထက်အားနည်းသည့် ကံကြမ္မာနှင့် လူများကိုသာ ရယူနိုင်သည်။ မည်သို့ပင်ဆိုစေကာမူ အချိန်စတင်ကတည်းက ဒိုင်မေးရှင်းအနိမ့်တွင် တည်ရှိခဲ့သည့် လူပမာဏအရ အမှန်တကယ်ကြောက်ဖို့ကောင်းသည့် အရေအတွက်တစ်ခု ဖြစ်၏။

ဝုန်း

လူအိုကြီးငရဲက မီတာဒါဇင်ချီ လွင့်စင်သွားခဲ့သည်။ သူက သူ့ကိုယ်သူ အရှက်ရဖွယ် အနေအထားဖြင့် ပြန်လွင့်စင်မသွားအောင် တားဆီးလိုက်၏။ သို့သော်လည်း ဝမ်ဝေ့က သူ့ကို အနားယူဖို့ အခွင့်အရေး မပေးဘဲ ဆက်လက်တိုက်ခိုက်ခဲ့သည်။

ဒါက အရင်တိုက်ပွဲနဲ့ ကွဲပြားတယ်…

ဝမ်ဝေ့က တွေးလိုက်သည်။

အရင်တုန်းက သူ့တိုက်ကွက်တွေက တိုက်ခိုက်ရေး အတွေ့အကြုံ လိုအပ်ချက်က ပျောက်ကွယ်သွားပြီ။ ကြည့်ရတာ သူက တစ်ချိန်လုံး လေ့ကျင့်နေခဲ့တဲ့ပုံပဲ။ သူက သူ့ကို ကူညီဖို့ သက်ရှိတွေကိုတောင် ဖန်တီးခဲ့လောက်တယ်…

လူအိုကြီးငရဲ၏ အလျင်အမြန် တိုးတက်လာမှုက သူသည် အတွေ့အကြုံလစ်ဟာမှုဖြင့်  ဖြည့်ဆည်းဖို့ နှစ်များစွာ ကုန်ဆုံးခဲ့ကြောင်း ပြသနေသည်။

ဝုန်း

လူအိုကြီးငရဲက ဒုတိယအကြိမ် လွင့်စင်သွား၏။

“ခင်ဗျားက ဒါပဲ ရှိတယ်ဆိုရင်တော့  စိတ်ပျက်မိတယ်”

“တိုက်ပွဲက အခုမှ စကာစပဲ ရှိသေးတယ်” လူအိုကြီးငရဲက လှောင်ပြောင်ကာ ပြောလိုက်သည်။

ယင်ယန် ပိုင်းခြားခြင်း

လူအိုကြီးငရဲက လက်နှစ်ဖက်ဖြင့် ပုဆိန်လှံရှည်ကို ဆွဲကိုင်ပြီး အားအပြည့်ဖြင့် ခုတ်ချလိုက်သည်။ အဖြူရောင်ဗလာကျင်းနေသည့် တိုက်ပွဲလေဟာနယ်က အနက်ရောင်နှင့် အဖြူရောင် ပြောင်းလဲသွားပြီး ပုဆိန်လှံရှည်က ကျဆင်းလာခဲ့သည်။ ဝမ်ဝေ့က သူ့ကို ယင်နှင့်ယန်အဖြစ် နှစ်ပိုင်းခွဲပစ်လိုသည့် စွမ်းအားကို ခံစားမိလိုက်သည်။ ထိုအရာ အောင်မြင်သွားသည်နှင့် သူ့စွမ်းအားက ပြိုလဲသွားမည်ဖြစ်ကာ သူ့ကို သတ်ဖြတ်ဖို့ အင်မတန် လွယ်ကူသွားလိမ့်မည်။

ဝမ်ဝေ့က ဓားကို ဝှေ့ယမ်းပြီး ပတ်ဝန်းကျင်ရှိ ယင်ယန်သဘောတရားကို ဖြတ်တောက်ကာ လူအိုကြီးငရဲ၏ တိုက်ကွက်အား ရိုးရှင်းသည့် လက်နက်အခြေပြု တိုက်ကွက်အဖြစ် ပြောင်းလဲလိုက်သည်။ ထိုအရာက လက်နက်ဖြစ်သည့်အတွက် သူက ဘယ်ဖက်လက်ဖြင့် အသာ လှုပ်ရှားလိုက်သည်။

ဝမ်ဝေ့က ဆက်လက်တိုက်ခိုက်လိုသော်လည်း တစ်နေရာမှ ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားတစ်ခု ထွက်ပေါ်လာကာ သူ့ကို ကီလိုမီတာထောင်ချီ လွင့်စင်သွားစေသည်။

ဒါက ဘာဖြစ်သွားတာလဲ…

သူက ပြီးပြည့်စုံစွာ အကောင်းအတိုင်း ရှိနေသေးသည်။ အကြောင်းအရင်းကမူ သူ့ကို ကာကွယ်ပေးထားသည့် မမြင်နိုင်ဖွယ် စိတ်ဆန္ဒချပ်ဝတ်ကြောင့် ဖြစ်၏။ သို့သော်လည်း သူက မသိလိုက်ဘဲ တစ်နေရာမှ တိုက်ကွက် ထွက်ပေါ်လာသည်ကို သဘောမကျပေ။ သူ့အာရုံက ဘာမှကို မခံစားမိသလို ဘာမှလည်း မမြင်လိုက်ရပေ။

ဘန်း

နောက်ထပ် တိုက်ကွက်တစ်ခု ကျဆင်းလာပြီး ဝမ်ဝေ့က ထိုအရာကို အာရုံမခံမိသေးပေ။ ယခု သူက ထိုတိုက်ကွက်ကို ခံစားရပြီဖြစ်သည့်အတွက် လုပ်ကြံသတ်ဖြတ်သူ၏ တိုက်ကွက်က သူ့ကာကွယ်မှုကို ထိတွေ့သည်နှင့် တိုက်ကွက်၏ စွမ်းအားကို လျှော့ချလိုက်သည်။ သို့သော် သူ့ခန္ဓာကိုယ်ကို လွင့်စင်မသွားအောင် ကာကွယ်နိုင်လိုက်သည်။

ဒီတိုက်ကွက်က ကြီးမားတဲ့လက်နက်ကနေ အစပြုလာတဲ့ပုံပဲ…

ဝမ်ဝေ့က သုံးသပ်လိုက်သည်။

လူအိုကြီးငရဲက ဆက်လက် တိုက်ခိုက်နေသော်လည်း ဝမ်ဝေ့က သူ့ကို လျစ်လျူရှုထားလိုက်သည်။ အကြောင်းအရင်းကမူ ထိုသူသည် သူ့ ခုခံကာကွယ်ရေးကို လက်ရှိစွမ်းအားဖြင့် အလွယ်တကူ ထိုးဖောက်နိုင်လိမ့်မည်ဟု မယုံကြည်ပေ။ ဝမ်ဝေ့ လက်ခံရရှိသည့် တိုက်ကွက်နှစ်ခုက သူ့တာအိုအားလုံးဖြင့် မျက်လုံးကို ကောင်းချီးပေးပြီးနောက်တွင် မြင်တွေ့လိုက်ရသည်။

တခြားနည်းဖြင့် ပြောရလျှင် သူက သံသရာ မျက်လုံး၊ ကံကြမ္မာ မျက်လုံး၊ ကံကောင်းမှု မျက်လုံး၊ ယင်ယန် မျက်လုံး၊ ကြမ္မာ မျက်လုံး၊ အချိန်မျက်လုံး၊ အချိန်ကျမှု -မကျမှု မျက်လုံးနှင့် လွတ်လပ်မှု မျက်လုံးတို့ကို တစ်သားတည်းအဖြစ် ပေါင်းစည်းလိုက်သည်။

သူက ဧရာမဆူးချွန် တင်းပုတ်ကို ကိုင်ဆောင်ထားသည့် အရိုးသက်ရှိကို မြင်လိုက်ရသည်။ ထိုသက်ရှိက အားနည်းလွန်းလှသော်လည်း လက်နက်ကမူ ကောင်းကင်ဘုံအဆင့် ဖြစ်သည့်အတွက် အန္တရာယ်အများစု၏ အရင်းအမြစ် ဖြစ်ပေသည်။

“ဒါက ဖန်ဆင်းမှုသက်ရှိလား” ဝမ်ဝေ့က မေးလိုက်သည်။

အဲဒါဆို ဒီနည်းလမ်းတောင် အလုပ်မဖြစ်ဘူးပဲ…

လူအိုကြီးငရဲက တွေးလိုက်မိသည်။

“ခင်ဗျားက သူ့ကိုယ်ပျောက်စွမ်းရည်ကို မြှင့်တင်ဖို့ စွမ်းအားနဲ့ အလားအလာတွေအားလုံးကို စတေးထားတာပဲ။ ပြီးတော့ တိုက်ခိုက်စွမ်းရည် မြှင့်တင်ဖို့ သူ့ကို လက်နက်တစ်ခု ပေးခဲ့တာ။ အသုံးပြုတဲ့အကြိမ်တိုင်းမှာ သူ့ရဲ့အသက်ဓာတ်စွမ်းအား ကုန်ဆုံးသွားတာကို ဂရုမစိုက်ဘူး။ ဒါက သိပ်ကြီး အဆိုးကြီးတော့ မဟုတ်ပါဘူး” ဝမ်ဝေ့က မှတ်ချက် ပေးလိုက်သည်။

ဝမ်ဝေ့က မရဏလောကကို တိုက်ခိုက်ဖို့ ပြင်ဆင်နေစဉ်အတွင်း ဝူဟုန်၏ မှတ်စုစာအုပ်ထဲက စာရွက်တချို့က စာကြောင်းများ ပေါ်ထွက်လာကာ တချို့ကို ဖတ်လိုက်ရသည်။ ထို့ကြောင့် သူက ဖန်ဆင်းမှုသက်ရှိများအကြောင်း သိထား၏။ နာမည်အတိုင်း သူတို့သည် ကောင်းကင်ဘုံက သူတို့၏ မဟာမြူစက်ဝန်း သို့မဟုတ် တာအိုအုပ်ချုပ်သူများ၏ အတွင်းကမ္ဘာမှတဆင့် မွေးဖွားလာသည့် သက်ရှိများ ဖြစ်ပေသည်။

“ဒါတင်မကသေးဘူး။ တခြားဟာတွေရော ဘာလို့မပြလဲ”

“မင်း သဘောပဲ” လူအိုကြီးငရဲက တုံ့ပြန်လိုက်သည်။ မူလက ဖန်ဆင်းမှုသက်ရှိ နည်းဗျူဟာသည် နောက်ဆုံးဝှက်ဖဲအနေဖြင့် ထိန်းသိမ်းထားခဲ့သည်။ သူက တိုက်ပွဲကို ကြာကြာအချိန်ဆွဲနိုင်လေလေ သူ့ဘက်က အရေးသာလေလေ ဖြစ်၏။ သို့သော် အချိန်တိုအတွင်း လူအိုကြီးငရဲက တစ်ဖက်သူသည် ထင်ထားသည်ထက် ပိုမိုတိုးတက်လာကြောင်း သတိထားမိသွားသည်။

ဝမ်ဝေ့၏ ကြောက်မက်ဖွယ်ကောင်းသည့် ခုခံနိုင်စွမ်းကပင် အရေးသာချက်တစ်ခုဖြစ်လေရာ သူ၏ ပြောင်မြောက်သည့် နည်းဗျူဟာများအကြောင်း ထည့်မပြောရသေးပေ။ ထို့အပြင် လူအိုကြီးငရဲက အချိန်မဖြုန်းတော့ဘဲ ဤရန်သူကို သုတ်သင်ဖို့ အားကုန်ထုတ်သုံးဖို့ ဆုံးဖြတ်လိုက်တော့သည်။

ဝမ်ဝေ့က မျက်မှောင်ကြုတ်ပြီးသည့်နောက်တွင် လူအိုကြီးငရဲဆီမှ အယောက် ၃၀၀ကျော် ထွက်ပေါ်လာသည်ကို မြင်လိုက်ရသည်။ တစ်ယောက်ချင်းစီက ကောင်းကင်ဘုံအဆင့် အငွေ့အသက် ပိုင်ဆိုင်ထားကြသည်။

ဒါက သတင်းကောင်းတော့ မဟုတ်ဘူးပဲ…

သူက အလေးအနက် တွေးလိုက်သည်။ သူက ထိုလူများသည် ဖန်ဆင်းမှုသက်ရှိ ဖြစ်သည့်အတွက် လူအိုကြီးငရဲ ဖန်ဆင်းထားကြောင်း သိလေသည်။ သူတို့အားလုံးက အဆင့်(၁၁) ဖြစ်သည့်အချက်ကြောင့်သာ အံ့အားသင့်သွားခြင်း ဖြစ်၏။

ဝူဟုန်၏ ပြောစကားအရ ဖန်ဆင်းမှုသက်ရှိများအတွက် တင်းကြပ်သည့် စည်းမျဉ်းတစ်ခု ရှိလေသည်။ သူတို့ဖန်ဆင်းသူ၏ ကမ္ဘာအတွင်း သူတို့က သူတို့အလိုရှိသလို သို့မဟုတ် ဖန်ဆင်းသူ အလိုရှိသလိုမျိုး စွမ်းအင်ရှိသလို အားကောင်းနိုင်ကြသည်။ ကန့်သတ်ချက် ဟူ၍ မရှိပေ။ သို့သော်လည်း သူတို့က မွေးရပ်မြေမှ ထွက်ခွာကာ ဖန်ဆင်းမှုစမ်းသပ်ချက်ကို တွေ့ကြုံခံစားသည်နှင့် မဟာတာအိုက ဤစမ်းသပ်ချက်ဖြင့် ဆော့ကစားနေမည် မဟုတ်ပေ။

ဖန်ဆင်းမှုသက်ရှိက ပိုမိုအားကောင်းလေလေ စမ်းသပ်ချက်က ပိုမိုပြင်းထန်လေလေ ဖြစ်၏။ အသက်ရှင်နိုင်နှုန်းကလည်း ပိုမိုနည်းပါးလိမ့်မည်။ တကယ်တော့ စံပြများ ဖန်တီးထားသည့် အဆင့်(၁၂) ဖန်ဆင်းမှုသက်ရှိများပင်  ၉၉.၉ရာခိုင်နှုန်းလောက်က စမ်းသပ်ချက်အတွင်း သေဆုံးသွားခဲ့ကြသည်။

ဟုန်အာ ပြောသလိုဆိုရင် ဖန်ဆင်းသူတွေက သူတို့ရဲ့ ဖန်ဆင်းမှုတွေက စမ်းသပ်ချက်ကို အောင်မြင်ဖို့ရာအတွက် မျှခြေသဘောတရားကို ထည့်သွင်းစဉ်းစားရတယ်တဲ့…

သူက အရိုးသက်ရှိကို ကြည့်ကာ တွေးလိုက်သည်။ ထိုအရာက သူ့ဖန်ဆင်းသူသည် တခြားသော ဂုဏ်သတ္တိများကို ဖယ်ရှားပြီး သူ့ကိုယ်ပျောက်စွမ်းကို အကောင်းဆုံး လုပ်ထားသည့် အကြောင်းအရာလိုမျိုး ဖြစ်၏။

သူက တခြားပါရမီရှိတဲ့ ကောင်းကင်ဘုံအဆင့်တွေက သူတို့နဲ့တူညီတဲ့ ကျင့်ကြံဆင့်ရှိတဲ့ သက်ရှိတွေကို ဖန်တီးနိုင်တယ်လို့ ပြောတယ်။ ဒါပေမဲ့ ဖန်ဆင်းခြင်းတာအိုကပဲ သူတို့အဆင့်ထက် သာလွန်နေတဲ့ သက်ရှိတွေကို ဖန်ဆင်းနိုင်လိမ့်မယ်။ ဒါပေမဲ့ အဲဒါကို သိပ်တော့ မကြိုက်ကြဘူး

ကိုယ့်အဆင့်ထက် သာလွန်နေတဲ့ သက်ရှိများကို ဖန်တီးသည်က တုံးအသည့် အကြောင်းအရာတစ်ခု ဖြစ်ပေသည်။ ဝမ်ဝေ့လို ပါရမီထူးကဲသူများက သူတို့သည် အဆင့်(၁၂)အရင်းအမြစ်များ ရှိထားလျှင် အောင်မြင်နိုင်သော်လည်း သူ့ကိုယ်သူကလွဲ၍ တခြားနေရာတွင် သုံးမည် မဟုတ်ပေ။

သို့သော်လည်း တားမြစ်ထားရသည့် အဓိကအကြောင်းအရင်း မဟုတ်သေးပေ။ အဓိကအကြောင်းအရင်းက သူတို့သည် သူတို့၏ ဖန်ဆင်းမှုကို မထိန်းချုပ်နိုင်တော့၍ ဖြစ်သည်။ မည်သည့်နည်းလမ်းပင်ဖြစ်စေကာမူ အဆင့်(၁၁) ကောင်းကင်ဘုံ ကျင့်ကြံသူများသည် အဆင့်(၁၂) ဖန်ဆင်းမှုသက်ရှိကို မထိန်းချုပ်နိုင်ပေ။ သူတို့က စမ်းသပ်ချက်ကို အောင်မြင်ပြီး စံပြအဆင့်နှင့် စွမ်းအားကို ရရှိသည်နှင့် နောက်ထပ်စံပြတစ်ယောက်က ထိုစံပြကို ကူညီပြီး ထိန်းချုပ်မပေးသရွေ့ အလုပ်ဖြစ်မည် မဟုတ်ပေ။

အဆင့်မြင့်မားသည့် ဖန်ဆင်းမှုသက်ရှိများ၏ သစ္စာရှိမှုကို ရယူနိုင်သည့် တစ်ခုတည်းသော နည်းလမ်းက အရင်ကြိုတင်၍ ဆက်ဆံရေးကောင်း တည်ဆောက်ထားခြင်း ဖြစ်၏။ သို့သော်လည်း ထိုအရာက စံပြ ဖြစ်လာပြီးသည့်နောက်တွင် ဆက်ဆံရေးက အစစ်အမှန်လား သို့မဟုတ် ထိန်းချုပ်ဖို့ရာအတွက် ပရိယာယ်လားဆိုတာ ခွဲခြားဖို့ လွယ်ကူသွားလိမ့်မည်။

လူအိုကြီးငရဲက သူ့အဆင့်အတန်းအနေနဲ့ တူညီတဲ့ သက်ရှိတွေကို ဖန်တီးနိုင်လောက်အောင် ပါရမီရှိမယ်လို့ မတွေးထားမိဘူး။ ပြီးတော့ အယောက် ၃၀၀တောင်။ ငါ ဒီမကောင်းဆိုးဝါးအိုကြီးကို လျှော့တွက်မိခဲ့တာပဲ…

အခြေအနေက ဝမ်ဝေ့အတွက် သိပ်မကောင်းလှပေ။ သူက အရေအတွက်ကို လိုက်မှီဖို့ ကိုယ်ပွားနည်းစနစ်ကို အသုံးပြုဖို့ လိုအပ်နေမှန်း သိသာလှသည်။ သို့သော်လည်း တစ်ဖက်လူက တူညီစွာ လုပ်ဆောင်နိုင်သည့်အတွက် အခြေအနေသာ ပိုမိုဆိုးရွားသွားလိမ့်မည်။ ထို့ကြောင့်  သူသည် ယခုတွင် ကောင်းကင်ဘုံအဆင့် ကျင့်ကြံသူ ၃၀၀ ဖြင့် တိုက်ခိုက်ရုံမှအပ ရွေးချယ်စရာ မရှိတော့ပေ။

All Chapters