← Chapters

ရက်စက်သည့် တိုက်ပွဲ

Vol. 83 Ch. 1161

ရက်စက်သည့် တိုက်ပွဲ

Vol. 83 Ch. 1161

ဒီတိုက်ပွဲကို အနိုင်ယူဖို့ အကောင်းဆုံး နည်းလမ်းက ဘာဖြစ်မလဲ…

ဝမ်ဝေ့က တွေးလိုက်သည်။

အသိသာဆုံးအဖြေက သူတို့ကို လူခွဲပြီး လွှမ်းမိုးဖို့ပဲ။ ဒါပေမဲ့ အဲဒီနည်းဗျူဟာက သိသာလွန်းတယ်။ လူအိုကြီးငရဲက ဒီအစီအစဉ်ထဲ ကျရှုံးလောက်အောင် တုံးအနေမှာတော့ မဟုတ်ဘူး…

သူက ငရဲကမ္ဘာအုပ်ချုပ်သူကို ယခင်က လျှော့တွက်ခဲ့ကြောင်း သဘောပေါက်သွားခဲ့သည်။ သို့သော် သူ့ဘက်မှ အမှားကို နှစ်ကြိမ်လုပ်မည် မဟုတ်ပေ။

သူတို့ကို လူစုခွဲပြီး လွှမ်းမိုးတာက အခွင့်အခါကောင်းမှာ လုပ်နိုင်တယ်။ ဒါပေမဲ့ ပင်မနည်းဗျူဟာအနေနဲ့တော့ သုံးလို့မရဘူး။ ဒီလိုဆိုရင် အကောင်းဆုံးလှုပ်ရှားမှုက မရပ်မနား တုံ့ပြန်နေဖို့ပဲ။ ငါ့က ဒီလူတွေကို ထိပ်တိုက်ရင်မဆိုင်နိုင်သလို ငါ့ကို ချောင်ပိတ်ခွင့်လည်း မပေးနိုင်ဘူး။ အထူးသဖြင့် သူတို့က အဖွဲ့လိုက်လေ့ကျင့်ထးမှာ ၉၀ရာခိုင်နှုန်းလောက် သေချာနေတဲ့ အခြေအနေမှာပေါ့…

ဝမ်ဝေ့၏ တာအိုသက်သေပြပစ္စည်းက ငွေရောင်နဂါးချပ်ဝတ်အဖြစ် ပြောင်းလဲပြီး ဦးခေါင်းအပါအဝင် အားလုံးကို လွှမ်းခြုံသွားခဲ့သည်။ သူက ခုခံမှုလိုအပ်နေကြောင်း သိထား၏။ သို့သော် ပြဿနာတစ်ခု ရှိနေသည်။

ငါ့ အသုံးအဆောင်ပစ္စည်းက ဧကရာဇ်အဆင့်ပဲ ရှိသေးတယ်ဆိုတော့ ဒီတိုက်ပွဲမှာ အသုံးမဝင်ဘူး…

ထိုအတွေးဝင်ရောက်လာသည်နှင့် သူ့စိတ်ထဲ ဖြေရှင်းနည်း ပေါ်ထွက်လာသည်။ ဝမ်ဝေ့၏ လက်ထဲတွင် ပုံရိပ်ယောင် ဆေးလုံးတစ်လုံး ပေါ်ထွက်လာ၏။ ထိုအရာက သူ ကောင်းကင်ဘုံအဆင့်စွမ်းအားကို ယာယီရောက်ဖို့ အသုံးပြုခဲ့သည့် ဆေးလုံးနှင့်အတူတူသာဖြစ်၏။

“သူ့ကို တားကြ” ဖန်တီးမှုသက်ရှိတစ်ယောက်က အော်ပြောလိုက်သည်။ ထိုအရာက ဝမ်ဝေ့ လုပ်တော့မည့်အရာကို သတိထားမိလိုက်ဟန်ပေါ်၏။

ဝမ်ဝေ့က ပြိုင်ဘက်ကင်း အလျင်ဖြင့် ပျံသန်းကာ တိုက်ကွက်အားလုံးကို ရှောင်ရှားလိုက်သည်။ သူက သက်တန့် စံပြဆီမှ နည်းလမ်းနှင့် ကာလံဒေသံ၊ ကြမ္မာ၊ ယင်ယန်နှင့် လွတ်လပ်မှုအစရှိသည့် အယူအဆသဘောတရားအားလုံးကို ပေါင်းစည်းကာ အရှိန်ထဲ ထည့်သုံးလိုက်သည်။

ဆက်တိုက်ဆိုသလို ဝမ်ဝေ့က ရည်ရွယ်ချက်နှိုးဆော်ရေးစနစ်ကို အသုံးပြုကာ ကောင်းကင်ဘုံအဆင့် တက်လှမ်းရေးဆေးလုံးကို တူညီသည့်သက်ရောက်မှု ရှိသော်လည်း လက်နက် သို့မဟုတ် အသုံးအဆောင်ပစ္စည်းများအတွက် ဖန်တီးထားသည်ဟု သဘောတရား ပြောင်းလဲလိုက်သည်။ ထို့နောက် သူ့ချပ်ဝတ်၏ အရှိန်အဝါက သိသိသာသာ တိုးမြင့်သွားပြီး ရန်သူ၏ လက်နက်များဖြင့် ယှဉ်နိုင်သွားသည်။

အခု အမဲလိုက်ပွဲကို စလိုက်ရအောင်…

ဝမ်ဝေ့က အင်မတန် အာရုံစိုက်ထားသည့် အနေအထားတစ်ခုသို့ ရောက်ရှိသွားခဲ့သည်။ သူ့အာရုံခံစားနှုန်းက ကန့်သတ်ချက်ထက်ပင် ကျော်လွန်နေ၏။ သူက အနာဂတ်ဗုဒ္ဓကိုယ် ၃၆၅ခုနှင့် သူ့စိတ်ဝိညာဉ်အမှုန်များကို အလုပ်ပေးကာ ဖြစ်နိုင်ချေရှိသည့် အနာဂတ်အားလုံးကို တွက်ချက်ပြီး ရန်သူကို သတ်နိုင်မည့် အကောင်းဆုံးနည်းလမ်းကို ရွေးချယ်လိုက်သည်။

ဝမ်ဝေ့က ဆက်လက် မပြေးတော့သလို မရှောင်ရှားတော့ဘဲ တိုက်ခိုက်နေသည်။ သူက လူသားခန္ဓာကိုယ်ရှိသော်လည်း ဆင်ခေါင်းရှိထားသည့် သက်ရှိဆီ ရောက်ရှိလာသည်။ ထိုသက်ရှိအတွက် နှမြောဖို့ ကောင်းလှသည်က နောက်ဆုံးမြင်လိုက်ရသည့်အရာက ဝမ်ဝေ့၏ အဆုံးမဲ့ဆန္ဒမှ အနီရင့်ရင့်အလင်းတန်းသာ ဖြစ်၏။ ထို့နောက် သူ့ခေါင်းက ဝိညာဉ်နှင့်အတူ ပေါက်ကွဲထွက်သွားသည်။

ရွှေရောင်သံကြိုး ၅ခုက ဝမ်ဝေ့၏ နေရာသို့ ရောက်ရှိလာသော်လည်း သူက ထိုနေရာမှ ပျောက်ကွယ်သွားပြီ ဖြစ်၏။ နာနိုစက္ကန့်ပိုင်းလေးအတွင်း သူက အလင်းနှစ်သန်းချီကို သွားလာကာ အဖွဲ့တစ်ခုဆီ ရောက်ရှိလာပြီး ဟွင်သွမ်းမီးတောက်မုန်တိုင်းကို ထုတ်လွှတ်ကာ ထိုသက်ရှိငါးယောက်ကို အမှုန့်ဖြစ်သွားစေခဲ့သည်။

သူက နောက်ပစ်မှတ်ကို ရွေးချယ်ကာ မရဏပိုင်နက်နည်းစနစ်ကို အသုံးပြုပြီး ရန်သူဆယ်ယောက်နီးပါးကို သတ်ပစ်ခဲ့သည်။ ထိုအသေအပျောက်က ၆ ယောက်ဖြစ်သင့်သော်လည်း နောက်ဆုံးတစ်ယောက်က ရက်စက်ကာ သူ့ကိုယ်သူ ဖောက်ခွဲပစ်လိုက်သည်။ ထိုဖောက်ခွဲမှုက ဝမ်ဝေ့၏ ချပ်ဝတ်အပေါ် အက်ကြောင်း ထင်ကျန်စေခဲ့ရုံမျှသာ ဖြစ်သော်လည်း ထိုအရာက အဓိကရည်ရွယ်ချက် ပြီးမြောက်ခဲ့သည်ဟု ဆိုရပေမည်။

ထိုသက်ရှိ ကိုယ်တိုင်ဖောက်ခွဲခြင်း၏ နောက်ကွယ်မှ ခွန်အားက ဝမ်ဝေ့၏ အရှိန်ကို အနည်းငယ် လျော့ကျစေခဲ့သည်။ ထို့နောက် ကျန်လူများက ထိုအက်တိုစက္ကန့်လေးကို အခွင့်ကောင်းယူကာ သူ့အရှိန်ကို ပစ်မှတ်ထားသည့် စည်းပိတ်ရေးအစီအရင်တစ်ခုကို ဖန်တီးခဲ့သည်။

ဝမ်ဝေ့က [စည်းပိတ်ရေး လွတ်လပ်ခွင့်] ကို ချက်ချင်း အသက်သွင်းလိုက်သော်လည်း ပြဿနာကို ရှောင်လွှဲနိုင်ရုံမျှသာ ဖြစ်၏။ သူ့နောက်တွင် တစ်စုံတစ်ယောက်က ပေါ်ထွက်လာကာ ရုတ်ချည်း လက်သီးဖြင့် ထိုးချလိုက်သည်။ သို့သော်လည်း သူ့ခန္ဓာကိုယ်က ရှေ့ကိုင်းမသွားဘဲ သူက တံတောင်ဖြင့် ပြန်လည်တုံ့ပြန်ပြီး တစ်ဖက်လူ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို ဖျက်ဆီးပစ်လိုက်သည်။

နောက်ထပ် အဖွဲ့ငယ်လေးက ဝမ်ဝေ့၏ ပျံသန်းရာလမ်းကြောင်း၌ ပိတ်ဆို့နေကာ သူတို့၏ ပူးပေါင်းထားသော တိုက်ကွက်မှ အားကောင်းသည့် မိုးကြိုးလျှံတစ်ချောင်း ရှိနေသည်။ သူသာ မရှောင်ရှားနိုင်ပါက မည်မျှပင် ထိခိုက်သွားနိုင်ကြောင်း သိထားလေ၏။ ထို့ကြောင့် သူက အခွင့်အခါကောင်းကို စောင့်နေလိုက်သည်။

မိုးကြိုးလျှံက သူနှင့် နီးကပ်ပြီး မရှောင်ရှားနိုင်လောက်သည့် အနေအထားတွင် သူက အာကာပြင် နေရာအစားထိုးရေးကို အသုံးပြုကာ ထိုအဖွဲ့နှင့် နေရာချင်း ပြောင်းလဲလိုက်သည်။ အလားအလာကောင်းသည့် မိုးကြိုးက ပတ်ဝန်းကျင်ဆီ ပျံ့နှံ့လာပြီး ပေါက်ကွဲထွက်သွားကာ ထိုလူဆယ်ယောက်အုပ်စုထဲမှ ၉ယောက်ကို သတ်နိုင်ခဲ့သည်။

ဝမ်ဝေ့က ထိုကြောက်မက်ဖို့ ကောင်းသည့် တိုက်ကွက်ကို စောစောလေးက သူ့ကို တိုက်ခိုက်ထားပြီး အသက်ရှင်ကျန်သူများထံ ကံကြိုးမျှင် ဆက်နွယ်မှုမှတဆင့် ပို့ဆောင်ခဲ့သည်။

ဝမ်ဝေ့က ဆက်လက်လှုပ်ရှားနေရင်း အရှိန်လျော့ကျသွားသော်လည်း အဖွဲ့ထဲတွင် အမြန်ဆန်ဆုံးဖြစ်နေဆဲ ဖြစ်၏။ သူက ယင်ယန်စက်ဝန်းအဖြစ် ပြောင်းလဲကာ တစ်ဖက်လူကို ၅ယောက်ကျော် သတ်ပစ်နိုင်ခဲ့သည်။

ဘန်း

ဝမ်ဝေ့က ကြောက်မက်ဖို့ကောင်းသည့် တိုက်ကွက်သည် သူ့ချပ်ဝတ်ကို ချိုးဖောက်လိုက်ကာ သူ့ မမြင်နိုင်ဖွယ် စိတ်ဆန္ဒချပ်ဝတ်အပေါ် အက်ကြောင်းထင်ခဲ့ကြောင်း ခံစားမိလိုက်သည်။ သူက တစ်ဖက်လူသည် ကံအစီအရင်ကို အသုံးပြုကာ သူ့ကို တိုက်ခိုက်လာကြောင်း သတိထားမိသွား၏။ ထို့ကြောင့် သူက အစီအရင်အလယ်၌ ပေါ်ထွက်လာစေပြီး သူတို့အသုံးပြုသည့် ကံကြိုးမျှင်ကို အသုံးပြုကာ သူ့ဝိညာဉ်တာအိုဖြင့် သူတို့၏ အသိစိတ်ပင်လယ်ကို ဖျက်ဆီးပစ်ခဲ့သည်။ ထိုသက်ရှိများ၏ အသက်မဲ့နေသော ခန္ဓာကိုယ်က လေဟာနယ်ထဲ မြောလွင့်နေသည်။ ထူးဆန်းလှစွာဖြင့် မည်သည့်ထိခိုက်ဒဏ်ရာမှ မရှိကြပေ။

ဝမ်ဝေ့၏ ခန္ဓာကိုယ်က ရုတ်ချည်းဆိုသလို အလိုအလျောက် လက်ကို ကြက်ခြေခတ်ကာလိုက်မိသည်။ ထို့နောက် သူ့အနီးတွင် လူသားအသွင်ရှိသည့် နွားထီးတစ်ကောင် ပေါ်ထွက်လာပြီး သူ့အား လက်သီးဖြင့် ထိုးချလာသည်။

အစစ်အမှန်ကောင်းကင်ဘုံအဆင့်ပဲ…

သူက မရပ်တန့်ဘဲ တွေးလိုက်မိသည်။ ဖန်တီးမှုသက်ရှိများကို သူတို့အဆင့်က မည်သို့ပင်ဖြစ်စေကာမူ ဆန့်ကျင်ကျင့်ကြံသူအဖြစ် သတ်မှတ်နိုင်သည်။  အကယ်၍ ကောင်းကင်ဘုံအဆင့် ကျင့်ကြံသူတစ်ဦးက ဧကရာဇ်လမ်းစဉ်ကို လျှောက်လှမ်းလိုသည့် သက်ရှိများကို ဖန်တီးလိုပါက စမ်းသပ်ချက်သည် ပိုမိုပြင်းထန်လိမ့်မည်။

တချို့က ၆၀ ရာခိုင်နှုန်း သို့မဟုတ် ထိုထက်နည်းသည့် သက်ရှိများကို ဖန်တီးကြသည်။ သို့သော်လည်း ထိုအရာက မဟာတာအိုအရင်းအမြစ် ၇၀ရာခိုင်နှုန်း ဖန်တီးထားသည့် သက်ရှိများထက် အားနည်းနေသော်လည်း စမ်းသပ်ချက်က ကြောက်မက်ဖို့ကောင်းနေဆဲသာ ဖြစ်၏။

သူက အစစ်အမှန်ကောင်းကင်ဘုံအဆင့် ဖန်ဆင်းမှုသက်ရှိတွေကို ဖန်တီးနိုင်တယ်ဆိုတာကို မယုံနိုင်သေးဘူး။ ဒီလိုအရာမျိုးလုပ်ဖို့ လိုအပ်တဲ့ အရည်အချင်းကိုတော့ ထားလိုက်ပါတော့။ သူ့လို အကျင့်စရိုက်မျိုးနဲ့သူက သူ့လောက် စွမ်းအားရှိတဲ့သူမျိုးထံမှာတော့ ခေါင်းငုံ့မှာ မဟုတ်ဘူး…

သူက ထိုနွားထီးလူသားနှင့် စိန်ပြေးလိုက်တမ်း ဆော့ကစားနေသည်။ ထို့နောက် သူက တစ်စုံတစ်ခုကို အာရုံခံမိခဲ့၏။ လူအိုကြီးငရဲက ယမမင်းလက်ချောင်းဟု ခေါ်ဆိုသည့် ခြိမ်းခြောက်နိုင်သည့် နည်းစနစ်တစ်ခုကို ထုတ်သုံးနိုင်ခဲ့သည်။ ထိုအရာက ကောင်းကင်ဘုံအထက် ဧရာမလက်ချောင်းတစ်ခု ထွက်ပေါ်လာစေပြီး ဝမ်ဝေ့ဆီ ဆင်းသက်လာသည်။ သူက ထိုတိုက်ကွက်ကို ကြည့်နေရင်း ခန္ဓာကိုယ်က တောင့်တင်းသွားမိ၏။

ငါ့အခွင့်အရေးပဲ…

ထိုနွားထီးလူသားက တွေးမိကာ သူ့သခင်၏ တိုက်ကွက် ပြီးမြောက်စေဖို့ ရှေ့တိုးလာသည်။ သို့သော်လည်း သူက ဝမ်ဝေ့အနီးသို့ ရောက်ရှိသည်နှင့် ကြောက်ဖို့ကောင်းသည့် စိတ်ဝိညာဉ်ဓားက သူ့အသိစိတ်ပင်လယ်အတွင်း ဝင်ရောက်လာခဲ့သည်။

နွားထီးလူသားက ခုခံဖို့ကြိုးစားခဲ့သော်လည်း အသုံးမဝင်ခဲ့ပေ။ ဝမ်ဝေ့က ထိုသူနှင့် လူအိုကြီးငရဲသည် တိုက်ပွဲအတွင်း အကြီးမားဆုံးအန္တရာယ်ဖြစ်ကြောင်း သိလိုက်၏။ ထို့ကြောင့် သူက သူ့ဝိညာဉ်စွမ်းအားပမာဏကို စုစည်းပြီး ထိုသူကို သေဆုံးအောင် လုပ်ခဲ့ခြင်း ဖြစ်သည်။

“ကျစ်”လူအိုကြီးငရဲက သူ့အစေခံ၏ ခန္ဓာကိုယ်ကို ပျောက်ကွယ်သွားသည်ကို ကြည့်လိုက်ရင်း အော်ဟစ်လိုက်သည်။ ထို့နောက် အရိုးလက်ချောင်းမှ အမှောင်အငွေ့အသက် သို့မဟုတ် အရိပ်များ ထွက်ပေါ်လာသည်။ ထိုလက်ချောင်းက ဝမ်ဝေ့ဆီ ကျရောက်လာ၏။ သူက ခုခံလိုက်သော်လည်း ထိုကြောက်မက်ဖွယ် စွမ်းအားဖြင့် အလျင်အမြန် လွှမ်းခြုံခံလိုက်ရသည်။

“ကျစ် လူအိုကြီးငရဲ ဒါက မပြီးသေးဘူး” ဝမ်ဝေ့က အော်ပြောပြီးသည့်နောက်တွင် တိုက်ပွဲကွင်းပြင်မှ ပျောက်ကွယ်သွားလေသည်။ လူအိုကြီးငရဲက မျက်မှောင်ကြုတ်ကာ ကိစ္စများက ထင်ထားသည်ထက် ပိုမိုလွယ်ကူနေသည်ဟု ခံစားမိလိုက်၏။

ဝုန်း

လေဟာနယ်တိုက်ပွဲကွင်းပြင်ကို လွှမ်းခြုံသွားသည့် မြင်ကွင်းတစ်ခု ထွက်ပေါ်လာကာ ကြယ်ကြွေခြင်း ပုံရိပ် ပြသလာသည်။ မိုးမြေက ဂုဏ်ယူပြီး လေးစားရသည့် ကျင့်ကြံသူ တစ်ဦး သေဆုံးသွားသည်ကို ပြသနေဟန်ပေါ်သည်။

လူအိုကြီးငရဲက ထိုအရာကို တည်တည်ငြိမ်ငြိမ်သာ ကြည့်နေ၏။ တစ်စုံတစ်ခု မှားယွင်းနေသလို ခံစားမိနေဆဲသာ ဖြစ်သည်။ သူက နောက်ဆုံးတိုက်ကွက်၌ စိတ်ပြောင်းလဲလိုက်ပြီး ဝမ်ဝေ့ကို ဖမ်းဆီးမည့်အစား သတ်ဖို့ လုပ်ဆောင်ခဲ့သည်။ သူက နှမြောစရာကောင်းသည်ဟု ခံစားမိနေသော်လည်း သူ့နွားထီးစစ်သူကြီးကို သတ်ပြီးသည့်နောက်တွင် ထိုအရာက အကောင်းဆုံး ရွေးချယ်မှုဖြစ်ကြောင်း သဘောပေါက်သွားခဲ့သည်။ အကယ်၍ သူသာ ရန်သူကို ဖမ်းဆီးဖို့ ဆက်လက်လုပ်ဆောင်နေပါက သူ့တပ်ဖွဲ့တစ်ဝက်ကျော် ဆုံးရှုံးသွားနိုင်သည်။

“မျက်လုံးလေးလုံး ဒီလာခဲ့”

အနက်ရောင်ဝတ်ဆင်ထားသည့် ရုပ်ချောချော အမျိုးသားတစ်ဦးက လူအိုကြီးငရဲရှေ့ ရောက်ရှိလာသည်။ ထို့နောက် သူ့နဖူးအထက် မျက်လုံးနှစ်လုံး ပေါ်ထွက်လာပြီး ရွှေရောင် ပြောင်းလဲသွား၏။ သူက ပတ်ဝန်းကျင်ကို အလျင်အမြန် စစ်ဆေးကြည့်ကာ ပြောလိုက်သည်။

“အဲဒီမှာ”

သူက ဝမ်ဝေ့၏ အရိပ်နည်းစနစ် ပျောက်ကွယ်သွားသည့်နေရာ၌ ရွှေရောင်အလင်းတန်းကို ပစ်ခတ်လိုက်သည်။

“၅၂ ယောက်ထဲလား … နှမြောစရာပဲ” ဝမ်ဝေ့က ရေရွတ်လိုက်သည်။ သူက ထိုလုပ်ကြံသတ်ဖြတ်သူဆီမှ အာရုံမခံမိအောင် အတော်လေး သတိထားနေရသည့်အတွက် မတတ်နိုင်ပေ။ တစ်ဖက်သူက မတုံ့ပြန်နိုင်ခင် သူတို့၏ ခန္ဓာကိုယ်ပေါ်မှ ခရမ်းရင့်အမှတ်အသားများစွာက သူတို့ကို ဝါးမျိုသွားလေ၏။

ဖျက်ဆီးခြင်းမီးတောက်ကျိန်စာက ဝမ်ဝေ့၏ ကျိန်စာတာအိုနှင့် ဖျက်ဆီးခြင်းတာအိုကို ပေါင်းစည်းထားသည့် လက်ရာတစ်ခု ဖြစ်ပေသည်။ ထို့ကြောင့် ထိုသူများက မှတ်သားခံလိုက်ရသည်နှင့် မကယ်နိုင်တော့ပေ။

“ခွေးကောင် ငါ မင်းကို သတ်မယ်။ မင်း မိသားစု၊ ဂိုဏ်းနဲ့ မင်း ချစ်ရတဲ့သူတွေအားလုံးကို သတ်ပစ်မယ်” လူအိုကြီးငရဲ၏ မျက်လုံးက နီရဲနေပြီး သူ့အရှိန်အဝါက ဒေါသကြောင့် မတည်မငြိမ် ဖြစ်နေသည်။ သို့သော်လည်း ဝမ်ဝေ့က တည်တည်ငြိမ်ငြိမ်ဖြင့် လက်ကို ဝှေ့ယမ်းလိုက်သည်။

ယမမင်း လက်ဝါးချက်

လက်ဝါးချက်က တစ်ဖက်လူဆီ သံသရာတာအို၏ အစစ်အမှန်စွမ်းအားကို ပြသပြီး အရှက်ခွဲကာ သတ်ပစ်လိုသည့် ရည်ရွယ်ချက်ဖြင့် ရောက်ရှိလာဟန်ပေါ်သည်။

All Chapters