← Chapters

ဖြေရှင်းနည်း

Vol. 83 Ch. 1162

ဖြေရှင်းနည်း

Vol. 83 Ch. 1162

ဝမ်ဝေ့က တစ်စုံတစ်ခုကို ခံစားမိကာ မျက်မှောင်ကြုတ်လိုက်သည်။ သူက နောက်ကျလွန်းသွားခဲ့ပြီး လူနှစ်ယောက်က သူ့အနောက်ဖက်၌ ပေါ်ထွက်လာခဲ့သည်။ ပထမတစ်ယောက်က ကျားအစင်းကြောင်း၊ မျက်လုံးနှင့် အစွယ်များ ရှိထားသည့် ခပ်ထွားထွားအမျိုးသားတစ်ဦး ဖြစ်ပြီး ထိုသူနောက်တွင် ရွှေရောင်ဓားနှင့် အမျိုးသမီးတစ်ဦး ပါရှိသည်။

ကျားလူသားက ဝမ်ဝေ့၏ ချပ်ဝတ်ကို ထိုးဖောက်ခဲ့သည်။ သူ့နောက်တွင် ပါလာသည့် အမျိုးသမီး၏ ဓားချက်က သူ့မမြင်နိုင်ဖွယ် စိတ်ဆန္ဒချပ်ဝတ်ကို ထိုးဖောက်ပြီး ဝမ်ဝေ့၏ အရေပြားဆီ ကျရောက်လာသည်။ သူ့အရေပြား၏ ခုခံနိုင်စွမ်းက အနည်းငယ်မျှ တောင့်ခံနိုင်ခဲ့သော်လည်း ထိုးဖောက်ခံလိုက်ရသည်။

နှစ်ဦးသားက အောင်မြင်မှုကို မြင်တွေ့ပြီးသည့်နောက်တွင် အကြည့်များက တောက်ပသွားကြ၏။ သူတို့က သူတို့အပေါင်းအပါ ဒါဇင်ချီ၏ စွမ်းအားကို စုပ်ယူကာ ပြီးပြည့်စုံသည့် အခွင့်အခါကောင်းကို စောင့်ဆိုင်းနေကြခြင်း ဖြစ်၏။ ယခု သူတို့က တစ်ဖက်လူကို သတ်ဖြတ်ဖို့ ထိနှက်ချက်ပြင်းပြင်း ပေးနိုင်ခဲ့လေပြီ။

ဒီဓားက…

ဝမ်ဝေ့က နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာကာ တွေးလိုက်သည်။ ထိုဓားကလည်း ဖန်ဆင်းမှုသက်ရှိ ဖြစ်ပြီး ထိုအရာ၏ စွမ်းအားနှင့် ထက်ရှမှုက သူ့ခုခံမှုကို ထိုးဖောက်နိုင်ခဲ့သည်။

ဒီဓားက ငါ့ရဲ့ခန္ဓာကိုယ်ကနေ ဖယ်ရှားဖို့ ငြင်းဆန်နေတဲ့ သက်ရှိပဲ။ သူ့အသိဉာဏ်က တာအိုဆန္ဒနဲ့ တူတယ်။ ငါ့ရဲ့ အသက်ဓာတ်စွမ်းအားကို ဝါးမျိုပြီးတော့ ပြန်လည်ကုစားမှုကို နှောင့်နှေးအောင် လုပ်နေတာ…

ဝမ်ဝေ့က သက်ရှိ၏ ဝိညာဉ်ကို ကာကွယ်ပေးထားသည့် စွမ်းအားတစ်ခုကို မြင်တွေ့လိုက်ရသည်။ သူက ထိုဓားကို တည်ငြိမ်စွာ ထိလိုက်ပြီး သူ့ဇနီး၏ စည်းပိတ်ရေးနည်းစနစ်ကို အသုံးပြုကာ ပိတ်ဆို့လိုက်သည်။ ထိုအရာကို မြင်တွေ့ပြီးသည့်နောက်တွင် တိုက်ခိုက်သူ၏ မျက်နှာက အမူအရာ ပျက်ယွင်းသွားပြီး နောက်ဆုတ်ဖို့ ဆုံးဖြတ်လိုက်သည်။ အနည်းဆုံးတော့ ထိုအမျိုးသမီးက လုပ်ဆောင်ခဲ့သည်။

ကျားလူသားက အော်ဟစ်ကာ အစာကွင်းဆက်၏ ထိပ်ဆုံးတွင်ရှိသည့် သားရဲတစ်ကောင်၏ အရှိန်အဝါမျိုး ထုတ်လွှတ်လာကာ ဒုတိယအကြိမ် ခုန်အုပ်လာသည်။ ထိုလက်သီးတစ်ချက်က အလုပ် မဖြစ်သည့်အတွက် ဒုတိယအကြိမ် ထပ်မံ ကြိုးစားကြည့်နိုင်သည်။

သူ ဒီလိုအခြေအနေမှာ ရှိနေရင် သူ့ကို ဒဏ်ရာအပြင်းအထန် ပေးနိုင်လောက်တယ်…

ကျားလူသားက ယုံကြည်ချက်ရှိရှိ တွေးလိုက်သည်။

အသင်္ချေစိတ်ဝိညာဉ်သဏ္ဍာန်ပြခြင်းနည်းစနစ် -  ထောင်ထျဲ့

ကျားလူသားနောက်တွင် ဧရာမပါးစပ်ကြီးနှင့် သက်ရှိတစ်ကောင် ပေါ်ထွက်လာပြီး အရာအားလုံးကို ဝါးမျိုပစ်နေသည်။ ထိုကျားလူသားက လူများစွာကို ဝါးမျိုထားသည့် အားကောင်းသော ခန္ဓာကိုယ်ကျင့်ကြံသူတစ်ဦး ဖြစ်၏။

ထို့ကြောင့် ဝမ်ဝေ့က သူ့ခန္ဓာကိုယ်အတွင်း ရောက်ရှိလာသည့် ကြောက်မက်ဖွယ် စွမ်းအားတစ်ခုကို ခံစားမိလိုက်သည်။ သူ့အရှိန်အဝါက ဓားကို ထုတ်ယူပြီးသည့်နောက်တွင် ရုတ်ချည်း တိုးမြင့်လာ၏။

ဝမ်ဝေ့က စည်းပိတ်ထားသည့် လက်နက်မှ စွမ်းအားတချို့ကို စုပ်ယူပြီး သူ့ချပ်ဝတ်ကို ပြင်ဆင်ခဲ့ရင်း မမြင်နိုင်ဖွယ် ချပ်ဝတ်ကို ပြန်လည်စုစည်းဖို့ စိတ်စွမ်းအားကိုပါ ထည့်သွင်းလိုက်သည်။ နောက်ဆုံးတွင် သူက သူ့တိုက်ကွက်ကို ခုခံဖို့ လူတချို့ကို စတေးလိုက်သည့် လူအိုကြီးငရဲကို ကြည့်လိုက်၏။

လူအိုကြီးငရဲက ဝမ်ဝေ့ကို ဒေါသတကြီးဖြင့် ကြည့်နေသည်။ သို့သော်လည်း ထိုအရာက မထိန်းချုပ်နိုင်ဖွယ် ဒေါသမျိုး မဟုတ်ဘဲ အေးစက်ကာ ဖြည်းဖြည်းချင်း လောင်မြိုက်နေသည့် ဒေါသမျိုး ဖြစ်၏။ သူက လက်ကိုမြှောက်ပြီး ငရဲကမ္ဘာနှင့် ဆက်နွယ်နေသည့် အာကာပြင်မုခ်ဝ ရာချီကို ဖွင့်လှစ်လိုက်သည်။ ဆိုးယုတ်သည့် စိတ်ဝိညာဉ်များ ပြည့်နှက်နေသည့် အနက်ရောင်ယင်ချီက သူအပါအဝင် သက်ရှိတိုင်း၏ ခန္ဓာကိုယ်အတွင်း ဝင်ရောက်သွားလေသည်။ သက်ရှိများ၏ မျက်ဝန်းက နီရဲသွားပြီး စိတ်လွတ်လက်လွတ် သောင်းကျန်းသည့် အနေအထားသို့ ဝင်ရောက်သွားသည်။

ထိုသူများက ဝမ်ဝေ့ဆီ အစာမစားရသည်မှာ ရက်သတ္တပတ် အတော်ကြာနေသည့် သားရဲရိုင်းများအလား ပြေးဝင်လာသည်။ သူတို့ထုတ်လွှတ်သည့် သွေးဆာမှုက တိုက်ပွဲကွင်းပြင်ကိုပင် အနီရောင် ပြောင်းလဲသွားစေ၏။

အခုပဲ…

ဝမ်ဝေ့က လက်ကို မြှောက်ကာ သူတို့ကို စည်းပိတ်ဖို့ ဖန်တီးထားသည့် သီးသန့်စကြဝဠာတစ်ခုအတွင်း ထိုသူများထဲမှ တစ်ရာကျော်ကို ထည့်သွင်းလိုက်သည်။

သောင်းကျန်းသည့် အနေအထားက သူတို့၏ စွမ်းအားကို တိုးမြှင့်ပေးသော်လည်း သူတို့၏ စိတ်ပိုင်းဆိုင်ရာကို လျော့ကျသွားစေသည်။ ထို့ကြောင့် ထိုအရာကို သူက အခွင့်ကောင်းယူလိုက်ခြင်း ဖြစ်၏။

ဝမ်ဝေ့က ထိုသူများ၏ ကံကြမ္မာကို ပြောင်းလဲကာ သူ့တပ်သားအဖြစ် ပြောင်းလဲလိုသော်လည်း လူအိုကြီးငရဲက ကြိုတင်ကာကွယ်မှုများ ပြုလုပ်ထားလေသည်။

ဝမ်ဝေ့က သူ့ချပ်ဝတ် ပျောက်ကွယ်သွားပြီး သူ့မမြင်နိုင်ဖွယ် ချပ်ဝတ်ပါ သက်ရောက်ခံလိုက်ရသည်ကို ခံစားမိလိုက်သည့်အခါ အမူအရာ ပျက်ယွင်းသွား၏။ သူက သူ့အရေပြားပေါ်ရှိ ခုခံကာကွယ်နိုင်စွမ်းနှင့် ခန္ဓာကိုယ်က သိသိသာသာ အားနည်းသွားကြောင်း ခံစားမိလိုက်သည်။

စွမ်းအားတစ်ခုအတွက် အရာအားလုံးကို စတေးထားတဲ့ နောက်ထပ်လူတစ်ယောက်ကနေ ထူးထူးဆန်းဆန်း စွမ်းရည်တစ်ခုပဲ။ ဒါက အစီအစဉ်ကျမှု -  မကျမှုအပေါ် အခြေခံထားတာ ဖြစ်လောက်တယ်။ သက်ရှိတွေအားလုံးရဲ့ ခုခံမှုကို ဖယ်ရှားလိုက်တာပေါ့…

ဝမ်ဝေ့၏ စိတ်ထဲ အလျင်အမြန် တွက်ချက်ကာ တန်ပြန်ရင်ဆိုင်ဖို့ ပြင်လိုက်သည်။ နှမြောစရာကောင်းလှစွာဖြင့် ထိုအရာက နောက်ကျလွန်းသွားခဲ့သည်။

ကမ္ဘာသန်းထောင်ချီ ပေါက်ကွဲခြင်း

လူအိုကြီးငရဲက ကောင်းကင်ဘုံအဆင့် ကျင့်ကြံသူများ ပုံမှန်အသုံးပြုနေကြဖြစ်သည့်  မဟာမြူစက်ဝန်းဖြင့် ကမ္ဘာများစွာကို ဖန်တီးပြီး သူတို့ကို ဗုံး သို့မဟုတ် ပေါက်ကွဲရေးပစ္စည်းများအဖြစ် အသုံးပြုခဲ့သည်။ ဝမ်ဝေ့ ဝန်းကျင်တွင် အနီရောင်သတ္တုလုံးများစွာ ပေါ်ထွက်လာပြီး တစ်ခုချင်းစီက ဒိုင်မေးရှင်းအနိမ့်နှင့် ယှဉ်နိုင်သည့် ကမ္ဘာတစ်ခုကို ကိုယ်စားပြုနေသည်။

သူ့ခန္ဓာကိုယ်က ပေါ်ထွက်လာပြီးသည့်နောက် ပေါက်ကွဲအားက မည်မျှပင် အခြေအနေ ဆိုးရွားနေကြောင်း ပြသနေသည်။ သူက ချိစ်အပြားလိုမျိုး အပေါက်များစွာဖြင့် ဖြစ်နေပြီး သူ့အရေပြားကလည်း လောင်ကျွမ်းမှုကြောင့် အနက်ရောင် ပြောင်းနေလေသည်။

“သူ့ကို ပြန်လည်ကုစားခွင့် မပေးနဲ့” လူအိုကြီးငရဲက အမူအရာ ပျက်ယွင်းလျက် အမိန့်ပေးလိုက်သည်။ ယခင်တိုက်ပွဲနှင့် မတူညီသည်က သူသည် တစ်ဖက်လူကို ဖိနှိပ်ဖို့ တည်ရှိမှုဝါစဉ်ကို မသုံးနိုင်တော့ပေ။ အကြောင်းအရင်းကမူ တားမြစ်တိုက်ခိုက်ရေး နယ်ပယ်အဆင့်က ထိုအရာကို ကာကွယ်ပေးထား၏။

ထိုစဉ် လူအိုကြီးငရဲက ထာဝရကောင်းကင်ဘုံအဆင့် မဟုတ်သည့်အတွက် တာအိုဆန္ဒ မရှိပေ။

ထို့အပြင် ခန္ဓာကိုယ်သန့်စင်ရေး ပါရမီက နိမ့်ကျနေခဲ့သည့်အတွက် မပြီးပြည့်စုံသည့် စိတ်ဆန္ဒသဏ္ဍာန်ပြခြင်းကိုသာ ထုတ်သုံးနိုင်သည်။ သူ့ပြိုင်ဘက်က ထိုအားနည်းသည့် စွမ်းအားကို သူ့ခန္ဓာကိုယ်အတွင်း ဝင်ရောက်ခွင့်ပြုမည် မဟုတ်ပေ။

ဝမ်ဝေ့၏ ခန္ဓာကိုယ်မှ ပြင်းထန်သည့် အဖြူရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာကာ သံသရာတာအိုက သူ့ကို ကောင်းမွန်အောင် ပြန်လည်ကူညီပေးနေသည်။ ယခင် ကျားလူသားဆီမှ ဝါးမျိုထားသည့် သွေးစွမ်းအားကို ထည့်ပေါင်းလိုက်လျှင် အမြန်ဆန်ဆုံးအဖွဲ့ မရောက်ရှိလာခင် သူက ပြန်လည်ကောင်းမွန်လာ၏။ နှမြောစရာကောင်းလှစွာဖြင့် သူ့ချပ်ဝတ်က ကောင်းမွန်စွာ အလုပ်မလုပ်တော့ပေ။ တကယ်တော့ သူက ထိုအရာကို မသိမ်းဆည်းပါက သူ့တာအိုသက်သေပြ ပစ္စည်းသည်လည်း ဖျက်ဆီးခံရနိုင်ချေရှိသည်။

သူက ထိုသူများ ချဉ်းကပ်လာသည်ကို တည်တည်ငြိမ်ငြိမ်သာ ကြည့်နေပြီး ပြောင်းပြန်ဖန်ဆင်းခြင်း လက်သီးကို ထိုးခွင်းလိုက်သည်။ ထိုအရာ၏ ကြောက်မက်ဖွယ် စွမ်းအားက ဖန်တီးမှုသက်ရှိအားလုံး၏ ရန်သူ ဖြစ်နေဟန်ပေါ်၏။

ထိုအရာက ၇ယောက်ကို သတ်ပစ်ကာ ကျန်သူများကို လမ်းတစ်ဝက်တွင် ရပ်တန့်သွားစေသည်။

ထိုသက်ရှိများက အကြောက်တရားကို ခံစားမိကြ၏။ အကြောင်းအရင်းက ရိုးရှင်းပေသည်။ ဝမ်ဝေ့၏ တိုက်ကွက်က သူတို့အား သူတို့၏ ဖန်တီးမှုစမ်းသပ်ချက်ကို ပြန်လည်အမှတ်ရစေ၍ ဖြစ်သည်။

“မဟုတ်သေးဘူး။ ဒါနဲ့ မပြီးသေးဘူး” ဝမ်ဝေ့က ရေရွတ်လိုက်ပြီး ဤအသစ် ဖန်တီးထားသည့် နည်းစနစ်သည် သူ့ဆန္ဒအတိုင်း မဖြစ်သေးကြောင်း ခံစားမိသည်။ သူက ဒုတိယအကြိမ် ထုတ်ဖော်လိုက်သည့်အခါ ပိုမိုပင် အားကောင်းလာ၏။ သူတို့က ထိုလက်သီးချက်မှ မြင့်မားသည့်စံနှုန်းဖြင့် အကဲဖြတ်ခံရသလိုမျိုး ခံစားလိုက်ရသည်။

ထိုလက်သီးချက်က သူတို့ဘဝ၏ အဆိုးဆုံးအခြေအနေကို ပြန်လည်ဖန်တီးလိုက်သလိုမျိုး ဖြစ်၏။ ထိုအရာ၏ စွမ်းအားသည် သူတို့၏ ရန်သူဟု ပြောဆိုနိုင်သည်။ ထို့ကြောင့် ထိုအရာသည် ပြောင်းပြန်ဖန်ဆင်းမှု လက်သီးဟု နာမည်နှင့် ထိုက်တန်ပေသည်။

ဝုန်း

သက်ရှိနှစ်ဆယ်ကျော်က ထိုတိုက်ကွက်တစ်ခုကြောင့် သေဆုံးသွားကြသည်။ ထို့အပြင် ကျန်ရှိနေသည့်သူများကလည်း စိတ်လွတ်လက်လွတ် သောင်းကျန်းနေသည့ အနေအထားမှ ပြန်လည်နိုးထလာသည်။

ကျစ် ဒီနည်းစနစ်နဲ့ဆိုရင် ဒီသက်ရှိတွေကို သတ်ဖို့ ပိုပြီးတော့ လွယ်ကူသွားတယ်။ သူတို့တွေက စွမ်းအားကုန်သုံးဖို့ စိတ်ဓာတ်တွေ ကျသွားလောက်ပြီ…

လူအိုကြီးငရဲ၏ စိတ်ထဲ အတွေးများစွာ ဖြတ်ပြေးသွားစဉ် ဖြေရှင်းနည်းတစ်ခုကို တွေးလိုက်မိသည်။

ဒီနည်းစနစ်ရဲ့ အဓိကအကြောင်းအရင်းက ဖန်ဆင်းမှုသက်ရှိဆိုတဲ့ ဇစ်မြစ်ပဲ။ တကယ်လို့ ငါသာ အဲဒါကို ယာယီပြောင်းလဲနိုင်တယ်ဆိုရင် ဒီနည်းစနစ်ရဲ့ သက်ရောက်မှုက ၉၀ ရာခိုင်နှုန်းလောက် လျော့ကျသွားမှာပဲ…

သူက အလားအလာ နည်းပါးကာ စွမ်းအားနည်းသော်လည်း မူလထိန်းချုပ်မှုဟု ထူးကဲသော စွမ်းရည်ကို ပိုင်ဆိုင်ထားသည့် ဖန်ဆင်းမှုသက်ရှိတစ်ယောက်ကို ဆင့်ခေါ်လိုက်သည်။

“နွေဦး … မင်း…”

ဝှစ်

လူအိုကြီး၏ မျက်စိရှေ့တွင် ဓားချက်တစ်ခု ထွက်ပေါ်လာပြီး ထိုအရာက နွေဦး၏ ဦးခေါင်းကို ဖြတ်တောက်လိုက်သလို သူ့ဆီလည်း ဦးတည်နေသည်။ သူ့မျက်နှာအထက် အရိုးဒိုင်းကာတစ်ခု ပေါ်ထွက်လာသော်လည်း အသုံးမဝင်ခဲ့ပေ။ သူ့လူလေးယောက်က သူ့ဆီ ပြေးဝင်လာပြီး ကိုယ့်ကိုယ်ကို သတ်သေဖို့ လုပ်လိုက်ကြသည်။

လူအိုကြီးငရဲက ဤအန္တရာယ်များသည့် အနေအထားတွင် သူ့ဖန်ဆင်းမှုတစ်ခုဖြင့် နေရာချင်း လဲလှယ်လိုက်ပြီး မှန်ကန်သည့် ဆုံးဖြတ်ချက်ကို ချနိုင်ခဲ့သည်။

ကျစ် ငါ ဘာလို့အဲ့လောက်တောင် တုံးအနေပါလိမ့်…

သူက ဝမ်ဝေ့သည် သေဆုံးသွားသည့် လူ ၅၂ ယောက်ပေါ်သာ အမှတ်အသား ချန်ထားခဲ့လိမ့်မည်ဟု တွေးခဲ့မိသည်။ သို့သော် ထိုအရာက အမှန် မဟုတ်ပေ။ သူက  ကျန်လူများကို သင့်တော်သည့်အခါတွင် အသုံးချဖို့ နယ်ရုပ်အဖြစ် သိမ်းဆည်းခဲ့ခြင်းသာ ဖြစ်၏။

လူအိုကြီးငရဲက ဖန်တီးသူအနေဖြင့် သူ၏ လုပ်ပိုင်ခွင့်ကို အသုံးချကာ သူ့ဖန်တီးမှုအားလုံး၏ အမှတ်အသားနှင့် ခန္ဓာကိုယ်ကို စစ်ဆေးကြည့်လိုက်သည်။ သူက အမှတ်အသားသုံးခုကို တွေ့သည့်အတွက် သူတို့ကို အနားယူခိုင်းပြီး နောက်မှ ဖြေရှင်းဖို့ ဆုံးဖြတ်လိုက်သည်။ သို့သော်လည်း ဝမ်ဝေ့က အလျင်အမြန် လှုပ်ရှားကာ ကျိန်စာများကို အသက်သွင်းခဲ့ပြီး ထိုသူများကို အကြောက်တရားအဖြစ် ပြောင်းလဲခဲ့သည်။ လူအိုကြီးငရဲက ထိုကျိန်စာကို ဖြေရှင်းဖို့ အသုံးမဝင်ကြောင်း သိလိုက်ရသည်။

ဒီအချိန်မှာဆိုရင် ဖြေရှင်းနည်းတစ်ခုက ငရဲအုပ်စိုးသူဓားကို သုံးဖို့ပဲ…

လူအိုကြီးငရဲက ထိုအကြောင်းကို တွေးကာ အံကြိတ်လိုက်သည်။ သူ့ဒေါသက အကျိုးအကြောင်း ဆင်ခြင်စိတ်ကိုပင် ပျက်စီးလုနီးပါး ဖြစ်စေသည်။ သူက ဒိုင်မေးရှင်းအနိမ့်မှ ဧကရာဇ်ငယ် တစ်ပါးအပေါ် ဤမျှအထိ တန်ကြေးကြီးကြီးမားမား ပေးကာ တိုက်ခိုက်နေရသည် မဟုတ်ပါလော။

All Chapters