← Chapters

လူတွေနဲ့ကိုဆွဲဆောင်ဖို့ နည်းလမ်းထောင်ချီရှိတယ်

Vol. 45 Ch. 881

လူတွေနဲ့ကိုဆွဲဆောင်ဖို့ နည်းလမ်းထောင်ချီရှိတယ်

Vol. 45 Ch. 881

“မိန်းကလေးတွေကတောင် သူ့ကိုမကြည့်နိုင်ရင် ဘာလို့သူ့ကိုကြည့်နေ သေးတာလဲ၊ မင်းကမိန်းကလေးမဟုတ်ဘူးလား၊ သူ့ကိုမကြည့်ရင် သူ့မှာ ခရမ်း ရောင်နဲ့မွေးလာတာကို ဘယ်လိုသိမှာလဲ”

ဆိုင်ဝင်ပေါက်တွင် အမျိုးသမီးတစ်ယောက်သည် တံခါးကိုမှီကာရပ်နေ သည်။ သူမသည် နတ်သမီးတစ်ပါးကဲ့သို့ အလှနှင့်မွေးဖွားလာပြီး ဆံနွယ်နက် နှင့်မျက်ဝန်းနက်နက်တို့ရှိကာ ကျနေသောဆံမြိတ်သည် နဖူးအများစုကိုဖုံးကာ ထားကာ နဖူးအလယ်ရှိထူးဆန်းသောမီးတောက်ကိုသာ လှစ်ဟာပြထားသည်။ သူမသည် ကြည်လင်ပြီး သမင်ကဲ့သို့ မျက်လုံးဝိုင်းရှိကာ သူမ၏အသားအရေ သည် နူးညံ့ပြီး ကျောက်စိမ်းကဲ့သို့ဖြူစွတ်သည်။ လူအများသည် သူမကိုစိုက် ကြည့်လျှင် သူတို့၏အကြည့်များသည် သူမ၏ပါးပြင်ကို ခြစ်မိသွားမည်ကို စိုး သဖြင့် ပို၍ဂရုစိုက်နေရသည်။

ဝိညာဉ်ကျောက်စိမ်းဖြူကဲ့သို့ စင်းနေသည့်နှာခေါင်းသည် ကောင်းကင်မှ လက်ဆောင်ရထားကာ အနီရဲရဲနှုတ်ခမ်းများသည် အနည်းငယ်စူထွက်နေပြီး နှင်းကဲ့သို့ချစ်စရာကောင်းသည်။ သူမသည် လက်ပိုက်ရပ် ခါးတိုကုတ်အင်္ကျီအစုံ သည် သူမ၏မိန်းကလေးဆန်သောပုံရိပ်နှင့် တစ်ကိုယ်လုံးမှ နူးညံ့သော သဘောထားတို့ကို ပေါ်လွင်စေသည်။ ကောက်ကျစ်မှုသည် မျက်လုံးထဲတွင် အရောင်ဟပ်နေပြီး ဆွဲဆောင်မှုကိုပြသနေကာ အမျိုးသမီးတစ်ယောက်၏ ဖြူစင်ပြီး လှပသောဆွဲဆောင်မှုကို မပျောက်ဆုံးစေပေ။

ယောက်ျားများ၏အတွင်းအင်္ဂါများကို ကျီစယ်သည့် ချင်းရှီနှင့်ယှဉ်လျှင် ဤမိန်းကလေးသည် အဆပေါင်းများစွာသာလွန်သည်။

ထိုမိန်းကလေး တံခါးတွင်ပေါ်လာသည်နှင့် နွေဦးနှင့်တူသည့်သူမ၏ အသံကြောင့် ချက်ချင်းပင် အားလုံး၏အာရုံကို ဆွဲဆောင်ပြီးသားဖြစ်လေသည်။ ချင်းရှီပေါ်သို့ကျရောက်နေသည့် မီးတောက်နေသောမျက်လုံးများသည် တံခါးဝ တွင်ရှိသော ပြုံးနေသောသူမပေါ်သို့ ရောက်သွားစေသည်။ ၎င်းသည် ရက်စက် သည့်အရိပ်အယောင်လည်းရှိနေသည်။

သို့သော် ထိုမိန်းကလေးသည် အမှန်တကယ်လှပနေရာ ပင်မတိုက်ကြီး တစ်ခုလုံးပေါ်တွင် နာမည်ကြီးနေသောချင်းရှီပင်လျှင် မနာလိုဖြစ်စေသည်။

ဤကဲသို့ရောင်ဝါနှင့်မိန်းကလေးသည် ကောင်းကင်နှင့်မြေကြီးအကြား တွင် မွေးလာခဲ့ခြင်းဖြစ်မည်။ သူမသည် မနက်ခင်းမြူခိုးကြားမှ နှင်းပေါက်ကဲ့သို့ နတ်ဘုရားတစ်ပါး၏ လက်ချောင်းထိပ်ပေါ်သို့ ကျရောက်လာသည့် နေရောင် အလင်းတန်းနှင့်တူသည်။

မူလကဆူညံနေသောဆိုင်ထဲတွင် ဤအချိန်၌ တိတ်ဆိတ်ကာ အားလုံး သည် နတ်သမီးနှင့်တူသည် နှင်းပေါက်မိန်းကလေးကို အနှောင့်အယှက်ဖြစ် မည်စိုးသဖြင့် အသက်ပြင်းပြင်းမရှူရဲပေ။ ပြင်းပြသောမျက်လုံးများသည် ထို မိန်းကလေးကို တစ်ယောက်ပြီးတစ်ယောက် စိုက်ကြည့်လာသည်။ ရင်များ အကြမ်းပတမ်းခုန်ပေါက်လာသည်။

ဤရိုက်ခတ်ချက်မျိုးကို ချင်းရှီ အရင်က မခံစားဖူးပေ။ သူမသည် သူမ၏ အလှတရားကြောင့် လူသိများသည်။ သို့သော် ဤအချိန်တွင် ဤမိန်းမ ပေါ်ပေါက်လာခဲ့သည်။ သူမသည် ခန္ဓာကိုယ်မှ ရောင်ဝါများအားလုံးကို ဖယ်ရှား သွားခဲ့သည်။ အဆိပ်ပြင်းသည့်မြွေတစ်ကောင်ကဲ့သို့ သူမ၏ရင်ဘတ်ကို ရစ်ပတ်ကာ သူမ၏နှလုံးသားတစ်ခုလုံး အဆိပ်နှင့်မြုပ်သွားသကဲ့သို့ တံခါးမှ မိန်းကလေးဆီသို့ စူးစိုက်စွာကြည့်လေသည်။

“မင်းက ဘယ်သူလဲ ငါမင်းကို မျက်နှာတည့်တည့်ကြည့်တာတောင် ဂရု စိုက်ရမှာလား”

ချင်းရှီ၏အသံသည် မနာလိုမှုကြောင့် တော်တော်တင်းမာနေသည်။ ပေထင်းဟွမ်၏ နူးညံ့သည့်တောင်ကြားကဲ့သို့အသံနှင့်ယှဉ်လျှင် ကောင်းကင် နှင့် မြေကြီးလိုပင်။

ဆိုင်ထဲမှလူများသည် ခေတ္တမျှမတုံ့ပြန်နိုင်ဘဲ ချင်းရှီအား ထူးဆန်းသည့် မျက်လုံးများနှင့်ကြည့်ကြလေသည်။ မူရင်းအလှတရားကိုကြည့်ပြီး သူမ၏ မျက်နှာသည် ဤအချိန်တွင် ကွေးတွန့်သွားသည်။ တဒင်္ဂအတွင်းတွင် အလှတရားမှ စုန်းမအဖြစ်ပြောင်းသွားနိုင်သည့်အရာမျိုးပင်။ သူတို့အားလုံး ကြက်သေသေသွားကြသည်။

“သေချာပေါက် လုပ်နိုင်တာပေါ့”

နတ်သမီးနှင့်တူသော မိန်းကလေးသည် သေးငယ်သည့်ဖိနပ်နုနုလေးကို စီးပြီး တစ်လှမ်းချင်းလှမ်းလာကာ သူမ၏ပေါ်လွင်သောမေးစေ့ကို အနည်းငယ် မော့ထားသည်။ ၎င်းသည် စစ်မှန်သည့်မာန်မာနဖြစ်ကာ လူအများကို ဂုဏ်ယူ စေလောက်သည်။ မိန်းကလေးသည် ချင်းရှီ၏ဘေးသို့ သွက်လက်သော ခြေလှမ်းဖြင့် လျှောက်လာပြီး အထက်အောက်ကြည့်ကာ အနည်းငယ်ပြုံးလေ သည် “ဆွဲဆောင်ဖို့ဆို နည်းလမ်းပေါင်းထောင်ချီရှိတယ်၊ မင်းနည်းလမ်းက အရမ်းနိမ့်နေတယ်၊ ဒီလိုပေါ့ မင်းက ခွန်အားလိုချင်ပေမဲ့ ခွန်အားမရှိဘူး၊ အရည်အသွေးနိမ့်ပစ္စည်းလိုချင်ပေမဲ့ မရပြန်ဘူး၊ အိပ်ရာထဲမှာ နွေးထွေးမှုပေး မယ့်ယောက်ျားကိုသာ သွားရှာလိုက်၊ လျှောက်ပြေးပြီး ကိုယ့်အရှက်ကိုယ် ခွဲမနေနဲ့”

အရှက်ရမှုအကြီးစားပင်။

ချင်းရှီသည် ထိုစကားကို ယန်ယဲ့အားပြောချိန်က စိတ်မချမ်းမြေ့မှုကို မခံစားရပေ။ သို့သော် ဤအချိန်တွင် လူတစ်ယောက်၏ ပါးစပ်မှထွက်လာ သည့် စကားလုံးတစ်လုံးစီသည် သူမနားထဲသို့ဝင်ကာ သူမအား ဓားပေါင်း ထောင်ချီနှင့်မွှန်းလိုက်သလိုပင်။ အရိုးများပင် မခံနိုင်လောက်သည်အထိပင်။

All Chapters