သူမကို မုတ်ဆိတ်မွေးတပ်ပေးချင်တယ်
Vol. 45 Ch. 882
ကျွတ်
ဆိုင်ခန်းမတစ်ခုလုံးတွင် ကျွတ်သပ်သံများနှင့် ပြည့်သွားသည်။ ထင်ရှား စွာပင် နတ်သမီးနှင့်တူပြီး ရောင်ဝါအပြည့်ရှိနေသော ထိုမိန်းကလေးသည် ပါးစပ်ဟ,သည်နှင့် အားကောင်းလိမ့်မည်ဟု မည်သူမှထင်မထားကြပေ။
'အဆင့်နိမ့်' ဆိုသည်ကို သူတို့မသိကြသော်လည်း ခန့်မှန်းမိကြသည်။ ၎င်းသည် ကောင်းမွန်သည့်စကားလုံးမဟုတ်ဘဲ ယုတ်ညံ့သောစကားလုံးဖြစ် မည်မှာသေချာပေါက်ပင်။
ထိုစကားလုံးများကို ကြားပြီးနောက် ချင်းရှီ ခံနိုင်ရည်ရှိပါက သူမသည် လူသားမဟုတ်ဘဲ ငါးစားနယ်ဖြစ်လိမ့်မည်။ သို့သော် ဤကဲ့သို့အပြောခံရသည့် မိန်းကလေးသည် 'ကြက်မက ဥမဥနိုင်' ဟု ပြောသည်ထက်ပင် ပိုဆိုးသည်။
အလွန်အမင်းဒေါသထွက်သွားကာ ချင်းရှီသည် သူမ၏ရောင်ဝါကိုလုပြီး ဤကဲ့သို့အရှက်ရအောင်လုပ်သွားသည့် မိန်းကလေးကို အပိုင်းပိုင်းချင်မိသည်။ သူမသည် ထိုမိန်းကလေးကို ညွှန်ပြပြီးအော်လေသည် “မင်းတို့အားလုံး သေချင် လို့လား ဘာလို့ ငေးကြောင်ကြည့်နေတာလဲ၊ အဲကော်ငမကို မြန်မြန်ဖမ်းလိုက်၊ ငါ သူမကို မုတ်ဆိတ်တပ်ပေးလိုက်မယ် အဲဒါမှ တစ်ပိုင်းသေသွားမှာ”
သူတို့၏သခင်ငယ်သည် ဤမိန်းကလေးကြောင့် ဒေါသထွက်သွားသည် ကို ထိုက်ယိနန်းတော်မှ ကိုယ်ရံတော်များမြင်နေရသည်။ ဤအချိန်တွင် သူတို့ သည် လူများအကြားတွင် အလွန်တင့်တယ်သည့်ပုံရိပ်ကို မထိန်းနိုင်တော့ဘဲ ဒေါသထွက်ကြ၏။ ထိုအချိန်တွင် တွေဝေမှုမရှိဘဲ တစ်ယောက်ပြီး တစ်ယောက် ဓားများဆွဲထုတ်ပြီး ပေထင်းဟွမ်အား ချိန်ရွယ်ကြသည်။
“လူသားမုတ်ဆိတ်လား ရှင်လျက်နဲ့ သေတာလား၊ တစ်ကမ္ဘာလုံးမှာ နာမည်အကြီးဆုံးအလှလေး၊ ယောက်ျားတွေရဲ့ စိတ်ကူးယဉ်ချစ်သူဖြစ်တဲ့ ထိုက်ယိနန်းတော်က သခင်ငယ်မှာ ဒီလိုမျိုးဝါသနာရှိလိမ့်မယ်လို့ထင်မထားဘူး ကျွတ် ကျွတ် ကျွတ် ဒါက နာမည်ကြီးကိုတွေ့တာထက်တောင် ပိုကောင်းသေး တယ်”
လက်ပိုက်ထားသောမိန်းကလေးသည် တဖြည်းဖြည်းလှုပ်ရှားပြီး ထိုက်ယိနန်းတော်ကိုယ်ရံတော်များ၏ လက်ထဲမှလက်နက်များကို လုံးလုံးလျား လျားလျစ်လျူရှုကာ ခရမ်းရောင်မျက်လုံးနှင့်ယောက်ျားဆီသို့ လျှောက်လာပြီး သူ့ဆီသို့ကိုယ်ကိုင်းကာ ထိုအမျိုးသား၏အဝတ်ဆီသို့ လက်မြှောက်လိုက်သည်။ သူ၏မေးစေ့မော့လာပြီး ထိုလူ၏ခရမ်းရောင်မျက်လုံးများနှင့် သွားဆုံသည့်အခါ ပေထင်းဟွမ်၏အသံသည် အဆုံးမရှိဆွဲဆောင်မှုရှိနေသည် “ဒီလူချောလေး ကျွန်မဘေးမှာထိုင်လို့ရမလား”
ထိုမိန်းကလေး၏မျက်လုံးများသည် ပဒသဖြစ်ကာ ရောင်ဝါသည် ဆွဲဆောင်မှုရှိလှသည်။ ထိုအချိန်တွင် သူမ၏ မြှူဆွယ်သလိုဖြစ်နေသည့် မျက်လုံးများသည် ခန်းမထဲမှယောက်ျားများ၏ ဝိညာဉ်အားလုံးကို ဆွဲနှုတ်သွား တော့မည့်အတိုင်းပင်။ ထိုမထင်မရှားယောက်ျားကို အားကျရလိမ့်မည်ဟု မည်သူမှထင်မထားပေ။ ထိုမိန်းကလေး၏အပြုအမူသည် လေးစားသမှုမပြ သည့်တိုင်အောင် ထိုနေရာတွင်အစားဝင်ရန် မစောင့်နိုင်တော့ပေ။ မိန်းကလေး တစ်ယောက်ရှေ့မှယောက်ျားလိုချင်သည်မှာ လေးစားမှုမဟုတ်ဘဲ ဖြားယောင်း မှုသာဖြစ်သည်။
ဘာလို့ သူတို့မဖြစ်ရတာလဲ။ သူတို့နားမှာ ဘာလို့နေရာလွတ်မရှိရတာ လဲ။ ထိုက်ယိနန်းတော်က အနိုင်ကျင့်တာ ဘာလို့သူတို့မဖြစ်ရတာလဲ။
ထိုက်ယိနန်းတော်မှကိုယ်ရံတော်များသည် ထိုအချိန်တွင် မျက်လုံးပြူး ကျယ်သွားကာ ထိုလူ၏မေးစေ့ကိုပင့်ထားသော ထိုမိန်ကလေး၏စိမ်းမြနေ သည့် လက်ချောင်းများကို ကြည့်ကာ တံတွေးမျိုချမိကြလေသည်။
ချင်းရှီ၏မျက်နှာသည် ပိုပို၍မည်းပုပ်လာသည်။ ၎င်းသည် မျက်နှာကို ဖြတ်ရိုက်လိုက်ခြင်းပင်။ သူမသည် ထိုယောက်ျားကို အခုလေးတင်မှ ဆူငေါက် ကာ 'မိန်းမတွေက သူ့ကိုကြည့်တောင်မကြည့်ဘူး' ဟုပြောခဲ့သော်လည်း ဤမိန်းကလေးသည် ထိုယောက်ျားကို အသုံးချပြီး သူမကိုချေပသွားခဲ့သည်။
ဟင်း သူတို့တွေက တစ်ယောက်နဲ့တစ်ယောက် သိပြီးကြလို့ဖြစ်မယ်။ ဒါပေမဲ့ ဒီအခုက ခန်းမထဲကလူတွေက ဒီလောက်ရူးသွပ်နေကြတာ သူတို့ တစ် ယောက်နဲ့တစ်ယောက် သိကြတာကို ဘယ်သူက ဂရုစိုက်ကြတော့လို့လဲ။
“ကောင်မလေး ဒီယောက်ျားက ကြည့်လို့မကောင်းဘူး မက်လောက်စရာ မရှိဘူး၊ ဒီလိုကြက်မမျိုးတောင် သူ့ကိုမဆွယ်နိုင်ဘူး”
“ငါပြောမယ် ကြည့်မကောင်းဘူးဆိုတာ ဘာအဓိပ္ပာယ်လဲ၊ သူ့မျက်လုံးက ညအရှင်လိုမျိုးဖြစ်နေတာ၊ မိန်းကလေးဘယ်နယောက်ကများ သူ့ကို မြှူဆွယ် ချင်မှာလဲ၊ လုပ်တဲ့သူတွေက ကန်းနေလို့လဲ”
“မဆိုးဘူး ဒီကောင်မလေးက တော်တော်ထူးဆန်းတာပဲ၊ ဒီယောက်ျားက အရမ်းအားကောင်းနေတာမဖြစ်နိုင်ဘူးလား”