အညတရလူလား
Vol. 45 Ch. 883
ချင်းရှီသည် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားပြီး သူမ၏ ရှည်လျားကာ ထူးခြားပြီး လှလှပပရှိနေသော လက်သည်းများသည် နူးနူးညံ့ညံ့ လက်ဖဝါးကို ထိုးဖောက်မည့်အတိုင်းပင်။ သို့သော် သူမသည် နာကျင်မှုကို မခံစားရပေ။ သူမသည် နှစ် ၂၀ ကျော်နေလာခဲ့ပြီဖြစ်သော်လည်း ယခုလို အရှက်ကွဲမှုမျိုးကို မခံစားရဖူးပေ။
ပြီးနောက် ဤမိန်းကလေးသည် သူမ၏ဆွဲဆောင်မှုနည်းလမ်းကို နိမ့်ကျ သည်ဟုပင်ပြောနေသည်။ သူမက လူတွေကို ချိတ်တဲ့နေရာမှာတော်တယ်လို့ လာကြွားနေတာလား။
ချင်းရှီနှာမှုတ်ကာ ထိုယောက်ျား၏ခန္ဓာကိုယ်ပေါ်သို့ သူမ၏ခန္ဓာကိုယ် တစ်ပိုင်း မှီခိုရန်စိတ်ကူးယဉ်ပြီး ထိုယောက်ျားသား၏ခန္ဓာကိုယ်ကိုမှီနေသော မိန်းကလေးကို မျက်စိမှေးကြည့်နေသည်။ ချင်းရှီသည် တိတ်တိတ်လေး တံတွေးမျိုချကာ မျက်နှာလှည့်သွားကာ အထင်သေးစွာပြောလေသည် “မင်းက ငယ်သေးလို့ ကောင်းကောင်းမသင်ယူထားနိုင်တာပဲ၊ မင်းက မင်းရဲ့ ရုပ်ရည်နဲ့ လူတွေကို သွားဆွဲဆောင်နေတာ၊ မင်းက အရှက်မရှိတာမဟုတ်ဘူး ဂုဏ်မောက်နေတာပဲ၊ အညတရလူတစ်ယောက်က ဘယ်လိုလုပ် ငါနဲ့လာပြိုင်ဖို့ အရည်အချင်းရှိရတာလဲ၊ ဒီနန်းတော်သခင်ကြီး ပြောနေတယ်လေ”
အညတရဟုတ်လား။
ပေထင်းဟွမ်သည် နှာမှုတ်လိုက်သည်။ အတိတ်နှင့်လက်ရှိတွင် ထိုစကား လုံးသည် သူမကို မဖိနှိပ်နိုင်ပေ။ သူမသည် ယန်ယဲ့၏ပခုံးပေါ်မှ လက်ကို အနည်းငယ်ဖိကာ သူမ၏နှုတ်ခမ်းထောင့်သည် တဖြည်းဖြည်းမြောက်တက် သွားသည်။ ထို့နောက် နှာရှုတ်သံသည် နှုတ်ခမ်းထောင့်မှထွက်လာသည် “ငါ့ မိန်းကလေးက အညတရဟုတ်လား ဟားဟား ဟာသပဲ ဒီမိန်းကလေးက အညတရဆိုရင် ကမ္ဘာပေါ်မှာ မျိုးရိုးမြင့်တဲ့သူမရှိတော့ဘူး”
“ဟုတ်တယ်” ချင်းရှီ၏အမြင်တွင် ဆွဲဆောင်မှုမရှိသည့်ယောက်ျားသည် ပခုံးပေါ်မှ ကြောင်မြီးသစ်ခွကို နူးညံ့စွာကိုင်ပြီး အနည်းငယ်နှိပ်နယ်ပေးသည်ဟု မြင်နေရသည်။ ထို့နောက် သူ ပြုံးပြီးပြောလေသည် “မိန်းကလေးက မျိုးရိုးမြင့် သခင်မလေးပဲ၊ အဲဒါကြောင့် ဒီခွေးရူးတွေကို စိတ်မပူပါနဲ့၊ သခင်လေးဘေးက နေရာက သခင်မလေးလိုမျိုး အလှပဂေးလေးအတွက် အထူးတလည်ပြင်ဆင် ပေးထားတာပါ၊ သခင်မလေး မရွံလောက်ဘူးလို့ထင်ပါတယ်”
ပေထင်းဟွမ်သည် ယန်ယဲ့အား မျက်ခုံးများပင့်ကာ ကြည့်လေသည်။ ဒီ လူစုတ်ကြီးက သရုပ်ဆောင်တော်တော်ကောင်းတာပဲ။ သူမရှေ့မှာ လှည့်ကွက် သုံးမလို့မလား။
ယန်ယဲ့သည် ပေထင်းဟွမ်၏မျက်လုံးထဲမှ အဓိပ္ပာယ်ကို နားလည်သည်။ သို့သော် စိတ်ထဲတွင် မဲ့ရှုံ့သည့်အပြုံးပြုံးလိုက်သည်။ သူ ဘာလုပ်နိုင်မည်နည်း။ သူ ဤအဖြစ်အပျက်တွင် သူမကို အဖော်မပြုဘဲနေရဲမည်လား။ ဤသို့လုပ် သည်ကို သူမ သိလျှင် သူလည်း အနည်းငယ်နေရခက်လိမ့်မည်။
သူတို့နှစ်ယောက်သည် အကြည့်ချင်းဖလှယ်လိုက်ကြသည်။ ချန်းရှီ၏ မျက်လုံးများသည် ဒေါသကြောင့် တောက်လောင်နေသည်။ ဒါက မယားငယ်ယူ ပြီးဖောက်ပြန်တဲ့လင်မယားပဲ။ အစတုန်းက ငါ ဘာလို့မျက်ကန်းပြီး ဒီလူ့မှာ အရည်အချင်းရှိမယ်လို့ တွေးလိုက်တာပါလိမ့်။ ဟင်း ဒီမိန်းမက ယောက်ျားတွေ နဲ့ချိတ်တဲ့နေရာမှာ ဘာတွေများကောင်းနေလို့လဲ။
“အရှက်မဲ့လိုက်တဲ့ မိန်းမပျက်၊ ငါ ဘာပြောရမှန်းတောင်မသိတော့ဘူး၊ ဒီနန်းတော်သခင်ငယ်ရဲ့ရှေ့မှာ ဂုဏ်အကြောင်းပြောရဲသေးတယ်၊ ဆောင်ကြာ မြိုင်မှာမွေးလာတဲ့မိန်းမကတောင် မင်းထက် အဆတစ်ရာသာသေးတယ်” ချင်းရှီသည် ထိုနှစ်ယောက်ကို ဓားနှင့် အပိုင်းပိုင်းခုတ်ရသည်ထက်ပင် ပိုပျော်ရွှင်သည်။
လုံလောက်စွာပင် အရည်အချင်းရှိသော မိန်းကလေး၏ ကျိန်ဆဲမှုသည် ကွဲလွဲမှုရှိချိန်တွင် ကမူးရှူးထိုးဖြစ်တတ်သည့်ယောက်ျားတစ်ယောက်လိုပင်။
ဆိုင်တစ်ခုလုံးသည် အပ်ကျသံပင်မကြားရလောက်အောင် တိတ်ဆိတ် သွားကာ ချင်းရှီသည် တစ်စုံတစ်ရာမှားယွင်းသွားသည်ကိုသိလိုက်ရသည်။ ချင်းရှီသည် သူမ၏ဦးခေါင်းအထက်တွင် တောင်တစ်လုံးကဲ့သို့ ဖိထားခံရသလို တိုက်မိမှုကြီးလာနေသလို ခံစားလိုက်ရသည်။ ကြောက်ရွံ့မှုသည် ရေစီးကြောင်းကဲ့သို့ လာနေသည်။ သူမ မစဉ်းစားနိုင်ခင်မှာပင် ဒူးများပျော့ခွေ သွားကာ မြေပြင်ပေါ်သို့ ဒူးထောက်လျက်သားကျလေသည်။ သူမအနောက် တွင် ဒူးထောက်သံများ တစ်သံပြီးတစ်သံထွက်ပေါ်လာသည်။
ဘာတွေဖြစ်နေတာလဲ။
ဆိုင်အနောက်မှ စားပွဲထိုးသည် တိုက်မိမှုကိုမခံစားရသော်လည်း ကြောက်ရွံ့မှုကြောင့် ခြေထောက်များ ခွေယိုင်သွားလေသည်။ ဤအခိုက်အတန့်တွင် မြေပေါ်တွင်ဒူးထောက်နေသောထိုက်ယိနန်းတော်မှလူ များမှလွဲပြီး ခန်းမထဲမှလူအားလုံးသည် ပုံမှန်အနေအထားအတိုင်း သေရည်ခွက် တိုက်နေသောလက်များ လေပေါ်တွင်မြောက်ဆဲဖြစ်နေသည်ကိုတွေ့လိုက်ရ သည်။ ကွဲအက်နေသောနှုတ်ခမ်းများနှင့် သူ့မျက်နှာသည် တောင့်တင်းစွာပြုံး လိုက်ပြီးနောက် ချိတ်ထားသောခြေထောက်များသည် လေပေါ်မြောက်သွား လေသည်။ ထိုတဒင်္ဂအတွင်း အချိန်များရပ်တန့်သွားသည်နှင့်တူသည်။