Chapters

မင်းဘယ်သူလဲ

Vol. 45 Ch. 884

မင်းဘယ်သူလဲ

Vol. 45 Ch. 884

မြူခိုးမည်းအရိပ်ထဲတွင် သေမင်း၏လက်များကဲ့သို့ ကြိုးတစ်ချောင်းသည် ဆိုင်ကြမ်းပြင်တစ်ခုလုံးတွင် ပျံ့သွားပြီး ခပ်ပါးပါးရစ်ပတ်ကာ ဝိုင်းပတ်ပြီး အားလုံးကို ကျောရိုးထဲမှ အေးစိမ့်မှုကိုခံစားသွားစေပြီး ကျောရိုးများကို တွယ်တက်လေသည်။

ချင်းရှီသည် ခေါင်းကို ခက်ခက်ခဲခဲမော့ကာ လှုပ်ရှားနိုင်သော တစ်ခုတည်း သောအစိတ်အပိုင်းဖြစ်သည့် မျက်လုံးနှင့်လှည့်ပတ်ကြည့်ကာ တုန်ယင်သော အသံဖြင့်မေးလေသည် “သခင်ကြီးက ဘယ်သူလဲ၊ ကျွန်မက ထိုက်ယိနန်းတော် ကအဖွဲ့ဝင်ပါ၊ အဲဒါကြောင့် ရှင့်ကိုမပြစ်မှားပြီး ပြဿနာမရှာပါဘူး လက်ကို ပြန်ရုတ်သိမ်းပေးပါ”

လင်ကျုံပင်ဖြစ်နိုင်သည်။ လင်ကျုံ၏ခွန်အားကပင် ဤကဲ့သို့ သူတို့ ၏ စွမ်းအားကိုဖိအားပေးနိုင်သည်။ နတ်အဆင့်ဖြစ်မည်ဟု ချင်းရှီမထင်ပေ။ ၎င်းအဆင့်သည် ဝေးကွာလွန်းသည်။ ပြိုင်ဘက်က သူတို့ဒေါသကို လာပုံချဖို့ လုပ်နေတာ။ ဒီလူနှစ်ယောက်တည်းနဲ့ဆိုမဖြစ်နိုင်ဘူး။ သူတို့နောက်ကွယ်မှာ နတ်ဘုရားအဆင့်ရှိနေတာလား။ ရယ်စရာပ။

စစ်ပွဲဘုံတောသို့ ဝင်ခဲ့သည့်သူတို့အဖွဲ့ဝင်များသည် သန်မာနေပြီဖြစ်၏။ အားလုံးပေါင်း ၁၃ ယောက်ရှိကာ တစ်ဝက်နီးပါးသည် ကောင်းကင်အဆင့်ဖြစ် ပြီး ကျန်အနည်းငယ်သည် အဆင့်မြင့်ကြယ်ဝိညာဉ်သခင်များဖြစ်ကြသည်။ သို့သော် ချင်းရှီသည်လည်း သိမြင်မှုရှိသည်။ သူတို့သည် ဝိညာဉ်ဂိုဏ်းတစ် ယောက်၏လက်ထဲတွင် ပုရွက်ဆိတ်အုပ်ထက်ပင် ပိုဆိုးနိုင်သည်။

အဆင့်မြင့်ဓားနှင့် ကြယ်ဝိညာဉ်သခင်သာရှိလျှင် တိုက်ခိုက်နိုင်မည်ဖြစ် သည်။ သို့သော် အမြင့်ဆုံးမှာ ဓား ၂ လက်ဖြစ်ရာ မလုံလောက်ပေ။

“ဟွန့်”

ပေထင်းဟွမ် တခစ်ခစ်ရယ်ပြီးနောက် ယန်ယဲ့အား ကြည့်လေသည်။ ပေထင်းဟွမ် ဝင်လာသည့်အချိန်မှစပြီး ယန်ယဲ့သည် သူမပေါ်သို့ အကြည့် ရောက်နေခဲ့သည်။ ထိုအချိန်တွင် သူမ၏ပုံရိပ်မှာ ရောင်ပြန်ဟပ်ပြီး တိုးညင်း သောအသံနှင့်ပြောလေသည် “မိန်းကလေးမုန့်က ရှင့်ကိုချစ်တာပဲ၊ မိန်းကလေး အမြင်မှာ ဒီလူတွေကို ဘယ်လိုအပြစ်ပေးရင်ကောင်းမလဲ”

ဒီလူက သီချင်းဆိုရတာ စွဲလမ်းနေတာပဲ။ ဒါပေမဲ့ ပေထင်းဟွမ်က ဘာလို့ အဲလောက်တောင်ကြိုက်နေတာလဲ။ သူမ တစ်ယောက်တည်းကို မမှားစေချင် တာ သူတစ်ယောက်တည်းပဲလား။ နန်းတော်သခင်ငယ်သာ သူမကို ကြမ်းတမ်း တဲ့စကားလုံးတွေနဲ့ ဆဲဆိုနေတာကို သူလက်ချောင်းတစ်ချောင်းတောင်မ,မ တာ ဘာလို့လဲဆိုတာ သူမ မသိဘဲဘယ်လိုနေမလဲ။ သူက စိတ်ပိုင်းဖြတ်လိုက် တာနဲ့ တစ်ယောက်တည်းသေချင်နေတာပဲ။

ချင်းရှီသည် နားမှကြားလိုက်ရခြင်းဆိုသော်လည်း မိုးကြိုးအပစ်ခံလိုက်ရ သလိုပင်။ သူမသည် ဤမထင်မရှားယောက်ျားကို မယုံနိုင်စွာ၊ ရှက်ရွံ့စွာ၊ မလိုလားစွာနှင့် အားကျစွာကြည့်လေသည်။ ဤကဲ့သို့အားကောင်းသောလူ၏ ပါးစပ်မှ 'ခွန်အားကမလုံလောက်ဘူး' ဟု ပြောလာလိမ့်မည်ဟု အမှန်တကယ် ပင်ထင်မထားပေ။

ဤကမ္ဘာတွင် ဝိညာဉ်သခင်အပြင် တခြားပညာတစ်ခုရှိသေးသည်ကို သူမ မေ့နေခဲ့ပုံပင်။ ၎င်းသည် ကျန်းကျုံဖြစ်သည်။ ဤကဲ့သို့ငယ်ရွယ်သောလူ သည် ကျန်းကျုံဖြစ်လျှင် ချင်းရှီသည် တွေးရခက်သွားသည်။ သူမလည်း ဖြားယောင်းခံလိုက်ရတာလား။

သူမဘေးရှိကိုယ်ရံတော်ခေါင်းဆောင်ကို ခိုးကြည့်လေသည်။ ထိုအချိန်မှ ပင် ကိုယ်ရံတော်ခေါင်းဆောင်သည်လည်း သတိပြန်ဝင်လာကာ ဒူးထောက် လျက်သားနှင့် ခြေနှစ်လှမ်းတိုးပြီး ယန်ယဲ့ရှေ့တွင်ပြောလေသည် “သခင်ကြီး ကျုပ်တို့ကြားမှာ ဆက်ဆံရေးရှိနေမှာကို ကြောက်ပါတယ်၊ အထင်လွဲတာပါ အစတုန်းက ခုနက ခင်ဗျားဘေးမှာရှိတဲ့ နေရာလွတ်ကိုမေးရုံတင်ပါ၊ ဒီနေရာက အလှလေးတွေအတွက်ဆိုရင် ကျုပ်တို့ မိသားစုရဲ့သခင်မလေးကလည်း အရမ်း လှပါတယ်၊ သေချာပေါက် ပြိုင်ဖို့အခွင့်အရေးရှိသင့်ပါတယ်၊ ဒါပေမဲ့ ခင်ဗျားရဲ့ အပြုအမူက တော်တော်ဆိုးတာပဲ”

ဟုတ်သည်၊ သူတို့သည် မေးရုံမျှသာလာခြင်းဖြစ်သော်လည်း ယန်ယဲ့ သည် 'လစ်စမ်း' ဟု ပြောခဲ့ရာ မည်သူမှ မခံနိုင်ကြပေ။

“ငါ့အပြုအမူကဆိုးတယ်ဟုတ်လား၊ မင်းတို့ ငါ့ကိုစကားပြောဖို့ မင်းတို့ကို ဖိတ်ခဲ့လို့လား၊ ကိုယ့်ဘာသာတံခါးရှေ့ရောက်လာတာ မင်းတို့ပဲလေ တခြားသူ ရဲ့အပြုအမူ ကောင်းမကောင်းကို ဆုံးဖြတ်ပိုင်ခွင့်ရှိလား” ယန်ယဲ့၏ အသံသည် တိုးညင်းပြီး လက်တစ်ဖက်ဖြင့် ခွက်ကိုကိုင်ကာ ပင်လယ်နက်ရှိုင်းပြာကို ပေထင်းဟွမ်၏ ပါးစပ်ထဲသို့ အာရုံစိုက်ထားသော အမူအရာနှင့် ဂရုတစိုက် ထည့်ပေးလေသည်။ သူသည် ထိုက်ယိနန်းတော်မှထိုလူများကို ကြည့်ပင် မကြည့်သော်လည်း လူသတ်တော့မည့်ရောင်ဝါ ခပ်ဖျော့ဖျော့ လေးလံစွာရှိနေ သည်ကို အားလုံးခံစားမိကြလေသည်။