သူ့မိန်းကလေးကိုဆူငေါက်တာလား
Vol. 45 Ch. 885
ယန်ယဲ့သည် ပေထင်းဟွမ် သေရည်တစ်ဝက်သောက်ပြီးသည်ထိစောင့် သည်။ သူမ ဆက်မသောက်ချင်တော့သည့်အလား မျက်နှာလွှဲသည့်အခါမှပင် ခွက်ကိုစားပွဲပေါ် ညင်သာစွာပြန်တင်လိုက်သည်။ ခွက်ကျသည့်အသံမှာ 'ဒေါက်' ဟုသာမြည်သော်လည်း အားလုံး၏စိတ်ထဲတွင် 'ဘုန်း' ဟုခံစားရလေ သည်။ “မြေပေါ်မှာ အသ့တစ်ခုရှိတယ် သူ့မျက်လုံးတွေကို တစ်ဝက်မှိတ်လိုက် ရင် သူ့မျက်လုံးတွေက အရမ်းကိုအန္တရာယ်များတယ်၊ ထိုက်ယိနန်းတော်က ဘာလဲဆိုတာတော့မသိဘူး၊ ငါသိတာ ငါ့မိန်းကလေးကိုဆူငေါက်တဲ့သူက ပြစ်မှုကြီးကျူးလွန်လိုက်တာာပဲ”
သူ့မိန်းကလေးကို ဆူငေါက်တယ်ဟုတ်လား။ ချင်းရှီသည် အတန်ကြာ အောင်တွေးတောပြီးနောက် ထောင့်သို့လှည့်ကာ ငိုချင်သွားသည်။ ဤမိန်းကလေးသည် ဝင်လာစရှိသေးကာ ဤအမျိုးသားပေါ်မှီလိုက်သည်နှင့် သူ၏မိန်းကလေးဖြစ်သွားသည်လား။ ဒီလိုမိန်းကလေးမျိုးက ယောက်ျား ဘယ်နယောက်နဲ့အိပ်ပြီးသွားပြီလဲမသိဘူး။ ဒီယောက်ျားမှာလည်း မိန်းမ ဘယ်လောင်တောင်ရှားနေလို့ ဒီလိုဟာမျိုးကိုတောင်လိုချင်ရတာလဲ။
သူမသည် ဒူးထောက်ပြီး ခြေနှစ်လှမ်းတိုးကာ ယန်ယဲ့နှင့်မျက်နှာချင်းဆိုင် လိုက်သည် “ကျွန်မက တချို့လူတွေလို အရှက်မဲ့ပြီး ကိုယ့်ကိုယ်ကိုယ်တော့ သူများတံခါးရှေ့ကိုမပို့ဘူး၊ လူကြီးတစ်ယောက်ရဲ့ ခွန်အားကို မျက်နှာကြည့်ပြီး မဆုံးဖြတ်သင့်ဘူး၊ ပင်မတိုက်ကြီးက အမြဲတမ်း စွမ်းအားနဲ့ အားကောင်းမှုတွေ ကိုပေါင်းစပ်ထားတာ၊ ရှင့်ရဲ့ခွန်အားနဲ့ဆိုရင် ယန်ချန်းတောင်မှ အာရုံစိုက်လာ နိုင်ပါတယ်၊ ရှင့်ရဲ့ အနာဂတ်ကို ဒီလိုမျိုးအသုံးမကျတဲ့ဟာကြောင့် ချည်နှောင် မခံလိုက်ပါနဲ့”
ဒါ ပေထင်းဟွမ်ကို ပြောလိုက်တာမဟုတ်ဘူးလား။ ယန်ယဲ့၏ ခွန်အားနှင့် ဆိုလျှင် ယန်ချန်းသည် သေချာပေါက် အာရုံစိုက်လာမည်ဖြစ်သည်။ ဤကိစ္စ သည် အလွန်အရေးကြီးလှသည်။ ဤကဲ့သို့လူမျိုးသည် မည်ကဲ့သို့ အမှိုက်နှင့် လက်ထပ်ရမည်နည်း။
တစ်နည်းပြောရလျှင် သူမအား အမှိုက်ဟု တချို့လူများ ဘာကြောင့် ပြောနေကြသည်ကို ပေထင်းဟွမ် နားမလည်ပေ။
၎င်းသည် အလွန်ပင် အကျိုးအကြောင်းသင့်လှသည်။ ဆိုင်ထဲမှလူများ အားလုံးသည် ပေထင်းဟွမ်အား သနားသလိုကြည့်ကြသည်။ ဤမိန်းကလေး၏ ရောင်ဝါသည် ဝိညာဉ်စွမ်းအင်အတက်အကျမရှိသဖြင့် မည်သူမှမမြင်နိုင်ပေ။ သူမ မည်မျှ အားကောင်းသည်ကို မသိကြပေ။
သူမသည် ၁၄၊ ၁၅ နှစ်အရွယ်သာရှိသေးသည်။ သူမ၏ လက်ရှိခွန်အား သည် ဆိုင်ထဲမှလူများထက်မြင့်သည်ဟု ပြောလျှင် ရယ်ကြလိမ့်မည်။
ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ သူမက ပေထင်းမိသားစုရဲ့ သခင်လေး ၉ လို မျိုးနတ်ဆိုးပါရမီရှင်လို့ထင်နေတာလား။
ချင်းရှီ၏စကားကိုကြားလိုက်ပြီးနောက် အားလုံးသည် အတွေးပြောင်း သွားကြသည်။ ထို့အပြင် ချင်းရှီသည် ကောင်းကင်အဆင့်ကျွမ်းကျင်သူရဖြစ်ရာ ပြည်မကြီးတွင် ပေါ်များလှသော ဝိညာဉ်ကျွမ်းကျင်များနှင့် ယှဉ်နိုင်သည်။ ၎င်း သည် မည်မျှမြင့်သည်ကိုပင် မပြောနိုင်ပေ။
သူမသည် အမှန်တကယ်ပင် ညှဉ်းပန်းရန်အရည်အချင်းပြည့်မှီသည်။
ချင်းရှီသည် မြေပေါ်မှထရာ သူမအနောက်မှ ကိုယ်ရံတော်များလည်း စိတ်သက်သာရာရစွာဖြင့် အသက်ရှူချောင်သွားသည်။ ကိုယ်ရံတော်များသည် သူမ တင့်တယ်စွာနှင့် ယန်ယဲ့ဆီသို့လျှောက်သွားသည်ကို ကြည့်နေခဲ့သည်။
ချင်းရှီနှင့်ယှဉ်လျှင် ပေထင်းဟွမ်၏ အသွင်အပြင်သည် လှပသော်လည်း ၁၄ နှစ်သာရှိသေးသဖြင့် ချင်းရှီကဲ့သို့ ကောက်ကြောင်းမလှသေးပေ။
ကျွန်မသွားမယ်။ ပေထင်းဟွမ်သည် စိတ်ထဲမှ တိတ်တိတ်လေး ပြောဆို လိုက်သည်။ ထို့နောက် ယန်ယဲ့၏ ပခုံးကိုထုပြီး သူ၏ကျယ်ပြန့်သောရင်ခွင်ထဲ သို့ခေါင်းကိုမြှုပ်လိုက်သည်။ သူမ လူသတ်ပြီး ယောက်ျားတစ်ယောက်နှင့် ယှဉ်ပြိုင်ခွင့်ပေးရမည်။
ယန်ယဲ့၏မျက်လုံးများ မှောင်မိုက်သွားသည်။ သူ့ဘဝတွင် တစ်ခုတည်း သော အမုန်းဆုံးအရာမှာ မည်သည့်အရာနည်း။ ထိုအရာပင်။ မိန်းကလေးတစ် ယောက် သူနှင့် သုံးပေအကွာတွင်ရှိနေခြင်းပင်။ အထူးသဖြင့် သူမ၏ခန္ဓာကိုယ် ပေါ်မှ မွှေးပျံ့ထွက်လာသော မွှေးရနံ့များ၊ နိမ့်ချည်မြင့်ချည်ဖြစ်နေသော တင်ပါး များနှင့် မို့မောက်နေသော ရင်သားများပင်။ သူမသည် အလွန်ပင် စွဲမက်စရာ ကောင်းလှသည်။
ဤအချိန်တွင် သူအချစ်ဆုံးမိန်းကလေးကို ရင်ခွင်ထဲထည့်ထားခြင်း ကြောင့်သာမဟုတ်လျှင် ပေထင်းဟွမ်၏ အပြုအမူကို ကြည့်ချင်သေးသည်။ ထို မိန်းကလေးသည် စစ်ပွဲဘုံတောမှ ထွက်သွားပြီဖြစ်သည်။
သေချာပေါက်ပင် သူမဘာသာထွက်သွားခြင်းမဟုတ်ပေ။ ဝိညာဉ်လွင့်ပျံ သွားခြင်းဖြစ်သည်။
ယန်ယဲ့သည် ပေထင်းဟွမ်၏ တုံ့ပြန်မှုကိုစောင့်နေခြင်းပင်။ သို့သော် ပေထင်းဟွမ်သည် သေချင်ယောင်ဆောင်နေ၏။ ယန်ယဲ့၏အတွေးကို သူမ မည်သို့နားမလည်ဘဲနေမည်နည်း။ သို့သော် ပန်းပွင့်ဒေါင်းကို နှင်ထုတ်ရန် သူ့ ကို ကူညီရသည်မှာ လွယ်ကူလှသည်တော့မဟုတ်ပေ။