← Chapters

ဒီရင်ဘတ်က ခံစားရတော်တော်ဆိုးတယ်

Vol. 45 Ch. 886

ဒီရင်ဘတ်က ခံစားရတော်တော်ဆိုးတယ်

Vol. 45 Ch. 886

“ဟွမ်အာ မင်း ငါ့ကိုလုပ်စေချင်တာသေချာလား၊ မင်း နတ်စွမ်းအား ဒါမှ မဟုတ် မှော်စွမ်းအားသုံးလိုက်တာလား၊ ငါ လှုပ်ရှားလိုက်ရင် ငါ့သရုပ်မှန် ပေါ် ပေါက်သွားနိုင်တယ် မင်းသေချာလား”

တော်လိုက်တဲ့လူကြီး။ ဒီလူက သူမကို ဘယ်လိုခြိမ်းခြောက်ရမလဲဆိုတာ သင်ထားပြီးပြီပဲ။ သူတို့သရုပ်မှန်ပေါ်သွားမှာကြောက်ရင်လည်း ခုနက ဒီလူတွေ ဒူးထောက်ဖို့ ဘာလို့ဖိအားသုံးနေသေးလဲ။ သူ့စိတ်ထဲမှာ ဘာရှိလဲဆိုတာကို သူမမသိဘူးလို့မထင်နဲ့။

သို့သော် ဤမိန်းမသည် သူမကို အမှိုက်ဟုခေါ်ဝေါ်ခဲ့သည်။

သူမသည် တခြားသူကို လက်စားချေမည့်ကိစ္စကို ချန်ထားရသည်ကို မကြိုက်ပေ။

ယန်ယဲ့သည် ခေါင်းကိုအနည်းငယ်မော့လာသည်။ သူ၏ပါးပြင်သည် ပေထင်းဟွမ်၏ နားထင်အား အနည်းငယ်ပွတ်တိုက်သွား၏။ သူ၏ လှုပ်ရှားမှု များသည် နူးညံ့သည်။ သူ၏ ခရမ်းရောင်မျက်လုံးများသည် ကျေနပ်နေသည့် အလား အနည်းငယ်ကျဉ်းမြောင်းနေသည်။ သူသည် မိန်းကလေးအား ကလေး တစ်ယောက်လို ပွေ့ဖက်ထားသည်။

ထိုအချိန်ထိ ချင်းရှီသည် သူ့ကို ဖြတ်သွားဖြတ်လာ သာမန်လူဟုထင်နေ တုန်းပင်။ ချင်းရှီသည် ဤကဲ့သို့ ဉာဏ်ရည်နှင့် နတ်ဘုရားလမ်းကို သွားရန် သေချာပေါက် မဖြစ်နိုင်ပေ။ နောက်ဆုံးမှပင် ထိုက်ယိနန်းတော်၏ သခင်ငယ် နေရာကို တက်လှမ်းနိုင်ခြင်းဖြစ်သည်။

သူမ၏အသွင်အပြင်ကြောင့် အံ့ဩခြင်းမရှိသည့်ယန်ယဲ့သည် ဝမ်းတွင်းပါ ခမ်းနားမှု၊ ပျင်းရိမှု၊ အဆင့်အတန်းမြင့်မှုနှင့် အထင်သေးသောရောင်ဝါများရှိနေ သည်။ သူမ ဝင်လာကတည်းကပင် ဤယောက်ျားကိုအာရုံရောက်နေကာ လက်ဦးမှုယူပြီး မေးမြန်းခဲ့သည်။ ၎င်းသည် စကားဝိုင်းဖန်တီးသည့် အဓိပ္ပာယ် ပင်မဟုတ်ပါလား။

သူမ၏ ကိုယ်ရံတော်ခေါင်းဆောင်ပြောသလိုပင် ယန်ယဲ့၏အပြုအမူ သည် အလွန်ဆိုးဝါးသည်။ ထို့ကြောင့်ပင် သူမသည် ဤအဆင့်မြင့်အမျိုးသမီး ကို ပြစ်မှားခဲ့သည်။

ဤအခိုက်အတန့်တွင် ယန်ယဲ့၏ရင်ခွင်ထဲရောက်နေသည်မှာ သူမဖြစ်ရန် ချင်းရှီ မျှော်လင့်မိသည်။ သူမသည် အမှိုက်ကဲ့သို့ဖြစ်နေသည့် ပေထင်းဟွမ်ကို အထင်သေးသည်။ ဒီလိုအားကောင်းတဲ့ယောက်ျားမျိုးနဲ့ အတူရှိရအောင် သူမ မှာ ဘယ်လောက်တောင် အရည်အချင်းရှိနေလို့လဲ။

ပေထင်းဟွမ်သည် ချင်းရှီ၏မျက်လုံးထဲမှ ရက်စက်မှုများကို ခံစားမိသည့် ပုံပင်။ သူမသည် ယန်ယဲ့၏ရင်ခွင်ထဲမှ ခေါင်းကိုဖြည်းဖြည်းချင်းမော့ပြီး ယန်ယဲ့ အား အဓိပ္ပာယ်ပါပါကြည့်လိုက်သည်။ ထို့နောက် ချင်းရှီ၏ရင်ဘတ်ဆီသို့ အကြည့်တဖြည်းဖြည်းရောက်သွားပြီး သူမ၏နှုတ်ခမ်းကို အပြုံးအဖြစ်ပြောင်း သွားကာ နဂိုကရောင်ဝါအပြည့်ဖြစ်နေသောမျက်နှာသည် ထိုတဒင်္ဂတွင် ထိန်းမရဖြစ်နေသည် “ဒီအတိုင်းအတာက တော်တော်ကြီးတယ် ဟုတ်တယ် မလား”

သူမသည် ယန်ယဲ့ဆီမှ ခွာကာ ချင်းရှီဆီသို့ ဖြည်းဖြည်းချင်းလျှောက်သွား လေသည်။ သူမသည် အမှိုက်တစ်စဖြစ်ရာ ချင်းရှီသည် လုံးဝမကြောက်ရွံ့ပေ။ ထိုအစား သူမသည် ရင်ဘတ်ကော့ပြီး ပေထင်းဟွမ်အား မျက်နှာချင်းဆိုင်ထား သည်။

မထင်မှတ်စွာပင် ချင်းရှီ၏ မျက်လုံးများဝေဝါးသွားပြီး သူမ၏ ခန္ဓာကိုယ် သည် ရုတ်တရက်နောက်သို့လန်သွားလေသည်။ နောက်ကျသွားလေပြီ။

ပေထင်းဟွမ်၏လက်သည် ချင်းရှီ၏ရင်ဘတ်ကို ဆုပ်ကိုင်ပြီး လက်ထဲမှ အသားစိုင်ကို ခပ်ကြမ်းကြမ်း ပွတ်သပ်ပြီး ပြုံးကာ လက်ကိုခါလိုက်သည် “ခံစားရ တော်တော်ဆိုးတာပဲ ကြီးလွန်းတယ် မာလိုက်တာ”

“ဖူး”

ယန်ယဲ့သည် သေရည်ဆွတ်ရုံရှိသေးသည်။ ပေထင်းဟွမ်၏ တင်ပြပုံနှင့် သူမပြောလိုက်သည့်စကားများကိုကြားရသည်မှာ သူ ထင်ထားသည်ထက် ကျော်လွန်နေသည်။

သေရည်သည် သူ့ပါးစပ်မှမြားတစ်စင်းသဖွယ်ထွက်လာပြီး သူ့အလယ် တွင် နေရာလွတ်ဖြစ်သွားလေသည်။ ချင်းရှီအတွက် တိုက်ခိုက်ပေးနေသော လူများသည် ဦးခေါင်းနှင့်မျက်နှာများ ပေကျံသွားလေသည်။ သို့သော် မှင်တက် သွားသဖြင့် သုတ်ပစ်ရန်မေ့လျော့နေခဲ့သည်။ ထိုလူသည် စိတ်ထဲမှတွေးနေမိ သည်။ သူ့ကို သေရည်နဲ့ပက်ပေးလို့ ယန်ယဲ့ကို သွားကျေးဇူးတင်ရမှာလား။

ဆိုင်ထဲမှလူများအားလုံးသည် ကြက်သေသေကုန်ကာ မျက်လုံးအပြူး သားနှင့် ပေထင်းဟွမ်၏လက်နှင့် ချင်းရှီ၏ဘယ်ဘက်ရင်အုံကို သွားချည်ပြန် ချည်ကြည့်နေကြသည်။ အကယ်၍ ထိုအချိန်တွင် ပေထင်းဟွမ်သည် မိန်းကလေးပါဟု ပြောလျှင် ထိုလူများယုံကြည်မည်လား။ ဒါမိန်းကလေးလား ဒါမိန်းကလေးမလား။

ထိုက်ယိနန်းတော်၏ သခင်ငယ်ချင်းရှီသည် ငယ်စဉ်ကတည်းက ထူးချွန် သည့်အရည်အချင်းကိုပြသခဲ့ပြီး ထိုက်ယိနန်းတော်တွင်သာ ကျင့်ကြံခဲ့သည်။ သူမ၏တို့ဟူးကို ယောက်ျားများမဆိုထားနှင့် မိန်းကလေးများပင်မစားရပေ။

အားလုံး၏အကြည့်အောက်တွင် ပေထင်းဟွမ်သည် သူမ၏ဘယ်ဘက် ရင်အုံကို ဆုပ်ကိုင်ခဲ့သည်။ ပြောရန်မလိုအောင်ပင် သူမသည် ခပ်ကြမ်းကြမ်း နှိပ်နယ်ပေးနေသေးသည်။ သူမ မုန်းတီးသည်။ ထိုအချိန်တွင် ချင်းရှီ၏ ရင်ဘတ် တစ်ခုလုံးမှာ ဒေါသများနှင့်မပြည့်ဘဲ အရှက်တရားသာရှိတော့သည်။ နဂိုက ပေထင်းဟွမ်အား ရက်စက်သည့်စကားလုံးများနှင့် ဆူငေါက်လျှင် အရှက် အကြီးအကျယ်ကွဲမည်ဟုထင်ထားခဲ့သည်။ သို့သော် ယနေ့ သူမခံစားရသည့် အရှက်ကွဲမှုသည် ကြီးရုံတင်မဟုတ်ဘဲ အကြီးဆုံးဖြစ်နေခဲ့သည်။

All Chapters