← Chapters

အာ.. ငါ မင်းကိုသတ်မယ်

Vol. 45 Ch. 887

အာ.. ငါ မင်းကိုသတ်မယ်

Vol. 45 Ch. 887

သူမ ဒေါသထွက်၍လားမသိပေ ချင်းရှီသည် ထိုအကြောင်းကို မတွေးမိ ပေ။ သူမသည် သိက္ခာရှိကောင်းကင်အဆင့် ပေထင်းဟွမ်ကဲ့သို့ အမှိုက်၏ တိုက်ခိုက်မှုကို မည်သို့ခံရမည်နည်း။

ပေထင်းဟွမ်၏ လှုပ်ရှားမှုများသည် ထိတ်လန့်ဖွယ်ရာပင်။ ပွဲကို တက်ကြွ စွာကြည့်နေသော ဆိုင်တစ်ဆိုင် လုံးမှလူများပင် ငေးငိုင်ပြီးနောက်တွင် သူမ၏ လှုပ်ရှားမှုများ မည်မျှမြန်ဆန်သည်ကို မည်သူမှမမြင်လိုက်ရပေ။ ထိုလှုပ်ရှားမှု များသည် လျှပ်စီးကဲ့သို့မြန်ဆန်လွန်းရာ သူမ၏လက်များ ချင်းရှီ၏ရင်ဘတ် တွင် အကြိမ်ပေါင်းများစွာပွတ်သပ်ပြီးနောက်တွင်လည်း မည်သူမှ မတုံ့ပြန်နိုင် ကြပေ။

“အာ.. ငါ မင်းကိုသတ်မယ်”

ချင်းရှီသည် ချက်ချင်းပင် သူမ၏ဓားရှည်ကိုဆွဲထုတ်ပြီး ပေထင်းဟွမ်အား ခုတ်လေသည်။ သူမသည် လှုပ်ရှားလိုက်သော်လည်း ပြိုင်ဘက်အတွက် အချည်းနှီးပင်။ သူမအနောက်မှ ကိုယ်ရံတော် ၁၂ ယောက်သည် ပျောက်သွားပြီး ပေထင်းဟွမ်ကိုသတ်ရန် ချင်းရှီအတွက် လက်ဖဝါးစာအရွယ်အစားဝင်ပေါက် ကို ချန်ထားပေးလေသည်။

“ကျွတ် ကျွတ် ကျွတ် သဘောမတူတာနဲ့ပဲ ဓားထုတ်ရတယ်လို့ မိန်းကလေးတစ်ယောက်က ဒီလိုမျိုးစိတ်ကြီးလို့လည်း အခုထိ လက်မထပ်နိုင် သေးတာပဲ”

ပေထင်းဟွမ်သည် ဂရုမစိုက်သည့်ပုံပင်။ ချင်းရှီ၏ဓားကို အပြာနုရောင် စွမ်းအင်လွှမ်းအုပ်ထားသော်လည်း သူမသည် အလျင်မလိုပေ။ သူမသည် မျက်တောင်ခတ်ပြီး ချင်းရှိအား အရိုးသားဆုံးစိုက်ကြည့်ကာ ထေ့ငေါ့သော စကားလုံးများနှင့်ပြောလေသည်။

ဓားရှည်သည်လေထဲတွင် ဝေ့ယမ်းသည့်အသံများပေါ်လာပြီး ပေထင်းဟွမ်အား အားကောင်းစွာနှင့် ခုတ်လေသည်။ ဓားပေါ်တွင် ဒေါသများ တောက်လောင်နေသည်။ ချင်းရှီ၏ဓားသည် ပေထင်းဟွမ်၏အသက်ကို ဦးတည်နေသည်ကို မည်သူမှ သံသယမဝင်ကြပေ။

ဤကဲ့သို့ရောင်ဝါနှင့် လှပသောမိန်းကလေးသည် သေဆုံးခြင်းကို ဦးတည် တော့မည်။ မည်သူမှ ဤကဲ့သို့အခြေအနေကို မမြင်ချင်ကြပေ။ အားလုံးသည် ပေထင်းဟွမ်အတွက် ချွေးအေးများပျံလုနီးပါးဖြစ်ချိန်တွင် တချို့သည် သူမကို သတိပင်ပေးလိုက်ကြသည်။

“လမ်းကဖယ်ပြီး ပုန်းလိုက်တော့”

“အာ.. မဖြစ်ဘူး”

“သေလိုက်ပါတော့ ဒီမိန်းမက ဘာလို့ ဒီလောက်တောင်ရက်စက်နေတာ လဲ”

ပေထင်းဟွမ်အား ကာကွယ်သည့်စကားလုံးများကိုကြားပြီးနောက် ချင်းရှီ ၏ လက်ထဲမှဓားသည် ပိုပိုမြန်လာပြီး သူမသည် ခပ်မာမာအော်လိုက်သည် “ငရဲ သွားလိုက်တော့”

ဓားရှည်သည် ထေင်းဟွမ်ဆီသို့ ခပ်ကြမ်းကြမ်းခုတ်ပြီး သူမ၏ခန္ဓာကိုယ် အားခုတ်လေသည်။ ချင်းရှီ၏ နှလုံးသားသည် ပျော်ရွှင်မှုများနှင့်ပြည့်သွား၏။ သို့သော် သူမလက်ထဲမှဓားရှည်သည် မည်သည့်ခုခံမှုမျိုးမှ လက်ခံရခြင်းမရှိပေ။ အသွေးနှင့်အသားကိုလည်း ခုတ်မိခြင်းမရှိပေ။ အားကုန်စိုက်ရသည့်ခံစားချက် မျိုးဖြစ်သွားကာ ဓားသည် ပေထင်းဟွမ်၏ခန္ဓာကိုယ်ကို ခုတ်လိုက်သည်မှာ ရှင်းလင်းနေသော်လည်း လေကိုဖြတ်လိုက်ရသည့်အတိုင်းပင်။ သွေးများပန်း ထွက်လာသည့်ခံစားချက်မရှိသလို ပေထင်းဟွမ်၏အော်သံကိုလည်း မကြားရ ပေ။

၎င်းသည် ပုံမှန်မဟုတ်ပေ။

ထိုအခိုက်အတန့်တွင် အားလုံး၏မျက်လုံးများ ထပ်မံပြူးကျယ်သွား၏။ သူတို့ဘာမြင်လိုက်ရတာလဲ။ ပေထင်းဟွမ်နှစ်ယောက်။ တစ်ယောက်သည် ချင်းရှီ၏ ဓားချက်အောက်တွင်ရှိသေးကာ နောက်တစ်ယောက်သည် ချင်းရှီ၏ အနောက်တွင်ဝိုင်းကာ ထိုမိန်းကလေး၏လက်သည် ချင်းရှီ၏တင်ပါးကို ခပ် ကြမ်းကြမ်းပွတ်သပ်ပြီး လှုပ်ယမ်းနေသည် “ဝါး ပျော်ဖို့လည်းမကောင်းဘူး တော်တော်မာတာပဲ”

ပုံရိပ်ပင် ၎င်းသည် ပုံရိပ်ဖြစ်သည်။ သည်တစ်ကြိမ်တွင် ချန်းရှီသည် ထို ပုံရိပ်ကိုမမြင်လိုက်လျှင် သူမ၏အသက်ကိုဆုံးရှုံးရမည်ဖြစ်သည်။

သူမ၏နောက်ကျောမှ ချွေးအေးများပြန်လာသည်။ ချင်းရှီသည် ပညာမဲ့ ခြင်းမရှိသဖြင့် ပုံရိပ်၏အဓိပ္ပာယ်ကို နားမလည်ဘဲမနေပေ။ ရွှေ့ပြောင်းနည်း ပညာသာ ပုံရိပ်ကိုထုတ်လွှတ်နိုင်သည်။ ရွှေ့ပြောင်းခြင်းသည် နတ်ဘုရားများ၏ ထူးခြားသည့်အရည်အချင်းမဟုတ်ပါလား။

၁၄ နှစ်အရွယ် မိန်းကလေး။ သူမ ဘယ်လိုလုပ်လိုက်တာလဲ။

ထိုအခိုက်တွင်ပင် ပေထင်းဟွမ်သည် သူမ၏တင်ပါးကိုပွတ်သပ်နေသည် မှာ စက်ဆုပ်စရာကောင်းလှသည်။ ချင်းရှီသည် ဒေါသမထွက်တော့ပေ။ သူမ၏ ခံစားချက်များအားလုံးသည် တဒင်္ဂအတွင်းတွင် အကြောက်တရားအဖြစ် ပြောင်းသွားသည်။ သူမ ရုတ်တရက်လှည့်ပြီး ဓားနှင့်ခန္ဓာကိုယ်ကို ကာကာ ပေထင်းဟွမ်အား မယုံနိုင်စွာဖြင့် စိုက်ကြည့်လေသည်။

ထိုအချိန်တွင် သူမအနောက်မှ ကိုယ်ရံတော်များ အမြန်ရောက်လာပြီး ချွင်းချက်မရှိပင် ချန်းရှီအား တင်းကြပ်စွကာကွယ်ပြီး ရန်သူကြီးတစ်ယောက်ကို ရင်ဆိုင်ရသည့်အလား ပေထင်းဟွမ်အား ဓားရှည်နှင့် ချိန်ရွယ်ထားကြသည်။ ဤမိန်းကလေးသည် သူတို့မြင်ရသည့်အတိုင်း မထိမခိုက်ရှိနေသည်ကို သူတို့ အားလုံးသိကြသလို သူတို့၏အထင်အတိုင်း သူမသည် အမှိုက်မဟုတ်သည်ကို မြင်လိုက်ရသည်။ သူမသည် သခင်ဖြစ်သည်။ အနည်းဆုံး ချင်းရှီထက် မြင့်သော ခွန်အားရှိသည့် သခင်တစ်ယောက်ဖြစ်သည်။

All Chapters