← Chapters

သံမဏိသွေး

Vol. 45 Ch. 888

သံမဏိသွေး

Vol. 45 Ch. 888

၁၄ နှစ်အရွယ်ကောင်းကင်မိန်းကလေး... အားလုံးသည် ပေထင်းဟွမ်အား မတူညီသည့်အကြည့်နှင့် ထပ်ကြည့်ကြလေသည်။ သူမသည် ပေထင်းမိသားစု ၏ သခင်လေး ၉ ကဲ့သို့ ပါရမီရှင်ဖြစ်လျှင် ဘာကြောင့်များ ဤအရည်အချင်းကို ဖုံးကွယ်ထားသနည်း။

သူမ၏ခန္ဓာကိုယ်တွင် ဝိညာဉ်စွမ်းအင်အတက်အကျမရှိသည်မှာ သူမ တွင် ခွန်အားကိုဖုံးကွယ်နိုင်သည့် ဝိညာဉ်ရတနာတစ်ခုပိုင်ဆိုင်သည်ကို ညွှန်ပြ နေသည်။

ချင်းရှီ၏တို့ဟူးကို စားကာ တင်ပါးကိုဆိတ်ပြီးနောက် ယန်ယဲ့သည် မည်သို့ ပြောရမည်ကိုမသိတော့ပေ။ ဒီကောင်မလေးက နည်းနည်းတော့ လွန်သွားပြီမလား။ ယောက်ျားလေး မိန်းကလေးအကုန်ယူပြီး အသားနဲ့ အသီးအရွက်တောင် မရွေးတော့ဘူးလား။

ချင်းရှီပေထင်းဟွမ်အား ဓားနှင့်ချိန်ရွယ်သည့်အချိန်ကတည်းကပင် သူ၏ လက်ထဲတွင် သေရည်ခွက်ကိုကိုင်ထားတုန်းပင်။ ပေထင်းဟွမ်သည် လှုပ်ရှား နေသော်လည်း သူ နည်းနည်းမှမလှုပ်ပေ။ သူသည် ရန်သူကို ရင်ဆိုင်ရသည် ထက်ပင် ပိုစိတ်လှုပ်ရှားသည်။ သူ၏မိန်းကလေးကို မည်သို့ နည်းနည်းလေးမှ ထိခိုက်ခွင့်ပြုနိုင်မည်နည်း။

“ကောင်မစုတ်ကလေး မင်းက ဘာလုပ်ဖို့ကြိုးစားနေတာလဲ”

တံခါးတွင် လူတစ်စုအမြန်ပြေးဝင်လာပြီး ဓားကိုကြားထဲမှဖြတ်လိုက် သကဲ့သို့ ပေထင်းဟွမ်နှင့်ချင်းရှီတို့ကြားတည့်တည့်သို့ ဝင်လာကာ ပေထင်းဟွမ် အားအနောက်တွင် ပိတ်ထားလိုက်သည်။

ခေါင်းဆောင်သည် ပြောင်မြောက်သောချပ်ဝတ်တန်ဆာဝတ်ဆင်ထားပြီး ဆံပင်ရှည်ကို အနောက်တွင်ချည်နှောင်ထားကာ တစ်ကိုယ်လုံးမှ အေးစိမ့်မှုများ ထွက်နေသည်။ သူ့လက်ထဲတွင်လည်း ဓားရှည်တစ်ချောင်းကိုင်ဆောင်ထား သည်။ သူသည် ဒေါသကြီးကာ ဓားသည် အေးစက်သောအလင်းထွက်နေကာ ဆန့်ကျင်ဘက်ရှိ အစိမ်းရောင်ချိတ်စည်းသို့ တိုက်ရိုက်ညွှန်ပြလေသည်။ “မင်းက ဘယ်သူလဲ ငါ့သံမဏိသွေးလူကို ဘယ်လိုများထိရဲတာလဲ”

သံမဏိသွေးဟုတ်လား။

တစ်ဆိုင်လုံးသည် ပွက်လောရိုက်သွားသည်။ သံမဏိသွေးဟုကြားသည် နှင့် တစ်ကိုယ်လုံးသွေးများဆူပွက်သွားသည်။ သံမဏိသွေးပေါ်ထွက်လာသည် မှာ နှစ်လပင်မကြာသေးပေ။ သို့သော် သံမဏိသွေး၏နောက်ကွယ်တွင် မည်သူ ရှိသနည်း။ ဇာမဏီမြို့ပင်ဖြစ်သည်။

ဇာမဏီမြို့တည်ထောင်ခြင်းသည် လတစ်ဝက်သရှိသေးသော်လည်း ဤ တိုက်ကြီးပေါ်မှ အင်အားစုများလိုက်မမှီသည့် နတ်ဘုရားလေးယောက်နှင့် အမြင့်တွင်ရောက်နေပြီဖြစ်သည်။ ဇာမဏီမြို့တည်ဆောက်ရသည့် သတင်း အချက်အလက်များကို မထုတ်ပြန်ရသေးပေ။ ပင်မတိုက်ကြီးပေါ်ရှိ အားအကောင်းဆုံးအင်အားစုများဖြစ်သည့် မီးတောက်မြို့နှင့် အမှောင်နတ်မိစ္ဆာ နန်းတော်နှင့် ပြည်မကြီးတွင် အားအကောင်းဆုံးယောက်ျားဖြစ်သည့် ညအရှင် သခင်တို့သည် ကိုယ်တိုင်ကိုယ်ကျ လာရောက်ဂုဏ်ပြုပေးခဲ့သည်။ အမှောင် နတ်မိစ္ဆာလည်းပါသည်ဟုဆိုကြသည်။ အဂ္ဂိရတ်ပညာလှုပ်ရှားလိုက်သည်နှင့် နတ်အဆင့်ခွဲဆေး ၁၀ လုံးရလာသည်။

နတ်အဆင့်ခွဲဆေး... ပင်မတိုက်တွင် သားရဲထိန်းများ နတ်သားရဲနှင့် အဆင့်မြင့်နတ်သားရဲများကို ခံနိုင်ရည်စွမ်းမရှိလျှင် နတ်အဆင့်ခွဲဆေးသည် ပင်မတိုက်ကြီးမှ ကျင့်ကြံသူများအားလုံး ဝိညာဉ်ရောင်းပြီးလိုချင်သည့်အရာ ဖြစ်သည်။

“သံမဏိသွေးဟုတ်လား၊ သံမဏိသွေးကလူတွေဖြစ်နေတာကိုး၊ ငါဖြင့် သူတို့ကိုမြင်တောင်မမြင်ဖူးဘူး”

သံမဏိသွေး

ဝိုး...

“ငါလည်း သံမဏိသွေးကိုဝင်ချင်တယ် ဒါပေမဲ့ ဝင်လို့မရဘူး၊ သံမဏိသွေး ကိုဝင်လို့ရမလားလို့ ငါ သွားမေးလိုက်ဦးမယ်”

“လူစုဆောင်းတဲ့ အကဲဖြတ်က တော်တော်ကြပ်တယ်လို့ကြားတယ် အနည်းဆုံး ဝိညာဉ်သခင်ကြီးအဆင့်ရှိရမယ်တဲ့”

ရုတ်တရက်ဆိုသလိုပင် ဆိုင်ထဲတွင် ဆွေးနွေးမှုများစွာထွက်ပေါ်လာပြီး အားလုံးသည် သံမဏိသွေးနားတွင် ဝဒိင်းလာကြသည်။ ထိုလူများသည် စိတ် ထဲတွင် နောင်တများရကြသည်။ နတ်သမီးနှင့်တူသည့်မိန်းကလေးသည် သံမဏိသွေးမှဖြစ်လျှင် သူတို့ အစကတည်းက ကာကွယ်ပေးမည်ဖြစ်သည်။ သည်လိုဆိုလျှင် သံမဏိသွေးကို လူကိုယ်တိုင်ဝင်ခွင့်ရမည့် အခွင့်အရေးရှိသွား မည်မဟုတ်ပါလား။

သံမဏိသွေးလား။ ချင်းရှီသည်အနည်းငယ် ရှုပ်ထွေးသွားသည်။ သို့သော် ကံကောင်းစွာပင် သူမ၏ကိုယ်ရံတော်ခေါင်းဆောင်သည် အလျင်အမြန်တုံ့ပြန် လာသည်။ လျင်မြန်စွာပင်ထကာ လက်ထဲမှဓားကို ပြန်ယူကာ သံမဏိသွေးဆီ သို့ လက်အုပ်ချီလေသည် “ကျုပ်တို့ တကယ် အထင်လွဲနေပြီထင်တယ်၊ ကျုပ်တို့က ခင်ဗျားတို့အဖွဲ့နဲ့ ရှင်းဖို့မရည်ရွယ်ပါဘူး၊ ကျုပ်မိတ်ဆွေက အထင် လွဲနေပါပြီ”

“အထင်လွဲတယ်ဟုတ်လား”

ချူဖုန်း၏အသံသည် ဆိုင်ထဲတွင် ထေ့ငေါ့စွာနှင့် ထွက်ပေါ်လာသည် “ဒါက မတော်တဆဖြစ်မယ်လို့မထင်ဘူး၊ မင်းတို့လူအများကြီးက ၁၄ နှစ် ကလေးကိုဝိုင်းထားတော့ ဒါက အထင်လွဲတယ်လို့ပြောရင် သံမဏိအဖွဲ့သား တွေ ယုံကြမှာလား”

“မယုံဘူး” တောင်နှင့်မြစ်များကို ဝါးမျိုမည့်အတိုင်း အသံများသည် ဆိုင် တစ်ခုလုံးတွင်ပျံ့သွားပြီး လူအများ၏နှလုံးသားကို မွှေနှောက်သွားကာ လူအများကို သွေးဆူပွက်စေသည်။

All Chapters