← Chapters

သူမက ယန်ချန်းကမို့လို့

Vol. 45 Ch. 889

သူမက ယန်ချန်းကမို့လို့

Vol. 45 Ch. 889

သူ့အဖွဲ့ကို ကြည့်ရသည်မှာ ထည်ဝါလွန်းသည်။ အားလုံးပေါင်း လူ အယောက် ၂၀ ကျော်သည်။ မေရှို့နှင့် မေလော့တို့မောင်နှမရှိသည်။ သခင်ကြီး ဝမ်ဝေ့သည် ချူဖုန်းဘက်တွင် ဓားနှင့်စောင့်ကြပ်ပေးနေသည်။ ဝိညာဉ်ချောက် မှ လူများကြောင့် ပေထင်းဟွမ်၏ နှလုံးသားသည် နွေးထွေးမှုကိုခံစားရလေ သည်။

သည်လိုနှင့် ဆိုင်ထဲမှတခြားလူများ အပြောင်းအလဲကိုမြင်ပြီးနောက် မသက်မသာခံစားရလေသည်။ သူတို့သည် ချူဖုန်းအား မျက်လုံးအပြူးသားနှင့် စိတ်အားထက်သန်စွာကြည့်ပြီးနောက် တချို့လူများသည် သူ ဘာပြောလိုက် သည်ကို နားမလည်ကြပေ။

ဤမိန်းကလေးသည် ၁၄ နှစ်ဆိုသည်မှာ မှန်သည်။ သူမသည် လက်နက် မဲ့သည်မှာ မှန်သည်။ သို့သော် ဘာကြောင့် ခပ်စိမ်းစိမ်းဖြစ်နေသနည်း။ သူတို့ သည် အသိအကျွမ်းများမဟုတ်ကြဘူးလား။ ခေါင်းဆောင်ချူဖုန်းက ဤ မိန်းကလေး၏ ခွန်အားကိုမသိတာလား။

ကိုယ်ရံတော်ခေါင်းဆောင်သည် အစောက မိန်းကလေး၏ ထင်ယောင် ထင်မှားကြောင့် ရှုပ်ထွေးသွားသည်ဟု အထင်နှင့် ချူဖုန်းသည် ဤမိန်းကလေး ၏ ခွန်အားမည်မျှကြောက်မက်ဖွယ်ကောင်းသည်ကို မသိဟုတွေးနေသည်။ ထို့ကြောင့် တံတွေးကို ခက်ခက်ခဲခဲမျိုချကာ ရှင်းပြလေသည် “ခေါင်းဆောင် ချူဖုန်း ဒါက တကယ်အထင်လွဲတာပါ ဒီမိန်းကလေးက... သူမကြောင့် အရူး လုပ်မခံပါနဲ့”

အလိမ်ခံရတယ်ဟုတ်လား။

သံမဏိသွေးအဖွဲ့ဝင်များသည် ခေါင်းလှည့်ကာ ခေါင်းဆောင်မှ တင်းကြပ် စွာ စောင့်ကြပ်ထားသည့် မိန်းကလေးကိုကြည့်လိုက်ကြသည်။ သူတို့သည် ဤမိန်းကလေး မည်သူမည်ဝါဖြစ်သည်ကို မသိသော်လည်း အဖွဲ့ခေါင်းဆောင် မှ ကာကွယ်ထားသဖြင့် သူမသည် နတ်ဆိုးဖြစ်လျှင်တောင် သူတို့ ချစ်ပေးရမည် ဖြစ်သည်။ သူတို့သည် သူတို့၏အသက်ကို ကာကွယ်နေခြင်းဖြစ်သည်။

ချူဖုန်း၏ တောက်ပသော မျက်အိမ်များသည် အေးစက်သောအလင်းနှင့် ထွန်းတောက်သွားသည်။ သူ့မျက်လုံးထဲမှ ရေခဲသည် ပေထင်းဟွမ်ကိုထိလိုက် သည်နှင့် အရည်ပျော်မတတ်ပင်။ ပေထင်းဟွမ် ဘာလုပ်ခဲ့သည်ကို သူ မသိ သလို ဂရုလည်းမစိုက်ပေ။ သူမကိုအနိုင်ကျင့်ရဲသူရှိလျှင် သူသည် သူမအတွက် ထိုလကိုသတ်မည်။

သူမ ဘာကြောင့် မိန်းကလေးအဝတ်အစားကို ထုတ်ဝတ်တသည်ကို သူ မသိသော်လည်း သူမ၏သရုပ်မှန် ပေါ်သွားရန်မဖြစ်သည်ကိုတော့ သိသည်။ သူသည် တဖြည်းဖြည်းခေါင်းလှည့်ကာ ကိုယ်ရံတော်ခေါင်းဆောင်ကို စိုက် ကြည့်ကာ ဒေါသတကြီးပြောလေသည် “သူမက ငါ့သံမဏိသွေးရဲ့ဧည့်သည်ပဲ၊ ဘယ်လိုပဲအထင်လွဲတာဖြစ်ပါစေ မင်းတို့က ဒီနေ့ သူမကို အနိုင်ကျင့်ရင် မင်းတို့ အသက်ကို ဖက်နဲ့ထုပ်ထားလိုက်တော့”

“ဘာ” ကိုယ်ရံတော်ခေါင်းဆောင်သည် ထိတ်လန့်သွားကာ အသက် အနည်းငယ်ရှူပြီးနောက် အသက်ရှူရန်မေ့လျော့သွား၏။ သူသည် အေးစက်စွာ နှာမှုတ်လိုက်သည် “ဟင်း ငါ့အသက်ကိုကယ်ချင်ရင်တောင် မင်းတို့ ချိန်ကြည့်ရ မဘ်၊ မင်းတို့က ဇာမဏီမြို့ကဆိုတာနဲ့ မင်းတို့လုပ်ချင်တဲ့အတိုင်း လုပ်လို့ရမယ် လို့မထင်လိုက်နဲ့၊ ဇာမဏီမြို့က အခုလေးတင်မှ တည်ထောင်ထားတာပဲမြို့ပဲ၊ အဲဒါကို မင်းတို့ ပင်မတိုက်ကြီးမှာ ခြေကုပ်ရမယ်လို့ထင်နေလား၊ ပြီးတော့ ဒီကောင်မလေးက ဘယ်သူလဲ၊ ငါတို့က သူမကို လက်ချောင်းနဲ့တောင်မထိခဲ့ ဘူး၊ အဲအတွက် ဘာပေးရမှာလဲ”

“သူမက ယန်ချန်းကပဲ ဒီအကြောင်းအရင်းဆိုရင် လုံလောက်ပြီလား”

စကားသံဆုံးသည်နှင့် အားလုံးသည် အံ့အားသင့်စရာကောင်းလှသည့်လူ ဆီသို့ အကြည့်ရောက်သွားကြလေသည်။ ထိုလူသည် အားလုံး၏အမြင်တွင် ထူးခြားလှသည်မဟုတ်သော်လည်း အားလုံးကို ဒူးထောက်၊ လမ်းလျှောက်၊ လျှောက်သွားအောင် လုပ်နိုင်သည့် အုပ်စိုးမှုရှိသည်။ ပေထင်းဟွမ်၏ ဘက်ကို သွားရင်းနှင့် သူသည် လက်မြှောက်ကာ ဦးခေါင်းကိုပွတ်သပ်ပေးလေသည် “ဒီလူတွေ သူတို့တွေက အသုံးမဝင်ဘူးလား”

သူသည် ထိုလူများ၏ သေရေးရှင်ရေးကို မေးနေခြင်းပင်။

ထိုအချိန်တွင် ချင်းရှီ၏ရင်များ လှုပ်ခတ်လာသည်။ သူမနှင့် သူမ၏ ကိုယ်ရံတော်၏အသက်သည် ဤမိန်းကလေး၏အတွေးပေါ်တွင် မူတည်နေ သည်။ ထိုအချိန်တွင် အကြောက်တရားနှင့်ပြည့်နေသောမျက်နှာသည် ရှုပ်ထွေး ပွေလီလွန်းလှသည်။

“မင်း.. မင်းက ယန်ချန်းက ဘယ်သူလဲ၊ ယန်ချန်းကလူတွေက အကျိုး အကြောင်းသင့်ရမယ်လေ၊ မင်းရဲ့မြို့ဝန်က မင်းကို အဲလောက်တောင် အလို လိုက်တာလား”

ယန်ယဲ့၏မျက်လုံးများသည် ပေထင်းဟွမ်၏ခန္ဓာကိုယ်ဆီသို့ရောက်သွား သည်။ ချန်းရှီ၏ စကားများကိုကြားပြီးနောက် သူမသည် မျက်မှောင်အနည်း ငယ် ကြုတ်ကာ စိတ်မရှည်စွာနှင့် ပြောလေသည် “ငါ့ယန်းမြို့အကြောင်းပြောရ အောင် မင်းက ဘာအခွင့်အရေးရှိလို့လဲ”

သူသည် လက်ထဲတွင် ရွှေရောင်စွမ်းအားကို ကိုင်ဆောင်ထားပြီး စကား ဝင်နှောင့်ယှက်ပြောလျှင် ပစ်ပေါက်တော့မည့်အတိုင်းပင်။

“ဟေး နေဦး”

ချူဖုန်းသည် ယန်ယဲ့ကို မည်သူမည်ဝါဖြစ်သည်ကိုမသိပေ။ ယန်ယဲ့သည် တစ်စုံတစ်ယောက်ကို ထိခိုက်အောင်လုပ်တော့မည်ကိုမြင်သည်နှင့် အလျင် အမြန်ပင်တားလိုက်သည်။ တစ်ချက်ကြည့်လိုက်သည်နှင့် သံမဏိသွေးမှလူများ လူဖြန့်ကာ ချင်းရှီနှင့် တခြားသူများ အဝိုင်းခံလိုက်ရသည်။

All Chapters