← Chapters

ယွိရုန်းကယ်ကို လွှဲပေး

Vol. 45 Ch. 890

ယွိရုန်းကယ်ကို လွှဲပေး

Vol. 45 Ch. 890

“ယွိရုန်းကယ်ကို လွှဲပေး အဲလိုဆို မင်းတို့အသက်ကို သက်ညှာပေးမယ် မုတ်ရင် ထိုက်ယိနန်းတော်ကို သွားလို့ ငါတို့ကိုအပြစ်မတင်နဲ့” ချူဖုန်း၏လက် ထဲမှ ဓားရှည်သည် ချင်းရှီနှင့်တခြားသူများကို နောက်ဆုတ်ရန် ဖိအားပေးနေ သည်။ ၎င်းသည် စခန်းတွင် မလိုက်နာ၍မဖြစ်သည့် ချရေးမထားသော စည်းမျဉ်းဖြစ်သည်။

ထို့အပြင် ဤနေရာသည် မရေတွက်နိုင်သော အိမ်ခြေရာမဲ့များ၏ အိမ် ဖြစ်သလို မရေတွက်နိုင်သောရွှေ့ပြောင်းရေးသမားများ စွန့်စားပြီး ရောက်လာ သည့်နေရာဖြစ်သည်။

“ယွိရုန်းကယ်ဟုတ်လား” ပေထင်းဟွမ်သည် ထိုနာမည်ကိုကြားသော အခါ လျစ်လျူမရှုနိုင်ပေ။ သူမသည် ရှေ့သို့ခြေလှမ်းနှစ်လှမ်းတိုးကာ ယန်ယဲ့ အား တိုးညင်းသောအသံနှင့်ပြောလေသည် “ယွိရုန်းကယ်က ထျန်းယွင်ဂိုဏ်း သခင်ရဲ့သား၊ သံမဏိသွေးရဲ့အဖွဲ့ဝင်ပဲ”

အရင်က သူ မည်သူပင်ဖြစ်စေကာမူ သူသည် သံမဏိသွေး၏အဖွဲ့ဝင် ဖြစ်သည့်အလျောက် သူတစ်စုံတစ်ရာဖြစ်သည်နှင့် သံမဏိသွေးသည် ထိုင်နေ မည်မဟုတ်ပေ။

ချုဖုန်းပြောသလိုပင် သံမဏိသွေးမှတစ်ယောက်ယောက်ကို ထိခိုက် အောင်လုပ်ပါက ထိုလူကို သူသည် နောက်မှလိုက်ပြီး သတ်မည်ဖြစ်သည်။

“ဟင် ယွိရုန်းကယ်ဟုတ်လား ယွိရုန်းကယ်ကဘယ်သူလဲ.. မင်းတို့က သံမဏိသွေးနဲ့ လာခြိမ်းခြောက်နေတာလား” ချင်းရှီသည် မိုးမခမျက်ခုံးကို ရွဲ့ကာဖြင့် မညှာမတာပြောလေသည်။ ပေထင်းဟွမ်၏လက်ထဲတွင် ခံစားရ သမျှကို ချင်းရှီ သည်းမခံနိုင်တော့ပေ။ ယခုအခါ ထိုက်ယိနန်းတော်၏ သခင် ငယ်ရာထူးကို မလိုချင်လျှင် သူမ ရထားသည့် ယွိရုန်းကယ်ကို လွှဲပေးရမည် ဖြစ်သည်။

သူမသည် ယွိရုန်းကယ်ကို အသုံးချကာ နန်းတော်သခင်၏ရှေ့တွင် ချီးမွမ်း ခံရန်စီစဉ်ထားပြီး ထိုက်ယိနန်းတော်မှ ထိန်းကျောင်းပြီးသားသားရဲနှင့် အလဲအထပ်ပြုလုပ်ရန်ဖြစ်သည်။

“ယွိရုန်းကယ်က ငါတို့သံမဏိသွေးအဖွဲ့ဝင်ပဲ၊ ငါတို့ရှေ့မှာ အချိန်မဆွဲတာ ကောင်းမယ်” ချူဖုန်းသည် မေရှို့ကိုကြည့်လိုက်သည် “မေရှို့ ဝိုင်းထားတဲ့နေရာ ကနေ လူတွေကိုခေါ်ထုတ်သွားလိုက်တော့”

တစ်နှစ်ပတ်လုံး အိမ်ခြေရာမဲ့စခန်းတွင် လျှောက်သွားနေခဲ့သဖြင့် ချူဖုန်း နှင့်တခြားသူများသည် အိမ်ခြေရာမဲ့စခန်းကို သံယောဇဉ်ရှိသည်။ ထို့ကြောင့် ဤနေရာတွင် မည်သည့်ပြဿနာမှမဖြစ်စေလိုပေ။ ထိုက်ယိနန်းတော်မှလူများ သည် အိမ်ခြေရာမဲ့စခန်းမှထွက်သွားတော့မည်ဟုကြားသည်နှင့် ထွက်သွား လျှင် အခွင့်အရေးရောက်လာမည်အထင်နှင့် ပူးပေါင်းပြီးထွက်သွားလေသည်။

အိမ်ခြေရာမဲ့စခန်းတွင် ကွင်းပြင်ပြန့်ရှိသည်။ ထိုအချိန်တွင် စခန်းတစ်ခု လုံးသည် ထိုနေရာတွင် စုဝေးကြသည်။ အလယ်ရှိစက်ဝိုင်းတွင် ထိုက်ယိ နန်းတော်နှင့် သံမဏိသွေးကြေးစားအဖွဲ့တို့ မျက်နှာချင်းဆိုင်လျက်ရှိသည်။ ထိုက်ယိနန်းတော်မှလူများသည် စက်ဝိုင်းပုံစံနေရာယူထားသည်။

ပေထင်းဟွမ်နှင့် ယန်ယဲ့သည် လူအုပ်ထဲတွင်နေပြီး စိတ်လှုပ်ရှားသော အမူအရာနှင့် ကြည့်နေကြသည်။

“အဲမိန်းမရဲ့ သိုလှောင်လက်စွပ်က သက်ရှိတွေကိုထိန်းသိမ်းထားနိုင် တယ်၊ ငါမှန်းတာမှန်ရင် ယွိရုန်းကယ်က အထဲမှာပဲဖြစ်ရမယ်”

ယန်ယဲ့၏ဝိညာဉ်အသံကူးပြောင်းမှုသည် ပေထင်းဟွမ်၏စိတ်ထဲတွင် ပေါ်လာသည်။ ရုတ်တရက်ဆိုသလိုပင် ပေထင်းဟွမ်သည် ခေတ္တမျှ မှင်တက် သွားလေသည်။ ဒီလူရဲ့စိတ်စွမ်းအင်က ဘယ်လောက်တောင် သန်မာတာလဲ။ အဲဒါကိုတောင်ပြောနိုင်တာလား။

“သခင်ကြီးချင်းရှီ ကြည့်ရတာ ဒီစစ်ပွဲဘုံတောကနေ ထွက်သွားဖို့ အစီအစဉ်မရှိဘူးထင်တယ်” ချူဖုန်းသည် စိတ်မရှည်နိုင်တော့ဘဲ မျက်မှောင် ကြုတ်လေသည်။ တစ်ဖက်လူသည် ချိုးဖျက်ရန်ကြိုးစားနေသည်ကိုကြည့်ပြီး သူ အသုံးမဝင်သည့်အရာများပြောရန် အစီအစဉ်မရှိပေ။ “အဲလိုဆိုရင် မင်းကို အရှင်ထားပြီး ယွိရုန်းကယ်နဲ့ မင်းကို အလဲအထပ်လုပ်မယ်”

“ဟင်း အဲဒါကတော့ မင်းရဲ့အစွမ်းအစပေါ်မှာမူတည်သွားပြီ” ချင်းရှီသည် လက်ထဲမှလက်နက်ကိုမြှောက်ပြီး တွေဝေမှုမရှိဘဲ “ချင်းညို ထွက်လာခဲ့”

ထိုက်ယိနန်းတော်၏ သခင်ငယ်၏အခေါ်နောက်တွင် ငွေရောင်အလင်း တစ်ခုထွက်လာပြီး ထိုအလင်းထဲမှ ကြယ် ၇ ပွင့်မွန်မြတ်သောသားရဲ ချင်းဖုန်ညိုထွက်လာသည်။ ၎င်းသည် သန့်စင်သောသားရဲ၏ ကြီးမားသော ခန္ဓာကိုယ်၊ ခက်ထန်ပြီးတောက်ပသည့်မျက်လုံးများ၊ ဦးခေါင်းပေါ်တွင် အနည်း ငယ် ကွေးသောဓားရှိလေသည်။ ဦးချိုနှစ်ခု၊ တစ်မီတာရှည်သောကြာပွတ်၊ တင်ပါးတွင် ဆူးထစ်ရှိသောအမြီး၊ ခန္ဓာကိုယ်ပေါ်တွင် တောက်ပြောင်သော အနက်ရောင်အမွေးတို့သည် သွေးသား သားရဲများ၏ခုခံရေးကို အခြေခံပြီး ၎င်း၏အဆင့်မြင့်သန့်စင်သောသားရဲ အားကောင်းသောတိုက်ခိုက်ရေးစွမ်းအား ကို ပြသနေသည်။

၎င်းသည် ချင်းရှီ၏ဂုဏ်ဖြစ်ပြီး ထျန်းကျယ်သည် အဆင့်မြင့်မွန်မြတ် သောသားရဲလည်းဖြစ်သည်။ ထိုက်ယိသာ သူမကို ဆက်လိုချင်သည် မလိုချင် သည်က သူမ၏ဆန္ဒသာဖြစ်သည်။

All Chapters